← Chapters

သူ နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်

Vol. 34 Ch. 643

သူ နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်

Vol. 34 Ch. 643

ယွီရှန်းက အမှန်အတိုင်းပြောလိုက်သည်။

သူမအဖေက သူမအား တိုက်ခိုက်နည်း မသင်ပေးခင်တွင် သူမကို ဘာနှင့်တူသလဲ ဆိုသည်ကို သိစေရန်အတွက် လူသေကောင် နှင့် သရုပ်ပြခဲ့သည်။

နာကျင်စေသည့်နေရာ၊ အရိုးများရှိသည့်နေရာ၊ မည်သည့်နေရာတွင် အပ်စိုက်သည့်နေရာများ ရှိသည်ကို သေမှုသေခင်းစုံစမ်းစစ်ဆေးရေး အရာရှိထက် ပိုသိတယ်။ သူမက ထိုးနှက်နေပုံ ရသော်လည်း တကယ်တမ်းတွင်၊ သူမ၏ လက်သီးသည် စက်ဝိုင်းတစ်ဝက်ကို ဆွဲပြီး ချွန်ထက်သည့်နေရာကို ကိုင်ထားကာ အလွန်မြန်သည်... 

မနာကျင်ဘဲ နေပါ့မလား။

သူမသည် ငယ်စဉ်ကတည်းက ရန်ပွဲတိုင်းတွင် အမြဲ အနိုင်မရခဲ့သော်လည်း အနိုင် အရှုံးက အရေးမကြီးကြောင်း သူမအဖေက ပြောခဲ့သည်။

အရေးကြီးသည်က သူမ၏ပြိုင်ဘက်ကို ထိုး နှက်ရန် အခွင့်အရေးရပါက သူမသည် ၄င်းကို လက်လွှတ်ခံလိုက်ဖို့ မလိုပေ။ အကြောင်းရင်း မှာ

ရန်သူနှင့် သူမကြားတွင် အင်အားကွာဟ ချက်ကြီးမားပါက၊ ရံဖန်ရံခါ တိုက်ခိုက်ခြင်း သည် အသာစီးပြန်ယူရန် သူမ၏အခွင့်အရေး ဖြစ်နိုင်သည်!

ထို့ကြောင့်…

သူမက သူ့ကို နည်းနည်းလေး ပြင်းပြင်း ထန်ထန် ထိုးလိုက်သည်။

သူ နားလည်မည်ဟု သူမ မျှော်လင့်မိသည်။

ရှဲ့ဖင်းကန်းက အနည်းငယ်ရှက်သွားပုံရသည်။ “ဒါက ကြောင်ကုတ်သလိုပါပဲ။ မနာဘူး။”

“ကောင်းပါတယ်။ သခင်လေး ဘာပဲ ပြောပြော

ပါ။ သခင်လေးက သခင်လေးပါပဲ" ယွီရှန်းက ခေါင်းညိတ်ပြီး မချေပတော့ပေ။

သို့သော် ချေပခြင်းထက် ၎င်းသည် ပို၍ စိတ်ပျက်စရာကောင်းသည်။ ရှဲ့ဖင်းကန်းက သူမကို သေသည်အထိ ထိုးနှက်ချင်ခဲ့သည်။ သူက ယွီရှန်းကို စိမ်းစိမ်း၀ါး၀ါးကြည့်ကာ ပြောလိုက်သည်။ “ယွီရှန်း ဟုတ်တယ်မလား။ အခုချိန်ကစပြီး မင်း ငါ့ညီလေးကို သင်ပေးလို့ ရပြီ။”

ယွီရှန်း၏ မျက်နှာသည် တောက်ပလာပြီး သူမ က ဝမ်းသာအားရ ထပ်မံဦးညွှတ်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။ ဒါပေမဲ့ ကျွန်တော် လက်ထပ်ရဦးမှာမို့ သူ့ကို နှစ်လပဲ သင်ပေးမှာပါ”

