← Chapters

ထစ်ခနဲရှိ ငိုမနေနဲ့

Vol. 34 Ch. 649

ထစ်ခနဲရှိ ငိုမနေနဲ့

Vol. 34 Ch. 649

သုန့်ယိယွင်သည် ယနေ့ အဘယ်ကြောင့် ဤမျှလောက် မထိုက်တန်သော ဘေးဒုက္ခကို ခံစားခဲ့ရသည်အား နားမလည်နိုင်။

အစကတော့ သူမနှင့် လင်းယင်တို့ ထုံးစံ အတိုင်း အတူ အပြင်ထွက်လာခဲ့ကြသည်။  သို့သော် ယနေ့ မြို့တော်ရှိ ရက်ကန်းရက် လုပ်သည့်အိမ်သည် လရောင်အောက် အလင်းရောင်ထုတ်သကဲ့သို့ ပစ္စည်းအသစ်များ ထုတ်လုပ်နေကြောင်း သူတို့ကြားလိုက်ရ သည်။ သူတို့နှစ်

ယောက် အတူတူသွားကာ တစ်သုတ်လောက်ကို တတ်နိုင်သမျှ အမြန်ဆုံး အော်ဒါမှာပြီးနောက် ကျောင်တော်ကို သွားကြမလို့ပင်...

သို့သော် ရက်ကန်းရက်လုပ်သည့်အိမ်ထဲသို့ ဝင်ရောက်ပြီးနောက် အထဲ၌ သူခိုးများ ရှိနေသည်ကို သူတို့ တွေ့လိုက်ကြရသည်။ သူတို့ မတုံ့ပြန်မီတွင် သူတို့ကို နောက်ဖေး တံခါးသို့ ဆွဲခေါ်သွားခဲ့ကြသည်။

သူမတို့ တစ်လမ်းလုံး မူး၀ေနေခဲ့ကြသည်။ သူမတို့နိုးလာပြီး သိပ်မကြာမီတွင်….

"သခင်မလေး" ရှဲ့ချောင်က နန်အန်း ဟုန်မိသားစု၏ အကြီးဆုံးသခင်မလေးယွမ်ကို  ပြောလိုက်သည်။ "သခင်မလေး ဒီမှာ ကိုယ့်ကိုယ်ကို သတ်သေလိုက်ရင် သခင်မလေးရဲ့ အမေအရင်းက ဘယ်လိုလုပ် စိတ်လိုလက်ရ ထွက်သွားနိုင်မှာ

လဲ"

"အမေအရင်းလား" ပထမသခင်မလေး ယွမ်က နားမလည်နိုင်ဖြစ်သွားသည်။

သူမ၏ အမေက လွန်ခဲ့သည့် နှစ်အတော်ကြာကတည်းက နေမကောင်းဖြစ်ပြီး ဆုံးပါး သွားပေပြီ။

သူမသည် ကြင်နာပြီး နူးညံ့သည်။ သူမသည် တရားမဝင် ကလေးများကို တစ်ခါမျှ မနှိပ်စက်ခဲ့ဖူးသော်လည်း သူမအတွက်  သူတို့နှင့် ရင်းရင်းနှီးနှီးနေရန်လည်း မဖြစ်နိုင်ပေ။

ရှဲ့ချောင်က ထိုနေရာတွင် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ “ဒီဆင်းရဲတဲ့ ဆရာမ က သခင်မလေးကို ဘာလို့ လာကယ်တယ်လို့ ထင်လဲ။

သခင်မလေး ဒုက္ခရောက်နေတာကို သခင်မလေး အမေရဲ့၀ိဥာဥ်က မြင်လိုက်ရလို့ သူမက ကျွန်မကို သခင်မလေးကို လိုက်ရှာဖို့ အနူးအညွတ် တောင်းပန်ခဲ့တာ"

ဒီလိုမှမဟုတ်ရင် ဤကဲ့သို့ ဝေးလံခေါင်သီသော နေရာတွင် သူတို့ကိုရှာတွေ့သည့်အခါ မှောင်နေပေလိမ့်မည်။

သို့ဆိုလျှင် အရာအားလုံး နောက်ကျကုန်ပေလိမ့်မည်။

သခင်မလေးယွမ်က သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း။ "တကယ်လား ဆရာမ။ ကျွန်မ အမေ ဘယ်မှာလဲဟင်။ သူမ ဘယ်မှာလဲ။ ကျွန်မ သူမကိုတွေ့ချင်တယ်... ကျွန်မ သူမကိုလွမ်းတယ်..."

