သူမကို ကယ်ပါ
Vol. 34 Ch. 645
ရှဲ့ဖင်းကန်းသည် လူကြီးမင်းယွီကို ကောင်းကောင်းအသုံးချရန် ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်သည်။
အစွမ်းထက်သော သိုင်းပညာရှင်သည် ဆရာပဲလုပ်နေသည်က နှမြောစရာ ကောင်းသည်ဟု ထင်မိသည်။
နောင်တွင် သူသည် ဤလူ၏ စရိုက်ကို ပိုမို သိရှိလာပေမည်။ သူသည် ရိုးသားပြီး အသိဥာဏ်ရှိသူဖြစ်ပါက သူ့အတွက် နိမ့်သောရာထူးကို ကူညီစီစဉ်ပေးနိုင်သည်။ သူက သူ့ကို သူ့အဖေ၏ စစ်စခန်းကိုပင် ပို့ပေးနိုင်သည်။
ဤကျွမ်းကျင်မှုဖြင့် သူသည် အနှေးနှင့်အမြန် ဆိုသလိုပင် နာမည်ရနိုင်ပေလိမ့်မည်!
ရှဲ့ဖင်းကန်းက ယွီရှန်း၏ ပုခုံးကို သူ၏ လက်ကြီးဖြင့် ပုတ်ကာ ပြောလိုက်သည်။ “လူကြီးမင်းယွီ၊ အိမ်တော်ထိန်းက ခဏနေရင် မင်းကို ဘေးခန်းကို ခေါ်သွားလိမ့်မယ်။ တစ်ခုခုလိုအပ်ရင် ငါ့ကို အသိပေးလိုက်ပါ။ ရှက်နေဖို့ မလိုဘူး။”
ယွီရှန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်!"
သို့သော် ယနေ့ သူမတွင် လုပ်စရာရှိသေး သည်။
မနေ့က တာအိုဆရာမ၏ ကျေးဇူးကြောင့် သူမ ကံကောင်းခဲ့သည်။ ယနေ့ သူမကို ရှာရ ပေမည်။ သူမနှင့်တွေ့လျှင် သူမကို လူချင်း မျက်နှာဆိုင်ပြီး သေသေချာချာ ကျေးဇူးတင်ရမည်။
ရှဲ့ဖင်းကန်းက ညွှန်ကြားချက်များပေးပြီး နောက် မှုခင်းစီစစ်ရေးဌာနသို့ ချက်ချင်း သွားခဲ့သည်။ ရှဲ့ချောင်က နောက်တွင်နေပြီး ဒေါ်လေးလင်းနှင့် စကားစမြည်ပြောပြီးနောက် ကျောင်းတော်သို့ သွားလေသည်။
ယွီရှန်းက သူမကိုယ်သူမ ရှဲ့မိသားစုနှင့် မိတ်ဆက်ပြီးနောက် အမြန်ထွက်သွားလေသည်။
သူမ မနေ့က လမ်းကိုသွားပြီး ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်သည်။ ကံမကောင်းစွာ ဆရာမ၏အရိပ်ပင် မတွေ့ခဲ့ရပေ။
ယွီရှန်း၏ နှလုံးခုန်သံ မြန်လာသည်။
သူမ၏ အတွေ့အကြုံက ပုံပြင်စာအုပ်ထဲတွင် ရေးထားသည့် အတွေ့အကြုံနှင့် အလွန်ဆင်တူ
သည်....
သူမသည် ဆိုးရွားသည့်အခြေအနေတွင် လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူ တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ ထိုကျွမ်းကျင် သူက သူမသည် ရိုးရိုးရှင်းရှင်းနှင့် ရိုးသား ကြောင်း သိမြင်သောကြောင့် သူမအား အကြံဥာဏ်ပေးပြီးနောက် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့သည်!
ထိုအတွေးက သူမ၏စိတ်ထဲရောက်သွားတော့ သူမစိတ်ထဲက ရုန်းမထွက်နိုင်တော့ပေ။
သူမသည် ခရီးအဝေးကြီးကို လျှောက်လာခဲ့ ရာ အလွန်နှမြောစရာကောင်းသည်ဟု ထင်ခဲ့သည်။ ကောင်းကင်သည် သူမကို စာနာ မိသောကြောင့် သူမကို အကြံဥာဏ်များ ပေးရန် အင်မော်တယ်တစ်ယောက်ကို စေလွှတ်လိုက်သည်လေ!
ကျေးဇူးတင်ပါတယ်၊ အမတအရှင်!