"နှစ်လလား။ မဟုတ်ဘူး၊ သူ အမြဲတမ်း ဆရာတွေ ပြောင်းလို့မရဘူး။ အဲဒီလို သင်ယူရတာ

အဆင်မပြေဘူး။ မင်း သူ့ကို သင်ပေးချင်ရင် အနည်းဆုံး ငါးနှစ်လောက် သင်ပေးရမယ်။"

ငါးနှစ်သည် တိုတောင်းသည်ဟု ယူဆနိုင်သည်။

ယွီရှန်းက သဘောမတူချင်ပုံပင်။

ဆရာတိုင်းတွင် မတူညီသော ကိုယ်ခံပညာ သင်ကြားနည်းရှိသည်ကို သူမ သိသော ကြောင့် ဆရာတစ်ယောက်တည်းနဲ့သာ စွဲစွဲမြဲမြဲ သင်ခြင်းက အကောင်းဆုံးဖြစ်သည်။

"ကျွန်တော့် ဝမ်းကွဲကို ရှာဖို့ လိုသေးတယ်" ယွီရှန်း ဘာလုပ်ရမှန်းမသိပေ။

သူမသည် အမှန်တကယ်ပင် ပိုက်ဆံမရှိ

သော်လည်း သူမ၏မိသားစုကို ရှာဖွေရဦးမည်။

"မင်းရဲ့ဝမ်းကွဲကိုရှာတွေ့ပြီးရင်ရော မင်း အသက်မွေး၀မ်းကျောင်းလုပ်ဖို့ မလိုဘူးလား"  ရှဲ့ဖင်းကန်းက ဒဲ့ပြောလိုက်သည်။  "မင်းရဲ့ ဝမ်းကွဲကို မင်းဘ၀တစ်လျှောက်လုံးကို ထောက်ပံ့ခိုင်းစေချင်လို့လား။ မင်းက မိန်းမ မဟုတ်ဘူး။ ယောက်ျားက အလုပ်မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ငါ့ညီလေးက ကိုယ်ခံပညာကို နေ့တိုင်း နာရီတိုင်း သင်ယူနေမှာလည်း မဟုတ်ဘူး။ မင်း သူ့ကို လမ်းညွှန်ပေး ဖို့ပဲလိုတာ။ သူက အများအားဖြင့် သူ့ကိုယ်သူ အားကိုးပါတယ်။ ဒါက မင်းရဲ့ ကိစ္စတွေလုပ်တာကို အနှောင့်အယှက်ပေး မှာမဟုတ်ဘူး”

"ငါ့ညီလေးရဲ့ အရည်အချင်းက မလုံလောက် လို့ မင်းမိသားစု ရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေ မှာကို မင်းက စိုးရိမ်နေတာလား။" ရှဲ့ဖင်းကန်း က ထပ်မေးလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ့ညီလေးက

ကိုယ်ခံပညာ ပါရမီရှင်လေး ဆိုတာ သေချာတယ်။”

သူ့ကို ထိန်းထားရန်အတွက် သူသည် အချို့ ကိစ္စများကို အရှက်မဲ့စွာ ပြောရုံသာ တတ်နိုင် ခဲ့သည်။ 

ထိုကောင်၏စကား​များက ​တော်​​တော်​​ ဒေါသထွက်စရာကောင်းသည်ဟု ​​ထင် သော်လည်း သူက တကယ်​ အရည်အချင်း ရှိသည်ဆိုသည်ကို ၀န်ခံလိုက်ရသည်။

သိုင်းဆရာ ဘယ်နှယောက်လောက်က ဒီလိုအစွမ်းထက်သောလူကို သိုင်းဆရာ တစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးခဲ့သည်အား မည်သူ သိနိုင်မည်နည်း။

ထိုလူက သူ၏အိမ်တံခါးဝကို ရောက်လာ

ကတည်းက ထိုသို့အရည်အချင်းရှိသော လူတစ်ယောက်ကို ဘာလို့ မထိန်းထားဘဲ နေရမှာလဲ။ 

သူ၏ အသုံးမကျသည့် ညီက သောက်ရမ်း ကံကောင်းလေသည်။ သူ့အား ဘက်စုံဗဟုသု တ ပညာရပ်များ သင်ကြားပေးနေသော ရှောင်းယွိရုန်လည်းရှိပြီး ဤကဲ့သို့ အားကောင်းသည့် သိုင်းဆရာ တစ်ယောက်လည်း ရှိသည်။

