← Chapters

အရှုံးသမား

Vol. 34 Ch. 641

အရှုံးသမား

Vol. 34 Ch. 641

ရှဲ့ချောင်သည် သူမအစ်ကို၏ စကားများကို ကြားသောအခါ သူမ၏ နှုတ်ခမ်းထောင့်မှာ ဆတ်ခနဲ တုန်လှုပ်သွားသည်။ သူမ ဤကိစ္စနှင့်ပတ်သက်၍ ခံစားချက် မကောင်းပေ။

ဒီအရူးက လူကြီးမင်းယွီကို မကြိုက်ဘဲ သူ့ကို သင်ခန်းစာပေးချင်နေတာများလား။

ဘာဖြစ်လို့လဲ။

လူကြီးမင်းယွီကို ကြည့်လိုက်ပါ။ သူမတွင် တစ်မူထူးခြားသည့် သတ္တိရှိသည်။ သူမ၏ ကိုယ်ခံပညာကျွမ်းကျင်မှုများကတော့...

ရှဲ့ဖင်းကန်း၏ အသားမာများနှင့် အတိအကျ တူသော သူမလက်ပေါ်ရှိ အသားမာများကို ကြည့်ခြင်းအားဖြင့် အစွမ်းထက်သည်ဟု သူမပြောနိုင်သည်။

အဓိကအကြောင်းအရင်းကတော့ မနေ့က သူ လူတစ်ယောက်ကို ကန်ထုတ်သည်ကို သူမ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ပြီး၊ သူမ ၄င်းကို သဘောကျသောကြောင့်ဖြစ်သည်။

သူမသည် ငယ်စဉ်ကတည်းက ကျန်းမာရေး ချူချာသည်။ သူမ မက်မွန်သစ်သား ဓားဖြင့် ကပြခဲ့စဥ်က သတိလစ်သွားခဲ့ပြီး အသက်ရှူ မဝဖြစ်ကာ အားနည်းမှုကို  ခံစားခဲ့ရသည်။ ယခု သူမ၏ ခန္ဓာကိုယ်သည် အရင်ကထက် အများကြီး ပိုကောင်းလာသော်လည်း နှစ်များတစ်လျှောက် တိုးတက် ဖွံ့ဖြိုးလာသည့် သူမ၏ အလေ့အထများက သူမကို စိတ်ခံစား မှုနည်းနည်း ဒါမှ

မဟုတ် ကြီးမားသော လှုပ်ရှားမှုများ ဖြစ်စေခဲ့သည်။

ကောင်းကောင်း ခုန်နိုင်သည့် မိန်းကလေးမျိုးကို သူမ တကယ်ကို မနာလိုအားကျဖြစ်မိပါ၏။

ယွီရှန်းက မငြင်းဘဲ ခြံဝင်းဆီသို့ တည့်တည့် သွားလိုက်သည်။

"မင်း လက်ဗလာနဲ့ ဟန်ပြလက်၀ှေ့ထိုးချင် တာလား ဒါမှမဟုတ် ဓါးနဲ့တုတ်နဲ့လား။ မင်း သဘောပါ။ ငါ မင်းကို အနိုင်မကျင့်ပါဘူး။ တကယ်တော့ ငါတို့မိသားစုက ကိုယ်ခံပညာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို စုဆောင်း နေတာလေ။ မင်းငါနဲ့ ၁၅မိနစ်ကြာ တိုက်ခိုက် နိုင်ရင် ငါ မင်းကို အလုပ်ခန့်မယ်။ မင်း မတိုက်နိုင်ဘူးဆိုရင် ထွက်သွားလိုက်ရုံပဲ။” ရှဲ့ဖင်းကန်းက သူသည် အတော်လေး ကျိုးကြောင်းဆီလျော်သည်ဟု ထင်ခဲ့သည်။

