← Chapters

ကလဲ့စားချေခြင်း

Vol. 34 Ch. 644

ကလဲ့စားချေခြင်း

Vol. 34 Ch. 644

ရှဲ့ဖင်းကန်းကို ခက်ထန်ပုံပေါက်သော ယောကျ်ား

တစ်ယောက်ဟု ယွီရှန်း မတွေးသည့်အပြင် သူမက ထိုလူသည် အလွန် ညှာတာထောက်ထားတတ်သူဟုပင် တွေးနေ၏။

“ကျွန်တော်က ဟောင်းနွမ်းစုတ်ပြတ်တဲ့ အိမ်ငယ်လေးမှာ နေတာပါ။ အိမ်က… ဒီနေရာနဲ့ တော်တော်ဝေးပါတယ်။ ကျွန်တော် ဒီမှာနေလို့ရရင်တော့ အကောင်းဆုံးပေါ့” သူမက မငြင်းဆန်ခဲ့ပေ။

ရှဲ့ဖင်းကန်းက စိတ်သက်သာရာရမှုဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ပထမတော့… သူသည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ နေထိုင်ခွင့်မပြုရန် ကြံစည် ထားခဲ့သည်။

သို့သော် သူ ထိုနေရာတွင် နေပါက ပိုကောင်း မည်

ဟုထင်၏။ သူနှင့်အတူ ဓားရေးလေ့ကျင့်ရန်လည်း လူတစ်ယောက်ရပေလိမ့်မည်။

ထိုအမှိုက်ကောင် ရှဲ့ဖင်းဟွိုက်သည် ဤလူထံမှ မည်မျှသင်ယူနိုင်မည်လဲ သူ မသိပေ။ ထို့ကြောင့် ထိုလူက မထွက်သွားမီ သူ၏ လှည့်ကွက်များကို လေ့လာရန် နေ့တိုင်း သူ့ထံမှ ညှစ်ထုတ်ရမည်!

ရှဲ့အိမ်တော်နှင့် လင်းအိမ်တော်တို့သည် တစ်အိမ်နှင့်တစ်အိမ် မဝေးလှသောကြောင့် လင်းယာ့ရှန်းက သူတို့ကို မတားခဲ့ပေ။

“အဲလိုဆိုရင် အခုကနေစပြီး ကျွန်မတို့ မိသားစုက စားရေးသောက်ရေးနဲ့ နေရာ ထိုင်ခင်းအတွက်  တာဝန်ယူပေးမယ်။ လစဉ်ပေးရတဲ့ငွေအတွက်တော့ ကျွန်မ ဒေါ်လေးလင်းကို ဒုက္ခပေးရမှာပါပဲ”  ရှဲ့ချောင်က လင်းယာ့ရှန်းကို ပြုံးပြလိုက် သည်။

လင်းမိသားစုက အမြဲတမ်း ကလေး နှစ်ယောက်အတွက် တစ်ခုခုလုပ်ပေးချင် ကြောင်း သူမက သိသည်။

ရှဲ့ချောင် ပြောသည်ကို လင်းယာ့ရှန်းက ကြားသောအခါ သူမ အလွန်ပျော်သွားလေ သည်။ “အင်း ဆရာကြီး သက်တောင့်သက် သာ နေနေသရွေ့ပေါ့”

ရှဲ့ချောင်ပြောလိုက်သည်နှင့် ရှဲ့ဖင်းကန်းက နောက်ဆုံးတွင် သူမ ရှိနေသည်ကို သတိရသွား သည်။

"လူကြီးမင်းယွီ၊ ငါ့ရဲ့ အကြီးဆုံးညီမက အနာဂတ် ကြင်ရာတော်မင်းသမီးမလို့ မင်း ပိုသတိထားသင့်တယ်။  မင်း သူမကို မတော်တဆ ထိုးနှက်မိတာ

မျိုးဆို ငါ မင်းကို ခုတ်ပိုင်းပစ်မယ်မှတ်"  ရှဲ့ဖင်းကန်းက ထိုလူကို စိန်းစိန်း၀ါး၀ါး ထပ်ကြည့်ကာ သတိပေးလိုက်သည်။

