← Chapters

သူမက အရူးအမူးချစ်နေတာကို အသိအမှတ်မပြုဘူး

Vol. 34 Ch. 650

သူမက အရူးအမူးချစ်နေတာကို အသိအမှတ်မပြုဘူး

Vol. 34 Ch. 650

ရှဲ့ဖင်းကန်းက အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ဒီသခင်မလေးနှစ်ယောက်က စဥ်းစားဥာဏ် မရှိကြတာ မဟုတ်ဘူးလား။

မသေခင် အနည်းဆုံးတော့ သူတို့တွေ ကျေးဇူး တင်စကား ပြောသင့်တယ်လေ။ မဟုတ်သေးဘူး၊ သူတို့ သေချင်ရင်တောင် အိမ်ပြန်ရောက်မှသေကြပေါ့။ သူတို့က ဘာလို့ သူ့လက်ထဲမှာ သေကြမှာလဲ။

သခင်မလေးယွမ်သည် အလွန်ကြောက်လန့်နေသဖြင့် အသက်ပင်မရှူရဲတော့၊ သုန့်ယိယွင်သည်လည်း ရှက်စိတ်ဖြင့် ခေါင်းငုံ့ထား၏။

သခင်လေးရှဲ့က သူမအသက်အား နှစ်ကြိမ် ကယ်တင်ခဲ့သည်။

“မင်းက ငယ်သေးပေမယ့် မင်းခေါင်းထဲ သေချာတွေးတောသင့်တယ်။ တခြား အရာတွေထက် ကောင်းကောင်းအသက်ရှင်နေရတာက ပိုမကောင်းဘူးလား။ မင်းက မင်းမိဘတွေ အတွက် မျိုးဆက်တောင် မထားခဲ့သေးတာ။ အဲဒါနဲ့ ပတ်သက်ပြီး အပြစ်ရှိသလို မခံစားရဘူးလား!” ရှဲ့ဖင်းကန်းက သရော်လိုက်သည်။

သူ့ညီမက အသက်တိုပေမယ့် သူမက ရင်ဆိုင်ကျော်ဖြတ်ပြီး အခုအချိန်အထိ အသက်ရှင်နေတာ မဟုတ်လား။

ရှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။ “သခင်လေးရှဲ့၊ ဒီနေ့ကိစ္စက သခင်မလေး နှစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်တယ်လေ။ သခင်မလေးနှစ်ယောက် ဘယ်လို နေလဲလို့ တစ်ယောက်ယောက်က ရှင့်ကို မေးရင် ရှင် ဘာပြန်ပြောမလဲဆိုတာ ကျွန်မ သိချင်မိသား။”

"ကျွန်တော်က ဘာပြောရမှာလဲ။ သူတို့က အဆင်​ပြေနေကြတာ မဟုတ်ဘူးလား"  ရှဲ့ဖင်းကန်းက အမှန်အတိုင်းပြောလိုက်သည်။

သူတို့သည် နှစ်ကြိမ်သာ ထုရိုက်ခံရ သော်လည်း မပြင်းထန်ပေ။ သူတို့ မသေဘူး မဟုတ်လား။

သူတို့သည် အပျိုစင်များ ဖြစ်နေကြဆဲ ဖြစ်သည်။ သူ တံခါးကို ကန်လိုက်တော့ ထိုငတုံး

က သူ၏ဘောင်းဘီကို ချွတ်ပြီး သူ၏ လိင်အင်္ဂါကို ပြနေသည်။ ထိုအရာက အသားတုံးတစ်တုံးသာဖြစ်ရာ ကြီးကြီး မားမား ကိစ္စ မဟုတ်ပေ။

“ဒီသခင်မလေးနှစ်ယောက်က ရှင့်ကို တစ်ယောက်ယောက်က မေးရင်…”

“မဖြစ်နိုင်ဘူး။ ကျွန်တော်က သူတို့ကို ကျွန်တော့်လက်နဲ့ ကယ်ထားတာ။ ဒီ သတင်း ပြန့်နှံ့သွားရင် ကျွန်တော့်ဂုဏ်သိက္ခာကို မထိခိုက်ဘူးလား။  ရှဲ့ဖင်းကန်းက တိုက်ရိုက်ပင်ပြောလိုက်သည်။ ထိုအချိန်တွင် ဆရာမမော့ ပြောရန် ကြိုးစားနေသည့်အရာအား သူ နားလည်သွားလေသည်။ သူက သခင်မလေး နှစ်ယောက်အား “စိတ်မပူနဲ့။ ငါ ဒီကို ခေါ်လာတဲ့လူတွေ အကုန်လုံးက နှုတ်လုံပြီးသား။ တစ်ယောက်ယောက် မေးလာရင် မင်းတို့အတွက် ရှင်းပြပေးဖို့ ငါ သူတို့ကို ခေါ်ပေးမယ်။”

သူတို့ ကယ်တင်ခံရတာက ကံကောင်းပြီး ဘယ်သူမှ အနာတရမဖြစ်ဘူးလို့ လူများကို ပြောကြပေလိမ့်မည်။

ဒါပါပဲ!

