← Chapters

သူ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးခြင်း

Vol. 34 Ch. 657

သူ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးခြင်း

Vol. 34 Ch. 657

ရှဲ့ချောင်သည် မကောင်းဆိုးဝါး၀ိဥာဥ်ကို မြို့ထဲသို့ ခေါ်ဆောင်လာသည်။

ထိုအချိန်က ညနေစောင်းနေလေပြီ။ ကောင်းကင်ကြီးသည် အနီရောင် အလင်းတန်း များ အနည်းငယ် ယှက်သန်းနေရာ အလွန်လှပေသည်။

ကျို့ဝေ့ကျုံးက သက်ပြင်းချလိုက်သည်။ အရှင့်သားက လူကောင်းတစ်ယောက်ဟု သူ ထင်မိသည်။ သူတို့ မကောင်းဆိုးဝါး၀ိဥာဥ်ကိုပင် ကူညီပေးနေသည်မှာ အလွန် အထင်ကြီးစရာ ကောင်းသည်။ သို့သော် ဆရာမမော့အတွက် ကတော့ သူတို့နှစ်ယောက်သည် ဘာမှ မမြင်ရသည့် အသုံးမဝင်သည့် သူများပင်။ သူတို့သည် အချို့သော အလုပ်များကို သာ ကူညီနိုင်ကြသည်!

သူသည် အရှင့်သား၏ ကိုယ်ရံတော်လုပ်ရသည်မှာ ကျင့်သားရနေပေပြီ။

သို့သော် အရှင့်သားက မတူပေ။

သူသည် မရှိသော ရှုခင်းပန်းချီကားတစ်ချပ် အဖြစ် ဆက်ဆံခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက သူ့ကို လိုအပ်သည့် အချိန်တွင် လှမ်းခေါ်သော်လည်း မလိုအပ် သည့်အချိန်တွင် သူ့ကို လှည့်တောင်မကြည့် ပေ။

"အရှင့်သား..." ကျို့ဝေ့ကျုံးက အိမ်ရှေ့စံ မင်းသားကို စာနာစိတ်နှင့် ကြည့်လိုက်သည်။

"ဘာလဲ" ကျောက်ရွှမ်ကျင်းက သာမန်ပင် ထူးလိုက်သည်။

"အရှင့်သားအတွက် တကယ့်ကို ခက်ခဲသွားပြီ" ကျို့ဝေ့ကျုံးက အလွန်စိုးရိမ်နေသည်။

"ဘာဖြစ်လို့လဲ” ကျောက်ရွှမ်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။

"အရှင့်သားက အိမ်ရှေ့စံမင်းသားလေ၊ အခု အရှင့်သားက… ဆရာမမော့အတွက် အလုပ်တွေ လုပ်ပေးနေရတယ်..."  ကျို့ဝေ့ကျုံးက သူ၏သတ္တိကို စုစည်းပြီး ထိုစကားကို ပြောလိုက်သည်။

ကျောက်ရွှမ်ကျင်းက ရုတ်တရက် ပြုံးပြီး အေးစက်စွာပြောလိုက်သည်။ "မင်းက ကိစ္စကို ကွဲကွဲပြားပြား မြင်နေလို့လေ။ ငါ ဒီမှာ တစ်ယောက်တည်း ရပ်နေပြီး ဘာမှ မပြောရင်တောင် ငါ့ကို လူပိုလို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး။ မင်းက ငါ့လို ကြည့်မကောင်းတော့ သိမ်ငယ်စိတ်၀င်နေတာ ဖြစ်နိုင်ပါတယ်။ မင်းကိုယ်မင်း ဒီလိုလုပ်လို့  ရပေမဲ့ မင်းရဲ့စံနှုန်းနဲ့ တခြားသူတွေကို လိုက်ဆုံးဖြတ်မနေနဲ့။"

ကျို့ဝေ့ကျုံး၏ နှုတ်ခမ်းထောင့်က နှစ်ကြိမ် လှုပ်သွားသည်။

ထိုအချိန်တွင် မကောင်းဆိုးဝါး၀ိဥာဥ်သည် လောင်းကစား အိမ်ကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။ “ငါ အသက်ရှင်တုန်းက တစ်ခါမှ ငွေမနိုင်ခဲ့ဘူး။ မင်းဝင်ပြီး ငွေစ တစ်ရာလုံးကို လောင်းပေး။ ငါ ဘေးကနေကြည့်ပြီး လှည့်စားလိုက်မယ်!"

ရှဲ့ချောင်၏ မျက်နှာတင်းမာသွားသည်။

သူမ... တစ်ခါမှ လောင်းကစားမလုပ်ခဲ့ဖူးပေ။

“ငါ ငွေနိုင်ပြီးရင် အစားကောင်းကောင်းစားဖို့ စားသောက်ဆိုင်ကြီးတစ်ခုကို သွားမယ်။ ငါ့အတွက် မှာပေးပါ” ဟု မကောင်းဆိုးဝါး ၀ိဥာဥ်က

ထပ်ပြောလိုက်သည်။ “ငါ အကောင်းဆုံး စားသောက်ဆိုင်ကို သွားချင် တယ်။ မိန်းမပျိုလေးတွေကို ခေါ်ပြီး သူတို့ကို အနားမှာ ရပ်ခိုင်းထားလိုက်။ ငါ သူတို့ကို ခံစားချင်တယ်!" 

