လောင်ကျွမ်းခြင်း
Vol. 34 Ch. 646
တော်ဝင်ကျောင်းတော်တွင်၊ အလွန်အစွမ်းထက် သော မကောင်းဆိုး၀ါး၀ိဥာဥ် မဟုတ်ပါက၊ ၎င်းသည် ဝင်ရောက်ပြီးနောက် တုံ့ပြန်ခံရ မည်မှာ
သေချာသည်။
၄င်းက အချိန်အတော်ကြာအောင်နေလျှင် ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
မကောင်းဆိုးဝါး၀ိဥာဥ်သည် သေခြင်းကို မကြောက်သောကြောင့် သူမက ၄င်းကို မျက်ကွယ်မပြုနိုင်ပေ။
သူမက ချက်ချင်းထရပ်ပြီး ဆရာကြီးလုကို တောင်းပန်လိုက်သည်။ "ဆရာ၊ ကျွန်မ အိမ်မှာ အရေးတကြီးကိစ္စတစ်ခုရှိတာကို ရုတ်တရက် သတိရမိလို့ ကျွန်မ… စောစောအတန်းဆင်းချင် ပါတယ်။ အဲဒါကို ဆရာ သဘောတူမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”
ရှဲ့ချောင်က အလွန်လေးစားမှုရှိစွာပြောလိုက်
သည်။
သူမက မကြာခဏ နေ့လည်ပိုင်းတွင် အတန်း မတက်သော်လည်း ဆရာကြီးလု၏ အတန်းကနေ ထွက်သွားရန် တောင်းဆိုခြင််းသည်တော့ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
“သွားလေ” ဆရာကြီးလုသည် အလွန်ပွင့်ပွင့်လင်းလင်းပင်။
ဤမိန်းကလေးသည်... ကျောင်းသူတစ်ယောက် ဖြစ်သည့်အပြင် ကြင်ရာတော်မင်းသမီးလောင်းလည်းဖြစ်သည်။ သူက သူမကို သက်ညှာရပေမည်။
ထို့အပြင် ရှဲ့ချောင်တွင် သူမ၏ကိုယ်ပိုင် အရည်အချင်းရှိသောကြောင့် သူပြောသော
စကားများသည် ရှဲ့ချောင်အတွက် အခြေခံ အားဖြင့် အသုံးမဝင်ပေ။ ရှဲ့ချောင်သည် သူ၏အတန်းထဲတွင် အလုပ်များစွာလုပ်ရပြီး အိပ်နေရင်း သူ၏အတန်းကို နားထောင်ကာ တစ်ချိန်တည်းမှာပင် စာကြည့်တိုက်မှ သူမ ငှားထားသော စာအုပ်အချို့ကို ဖတ်တတ်ကြောင်း သူသိသည်။
အစပိုင်းတွင် သူ အနည်းငယ်မကျေမနပ်ဖြစ်ခဲ့ သော်လည်း သူမေးခွန်းမေးတိုင်း ရှဲ့ချောင်က အမြဲတမ်း မှန်မှန်ကန်ကန်ဖြေဆိုနိုင်နေသောကြောင့် သူစိတ်အနှောင့်အယှက်မဖြစ်တော့ချေ။
အခု… ဘာပဲဖြစ်ဖြစ် အတန်းက သိပ်မကြာ ခင် ပြီးတော့ပေမည်။ သူမ ထွက်သွားချင်ရင် ထွက်သွားနိုင်၏။
အားလုံး၏ မနာလိုအားကျသော အကြည့်များ
အောက်တွင် ရှဲ့ချောင်ထွက်သွားခဲ့သည်။
ရှဲ့ချောင် အလွန်စိုးရိမ်နေခဲ့၏။ သူမသည် ချက်ချင်းပင် ဦးထုပ်ဇာအကာကို ဆောင်းကာ ကြမ္မာဥယျာဥ်သို့ သွားလိုက်သည်။