ယွီရှန်းသည် အမျိုးသမီးများကို တစ်ခါမှ မကြည့်ရဲခဲ့ပေ။

ယခု သူမသည် ယောက်ျားတစ်ယောက်အဖြစ် ရုပ်ဖျက်ထားမှန်းသိသဖြင့် ၀င်လာပြီးနောက် ခေါင်းငုံ့ထားရန် သူမ အကောင်းဆုံး ကြိုးစား ခဲ့သည်။ သူမ ခေါင်းကို မော့လိုက်သည့်အခါတွင်ပင် သူမ ရှဲ့ဖင်းကန်းကိုသာ ကြည့်နေခဲ့သည်။

ယခု သူမကို ရှဲ့ဖင်းကန်းက သတိပေးလိုက် သဖြင့် သူမက ရှဲ့ချောင်ကို မသိစိတ်က တစ်ချက်ကြည့်လိုက်မိသည်။

သူမ လှမ်းကြည့်လိုက်တော့… အကြည့် မလွဲနိုင်တော့ပေ။

သူမ အံ့အားသင့်သွားသည်။

ထိုညီမလေးသည် အလွန် ရုပ်ရည်ချောမော လေသည်… သူမ၏ အသားရေသည် အနီရောင်သန်းနေပြီး ဖြူဖွေးကာ သူမ၏ မျက်နှာအသားရည်က ပန်းချီကားထဲက ကဲ့သို့ ဖြစ်နေ၏။ မခံမရပ်နိုင်စရာ အကောင်းဆုံး အရာမှာ သူမသည် သြဇာတိက္ကမနှင့် ပြည့်စုံခြင်းဖြစ်သည်။ သူမက လက်ရန်းကိုမှီ ထားသည်။ သူမသည် လေတိုက်သောအခါ လွင့်ပါသွားမည့်ပုံပေါ်ပြီး လေနှင့်အတူ အင်မော်တယ် အဖြစ်သို့ ပြောင်းလဲသွားသလိုပင်။

"သခင်လေးတို့ မိသားစုဝင်တွေက တကယ်ကို ရုပ်ချောတာပဲ!" ယွီရှန်းသည် စိတ်ရင်းအမှန်ကို ပြသရန် စိတ်အားထက်သန်နေရာ သူမကို

ချီးကျူးလိုက်မိသည်။

ယောက်ျားလေးသည် ရဲရင့်ပြီး မိန်းမပျိုလေးသည် အင်မော်တယ်ကဲ့သို့လှပနေသည်။ သူမသည် ထိုမိသားစုထက် ပို၍ချောမောလှပသော မိသားစုမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

နံဘေးတွင် ရပ်နေကြသော လင်းယာ့ရှန်းနှင့် ရှဲ့မိသားစု၏ အစေခံများက သူတို့ နားကြားမှားသည်ဟု ထင်ခဲ့ကြသည်။

ဒီမိသားစုလား။

သူမက ပထမသခင်လေး အပါအဝင် အားလုံးကို ရည်ညွှန်းနေခြင်းများလား။

ဤလူကြီးမင်းယွီသည် အလွန် အရည်အချင်း ရှိသော်လည်း သူ၏မျက်လုံးများက ... တစ်ခုခုတော့ လွဲနေသည်။  ပထမဆုံး သခင်မလေးက ရုပ်ရည်ချောမောတယ်ဆို သည်ကို လူတိုင်းသိကြသော်လည်း ပထမ သခင်လေးကတော့…

ကျစ်၊ ငါ သူ့ကို ‘ကြည့်ကောင်းတယ်' လို့ ပြောလိုက်မိတာ မှားတာပဲ!

"ရှင်လည်း ကြည့်ကောင်းပါတယ်" ရှဲ့ချောင်က ပြုံးပြီး သူမ၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။

ရှဲ့ဖင်းကန်းမှာတော့ သူတို့နှစ်ယောက် သစ္စာဖောက်ပြီး အချစ်စိတ်မွှန်နေသည်ဟု ထင်ခဲ့သည်။

