တက်ကြွမှုအပြည့်
Vol. 34 Ch. 647
ရှဲ့ချောင်ပြောလိုက်သည်နှင့် ကျောက်ရွှမ်ကျင်း ၏မျက်နှာထားက ချက်ချင်း ပိုလေးနက်လာ သည်။ သူက ကျို့ဝေ့ကျုံးကို ချက်ချင်း ခေါ်ပြီး သူ၏လူများကို မြို့ထဲကနေ ထွက်ရန် စုစည်းလိုက်သည်။
“လွန်ခဲ့တဲ့ တစ်နာရီလောက်က မှုခင်းစီစစ်ရေးဌာနက လူတွေက အလုပ်ကိစ္စနဲ့ ထွက်သွား တယ်။ စတုတ္ထမင်းသားရဲ့ အရံကြင်ရာတော်လောင်း နန်အန်းက ဟုန်မိသားစုရဲ့ အကြီးဆုံးသမီးက အရှေ့
ဘက် မြို့မှာ ပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတဲ့ သတင်း ရထားတယ်။ ပြီးတော့ သုန့်မိသားစုရဲ့ ဒုတိယသမီးရောပဲ။ ဆရာတူအစ်မ ပြောခဲ့တဲ့ လူဖြစ်ပုံပဲ” ကျောက်ရွှမ်ကျင်းက ထပ်ပြော လိုက်သည်။
သို့သော်လည်း လူပျောက်မှုက မှုခင်းစီစစ်ရေးဌာန၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိပေ။ အုပ်ချုပ်ရေးရုံးက သူတို့ကို ရှာဖွေရန် လူများကို စေလွှတ်ထားပြီးသားဖြစ်သည်။
သို့သော် ယခု ရှဲ့ချောင် ကိုယ်တိုင်ကိုယ်ကျ ရောက်လာသောကြောင့် အုပ်ချုပ်ရေးရုံးက ထိုကိစ္စကို ဝင်ရောက်စွက်ဖက်မှ အဆင်ပြေပေမည်။
မကြာမီတွင် လူများအားလုံး စုရုံး ရောက်ရှိ လာကြသည်။
ရှဲ့ချောင်သည် မြင်းစီးနိုင်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အခြေအနေမကောင်းပေ။ သူမ သည် ကြမ်းတမ်းသောလမ်းများကို မဖြတ်သန်းချင်သောကြောင့် ကျို့ဝေ့ကျုံးကို ဦးဆောင်လမ်းပြခိုင်းခဲ့သည်။
သူတို့ ထွက်ခွာပြီးဖြစ်သောကြောင့် စိတ်ပူနေ ခြင်းက အကျိုးမရှိပေ။ ရှဲ့ချောင်သည် အိမ်ရှေ့စံမင်းသား၏ အမြင်များကို မေးလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက အရှင့်သားက သူမကို လာမတွေ့ဘူးဆိုတဲ့အကြောင်းကို ကျွန်မ သခင်မလေးရှဲ့ဆီက ကြားလိုက်ရပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ" ရှဲ့ချောင်က အလွန် ဒဲ့တိုးဆန်သည်။
သူမ ထိုမေးခွန်းကို မေးလိုက်သောအခါ ကျောက်
ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
သူ၏စေ့စပ်ထားသူကိုယ်တိုင်က သူ့ကို စွပ်စွဲလာလေပြီ သူဘယ်လိုတုံ့ပြန်သင့်လဲ။
"သခင်မလေးရှဲ့က ကျွန်တော့်ကို မြင်ရင် ရှက်ပြီး စကားမပြောရဲမှာကို စိုးရိမ်လို့လေ" ကျောက်ရွှမ်ကျင်း၏စကားများမှာ အဓိပ္ပါယ်မရှိမှုများ အပြည့်ဖြင့်။
"ဟဟ" ရှဲ့ချောင်က သရော်လိုက်သည်။ “ဆရာတူမောင်လေးက လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး နောင်တရမိလို့များလား။ အသံက ဆင်ခြေပေးနေသလိုမို့လေ။”
ထိုစကားကြောင့် ကျောက်ရွှမ်ကျင်းက ချက်ချင်း
ပြောလိုက်သည်။ "ဆရာတူအစ်မ မော့က အပြင်လူမဟုတ်လို့၊ ကျွန်တော် အမှန်အတိုင်းပြောပါ့မယ်။ ကျွန်တော် … ဒီနှစ်တွေအတွင်း အိမ်ထောင်ပြု ဖို့ စိတ်ကူးမရှိခဲ့တာ မှန်ပါတယ်။ အခု လက်ထပ်ဖို့ ပြင်ဆင်နေကြတော့ ကျွန်တော် နည်းနည်း စိတ်ရှုပ်သွားတယ်။ သခင်မလေးရှဲ့ က ကျွန်တော့်ကို လူကောင်းတစ်ယောက်လို့ ထင်လာအောင် ကျွန်တော် သူမကို ဘယ်လို ဆက်ဆံရမလဲ မသိဘူး။"
သူက သူမကို ထိုသို့မတွေးစေချင်ပေ...
