ငါ့ငွေ
Vol. 34 Ch. 655
ကျို့ဝေ့ကျုံးက စာပေဗဟုသုတ ကြွယ်၀ သည်။ သေလည်းမသေ ရှင်လည်း မရှင်ခြင်း၏ အဓိပ္ပါယ်ကို သူသိလိုက်သည်။
ဤဆရာမမော့က သူမသည် ရှင်ခြင်းနှင့် သေခြင်းကို ဖောက်ထွင်းမြင်နိုင်သော ပညာရှိဖြစ်ကြောင်း ပြောနေသည်ပင်!
၎င်းသည် လျှာစောင်းထက်ပြီး ဖြောင့်မတ်တဲ့ အမတအရှင်မရှဲ့ထက် များစွာသာလွန်ပေသည်!
"ဆရာမ... ရွှေယွဲ့တာအိုဘုရားကျောင်းက လူတွေ
က အပြင်သွားတဲ့အခါ ဒီလိုတွေ ယူသွားတတ်တာပဲလား" ကျို့ဝေ့ကျုံးက မနေနိုင်ဘဲ နဖူးစည်းစာတန်းကို လက်ညိုးထိုးပြပြီး မေးလိုက်သည်။
ရှဲ့ချောင်က နဖူးစည်းစာတန်းကို ဂရုတစိုက် အမြန်ဖယ်လိုက်သည်။ “ဒါက သင်္ကေတ တစ်ခုမို့၊ တစ်ခါတလေ ဒါကို ရှင်နဲ့အတူ ယူလာလို့ရတယ်လေ”
၄င်းမှာ လူများကို ကြောက်လန့်အောင်လုပ်ရန် လည်း သုံးသည်။
ရွှေယွဲ့တာအိုဘုရားကျောင်းမှ ဆရာတူ အဒေါ်နှင့် ဆရာတူအစ်မ၏ အရည်အချင်းကို သူ့မျက်စိနှင့် တပ်အပ်မမြင်ခဲ့ပါက ဘုရား ကျောင်းမှ လူများအားလုံးသည် ဟန်ဆောင် လိမ်ညာသော လူလိမ်များဖြစ်သည်ဟု ကျို့ဝေ့ကျုံး ထင်မိပေလိမ့်မည်!
"ဆရာတူအစ်မက သင်္ကေတအတွက် ရွှေအပ်ချည်ကိုသုံးဖို့ ငွေအများကြီးရှာထားပုံ ရတယ်" ကျောက်ရွှမ်ကျင်းက မနာလို အားကျသည့်လေသံနှင့် ပြောလိုက်သည်။ "ဆရာတူအစ်မရဲ့ လက်ကောက်ဝတ်က ခေါင်းလောင်းကိုတောင်မှ သခင်မလေးရှဲ့ရဲ့ ခေါင်းလောင်းလိုပဲ ရွှေနဲ့လုပ်ထားတယ်။"
ရှဲ့ချောင်သည် ဇတ်လေးပုကာဖြင့် ပေါက်တတ်ကရ စကားများ စတင်ပြော တော့သည်။ “ဒါကိုဘုရားကျောင်းက ဖြန့်၀ေ ထားတာမို့ ဒါက ကျွန်မတို့ဂိုဏ်းရဲ့ တပည့်တွေအားလုံးမှာ ရှိတယ်။ မကောင်းဆိုး၀ါး၀ိဥာဥ်တွေကို မောင်းထုတ်ဖို့ သုံးတာ”
ကျောက်ရွှမ်ကျင်းက ခပ်ဖွဖွရယ်မော လိုက်သည်။
ရှဲ့ချောင်သည် တကယ့်ကို ပေါက်တတ်ကရ စကားများ ပြောတတ်ပေသည်။