"အနေအထိုင်ဆင်ခြင်၊ ကြည့်နေတဲ့လူတွေ ရှိတယ်" ရှဲ့ဖင်းကန်းက ရှဲ့ချောင်ကို မျက်စိလှန်ပြလိုက်သော်လည်း သူက စိတ်ပူနေဆဲ ဖြစ်သဖြင့် သူမ အရှေ့ကို လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ငါ သူ့ကို ဘယ်လောက်ပဲ သဘောကျနေပါစေ၊ အခုက မဖြစ်ဘူး။ ဒီကောင်ကို နောက်ကျမှ ဘယ်သူက လာခိုင်းလို့လဲ။ ငါတို့ မိသားစုက အိမ်ရှေ့စံမင်းသားနဲ့ သဘောတူညီမှု ရထားပြီးသား။ တော်ဝင်မိသားစုက အင်အားကြီးတဲ့အတွက် အကိုကြီးတို့စကားကို ပြန်ရုပ်သိမ်းလို့မရတော့ဘူး။”

ရှဲ့ချောင် တခစ်ခစ်ရယ်မောလိုက်သည်။

သူဘာသိလို့လဲ။

ယွီရှန်းက သူမ၏အစ်ကိုအကြီးဆုံးကို အနိုင်ယူလိုက်သည်ကို သူမက ရိုးရိုးသားသားသဘောကျ

ရုံကို!

သူမ ဒေါသ ပေါက်ကွဲသွားသည်! သူမ သူ့ကို လက်စားချေလိုက်သည်!

"အစ်ကိုကြီးက အခုကနေစပြီး နေ့တိုင်း လူကြီးမင်းယွီနဲ့ အပျောတမ်းလက်၀ှေ့ထိုးကြမယ်မလား" ရှဲ့ချောင်၏ မျက်နှာထားသည် နူးညံ့သိမ်မွေ့ပြီး သူမက မျှော်လင့်ချက် ကြီးစွာဖြင့် ပြောလိုက်သည်။

ယွီရှန်းသည် ရှဲ့ချောင်ကို တစ်ချက်ကြည့် လိုက်မိသည်။ 

သူမ ဘာဖြစ်လို့ သူမရဲ့ ညီမအရင်း မဟုတ်ခဲ့ရ တာလဲ။ သူမရဲ့မျက်နှာလေးနဲ့ နှာတံက တကယ့်

ကို ချစ်စရာကောင်းတယ်… အိမ်ရှေ့စံမင်းသားက တကယ်ကို ကောင်းချီး ပေးခံရတာပဲ။ သူမသာဆိုရင် ဒီလိုမျိုး ဇနီးတစ်ယောက်ရလို့ အရမ်းပျော်နေမှာပဲ...

ခြံဝင်းအတွင်းက လေထုက ထူးဆန်းနေသည်။

အရူးတစ်ယောက်ပင်လျှင် လူကြီးမင်းယွီနှင့် ပထမသခင်မလေးကြား အပြန်အလှန် လေးစားမှုကို မြင်နိုင်သည်။ သူတို့က လှုပ်လှုပ် ရှားရှားဖြစ်သွားကြသည်။

သူတို့နှလုံး ခုန်မြန်လာကြသည်။ သူတို့က ထိုမြင်ကွင်းသည် စိတ်လှုပ်ရှားစရာကောင်း လွန်းသည်ဟု ထင်ကြပြီး အကြာကြီး မကြည့် ရဲကြပေ။ သူတို့ အလွန်အကျွံသိသွားကြပါက ခေါင်းပြတ်မည်ကို ကြောက်ကြ၏။

ရှဲ့ဖင်းကန်းသည် အခြားသူများ၏ တုံ့ပြန်မှုကို သတိမထားမိပေ။ ထိုအချိန်တွင် သူက ရှဲ့ချောင်၏စကားများကို ဂရုတစိုက် တုံ့ပြန် လိုက်သည်။ "ငါ သူနဲ့ လေ့ကျင့်ချင်ပေမဲ့  မကြာသေးခင်က ကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတော့ မနက်စောစောပဲ အားတယ်။ အဲအချိန် ဒီကောင် ကုတင်ပေါ်က ဆင်းနိုင်ပါ့မလားဆိုတာ ငါ သိချင်သား…”

တကယ်တော့…

သူ ကုတင်ပေါ်က မဆင်းနိုင်လျှင်ပင် ယွီရှန်းကို အတင်းထခိုင်းပြီး သူနှင့် လေ့ကျင့်ရန်  နည်းလမ်းကို စဥ်းစားနေပေဦးမည်!

•••••

All Chapters