ကမ္ဘာပေါ်က လူတွေကို ရင်ဆိုင်ရ အရမ်းရှက်တယ်
Vol. 34 Ch. 648
နန်းတော်ထဲ ထပ်၀င်ရမှာလား။
ရှဲ့ချောင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။
နန်းတော်ထဲရှိ လေထုကို သူမ မကြိုက်ပေ။ ၄င်းက အနည်းငယ်ထိုင်းမှိုင်း၏။
သို့သော် ဧကရာဇ်သည် အတော်လေး စဥ်းစား ဥာ
ဏ်ရှိသော်လည်း နန်းတော်ထဲတွင် ညစ်ညမ်းသည့်အရာများ ရှိနေဆဲပင်။
"သခင်မလေးရှဲ့ တစ်ယောက်ပဲလား။" ရှဲ့ချောင်က မေးလိုက်သည်။
“မဟုတ်ဘူး၊ တခြား တရားဝင်မျိုးဆက်တွေလည်း လာကြမှာလေ” ကျောက်ရွှမ်ကျင်းက ထပ်ပြောလိုက်သည်။
တကယ်တော့ သူတို့ လက်မထပ်ရသေးပေ။ အရေးကြီးတာ ဘာမှမရှိပါက သူတို့က ရှဲ့ချောင် တစ်ယောက်တည်းအား နန်းတော်ထဲသို့ ခေါ်မည် မဟုတ်ပေ။
တော်ဝင်မိသားစုပင် သူတို့၏ အနာဂတ်ချွေးမ ကို လေးစားမှုပြရသည်။
ထို့ကြောင့် နန်းတော်သို့သွားသော ဤခရီး သည် မင်းမျိုးမင်းနွယ်သခင်မလေးတို့၏ မျက်နှာများအား ပြသရန်အတွက် ပန်းကြည့်ပွဲတော်ဟု အမည်တွင်ခဲ့သည်။
ထို့အပြင် တော်ဝင်မိသားစုတွင် တော်ဝင်မင်းသမီး သုံးပါးရှိသည်။ သူတို့ကို နန်းတော်ထဲတွင်သာ ပိတ်ထားပြီး မည်သူနှင့်မျှ မတွေ့အောင် ထိန်းထားခဲ့သည်။ နန်းတော်မှ မကြာခဏ ထွက်သွားခြင်းသည် သူတို့အတွက် မသင့်လျော်သဖြင့် ဂုဏ်ပြုစားပွဲတွင် သူတို့ကိုယ် သူတို့ ပြသရန် အခွင့်အရေးကို မလွတ်တမ်း ဆုပ်ကိုင်ထားကြသည်။
တခြားလူများသွားလျှင် ရှဲ့ချောင်သည် ရင်းနှီးသောမျက်နှာအနည်းငယ်ကို မြင်နေရလျှင် သူမ ငြီးငွေ့မည်မဟုတ်ပေ။ သူမ အကြောင်းကြားပေး
မည်ဆိုသည့် သဘောဖြင့် ခေါင်းညိတ်လိုက်သည်။
ခဏအကြာတွင် သူတို့သည် ကျို့ဝေ့ကျုံး၏ လူများနှင့် တွေ့ဆုံခဲ့သည်။
“အရှင့်သားကို အစီရင်ခံပါတယ်၊ ကျွန်တော်တို့ အိမ်ထဲမှာ လူနှစ်ယောက်တွေ့ပါတယ်။ တံခါးဖွင့်လိုက်တော့ လူ တစ်ယောက်က ညစ်ညမ်းတာ တစ်ခုခုလုပ်တော့မလို့ပါ။ ရှဲ့သခင်လေး အော် လိုက်တော့… အဲဒီလူ လှည့်ကြည့်လာပြီး .. သေလောက်အောင် ကြောက်သွားခဲ့ပါတယ်” ထိုလူက ဇာတ်ကြောင်း အကုန် အစင်ကို အစီရင်ခံလိုက်သည်။
ရှဲ့ချောင်၏ မျက်လုံးများထဲတွင် သတိ မထားမိလောက်သည့် ကမောက်ကမဖြစ်မှုတစ်ခု ပေါ်လာ၏။
အစ်ကိုကြီးရဲ့မျက်နှာ... က အဲလောက်တောင် အသုံးဝင်တာလား။