ထိုသို့ သူမပြောလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ငိုတော့သည်။ 

ရှဲ့ချောင်က သက်ပြင်းချလိုက်သည်။ “သူမက သခင်မလေးကို ကယ်တင်ဖို့ အလျင်လိုနေပြီး သူမရဲ့ စိတ်၀ိဥာဥ်က မတည်မငြိမ်ဖြစ်နေတာ။ နည်းနည်းထပ်ကြာအောင် စောင့်လိုက်ပါ။ ဆင်းရဲမွဲတေတဲ့ ဒီလူက သခင်မလေးတို့ နှစ်ယောက်စလုံးအတွက် သတင်းစကားတွေ ပို့ပေးလို့ရပါတယ်။ သခင်မလေး ပြောချင်တာတွေရှိရင် ကျွန်မကို ပြောလိုက်ပါ”

သူမသည် သူမ၏အမေကို တွေ့ ခွင့်ပေးမည် ထား။

ထိုကောင်မလေးက ကြောက်ရွံ့တတ်သည်။ သူမ၏ မိသားစုဝင်ကို မြင်အောင်ကူညီပေးရန် 

နွားမျက်ရည်ကို သုံးလိုက်မည်ဆိုပါက ကောင်းသည့်ကိစ္စ မဖြစ်နိုင်ပေ။

ရှဲ့ချောင်သည် တစ်ခါမှ နွားမျက်ရည်ကို ပေါ့ပေါ့ဆဆ မသုံးပေ။

ထို့အပြင် အချို့သောလူများ၏ ခန္ဓာကိုယ် များသည် အားနည်းပြီး အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ ပို၍ပင်ကြီးမား လေသည်။ သူတို့က ၄င်းကို  အချိန်ပိုကြာ ကြာ မြင်နိုင်သော်လည်း သူတို့၏ စိတ်အတွက် ကောင်းမည်မဟုတ်ပေ။ အမေတစ်ယောက်က သူမ၏ သမီးကို ထိုပုံစံနဲ့ မတွေ့ချင်လောက်ဟု ယုံကြည်သည်။

ထိုစကားကိုကြားတော့ သခင်မလေးယွမ်က ပိုအဆင်ပြေလာပြီး မသတ်သေတော့ပေ။

ထို့နောက် ရှဲ့ချောင်သည် သူမဘေးနားရှိ သုန့်ယိယွင်ကို ကြည့်လိုက်သည်။

သုန့်ယိယွင်က တိတ်တဆိတ် ခေါင်းငုံ့ထား သည်။ "ကျွန်မ...မျက်နှာအပျက် မခံနိုင်ဘူး။ ကျွန်မ သတ်သေရင် ကျွန်မမိသားစုထဲက ညီအစ်မတွေရဲ့ ဂုဏ်သတင်းက ပိုကောင်း လိမ့်မယ်..."

