← Chapters

ရှင်းပြရခက်တယ်

Vol. 34 Ch. 658

ရှင်းပြရခက်တယ်

Vol. 34 Ch. 658

ကျို့ဝေ့ကျုံးသည် သန့်ရှင်းသော အဝတ် အစားကို ၀တ်ဆင်ထားသော လူနှစ်ယောက် ကိုသာ မြင်ရသည်။ သူက သူတို့ကို အတင်းအကြပ် ခိုင်းထားသလိုမျိုး သူတို့၏ မျက်နှာများက တင်းမာနကော ကူကယ်ရာမဲ့စွာပင် လျှောက်လာကြသည်။

အရှင့်သားနှင့် ဆရာမမော့တို့လည်း… တစ်ပြိုင်တည်း လမ်းလျှောက်၀င်လာကြ သည်။ သူတို့၏ မျက်နှာများသည် တစ်ထေရာ တည်းဖြစ်ပြီး အလွန်အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်!

သို့သော်လည်း သူတို့သည် သူတို့ကိုယ်သူတို့  အားတင်းကာ ဝင်သွားကြသည်။

ဤအလောင်းကစားသမားများအဖွဲ့သည် အလောင်းကစားထဲကို အာရုံစိုက်နေကြသည်။ အနီးအနားမှာ ဖြစ်ပျက်နေသမျှကို သူတို့ ဘယ်လို အာရုံစိုက်နိုင်မှာလဲ။

“ဒီမှာလုပ်လိုက်ကြရအောင်…” သူတို့သည် လောင်းကစားစားပွဲတစ်ခုသို့ ရောက်သော အခါ ရှဲ့ချောင်သည် အသက်ရှူမ၀သလို ခံစား လိုက်ရသည်။ သူမသည် ကြက်မွေး ယပ်တောင်ကို အမြန်ထုတ်ကာ သူမကိုယ်သူမ ယပ်ခတ်လိုက်သဖြင့် သူမ အနည်းငယ်တော့ သက်သာလာသည်။

သူမ ဟန်များနေခြင်း မဟုတ်ပေ။

သူမ၏ ကျန်းမာရေးမှာ ချူချာပြီး လေလိုအပ်မှု ပိုများနေသောကြောင့် ဖြစ်သည်။

ထို့အပြင် သူမ၏ အနံ့ခံအာရုံက ခွေးတစ်ကောင်လောက် မကောင်းသော်လည်း သာမန်လူတစ်ယောက်ထက်တော့ ပိုကောင်း သည်။ ထို့ကြောင့် ဤအနံ့များသည် သူမ အတွက် အဆိပ်ငွေ့များလိုပင်!

ကျောက်ရွှမ်ကျင်းသည် သူ့တွင် ဤကဲ့သို့သောနေ့မျိုး ရောက်လာမည်ဟု မမျှော်လင့်ထားသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။

သူသည် တစ်ယောက်ယောက်က သူမကို မတော်တဆ တွန်းလိုက်မည်ကို စိုးရိမ်သဖြင့် တောင့်တင်းသော ခန္ဓာကိုယ်ဖြင့် ရှဲ့ချောင်ကို ကာကွယ်ရသေးသည်။

ယခုအချိန်တွင် ကျို့ဝေ့ကျုံးသည် လူကြမ်းသာ ဖြစ်နိုင်သည်။ ခက်ထန်သော အကြည့်ဖြင့် သူသည် သူတို့နှစ်ဦးအတွက် အမြန်လမ်းရှင်းပေးနေ၏။

"မင်း တော်တယ်" ကျောက်ရွှမ်ကျင်းသည် တိုတိုတုတ်တုတ်ပင် ကျို့ဝေ့ကျုံးအား ချီးကျူး လိုက်သည်။

ဒုက္ခများ နောက်ဆုံးတော့ သက်သာသွားခဲ့၏။ ဘယ်သူမှ မတွန်းကြသဖြင့် ပိုအဆင်ပြေသည်။

လောင်းကြေးငွေကို လောင်းကစားအိမ်မှ လျော်ခြင်းဖြစ်ပြီး ၎င်းသည် သာမန် လောင်းကြေးမျှသာဖြစ်သည်။ ရှဲ့ချောင်သည် မကောင်းဆိုးဝါး၀ိဥာဥ်ကို ကြည့်လိုက်သည်။

"အကြီးကိုလောင်း အကြီးကိုလောင်း!!" မကောင်းဆိုးဝါး၀ိဥာဥ် သည် လှည့်ပတ်ပျံသန်းကာ သူ၏မျက်လုံး များကို အန်စာတုံးများပေါ်တွင် ကပ်ထားကာ ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် အော်ဟစ် လိုက်သည်။

ပိုက်ဆံမဆုံးရှုံးစေရန်အတွက် လောင်းကစား အိမ်က အန်စာတုံးထဲတွင် တစ်ခုခုထည့်ထားလေသည်။ သဘာ၀ကျကျပြောရလျှင် အနိုင်ရ ရန်မဖြစ်နိုင်သော်လည်း၊ မကောင်းဆိုး၀ါး ၀ိဥာဥ်သည် လေမှုတ်ထုတ်ရင်း အမှတ်များကို ပြောင်းရန် ကြိုးစားလိုက်သည်။ 

ရှဲ့ချောင်က သတင်းစကားကို လက်ဆင့်ကမ်း ပြောပြီးနောက် ကျောက်ရွှမ်ကျင်းသည် ခပ်တည်တည်ဖြင့် ငွေကို “အကြီး” ဘက်သို့ လောင်းကြေး ထပ်လိုက်သည်။