ကျောက်ရွှမ်ကျင်းက အံ့သြပုံမပေါ်ပေ။ "မင်း အနီးအနားက တစ်ယောက်ယောက်ကို ဖမ်းမိ လိုက်လား"
“ဟင့်အင်း၊ သူတို့ ထွက်ပြေးသွားကြပါပြီ။ အခု အုပ်ချုပ်ရေးရုံးက လူတွေက နေရာ အနှံ့လိုက်ရှာနေကြပါတယ်။ သူတို့ သံသယဖြစ်စရာ လူတွေကို ရှာတွေ့သွားလား မတွေ့ဘူးလားဆိုတာတော့ ကျွန်တော်တို့ မသိရသေးပါဘူး” တစ်ဖက်လူက ပြန်ဖြေလိုက်သည်။
သို့သော် ဒါက နည်းနည်းတော့ ခက်ပေ လိမ့်မည်။
သူတို့ အချိန်မှန်ရောက်လာကြသော်လည်း အလွန် နောက်ကျသွားလေပြီ။ မိန်းကလေးနှစ်ယောက်ကို အချိန်အတော် ကြာအောင် ပိတ်လှောင်ထားပြီးနောက် ယောကျ်ားတစ်ယောက်က မကောင်းတာ တစ်ခုခုလုပ်ရန် ၀င်သွားခဲ့သည်။
သို့သော် ထိုသို့လုပ်သည့်သူက မိန်းကလေးနှစ်ယောက် ၏ အထောက်အထားများက ထူးခြားကြောင်း သိသွားသောကြောင့် သူ သိပ်ကြာကြာမနေရဲခဲ့ပေ။ သူ ထွက်သွားပြီးနောက် ထိုသို့လုပ်ရန် အခြားတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ သို့သော် သူတွေ့လိုက်သည့်သူက အလွန် ကြောက်တတ်သဖြင့် ထိုသူက သေလောက် အောင် ကြောက်သွားလေသည်။
ရှဲ့ချောင်က တစ်ချက်ကြည့်ရန် သူ့နောက်ကို လိုက်သွားသည်။
အဖမ်းခံထားရသည့် မိန်းကလေး နှစ်ယောက် ထဲက တစ်ယောက်ကို သူမ မြင်ဖူးလေသည်။
အခု သူတို့ ဘယ်လိုတွေ လုပ်နေကြလဲ သူမ မသိပေ။
အိမ်ပျက်ထဲတွင်၊ မိန်းကလေးနှစ်ယောက်မှာ အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး သူတို့၏ မျက်နှာများမှာ အနည်းငယ် ပြာနှမ်းနေသည်။ သူတို့ အရိုက်ခံခဲ့ရခြင်း ဖြစ်မည်။ သူတို့၏ လှပသော လက်များမှာ သွေးထွက်နေ ပုံရကာ ခုဏက သူတို့ အပြင်းအထန် ရုန်းကန်ခဲ့ရကြောင်း ထင်ရှားလေသည်။
သူတို့နှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး လည်း မရှိသဖြင့် မည်သူမျှ အိမ်ထဲကို ၀င်ပြီး ထပ်
မမေးရဲတော့ပေ။ သူတို့သည် မိန်းကလေး နှစ်ယောက် သူတို့ဘာသာသူတို့ ဖွင့်ဟပြော ဆိုလာသည်ကိုသာ စောင့်နေကြနေသည်။
သို့သော် သူတို့နှစ်ယောက်က ဘယ်လိုဖြစ်လို့ ဘယ်သူ့ကိုမှ မမြင်ရတာလဲ။
သူတို့က ခဏတာ အသံတိတ် ငိုယိုပြီး လက်များထဲတွင် ကွဲနေသော ကြွေပြား တစ်ချပ်ကို ကိုင်ထားကာ လှည့်ပတ်ရှာဖွေနေ ကြသည်...
