← Chapters

ကျောက်တုံးတူ

Vol. 34 Ch. 642

ကျောက်တုံးတူ

Vol. 34 Ch. 642

သူတို့နှစ်ယောက် အပြန်အလှန် ထိုးနှက်နေ ကြချိန်တွင် ယွီရှန်းက အနောက်မှ ခိုးဝင် တိုက်ခိုက်မည့်ဟန်ဖြင့် အယောင်ပြလိုက် သည်။  ရှဲ့ဖင်းကန်းက သတိလက်လွတ် ဖြစ်သွားပြီး သူ့ကိုယ်သူ ခုခံရန် လုပ်နေချိန်၌ ဝမ်းဗိုက်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။

ရှဲ့ဖင်းကန်းက ရှုံ့မဲ့ကာ အေးစက်သောလေကို ရှူရှိုက်လိုက်သည်။

ဒီကျောက်တုံးတူက ဘယ်ကရောက်လာတာ လဲ! တစ်​​ယောက်​ယောက် ထိုးလိုက်လျှင် ဘာဖြစ်လို့ အရမ်းနာကျင်​ရတာလဲ။

လင်းယာ့ရှန်းက စိတ်ပူနေမိသည်။ အစပိုင်း တွင် သူမသည် လူကြီးမင်းယွီကို စိတ်ပူခဲ့ သည်။ သူ ဤသခင်လေးရှဲ့၏ ထိုးနှက်ခြင်းကို ခံရမည်ကို သူမ စိုးရိမ်နေမိသည်။ ထိုသို့ဖြစ် သွားပါက အလွန်သနားစရာကောင်းပေလိမ့်မည်။

ယခု... ဤသခင်လေးရှဲ့သည် အထိုးခံရပြီး နောက် လူကြီးမင်းယွီကို စက်ဆုပ်ရွံရှာ နေမည်ကို သူမ စိုးရိမ်နေမိသည်။

"သခင်လေး နာသွားလား။ ကျွန်တော့် လက်သီးကို သဲထိုးပြီး လေ့ကျင့်ထားတာ။ သခင်လေး မခံနိုင်မှာကို ကျွန်တော် စိုးရိမ် မိတယ်" ယွီရှန်းသည် သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အကြည့်ရှိ

နေဆဲဖြစ်သည်။

ရှဲ့ဖင်းကန်း ကျယ်လောင်စွာ ကျိန်ဆဲချင် သွားသည်။

သူက မခံနိုင်ဘူးတဲ့လား!

ပူလောင်သည့် နာကျင်မှုဖြစ်သော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် ဒီအသေး အဖွဲနာကျင်မှုက ဘာမို့လို့လဲ။

"ဆက်မတိုက်​ခိုက်ကြရ​အောင်​!” ရှဲ့ဖင်းကန်း က သရော်လိုက်သည်။ “ငါက လက်သီးနဲ့တိုက်တာမှာ မတော်ဘူး။ မင်းနဲ့ငါ ဓားနဲ့တိုက်ရင်တော့ မင်းရှုံးမှာသေချာတယ်!"

"သခင်လေး စမ်းကြည့်လို့ရပါတယ်။" ယွီရှန်း က ခေါင်းကုတ်လိုက်သည်။ “ဒါပေမဲ့ ကျွန်တော်က ဓားသွားတွေကို မကြိုက်ဘူး။ အဲဒါတွေက ရိုင်းစိုင်းပြီး ရုပ်ဆိုးတယ်။ ကျွန်တော်က လှံကို ပိုကြိုက်တယ်၊ လှံတွေက ကျွန်တော့်ကို ပိုချောမောခန့်ညားစေတယ်လေ။”

“သုန့်အန်းမှာ မင်းလို အရည်အချင်းရှိတဲ့ သူတွေ အများကြီး ရှိလား"  ရှဲ့ဖင်းကန်းက ထူးဆန်းသလို ခံစားလိုက်ရသည်။