သူမ၏ အစ်မအကြီးဆုံးမှာ စတုတ္ထ မင်းသား၏ ကြင်ရာတော်ဖြစ်ပေတော့မည်။

အမှန်တွင် သူမ၏ အစ်မအကြီးဆုံးသည် အဓိကကြင်ရာတော်ဖြစ်ပြီး သူမ၏ အချစ်ဆုံး သူငယ်ချင်းသည်လည်း သူမနှင့် လူတစ်ယောက်တည်းကို လက်ထပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သို့သော် လင်းယင်သည် နာခံမှုရှိပြီး တာဝန် ကျေသူဖြစ်သည်။ သူမ၏အစ်မအကြီးဆုံးက သူမကို အရင်က တွေ့ဖူးပြီး ဆက်ဆံရေး ကောင်းသည်။ သူမ၏အစ်မအကြီးဆုံးက ၄င်းကို စိတ်မရှိကြောင်း သိလိုက်ရပြီးနောက် မှသာ သူမသည် လင်းယင်နှင့် ရင်းနှီးခဲ့သည်။

“အသက်ထက် နာမည်ဂုဏ်သတင်းက ဘယ်လောက် အရေးကြီးလို့လဲ။ သခင်မလေး သေပြီးနောက်မှာ သခင်လေးရဲ့ အစ်မ အကြီးဆုံးကို  သခင်မလေးရဲ့အရိုးပေါ် တက် နင်းပြီး လက်ထပ်စေချင်လို့လား" ရှဲ့ချောင် ဘွင်းဘွင်းရှင်းရှင်းပင် မေးလိုက်သည်။

သုန့်ယိယွင်က တစ်ခဏ ကြက်သေသေ သွားကာ။ "ကျွန်မအစ်မအကြီးဆုံးက လက်ထပ် တော့မယ်ဆိုတာကို… ဘယ်လိုသိတာလဲ"

"ထားလိုက်ပါ" ရှဲ့ချောင်က အရေထူသည်။

သုန့်ရှီးယွင်က သူမညီမကို မချစ်ဘူးဆိုတာ သိသာသည်။ ထိုကောင်မလေးက ဒီလိုလူ အတွက် သေပေးရသည်မှာ ဆိုးရွားပေသည်။

"ခုနက တံခါးကနေဝင်လာတဲ့သူကြောင့် ကြောက်သွားတာလား။" ရှဲ့ချောင်က ခဏလောက်တွေးပြီး ဒုတိယသခင်မလေး သုန့်က သူမ၏အစ်ကိုအကြီးဆုံးကြောင့် သေကြောင်းကြံခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ သူမက အပြင်ဘက်ကို အော်ခေါ်လိုက်သည်။ "သခင်လေးရှဲ့၊ ကျေးဇူးပြုပြီး ခဏလောက် ဝင်လာခဲ့ပါဦး။"

သုန့်ယိယွင်၏ မျက်နှာမှာ နီမြန်းသွားတော့သည်။

ရှဲ့ဖင်းကန်းက နာခံစွာဝင်လာ၏။ “ဆရာမ မော့၊ ကျွန်တော့်ကို ဘာလုပ်ခိုင်းမလို့လဲ"

"သခင်လေးရှဲ့၊ သေကြောင်းကြံတာက လုပ်သင့် လုပ်ထိုက်တဲ့အရာလို့ ထင်လား" ရှဲ့ချောင်က မေးလိုက်သည်။

ရှဲ့နျိုရှန်းသည် ထိုစကားကိုကြားသောအခါ သူ၏မျက်ခုံးများ တွန့်သွားသည်။ သူက ကောင်မလေးနှစ်ယောက်ကို စိန်းစိန်း၀ါး၀ါး ကြည့်လိုက်သည်။ "ငါပြောမယ်၊  မင်းတို့ နှစ်ယောက် ဘာအတွက်နဲ့ ဒီထဲမှာ အချိန်ဖြုန်းနေတာလဲ။ မင်းတို့က ကိုယ့်ကိုယ်ကို သတ်သေကြမလို့လား။ ငါ ဒီကို ရောက်လာဖို့ ဒုက္ခအားလုံးကို ဖြတ်ကျော်ခဲ့ပြီး၊ မင်းတို့ကိုရှာဖို့ အပြင်းအထန်ကြိုးစားခဲ့ရ တာ၊ အခု မင်းတို့က သေချင်နေတယ်ပေါ့။ ထစ်ခနဲရှိ ငိုမနေနဲ့"

•••••

All Chapters