သူက ရုပ်ရည်ချောမောရုံသာဖြစ်သည်။
ထိုစကားကြောင့် ရှဲ့ချောင်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ "ဒါဆို ဆိုလိုတာက သခင်မလေးရှဲ့က ရှက်နေတာ မဟုတ်ဘဲ ဆရာတူမောင်လေးက ရှက်နေ တာလား"
ရှဲ့ချောင်သည် ယခုအချိန်တွင် မော့ချူးရှန်း အဖြစ် ရုပ်ဖျက်ထားသောကြောင့် သူမသည် အသားအရေ ထူထဲလှသည်။
ကျောက်ရွှမ်ကျင်းက တည်ငြိမ်စွာ ပြုံးလိုက် သည်။ "အမှန်ပါပဲ။"
ရှဲ့ချောင်က သူမ၏နှုတ်ခမ်းကို စု၀ိုင်းကာ ပြုံးလိုက်၏။ "စိတ်မပူပါနဲ့ ဆရာတူ မောင်လေး၊ သခင်မလေးရှဲ့က လူတွေကိုစားတဲ့ ဘီလူးမဟုတ်တာ”
ကျောက်ရွှမ်ကျင်းက သူမကို ခပ်ယဲ့ယဲ့ပြုံးကာ တစ်ချက်ကြည့်ပြီးနောက် တိတ်တဆိတ် ခေါင်းခါလိုက်သည်။
သူမ ထိုမျက်နှာအဖြစ်သို့ ရုပ်ဖျက်လိုက်သည် နှင့် သူမက သူမပြောသမျှကို လုံးဝ ဂရုမစိုက် တော့ပေ။ သူမအကြောင်း တစ်နေ့နေ့ကျ ပေါ်သွားမှာ မကြောက်ဘူးလား။
“အမျိုးသမီးအများစုက ချော့ပေးဖို့ လိုတယ်။ အရှင့်သားက အာရုံစိုက်ထားသင့်တယ်။ ဒီလိုမှ မဟုတ်ရင် အဲဒီမိန်းကလေး အိမ်ထောင်ကျရင် တောင် ကျောက်တုံးတစ်တုံးနဲ့ ဘာမှ ခြားနား မှာမဟုတ်ဘူး။” ရှဲ့ချောင်သည် ယခင်က ၄င်းကို ကြုံတွေ့ခဲ့ရသလိုပင်။ "ဒါပေမဲ့ အမျိုးသမီးတွေကို ဂရုမစိုက်တတ်တဲ့ ရှဲ့ဖင်းကန်းရဲ့ အပြုအမူလိုမျိုးတော့ လိုက်မလုပ်နဲ့ဦး။ သူက သူ့ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေဖို့ ကံပါလာတာ။”
“ဆရာတူမောင်လေးက ဆရာတူအစ်မရဲ့ စကားတွေကို သေချာပေါက် သတိရနေမှာပါ” ကျောက်
ရွှမ်ကျင်းသည် တကယ်ပင် သူမ၏ ဆရာတူမောင်လေးကဲ့သို့ နာခံမှုရှိသည်။ "ဆရာတူ အစ်မ၊ သခင်မလေးရှဲ့က ဘာကို သဘောကျလဲသိလား"