"ဆရာတူအစ်မ၊ အစ်မ တစ်ခုခု လွဲနေတာ တွေ့လိုက်လို့လား" ကျောက်ရွှမ်ကျင်းသည် သူမ၏ အထောက်အထားကို ထုတ်ဖော်ရန် မရမက ပြောဆိုခြင်း မရှိပေ။ သူမ လေးနက်သောမျက်နှာထားဖြင့် သံလိုက်အိမ်မြှောင် နှင့် ဟိုဟိုဒီဒီကြည့်နေသည်ကို မြင်သောအခါ သူက စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"မတွေ့သေးပါဘူး။ သူတို့ သေသွားလို့ အဲဒီ အောက်ကို မဆင်းသွားရင် လူတော်တော် များများက သူတို့သေတဲ့နေရာမှာ ရှိနေကြလိမ့် မယ်။ အဲဒါကြောင့် ကျွန်မရဲ့ကံကို စမ်းကြည့်မလို့ ..." ရှဲ့ချောင်က သက်ပြင်းချလိုက်သည်။ "ကျွန်မ ကံမကောင်းတဲ့ပုံပဲ။ ကျွန်မ တစ်ချက်ကြည့်ဖို့ ဒီလူရဲ့အိမ်ကို သွားရမယ်။ သူ့ကို မြေမြုပ်ထားလား မမြုပ်ထားဘူးလား ဆိုတာ မသိသေးဘူး"
သူမက အခြားစိတ်၀ိဥာဥ်များကို မျက်စိ ဒေါက်ထောက် ကြည့်ခိုင်းထားပြီးသားပင်။
ဆံထိုးနှင့် သေသွားသော မကောင်းဆိုးဝါး ၀ိဥာဥ်ကို မြို့ထဲ တွင်တွေ့ပါက သူတို့က သူမကို လာအကြောင်း ကြားကြပေလိမ့်မည်။
လောလောဆယ် ယွမ်လင်းယင်၏ အမှုကိစ္စကို သက်ရှိလူတစ်ယောက်နှင့် စတင်စစ်ဆေးရန် နည်းလမ်းမရှိပေ။
ပထမဆုံးအနေနှင့် ပြန်ပေးဆွဲသူများ၏ မျက်နှာများကို မည်သူမှ မမြင်ခဲ့ပေ။ ပြန်ပေးဆွဲသူများက လျင်မြန်စွာထွက်ပြေး သွားကြသည်။ ဆံထိုးနှင့်လက်ကိုင်ပုဝါမှလွဲ၍ သူတို့က အခြားပစ္စည်းများကို မယူသွားပေ။ သူတို့က နာခံမှုရှိရှိ
အိမ်တွင် ခဏလောက် ပုန်းနေလျှင် ထိုကိစ္စက ပျောက်ကွယ်သွား ပေလိမ့်မည်။
ထို့ကြောင့် သူမသည် လူသေများကို မေးရုံသာ တတ်နိုင်သည်။
သက်ရှိများကို စစ်မေးခြင်းထက် လူသေများ ကို စစ်မေးခြင်းက ပိုလွယ်ကူသည်။
ကျောက်ရွှမ်ကျင်းနှင့် ကျို့ဝေ့ကျုံးတို့ သူမနောက်ကိုလိုက်နေခြင်းက ကိစ္စများကို လုပ်ဆောင်ရန် သူမအတွက် အလွန်အဆင် ပြေသည်။
စိုးရိမ်စရာ မလိုဘဲ လူနှစ်ယောက်က သေဆုံးသူ၏ နေအိမ်ကို တွေ့ရှိခဲ့သည်။
ရှဲ့ချောင်က ခက်ခဲလိမ့်မည်ဟုထင်ထား သော်လည်း သေဆုံးသူ၏အိမ်တွင် ထိုမကောင်းဆိုး၀ါး၀ိဥာဥ်ကို တိုက်ရိုက်တွေ့ရန် သူမ မမျှော်လင့်ထားခဲ့ပေ!