ရှဲ့ချောင် အမြန်ပြေးလာသောအခါ သူတို့ နှစ်ယောက်က အတူတူသေတော့မည့်ပုံ ပေါ်သည်ကို သူမ မြင်လိုက်ရသည်။
သူမက အမြန်ပြောလိုက်သည်။ "သခင်မလေးရဲ့ အပြစ်ကင်းစင်မှု မပျက်စီးသေးဘူးလေ၊ ဘာလို့
ဒီလိုလုပ်မှာလဲ"
တစ်ယောက်ယောက်ဝင်လာသည်ကို မြင်တော့ သူတို့နှစ်ယောက် ထိတ်လန့်တကြား တုန်လှုပ် သွားကြသော်လည်း တာအိုဆရာမ ဖြစ်နေ သည်ကိုတွေ့တော့ မိုးရွာသလို မျက်ရည်များ ချက်ချင်းကျဆင်းလာကြသည်။
"ကျွန်မတို့ ဘယ်လို အသက်ရှင်ရတော့မလဲ။ ကျွန်မတို့နှစ်ယောက် ပြန်ပေးဆွဲခံရ တယ်ဆိုတာ လူတိုင်းသိနေတာ။ ကျွန်မတို့ အပြစ်မရှိဘူးဆိုရင်တောင် ဘယ်သူကမှ ယုံကြမှာမဟုတ်ဘူး။” နန်အန်းမှ ဟုန်မိသားစု၏ သခင်မလေးသည် သူမ၏ နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။ “ပြီးတော့…ကျွန်မက စတုတ္တ မင်းသားရဲ့ အရံကြင်ရာတော်အနေနဲ့ သူနဲ့ လက်ထပ်တော့မှာကို။ အခု ဒီလိုဖြစ်သွားတော့၊ ကျွန်မတို့ အသက်ရှင်နေသေးရင် စတုတ္ထ မင်းသားရဲ့ နာမည်ဂုဏ်သတင်းကို မညှိုးနွမ်းစေဘူးလား… ဝူး… ”
သူတို့အသက်ရှင်နိုင်မယ်ဆိုရင် ဘယ်သူက သေချင်မှာတဲ့လဲ။
သို့သော် သူမ အသက်ရှင်ခဲ့လျှင်ပင် အိမ်ပြန် ရောက်ပြီးနောက် လူတိုင်းက သူမကို လက်ညိုး၀ိုင်းထိုးကြပေလိမ့်မည်။ လက်ထပ်ပွဲကိုသာ ဘေးဖယ်ထားလို့ရသည်။ သူမ ဒါကို ဘယ်လိုလို့ သည်းခံနိုင်မှာလဲ။
“ကျွန်မ…” သုန့်ယိယွင်လည်း အလွန် စိတ်ရှုပ် သွားသည်။ သူမသည် တစ်ခါမှ ဤမျှ ပျော့ညံ့သူတစ်ယောက် မဖြစ်ခဲ့ဖူးသော်လည်း ယခုမူ...
သူမ၏ ရှက်စရာကောင်းသောဘက်ခြမ်းကို ရှဲ့သခင်လေးက မြင်သွားလေပြီ။ သူ၏အကြည့်က အေးစက်နေ၏။ သူသည် ထိုလူဆိုးကို စိုက်ကြည့်
နေသော်လည်း သူမအတွက်တော့ ကမ္ဘာ ပေါ်ရှိ လူတိုင်းအား ရင်ဆိုင်ရန် ရှက်စရာ ကောင်းလွန်းသည်ဟု ခံစားမိခဲ့သည်...
•••••