သူသည် ငယ်စဉ်ကတည်းက တောင်ပေါ်ရှိ ဓားပြခံတပ်ထဲ၌ ကိုယ်ခံပညာကို လေ့ကျင့်ခဲ့သည်။ ဘယ်သူမှ သူ့ကို သင်ပေးနိုင်သည့် အရည်အချင်း မရှိသဖြင့် သူ့ဘာသာ သင်ယူ ခဲ့ရသည်။ သူသင်ယူခဲ့သည်က တကယ်တော့ အပြောင်းအလဲများကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်းဖြစ်သည်။ သူက ပင်ကိုအားသာချက်ကို အဓိက အားကိုးသည်။

သို့သော် ဤယွီရှန်းက မတူပေ။ သူ၏ လှုပ်ရှားမှုတိုင်းသည် နည်းစနစ်များကို သင်ယူပြီး လေ့ကျင့်ထားပုံရသည်။ သူ့ကို ထင်ရှား ကျော်ကြားသော ဆရာကြီးတစ်ဦးက သင်ကြားပေးခဲ့ခြင်း ဖြစ်ရပေမည်။ သို့မဟုတ်ပါက သူဘယ်တော့မှ ဤအတိုင်းအတာအထိ သင်ယူနိုင်မည်မဟုတ်ပေ!

“ကျွန်တော့် အဖေက သုန့်အန်း ရေတပ်ရဲ့ ငယ်ရွယ်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်ပေမဲ့... သူ ဆုံးသွားပါပြီ။ ဒီစွမ်းရည်ကို မိသားစုက လက်ဆင့်ကမ်းပေးတဲ့အတွက် ကျွန်တော့် လို တိုက်နိုင်တဲ့သူက နည်းနည်းပဲ ရှိတော့တယ်!” ယွီရှန်းက ပွင့်ပွင့်လင်းလင်း ပြော လိုက်သည်။

သူသည် ငယ်ရွယ်သော စစ်သူကြီးဟု ခေါ်သော်လည်း သူက အလွန်ငယ်ရွယ်သည်တော့ မဟုတ်ပေ။

သူ၏မိဘများက သူမကိုမွေးတုန်းက နူးညံ့ သိမ်မွေ့သည့် မိန်းမတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ချင်ကြသည်။ သူတို့က သူမကို မသေမျိုး(ရှန်း)ဟုပင် နာမည်ပေးထား၏။ သို့သော် သူမ ငယ်ငယ်ကတည်းက တခြားမိန်းကလေးများထက် အရပ်မြင့်၏။ သူမသွားလေရာရာ၌ လူများက သူမကို လက်ညိုး၀ိုင်းထိုးကြသည်။

ဤသည်က သူမကို အလွန် စိတ်မကောင်း ဖြစ်စေပါသည်။

မိန်းကလေးတစ်ယောက်က ပိုပြီးအရပ်ရှည်လို့ မရဘူးလား။

မိန်းကလေးတစ်ယောက်က ကိုယ်ခံပညာကို သဘောကျစွဲလမ်းလို့ မရဘူးလား။

သူမသည် ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်ပြီး သူတို့ထံမှ ပွင့်ပွင့် လင်းလင်း သင်ယူခွင့်ပြုရန် သူမ၏ မိဘများကို အနူးအညွတ် တောင်းဆိုနိုင်သည်။ ဘယ်သူမဆို သူမကို မကောင်းပြောရဲပါက အထိုးခံရပေလိမ့်မည်။ သူတို့က သူမ ပြောစကားကို နားမထောင်ပါက သူမက သူတို့ကို နောက်တစ်ကြိမ် ထပ်ထိုးပေလိမ့် မည်။ အချိန်များကုန်လွန်လာသည်နှင့် သူတို့က အသိတရားရှိလာကြသည်!