ရှဲ့ချောင်သည် ခက်ခဲသော အခြေအနေတွင် ဖြစ်နေသည်။

ထိုမကောင်းဆိုးဝါး၀ိဥာဥ်၏ ဆန္ဒက အနည်းငယ် နှာဘူးကျသည်။ အဲဒါကိုလုပ်ပြီး နောက် နာမည်ပျက်မည်ကို သူမ စိုးရိမ်မိ လာသည်!

ရှဲ့ချောင်သည် ဘေးအန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ရသကဲ့သို့ တုံ့ဆိုင်းသွား၏။

ထို့နောက် ကျောက်ရွှမ်ကျင်းကို ကြည့်ရန် ခေါင်းလှည့်ကာ ခဏမျှ တုံ့ဆိုင်းသွားသည်။ “ကျွန်မတို့

အားလုံးက မကောင်းဆိုးဝါး ၀ိဥာဥ်အတွက် ကောင်းတာတွေ လုပ်ပေးချင်တာဆိုတော့...ရှင် ဒါကို လုပ်လိုက်ပါလား”

ကျို့ဝေ့ကျုံးသည် ကောင်းသောကံကို စုဆောင်းရန် မလိုအပ်သောကြောင့် ၎င်းကို မလုပ်နိုင်ပေ။

ကျောက်ရွှမ်ကျင်းသည် သူမအား ယခုလို ခက်ခဲသော အခြေအနေတွင် တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူက ထိုအကြောင်းကို စဥ်းတောင်မစဥ်းစားဘဲ ချက်ချင်း သဘောတူလိုက်သည်။ “ဟုတ်ပြီ  လေ”

ရှဲ့ချောင်၏ မျက်လုံးများ တောက်ပလာပြီး သူ့အား ငွေ ပေးလိုက်သည်။ “အရင်ဆုံး လောင်းကစားအိမ်ကို သွားရအောင်။ ကျွန်မက  ဘေးမှာရပ်နေမယ် ရှင်ကတော့ အလောင်း ကစားလုပ်ပေါ့။ ကျွန်မက ရှင့်ကိုယ်စား အကြောင်းကြား

ပေးမယ်။ မကောင်းဆိုး၀ါး ၀ိဥာဥ်က လှည့်စားလိမ့်မယ်။ ကျွန်မတို့ တစ်ပွဲတည်းနဲ့ အနိုင်ရမှာ သေချာပါတယ်။”

ကျောက်ရွှမ်ကျင်းသည် မကောင်းဆိုးဝါး ၀ိဥာဥ်ကို မမြင်ရသောကြောင့်သာ မဟုတ်ပါက ရှဲ့ချောင်သည် လောင်းကစားအိမ်သို့ပင် ဝင်မည်မဟုတ်ပေ။

လူတစ်စုက စားပွဲတစ်လုံးကို ၀ိုင်းထားကြပြီး ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ ချွေးတွေထွက်နေရတာကို ဘာတွေများပျော်စရာကောင်းလို့လဲ။

ကျောက်ရွှမ်ကျင်းက ယခင်က ဒီလိုနေရာကို တစ်ခါမှ မရောက်ဖူးပေ။

သို့သော် ရှဲ့ချောင်ကြောင့် သူသဘောတူ လိုက်သည်။

ကျို့ဝေ့ကျုံးသည် ဆရာမမော့က အရှင့်သားကို အသုံးချနေသည်ဟုပင် ထင်မိသွားသည်။ သူသည် ဂုဏ်သိက္ခာရှိသော အိမ်ရှေ့စံ မင်းသားဖြစ်ပြီး သူ့ကို အကာအကွယ်ပေးသော ကိုယ်ရံတော်များနှင့်အတူ ကာလကြာရှည်စွာ နေထိုင်ခဲ့သည်။ ဒီလိုမျိုး...လူမျိုးစုံစုဝေးနေတဲ့ နေရာကို သူဘယ်တုန်းက ခြေချဖူးလို့လဲ။

အရှင့်သားလည်း သနားစရာ ကောင်းလွန်းလှ သည်!

ကျောက်ရွှမ်ကျင်း ဝင်လိုက်သည်နှင့် သူ၏ ခြေထောက်များက ရွှံ့ပေါ်ကို တက်နင်းမိပြီး မျက်နှာကို ရေခဲနှင့် ဖုံးထားသကဲ့သို့ပင်။

အခန်းက အလွန်မှောင်နေသည်။ ခန္ဓာကိုယ်မှ ထွက်သောအနံ့နှင့် ချွေးနံ့တို့ ရောနှောနေရာ ဖော်မပြနိုင်သော အနံ့တစ်ခုပင်။

အင်္ကျီမရှိသော လူတစ်စုသည် ခုန်ပေါက်ကာ အသံကုန် အော်ဟစ်နေကြသည်။

ရှဲ့ချောင်သည် သူမ၏ အသက်ကို အနည်းငယ် အောင့်ထားသဖြင့် မေ့လဲတော့မလိုပင် ခံစားလိုက်ရ သည်။

ထိုအလုပ်က လွယ်လိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ ထိုအလုပ်က အတော် ခက်နေသည်! 

ဤလူအုပ်စုသည် ကမ္ဘာပေါ်ရှိ လတ်ဆတ် သောလေထုကို ညစ်ညမ်းစေခဲ့သည်... 

•••••

All Chapters