လောင်းကစားစားပွဲရှိ အခြားလူများကလည်း ယခုအချိန်တွင် ကျောက်ရွှမ်ကျင်း၏ အထက်တန်းစား အဝတ်အစားများကို သတိထားမိသွားကြ၏။ သူတို့အားလုံးက ယဥ်ကျေး စွာပြုမူကြပြီး သူ့ကို မချဉ်းကပ်ရဲကြပေ။

လူ၃ယောက်ထဲတွင် တာအိုဆရာမမှလွဲ၍ ကျန်နှစ်ယောက်မှာ လူကုန်ထံမိသားစု၏ ချမ်းသာကြွယ်ဝသော သခင်လေးများဖြစ်မည်အား အရူးတစ်ယောက်ပင် သိမြင်နိုင်သည်။ သူတို့က အပျော်ရှာရန် ထွက်လာကြခြင်းပင်။ သူတို့ကို မတော်တဆ စော်ကားမိပါက ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။

သို့သော် သူတို့ကို ထူးဆန်းသည်ဟု ခံစားရ စေသည်မှာ ဤ တာအို ဆရာမသည်လည်း  … အလောင်းကစား လုပ်နေခြင်းပင်။ သူမက လူလိမ်

များလား။

လူများကို လှည့်စားနိုင်သည့် ထိုတာအိုဆရာမ၏ စွမ်းရည်က မြင့်မားလွန်းသည်။ သူမကို ကြည့်လိုက်။ သူမ၏ မျက်နှာပေါ်တွင် ခက်ခဲနက်နဲသော အကြည့်များ ရှိနေသည်။ သူမသည် အမျိုးသမီးတစ်ယောက်ဖြစ် သော်လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပုံ ရသည်။

တစ်ခုခုကို သူမတကယ် ကြိုမြင်နိုင်သလိုပင်။ သူမသည် လူများကို ကြောက်လန့်အောင် လုပ်ရာတွင် တော်ပါပေသည်။

လူတိုင်းက သံသယဖြစ်နေကြစဉ် ရလဒ် ထွက်ပေါ်လာ၏။

အန်စာတုံးများ ပေါ်လာသည်နှင့် လောင်းကစား

စားပွဲနားရှိ လူများ တိတ်ဆိတ် သွားကြသည်။

ဤဖောက်သည်သည် ငွေ၁၀၀စကို လောင်းကြေး ထပ်ခဲ့သည်။

သူသည် အလောင်းအစားကို အနိုင်ရသွားခဲ့သည်။

လောင်းကစားအိမ်မှလူသည် တစ်ခဏမျှ အံ့အားသင့်သွားသည်။ တစ်ခုခုလွဲနေပြီဟု သူထင်သည်။ တကယ်တော့ အန်စာတုံးများကို ကူလီကူမာလုပ်ထားပြီးဖြစ်သည်။ သူ အကြီး သွားချင်ရင် အကြီးပြောင်းနိုင်သည်။ သူ အငယ်သွားချင်ရင် အငယ်ပြောင်းနိုင်သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

သို့သော် ဤလူ၏ အထောက်အထားသည် ထူးထူးခြားခြား ဖြစ်နေသဖြင့် သူ ကတိ မဖျက်ရဲပေ!

ငွေ၁၀၀စသည် မျက်တောင်တစ်ခတ်အတွင်း ငွေအစ၂၀၀ ဖြစ်သွားသည်။

ထိုလောင်းကစားသမားများက သူတို့လက်ထဲ တွင် ငွေများများစားစားမရှိသောကြောင့် သူတို့ကို မနာလိုအားကျစိတ်ဖြင့် ကြည့်နေကြ သည်။ သူတို့သုံးယောက် လောင်းကြေးထည့် သည့် နေရာတိုင်း သူတို့က ချမ်းသာသည့် သခင်လေး၏ ကံနောက်ကို လိုက်မည်ဟုပင် တွေးခဲ့ကြသည်။

သို့သော် ရှဲ့ချောင်နှင့် ကျောက်ရွှမ်ကျင်း တို့သည် ငွေရရှိသည်နှင့် တစ်ပြိုင်နက် အမြန်ထွက်ဖို့ပြင်လိုက်ကြ၏။

မဆိုင်းမတွပင် သူတို့ ထွက်သွားကြလေသည်။

“ဟူး…” ရှဲ့ချောင်က အသက်ရှူထုတ်လိုက် သည်။ “အနံ့က တကယ့်ကို…” ရှင်းပြရခက်သည်။ 

ကျောက်ရွှမ်ကျင်းက မျက်မှောင်ကြုတ်ကာ သူ့ခန္ဓာကိုယ်ကို နမ်းရှိုက်ရန် လက်ကို အနည်းငယ် မြှောက်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲ သွားသည်။ "မင်းတို့နှစ်ယောက် စားသောက် ဆိုင်မှာ ငါ့ကိုစောင့်နေ။ ခနနေ ပြန်လာခဲ့မယ်!"

ရှဲ့ချောင်က… ဇီဇာကြောင်ပြီး သူမ၏ ပုံစံကို ဂရုစိုက်သည်။ လောင်းကစားအိမ်မှ ထူးဆန်းပြီး ပုပ်သိုးနေသော အနံ့ကြောင့် သူ့တစ်ကိုယ်လုံး ပုပ်သိုးစွန်းထင်းသွားသည်ဟု ခံစားလိုက်ရသည်...

•••••

All Chapters