အခြားတစ်ယောက်သာဆိုပါက သူတို့ မကျေနပ်သောအရာကိုတွေ့လျှင် ထိုသူအား ချက်ချင်းမောင်းထုတ်ပေလိမ့်မည်။

ယွီရှန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမ ရင်ဘတ်ထဲမှ အဖြူရောင်ပိတ်စ အရှည် တစ်ထည်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ၄င်းက ခြေထောက်တွင် တင်းတင်းကြပ်ကြပ် ပတ်ထားသည့် အ၀တ်စနှင့်တူသည်။

သူမသည် သူမ၏လက်သီးများကို ပြင်းပြင်း ထန်ထန် စက်ဝိုင်းပုံစံဖြင့် ပတ်ထားကာ သူမ၏ ရှေ့လက်မောင်းနှစ်ဖက်စလုံးတွင် အကာ အကွယ် အပိုအလွှာတစ်ခုရှိနေသလိုပင်။

ရှဲ့ဖင်းကန်းက သေလောက်အောင် စက်ဆုပ်ခဲ့

သည်။

"မင်းက အရှုံးသမားပဲ။" ဂုဏ်သိက္ခာရှိသော ယောက်ျားတစ်ယောက်က ဘယ်လိုလို့ အရမ်း နူးညံ့သိမ်မွေ့နေရတာလဲ။

သူ၏လက်​​များကို ထိုသို့ပတ်​ထား​တော့ မသိသူ​များက သူ ဒဏ်​ရာရ​သွားပြီဟု ထင်ကြ ပေလိမ့်မည်။

ယွီရှန်းက သူမကိုယ်သူမ ကောင်းကောင်း သိသည်။

သူမသည် အမျိုးသမီးတစ်ဦးဖြစ်သည်။

တခြားသူများမြင်နိုင်သည့် နေရာဖြစ်သည့်

သူမ၏ မျက်နှာနှင့် လက်များ ဒဏ်ရာရသွားပါ က ဆိုးရွားလှသည်။ သူများမြင်ပါက သူတို့ သူမကို ဝေဖန်ဖို့ လွယ်ပေလိမ့်မည်။ ထိုနှစ်များ တစ်လျှောက် သူမက ၄င်းကို ဖြတ်သန်းပြီး ကျင့်သားရနေပြီဖြစ်သော်လည်း သူမကိုယ်တိုင်ရော အခြားသူများကိုပါ အရူးလုပ်ရန် အတတ်နိုင်ဆုံး သတိထားကြိုးစားနေရဆဲ ဖြစ်သည်။

“လက်ဗလာနဲ့ တိုက်ရုံပါပဲ၊ အလွန်အကျွံတော့ မလုပ်ပါနဲ့။” ယွီရှန်းသည် ရှဲ့ဖင်းကန်း၏ အထင်သေးကဲ့ရဲ့ခြင်းကို ဂရုမစိုက်ပေ။

သူမသည် ခဏလောက် သွေးပူအောင်လုပ်ပြီးနောက် နှစ်ယောက်သား တိုက်ခိုက်ကြလေသည်။

ရှဲ့ချောင်သည် စင်္ကြံအောက်တွင် နာခံမှုရှိရှိ ထိုင်ကာ မတော်တဆ ထိခိုက်ဒဏ်ရာများ မရအောင် တတ်နိုင်သမျှ ဝေးဝေးနေရန် ကြိုးစားထား၏။

သူတို့နှစ်ယောက်ထဲတွင် ဘယ်သူပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ထိုးလိုက်သော လက်သီး တစ်ချက်က သူမကို ရက်အတော်ကြာ သတိမေ့သွားစေနိုင်လောက်သည်။

ထိုအကြောင်းကိုတွေးပြီး ရှဲ့ချောင်မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။

သူမတို့နှစ်ယောက်လုံးက လူသားများဖြစ်ကြ သော်လည်း သူမတို့ကြားက ဘာကြောင့် ဒီလောက်ကွာခြားနေရတာလဲ။