သူမ ကယ်တင်ရန် အလျင်လိုနေသည်မှာ မှန်သော်လည်း သူမ၏ ကိုယ်ပိုင် အထောက် အထား လုံခြုံကြောင်း သေချာစေရန်လည်း လိုအပ်သေးသည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် အဝတ်အစားလဲရန် သွားခဲ့သည်။ လမ်းပေါ်တွင် သူမ ဘာဆက်လုပ်ရမည်ဆိုသည်ကိုလည်း တွေးနေ၏။
ဤမကောင်းဆိုး၀ါး၀ိဥာဥ်သည် နာကျင်နေ သဖြင့် ခဏတာ ပြန်လည်သက်သာလာရန် လိုအပ်သည်။ အခု သူမကို ထွက်သွားခိုင်း ခြင်းက အသုံးမဝင်ပေ။
သူမသည် တာအိုဆရာမဖြစ်သည်။ လူတစ်ယောက်ကိုရှာဖို့ မြို့ပြင်ကို တစ်ယောက်တည်း ထွက်ရမှာလား။
အဲဒါက မဖြစ်နိုင်ပေ။
ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ သိပ်စဉ်းစား စရာ မလိုပေ။ ရှဲ့ချောင်သည် မှုခင်းစီစစ်ရေးဌာနတွင် သူမ၏ ဆရာတူမောင်လေးကို သွားရှာခဲ့သည်။
ယခု အိမ်ရှေ့စံမင်းသားသည် သူမ၏ ကွပ်ကဲမှုအောက်တွင် ရှိနေသောကြောင့် သူ့ကို အမိန့်ပေးရန် ဖိအားများ မလိုအပ်တော့ပေ။ ထို့အပြင် အိမ်ရှေ့စံမင်းသားတွင် လူများစွာ ရှိသောကြောင့် သူမသည်လည်း သူ၏ လူများကို အသုံးပြုနိုင်သည်။
ဤသည်က ပျောက်ဆုံးနေသူကို ရှာရတာ ပိုအဆင်ပြေ၏။
ခုနက မကောင်းဆိုး၀ါး၀ိဥာဥ် ၀တ်ဆင်ထား သည်ကို အကဲဖြတ်ကြည့်တော့ သူမက ချမ်းသာသည့် အမျိုးသမီးတစ်ယောက် ဖြစ်ရပေမည်။ သူမ၏ သမီးက ကုလန်ကျောင်းတော်တွင် ပညာသင်ကြားနေဆဲဖြစ်သဖြင့် သူမ၏ အဆင့်အတန်းက အလွန် နိမ့်ကျမည် မဟုတ်ပေ။
ရှဲ့ချောင်သည် ရထားလုံးထဲသို့ အမြန်ဝင်လိုက်၏။
မှုခင်းစီစစ်ရေးဌာနသည် သူမ စိတ်ကူးထားသည့် အတိုင်း ဖြစ်သည်။ မကောင်းဆိုးဝါး၀ိဥာဥ် အများအပြားရှိလေသည်။
နာကြည်းမှုများလည်း နေရာအနှံ့ပင်။ ကံကောင်းစွာဖြင့်၊ တော်ဝင်ညှဉ်းပန်း နှိပ်စက်အခန်းကို နဂါးစွမ်းအားဖြင့် ဖြိုခွဲထားသဖြင့် အထဲတွင် မကောင်းဆိုးဝါး ၀ိဥာဥ်များ ရှိနေလျှင်ပင် ပြဿနာမရှိပေ။
ရှဲ့ချောင်သည် သူမ၏ အထောက်အထားကို ချက်ချင်းဖော်ပြခဲ့ပြီး သူမသည် အိမ်ရှေ့ စံမင်းသား၏ ဆရာတူအစ်မ ဖြစ်ကြောင်း ပြောလိုက်သည်။ အစောင့်တစ်ယောက်က သူမကို ကြည့်ကာ အထဲသို့ အမြန် ခေါ်သွားသည်။
ရှဲ့ချောင်သည် ရွှင်းပြည်နယ်မှ ပြန်လာပြီးနောက်ပိုင်း အိမ်ရှေ့စံမင်းသားကို မတွေ့ခဲ့ရပေ။
မတွေ့ရသည်မှာရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း သူတို့ နှစ်ယောက် လက်ထပ်ရန်ပင်
သဘောတူခဲ့ပြီးလေပြီ!