သူ့ညီနှင့်မတူဘဲ သူကတော့ ကျောင်းမှဆရာ သင်ပေးလိုက်သည့် ကန့်သတ်စကားလုံးများကလွဲ၍ သူ့ဘာသာသူ အဖြေရှာခဲ့ရသည်။

ယွီရှန်း ဝမ်းနည်းသွား၏။

တစ်ခါတစ်ရံတွင် သူမသည် အကူအညီမဲ့သလို ခံစားရသည်။ တကယ်တော့ သူမသည်

မိန်းကလေးတစ်ယောက်ဖြစ်ပြီး မငယ်ရွယ်တော့ပေ။ ပုံမှန်လိုပင် သူမသည် ငယ်စဉ်ကကဲ့သို့ လွတ်လပ်ပြီး အထိန်းအကွပ်မရှိ မဖြစ်နိုင်တော့ပေ။

ထို့အပြင် သူမအား ကာကွယ်ရန် သူမ၏ မိဘများလည်း မရှိတော့သောကြောင့် မဆင်မခြင်လုပ်၍ မရတော့ပေ။

သူမသည် အိမ်ထောင်ဖက်ရှာဖွေရန် ဤနေရာ သို့ရောက်နေသောကြောင့် သူမ၏ဝမ်းကွဲ မိသားစု၏ ဂုဏ်သိက္ခာကို ပျက်စီးအောင် မလုပ်နိုင်ပေ။

“ဒီနှစ်လအတွင်းမှာ ကျွန်တော် သူ့ကို အခြေခံ ကျွမ်းကျင်မှုအချို့ကို သင်ပေးမယ်။ နှစ်လ ပြည့်ပြီးသွားရင်… ကျွန်တော်တို့ ဒီကိစ္စကို ပြန်ပြောကြတာပေါ့။ သခင်လေး ဘယ်လိုသဘောရလဲ" ယွီရှ

န်းက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

သူမသည် သူမ၏ ဝမ်းကွဲနှင့် အရင်တွေ့ရဦးမည်။ သူမ၏ ၀မ်းကွဲမိသားစုက သူမကို ဂရုစိုက်စောင့်ရှောက်ရတာ အဆင်မပြေရင် ဒါမှမဟုတ် ကျို့မိသားစုက လွတ်လပ်မှု မပေးပဲ ပိတ်ပင်ထားရင် သူမ တစ်သက်လုံး သိုင်းဆရာဖြစ်လာပေလိမ့်မည်။ 

 ရှဲ့ဖင်းကန်းက မကျေနပ်ပေ။

လင်းယာ့ရှန်းကြောင့်သာမဟုတ်ရင် သူသည် သူမကို ငွေနှင့်ပစ်ပေါက်ပြီးနေလောက်ပေပြီ!

ငွေပေးချေမှုနည်းလွန်းသောကြောင့် သူ တုံ့ဆိုင်းနေခြင်း ဖြစ်ရမည်!

"ဟုတ်ပြီလေ မင်းဘယ်မှာနေလဲ။ အိမ်တော်က ကိုယ်ခံပညာသင်ပေးဖို့ မင်းအတွက် ခြံဝင်း တစ်ခု စီစဉ်ပေးနိုင်တယ်”  ရှဲ့ဖင်းကန်းက ထပ်ပြောလိုက်သည်။ 

သူက ထိုလူထွက်ပြေးသွားမည်ကို စိုးရိမ်နေလေသည်။

ထွက်ပြေးရင်တောင် သူ၏ သိုင်းပညာများကို ချန်မထားခဲ့ပါက သူ သူ၏ခြေထောက်များကို ရိုက်ချိုးပစ်ပြီး ပိတ်လှောင်ထားလိုက်မည်။

•••••

All Chapters