ယွမ်လင်းယင်နှင့် အခြားအမျိုးသမီးကို အန္တရာယ်ပြုရန် ဤလူသည် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သူသည် ငွေအနည်းငယ်သာရပြီး ငွေကို အကုန်မသုံးမီ သေဆုံးသွားပါက၊ သူ ထွက်သွားချင် စိတ်ရှိမည် မဟုတ်ပေ။ ဤသည်က သူ ဤလောက၌ ကျန်နေခဲ့ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်။
သူမ မှန်းဆထားသည်က မှန်တယ်လို့ သူမ မမျှော်လင့်ထားပေ။
သူမက မကောင်းဆိုးဝါး၀ိဥာဥ်၏ ခေါင်းပေါ် တွင် လိပ်ပြာ ဆံထိုးနှစ်ခုနှင့် လက်ထဲတွင် အဖြူရောင်
ပန်းထိုးထားသော လက်ကိုင်ပုဝါ တစ်ထည်ရှိ ကြောင်း မြင်လိုက်ရသည်။ သူ၏ မျက်လုံးများက ခြံဝင်းထဲရှိ တစ်နေရာကို စိုက်ကြည့်နေပြီး တော်တော်လေး ကြောက်လန့်နေပုံရသည်။
"သူ့ကိုတွေ့လား" ကျောက်ရွှမ်ကျင်းက မေးလိုက်သည်။
ရှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။ “အင်း၊ ဒီအိမ်ထဲမှာ အခြားဘယ်သူမှ မရှိပုံပဲ။ ဝင်ကြည့်ကြရအောင်။"
ထိုသို့ပြောပြီးနောက် ရှဲ့ချောင်သည် ရထားလုံး ပေါ်မှဆင်းကာ လမ်းလျှောက်လာသည်။ ကျောက်ရွှမ်ကျင်းသည် သူမ၏ ဝါးခြင်း တောင်းကို အလွယ်ကလေးပင် ကူကိုင်ပေးလိုက်လေသည်။
ရှဲ့ချောင်က သူ့ကို နံဘေးစောင်း ကြည့်ရင်း ပြုံးလိုက်မိ၏။
အိမ်ရှေ့စံမင်းသား ခြင်းတောင်း သယ်ထားသည်ကို တွေ့ရခဲပေသည်။
ထိုမကောင်းဆိုးဝါး၀ိဥာဥ် မလွတ်မြောက် အောင် တားဆီးရန်အတွက် ရှဲ့ချောင်သည် တံခါးပေါ်တွင် အဆောင်ကို ကပ်ပြီးနောက် ခြံ၀င်းထဲသို့ ဝင်လိုက်သည်။
ဤသည်က ခြံစည်းရိုးတစ်ခုမျှသာ ဖြစ်သည်။ ၄င်းသည် အလွန်နိမ့်ပြီး အိမ်သည်လည်း ယိုယွင်းပျက်စီးနေ၏။ ထူးဆန်းသော အောက်သိုးသိုး အနံ့လည်း ရပေသည်။ ထိုလူတွင် ဇနီးလည်းမရှိ၊ သားသမီးလည်းမရှိ၊ မိဘလည်းမရှိပုံရသည်။
ရှဲ့ချောင် ခြံဝင်းထဲသို့ ဝင်သွားပြီးနောက် သူမ သည် စကားပြောရန် အလျင်မလိုပေ။ ယင်းအစား သူမက ဂေါ်ပြားသေးသေးလေး ကို ထုတ်ယူပြီး မကောင်းဆိုးဝါး၀ိဥာဥ် စိုက်ကြည့်နေသည့်နေရာကို တူးလိုက်သည်။
မကောင်းဆိုးဝါး၀ိဥာဥ်သည် စိုးရိမ်ကြောက် လန့်နေခဲ့ သည်။
"သောက်ကောင်မ! မင်း ဘယ်သူလဲကွ! ငါ့ငွေကို ဘာလို့ တူးနေတာလဲ။ မင်း ငါ့ပစ္စည်း တွေကို မထိနဲ့! သူခိုး! ရပ်လိုက် ခုချက်ချင်း ရပ်လိုက်စမ်း!"
•••••