ယွီရှန်း၏ နှလုံးသားသည် ကျေးဇူးတရား များဖြင့် ပြည့်နှက်နေသည်။
ထိုဆရာမက ဆရာကြီးလု၏ သင်ကြားပို့ချမှုကို နားထောင်ရင်း စာသင်ခန်းထဲတွင် နာခံမှုရှိရှိ ထိုင်နေမှန်း သူမ မသိခဲ့ပေ။ သူမသည် အိပ်ငိုက်နေပုံရသော်လည်း လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ထားပြီး တစ်ခုခုကို ရေးနေသည်။
စာသင်ခန်းသည် အလွန်တိတ်ဆိတ်နေပြီး ရှဲ့ချောင်သည် ဤအတန်းကို နှစ်သက်၏။
သို့သော်လည်း ရုတ်တရက် ပြတင်းပေါက်မှ မကောင်းဆိုး၀ါး၀ိဥာဥ်တစ်ကောင် လွင့်ပျံလာ
သည်။ ၄င်းသည် တစ်ကိုယ်လုံး အခိုးအငွေ့များ ထွက်နေပြီး စိုးရိမ်နေပုံပေါ်သည်။ ၄င်းသည် သစ်ခွခြံ၀င်းထဲသို့ ပြေးဝင်လာကာ ပျံသန်းပြီး စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်။ “သခင်မ! သခင်မ! ကျွန်မကို မြန်မြန် ကူညီပါ…”
သူမသည် ကြမ္မာဥယျာဥ်သို့ အကူအညီ တောင်းရန် သွားခဲ့သော်လည်း သခင်မက ထိုနေရာတွင် မရှိပေ။
နောက်ပိုင်းတွင် မကောင်းဆိုး၀ါး၀ိဥာဥ်သည် သခင်မတွင် အခြားအထောက်အထား ရှိကြောင်း သူမအား လျှို့ဝှက်စွာ ပြောပြခဲ့ သည်။ သူမကို ရှာတွေ့ချင်လျှင် သူမက တော်ဝင်ကျောင်းတော်၏ သစ်ခွခြံ၀င်းထဲသို့ သွားရလိမ့်မည်။
သို့သော်လည်း တော်ဝင်ကျောင်းတော်၏ ယန် စွမ်းအင်သည် ပြင်းထန်လွန်းသည်။ သူမ နီးကပ်
လာသောအခါတွင် သူမ၏ ဝိဥာဉ်သည် တုန်လှုပ်သွား၏။ သူမ တစ်ကိုယ်လုံး လောင်ကျွမ်းနေသလို ခံစားလိုက်ရပြီး ပြင်းထန်စွာသော နာကျင်မှုအား ခံစားလိုက်ရသည်။
ရှဲ့ချောင်က အနည်းငယ် မျက်လုံးမော့ပြီး ဘေးသို့ ကြည့်လိုက်သည်။
သူမ တစ်ယောက်တည်းသာလျှင် မကောင်း ဆိုး၀ါး၀ိဥာဥ်၏ အသံကို ကြားနိုင်သည်။ သူမ၏ တုံ့ပြန်မှု ကိုမြင်တော့ မကောင်းဆိုးဝါး ၀ိဥာဥ်က အမြန်ပြောလိုက်သည်။ "သခင်မ လား! သခင်မ၊ ကျေးဇူးပြု ပြီးတော့၊ ကျွန်မ သမီး ဒုက္ခရောက်နေပါတယ်! သူမကိုကယ်ပေးပါ! သူမကို ကယ်ပေးပါ!”
ရှဲ့ချောင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။
ထိုမကောင်းဆိုးဝါး၀ိဥာဥ်က အနည်းငယ် မိုက်မဲလေသည်...
သူမက သူမအတွက် တစ်ယောက်ယောက်ကို ကယ်တင်ပေးနိုင်သည်၊ သို့သော် သူမသည် အနည်းဆုံးတော့ ဘာဖြစ်ခဲ့လဲဆိုသည်ကို ပြောပြသင့်သည် မဟုတ်လား။
သူမက ရှဲ့ချောင်ဆိုသည်ကို သိသော မကောင်းဆိုး၀ါး၀ိဥာဥ်များအတွက်တော့… သူမ မအံ့သြမိပေ။ အချို့သော မကောင်းဆိုး ၀ါး၀ိဥာဥ်များသည် စူးစမ်းမှုအားကောင်းပြီး လှည့်ပတ်ပျံသန်းနိုင်သောကြောင့် သူတို့ ပိုမိုသိရှိနိုင်မည်ဖြစ်သည်။
"ကျွန်မကို အကြောင်းစုံပြောပြပါ" ရှဲ့ချောင်က ကူ
ကယ်ရာမဲ့ ရေရွတ်လိုက်သည်။
ချင်လျိို့သည် ခဏတာ အံ့အားသင့်သွား သည်။ ရှဲ့ချောင်က တခြားနေရာကို ကြည့်ပြီး အာရုံသိပ်မစိုက်သည်ကို မြင်လိုက်ရသည်။
“ကျွန်မသမီး ဒီနေ့ ကုလန်ကျောင်းတော်ကို မသွားဘူး။ သူမက ကောင်မလေး တစ်ယောက်နဲ့ ရက်ကန်းရက်လုပ်တဲ့အိမ်မှာ နေနေတာ။ ပြီးတော့ သူမကို ပါးစပ်ပိတ်ပြီး ရထားလုံး ထဲကို ပို့လိုက်ပြီး ခေါ်သွား ကြတယ်! ကျွန်မ လမ်းတစ်လျှောက်လုံး မြို့ပြင်အထိ သူမနောက်ကို လိုက်သွားခဲ့ တာ။ အခုတော့ သူမကို မြို့အပြင်ဘက်က တာအိုဘုရားကျောင်းနားက အိမ်ပျက်ကြီးမှာ ပိတ်လှောင်ထားတယ်။ သူမ အရမ်းကြောက်နေရှာတာတောင် ကျွန်မ ဘာမှမလုပ်ပေးနိုင်ဘူး။ ကျွန်မ သမီးကို ကယ်တင်ဖို့ ကျွန်မ သခင်မကို အနူးအညွတ် တောင်းပန်ပါတယ်!” အမျိုးသမီးက ဝေဒနာကို တောင့်ခံရင်း ပြောလေသည်။
ရှဲ့ချောင်က မီးခိုးများထွက်နေသော သူမ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ၄င်းက မီးရှို့ခံ လိုက်ရသည့် စာရွက်တစ်ရွက်လိုပင်။ လုံး၀ လောင်ကျွမ်းတော့မည့်ဆဲဆဲပင်။
သူမက ညင်သာစွာ အမြန်လက်ညိုးထိုးလိုက်ပြီး သဲလွန်စမရှိစွာပင် အဆောင်ကို ပစ်ချလိုက်ကာ မကောင်းဆိုးဝါး၀ိဥာဥ်အား ဖမ်းလိုက်သည်။
•••••