"ငွေလား" ရှဲ့ချောင်က မတော်တဆ ပြန်ဖြေ လိုက်မိသည်။ ထို့နောက် သူမက ကသိက အောက်ဖြစ်စွာ ပြုံးပြီး ခက်ခဲနက်နဲသော မျက်နှာထားဖြင့် အကွက်ရွှေ့လိုက်သည်။ “ငွေလိုမျိုး လောကီရေးရာ ပစ္စည်းဥစ္စာတွေကိုက ထား။ အမျိုးသမီးတွေက ပန်းတွေနဲ့ အပင်တွေကို နှစ်သက်သဘောကျကြတယ်"
"ကျွန်တော် သိပါပြီ။" ကျောက်ရွှမ်ကျင်းက အလွန် ဟန်ဆောင်ကောင်းသည်။ “အဲဒါ မဆိုးဘူး။ သခင်မလေးရှဲ့က တော်ဝင်ကျောင်းတော်ထဲက လူကြီးမင်းစန်းရဲ့ ပန်းတွေနဲ့ အပင်တွေအားလုံးကို ရှင်အောင်လုပ်ပေးခဲ့တယ်လို့ ကြားပါတယ်။ သာမာန်လူတွေမှာ ဒီအရည်အချင်းမရှိဘူး”
ရှဲ့ချောင်က ခေါင်းကို အနည်းငယ် မော့လိုက်ကာ။
ဟုတ်တာပေါ့။
သာမာန်လူတွေက သခင်မတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ။
"ဒါက ဘာမှမဟုတ်ပါဘူး။ သူမက နည်းနည်း ပဲ သိတာပါ” ရှဲ့ချောင်က ပြုံးလိုက်သည်။
သူမသည် စိတ်ကောင်း၀င်ပြီး စကားများစွာ ပြောခဲ့သည်။
ကျောက်ရွှမ်ကျင်းကလည်း ရှဲ့ချောင်သည် ဤလ
အနည်းငယ်အတွင်း ပို၍တက်ကြွလာသည်ဟု ထင်မိသည်။
သူတို့ မြို့တော်သို့သွားရာလမ်းတွင် တွေ့ကြ တုန်းကနှင့် မတူတော့ပေ။ သူမသည် ခြေလှမ်း သုံးလှမ်း လှမ်းလိုက်တိုင်းမှာ မောပန်းနေပြီး ငါးလှမ်း လှမ်းတိုင်း ချောင်းဆိုးနေခဲ့သည်လေ။ သူမက စကားပြောရသည်ကို မကြိုက်ဘဲ၊ စကားပြော လိုက်လျှင်တောင် သေသွားမည်ကို စိုးရိမ်ခဲ့ရသည်။
“ရက်အနည်းငယ်အတွင်း နန်းတော် ဂုဏ်ပြု စားသောက်ပွဲကြီး ကျင်းပလိမ့်မယ်။ သူမက ကြင်ရာတော် မင်းသမီးဘွဲ့ အပ်နှင်းခံရမှာမို့ ဧကရာဇ်ကို ကျေးဇူးတင်ဖို့ နန်းတော်ကို သေချာပေါက် သွားမှာပါ။ ကျွန်တော် အစက တော့ အဲဒီနေ့မှာ ကျွန်တော်ကိုယ်တိုင် သူမကို သွားခေါ်လာမယ်လို့ တွေးထားတာ။ အခု ကျွန်တော် ဆရာတူအစ်မနဲ့တွေ့တော့ သူမကို အဲဒီ
အကြောင်းပြောပြဖို့ ကျွန်တော် ဆရာတူ အစ်မကိုပဲ ဒုက္ခပေးရတော့မယ်"
•••••