အခု သူက … သူမနှလုံးသားကို သိမ်းပိုက်အနိုင်ရသွားပြီဆိုတော့ သူမကို ဂရုမစိုက်တော့တာလား!
ရှဲ့ချောင်သည် အဖိုးတန်သော သခင်မလေး ရှဲ့ချောင်အနေဖြင့် အိမ်ရှေ့စံမင်းသားက သူမကို တွေ့လိုလျှင်ပင် သူမကို အလောတကြီး လာတွေ့ရန် မသင့်တော်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။
"အရှင့်သား၊ ကျွန်မ အရှင့်သားကို အရေးတကြီး ကိစ္စတစ်ခုအတွက် ရှာနေတာပါ" ရှဲ့ချောင်က လိုရင်းကို ပြောလိုက်သည်။
ကျောက်ရွှမ်ကျင်း၏ မျက်နှာထားမှာ အနည်းငယ် သက်တောင့်သက်သာ မဖြစ်ဘဲ သူ၏မျက်နှာပေါ်တွင် အနည်းငယ်နီမြန်းနေ
သည်။ သူ့ကိုကြည့်ရသည်မှာ ထူးဆန်းနေ၏။
"ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား" ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။
ကျောက်ရွှမ်ကျင်းက ခေါင်းခါလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ အခုက ဘာတွေ စိုးရိမ်တကြီးဖြစ်လို့လဲ ဆရာတူအစ်မ။"
ဒီရက်ပိုင်း သူ ရှဲ့မိသားစုဆီ အလည်သွားချင် နေခဲ့သည်။ သူသွားမည်လုပ်တိုင်း ဘာသာရေး ၀န်ကြီးဌာနသည် သူ့အား အမြဲတမ်း အနှောက်အယှက်ပေးစရာ တစ်ခုမဟုတ်တစ်ခုခုရှိနေ၏၊ ထို့အပြင် မှုခင်းစီစစ်ရေးဌာနလည်း ပါသေးသည်။ အမျိုးမျိုး အထွေထွေ သော ကိစ္စများစွာရှိခဲ့ပြီး သူ၏ စိတ်အခြေ အနေက...
သူက အရမ်းသိသာလွန်းပြီး ရှဲ့ချောင်ကို အလေးမထားသလိုခံစားမိစေမည်ကို စိုးရိမ် မိသည်။
သူမကို ပြန်မတွေ့ခင် ရက်အနည်းငယ်အလိုအထိ သူ၏အတွေးများကို ငြိမ်သက်စေရန် ကြိုတင်ပြင်ဆင်နေခဲ့သည်။
သို့သော် သူမ ရုတ်တရက် ပေါ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကံကောင်းထောက်မစွာ၊ ထိုမျက်နှာသည် မော့ချူးရှန်း၏ မျက်နှာ ဖြစ်ပြီး ၎င်းကို တွေ့နေကျဖြစ်သဖြင့် သူ၏တုံ့ပြန်မှုသည် ကြီးကြီးမားမားမဖြစ်သွားခဲ့ပေ။
"အရှင့်သား၊ စစ်သည်တစ်ချို့လောက် စေလွှတ်ပေး လို့ရမလား။ မြို့ပြင်က အိမ်ပျက်ကြီးထဲမှာ မိန်းမပျိုလေး နှစ်ယောက်ကို လူဆိုးတွေ ဖမ်းထား
လို့။ ကျွန်မတို့ သူတို့ကို မြန်မြန်ကယ်မှရမယ်။” ရှဲ့ချောင် က အလာပသလ္လာပစကားများ ဆက်မပြော တော့ဘဲ ချက်ချင်းပြောလိုက်သည်။
•••••