လေနုအေးလေး တိုက်ခတ်လာကာ ခြံဝင်း အတွင်းရှိ ပန်းများနှင့် အပင်များ အနည်းငယ် ယိမ်းထိုးလှုပ်ခတ်သွားသည်။ ဘယ်သူက အရင်စထိုးလိုက်လဲဆိုသည်ကို ဘယ်သူမှ မသိပေ။ ရှဲ့

ချောင်သည် လက်သီးချက်များ၏ ၀ှီးခနဲ ၀ှက်ခနဲမြည်၍ ဖြတ်သွားသည်ကို မြင်ခဲ့ရပုံရပြီး သူမ၏ မျက်လုံးများရှေ့တွင် ရှေ့နှင့်နောက် ရွေ့လျားနေသော ခြေတံရှည် များကိုလည်း မြင်တွေ့ခဲ့ရသည်။

ဘုန်း ဘုန်း ဘုန်း!

သူတို့သည် ရှေ့နှင့်နောက် ဆက်လက် လှုပ်ရှား နေကြသည်။ 

ရှဲ့ချောင် တကယ်ကို အံ့သြသွား၏။ ယွီရှန်း၏ အရည်အချင်းက သူမထင်ထားသည်ထက် ပို၍ အားကောင်းနေသည်။

ရှဲ့ချောင်ကိုလည်း ခရေစေ့တွင်းကျ မှတ်နိုင် သော မှတ်ဉာဏ် ရှိသူဟု ယူဆနိုင်သည်။ သူမက

ဘယ်လိုတိုက်ခိုက်ရမှန်း မသိသော် လည်း ဘယ်လိုစောင့်ကြည့်ရမလဲဆိုသည်ကို သိ၏။ ယွီရှန်း၏ လှုပ်ရှားမှုတိုင်းသည် အလွန်လျင်မြန်ပြီး သတိရှိကာ ရှဲ့ဖင်းကန်း၏ နောက်လာမည့်အကွက်ကို ခန့်မှန်းလုနီးပါးပင်။

ရှဲ့ဖင်းကန်းလည်း အလားတူပင်။

သူတို့နှစ်ယောက်ထဲတွင် သူမ၏ အစ်ကို အကြီးဆုံးက ခွန်အားပိုကြီးသော်လည်း သူက ယောက်ျားဖြစ်သဖြင့် အရိုးများက ပိုကြီး သည်။ ထို့အပြင် သူသည် အရပ်ရှည်သော ကြောင့် အားသာချက်ရှိသည်။

တစ်ဖက်တွင်မူ ယွီရှန်းသည် မာကျောမှုနှင့် ကွေးနိုင်ဆန့်နိုင်မှုတို့ကို ပေါင်းစပ်ထားပြီး သူမသည် ပို၍ကျွမ်းကျင်သည်။

သူမသည် သတိကြီးစွာထားသည့် ရေချိုငါး လေးတစ်ကောင်လိုပင်။ ရှဲ့ဖင်းကန်းက သူမကို မဖမ်းနိုင်ပေ!

သူ၏လက်သီးက သူမကို ထိတော့မည့်ဆဲဆဲ ဖြစ်ခဲ့သည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ သော်လည်း မျက်တောင်တစ်ခပ်အတွင်းတွင် ရှောင်ထွက်သွားခဲ့သည်!

ပထမတော့  ရှဲ့ဖင်းကန်းက ​​ပေါ့ပေါ့ပါးပါး တိုက်ခိုက်နေသော်လည်း ချက်ချင်းဆိုသလို သူ၏ အဖေဆုံးပါးသွား သကဲ့သို့ သူ၏ မျက်နှာထားက ပြင်းထန်လာသည်။

ဖြစ်နိုင်သည်က…

သူ ပြောလိုက်သည်က မမှန်ကြောင်း သိလိုက် ရသဖြင့် အခု သူ၏မျက်နှာက အံ့သြမှု ကြောင့် တောက်လောင်လာ၏။

••••

All Chapters