သူမ၏မိဘများ အနားတွင် ရှိနေတုန်းက သူမသည် ထိုဒေသတွင် အာဏာရှင်လေး တစ်ယောက်ဖြစ်ခဲ့သည်။ မိန်းကလေးများ အားလုံးက သူတို့ကြီးပြင်းလာသည့်အခါ သူမကို လက်ထပ်မည်ဟု အလေးအနက် ပြောခဲ့ကြသည်။ သူမသည် မိန်းကလေးများ ၏ အကာအကွယ်ပေးသူလေးဖြစ်သည်။

ကံမကောင်းစွာဘဲ နောက်ပိုင်းတွင် သူမ၏ အုပ်ထိန်းသူများ ဆုံးပါးသွားခဲ့သည်။

ထိုအချိန်မှစ၍…

ယွီရှန်း သက်ပြင်းချလိုက်၏။ သူမ၏ အဘိုးအဘွားများသည် သူမ၏ ဝတ်စားဆင် ယင်မှုကို နားမလည်ပေးနိုင်ခဲ့ပေ။ လွန်ခဲ့သည့် သုံးနှစ်ခန့်က သူမကို အိမ်ထဲတွင် ပိတ်လှောင် ထားခဲ့ပြီး ခြံအပြင်သို့ပင် ထွက်ခွင့်မပေးခဲ့ပေ။

သူတို့က သူမကို နေ့တိုင်း ပန်းများအလှဆင် ခိုင်းပြီး အတင်းအကျပ် တခြားမိန်းကလေးများကဲ့သို့ လမ်းလျှောက်ခိုင်းခဲ့သည်။ အိမ်ရှိလူများက သူမအား ကြမ်းတမ်းစွာ ဆက်ဆံကြပြီး သူမက ယွီမိသားစုတစ်ခုလုံးကို အရှက်ကွဲစေ သည်ဟု ပြောကြသည်။

သို့သော် သူမ၏အဖေ လွတ်လပ်သွားသည် မှာကြာပေပြီ။ သူအသက်ရှင်နေချိန်က သူတို့နှင့် သိပ်အဆက်အသွယ် မလုပ်ခဲ့ပေ။

အခု သူတို့ ဆုံးပါးသွားတော့ သူမကို မိသားစုဆီ ပြန်ခေါ်လာခဲ့သည်။

ကြေကွဲဝမ်းနည်းခြင်းကာလ ကုန်ဆုံးပြီးနောက် သူတို့က သူမကို လက်ထပ်ပေးရန် စီစဉ်ခဲ့ကြ သည်။

အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်ဖွယ်ကောင်း သော အချိန်အခါဟု ယူဆရပြီး ၄င်းကို သူမ မကန့်ကွက်ခဲ့ပေ။ သို့သော် အိမ်တွင် သူမကို မျက်နှာသာမပေးကြပေ။ သူတို့ရွေးထားသည့် ယောက်ျားက ကြောက်စရာကောင်းသည့် အဘိုး

ကြီးဖြစ်သည်။

သူမက အဲဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ!

တစ်ညလုံး သူမ ထွက်ပြေးခဲ့သည်!

သူမတွင် ယုံကြည်ရသည့် အစေခံ တစ်ယောက်မှ မရှိ!

သူမတွင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ မရှိပေ!

သူမသည် လမ်းတစ်လျှောက်လုံး အပင်များကို စားပြီး ငါးဖမ်းခဲ့ရသည်!

ရှဲ့ဖင်းကန်းသည် သူ၏ ဝမ်းဗိုက်တွင် အနည်း ငယ် နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သဖြင့် ၎င်းကို

မသိစိတ်က ထိလိုက်မိသည်။ ယွီရှန်းက တစ်ချက်ကြည့်ပြီး ပြောလိုက် သည်။ "ဒါက လှည့်ကွက်တစ်ခုလို့ အထူးသီးသန့် လေ့ကျင့်မှုပဲ။ အထိုးခံရတဲ့သူက အနည်းဆုံး နှစ်ရက်လောက်တော့ နာကျင်နေလိမ့်မယ်..အဲလို ပွတ်သပ်တာက သခင်လေးအတွက် အသုံးမ၀င်နိုင်ဘူး။”

•••••

All Chapters