"သခင်လေးရှဲ့" သုန့်ယိယွင်က ရုတ်တရက် ခေါ်လိုက်သည်။

ရှဲ့ဖင်းကန်းသည် ထိုနေရာတွင် ရပ်နေရင်း။ "ဘာဖြစ်လို့လဲ"

သုန့်ယိယွင်သည် သူ့အား မော့ကြည့်လိုက်ပြီး သက်တောင့်သက်သာဖြစ်သလို့ ခံစားလိုက်ရသည်။ "အရမ်းပဲ ကျေးဇူးတင်ပါတယ်။ သခင်လေးရှဲ့ ကျွန်မကို ကယ်ပေးတာ… ဒါ ဒုတိယ

အကြိမ်ပဲ”

ရှဲ့ချောင်သည် ထိုသခင်မလေး၏ မျက်လုံး များထဲတွင် အလင်းရောင်များ ရှိနေသည်ကို မြင်လိုက်ရသည်။

“ဒါဆို နောက်ကျရင် မင်း မင်းအဖေကို ငါ့ကို လက်ဆောင်တွေ ပို့ခိုင်းလို့ရတယ်။ နှစ်ဆလောက်ပြန်ပေးပေါ့ ။ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။” ရှဲ့ဖင်းကန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ရှဲ့ချောင်သည် ခဏလောက် တိတ်ဆိတ်သွား သည်။

“ဟုတ်ကဲ့၊ နှစ်ဆ။ ကျွန်မ အဲဒါကို မှတ်မိနေမှာပါ။” သုန့်ယိယွင်က ကမန်းကတန်း ခေါင်းညိတ်

လိုက်သည်။ "ဒါပေမဲ့... သခင်လေးရှဲ့သာဆိုရင်... ကျွန်မလို အနိုင်ကျင့်ခံရလုနီးပါးဖြစ်ပြီး နာမည်ပျက်လုနီးပါး ဖြစ်သွားတဲ့ မိန်းမတစ်ယောက်နဲ့ လက်ထပ်ရရင် စိတ်အနှောင့်အယှက် ဖြစ်မှာလား”

ရှဲ့ချောင်သည် ဤစကားလုံးများထဲရှိ သိသာထင်ရှားသော အရိပ်အမြွက်ကို သတိထားမိပြီး သားပင်။

သူမ၏ ရဲစွမ်းသတ္တိအတွက် ထိုသခင်မလေး ကို ချီးကျူးမိသည်။

"ငါ အဲဒါကို စိတ်အနှောင့်အယှက် မဖြစ်ပါဘူး"  ရှဲ့ဖင်းကန်းက အမှန်အတိုင်းပြောလိုက်သည်။

သုန့်ယိယွင်သည် သူမ၏ နှလုံးခုန်ရပ်သွား သလို ခံစားလိုက်ရကာ ထိုအချိန်တွင် သူမ မထိန်းနိုင်ဘဲ

ပြုံးပြီး ဝမ်းသာမျက်ရည်ကျနေမိသည်။

သူ အဲဒါကို စိတ်အနှောင့်အယှက်မဖြစ်ဘူးတဲ့။

ရှဲ့ချောင်က ဤသခင်မလေးသည် သူမအစ်ကိုကြီး၏ ဆိုလိုရင်းကို နားလည်မှုလွဲသွားလောက်သည်ဟု တွေးလိုက်မိသဖြင့် သူမ သက်ပြင်းချလိုက်တော့သည်။

လူတစ်​​ယောက်​၏ အ​ကြောက်​တရားသည်​ သူတို့၏ အရူးအမူးချစ်ခြင်းကို အသိအမှတ် ​မပြုခြင်းလည်း ပါဝင်​သည်​...

ရှဲ့ဖင်းကန်းက ရိုးသားပွင့်လင်းပြီး ​​မိန်းမ တစ်ယောက်ကို ဘယ်လိုချော့ရမှန်းမသိ၊ သူ တကယ်လက်ထပ်ချင်ရင်တောင် လွယ်လွယ် နှင့် ချစ်မိသွားမည့်သူ မဟုတ်ပေ ...

ဒါက တစ်ဖက်သားအတွက် ကောင်းသည့် ကိစ္စ မဟုတ်ပေ။

သူမသည် သူမ၏ဆရာနှင့်အတူ အစွမ်းထက်  သည့် အဆောင်များစွာကို ရေးထိုးခြင်းဖြင့် နှစ်ပေါင်းများစွာ သူမတို့မိသားစုအတွက် သေစေလောက်သော ကံကြမ္မာဆိုးအား ဆောင်ကျဉ်းလာသည့် သူမ၏ ကံကြမ္မာကို နှိမ်နှင်းရုံသာတတ်နိုင်သည်။

သို့သော် ရှဲ့ဖင်းကန်း၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ သူသည် သူ၏ မွေးဖွားမှု အသေးစိတ် အချက်အလက်များနှင့် အလွန် အံ၀င်ခွင်ကျဖြစ်သောသူ တစ်ယောက်နှင့် တွေ့ဆုံမှသာ သူ၏ကံကြမ္မာ အာနိသင် ပျက်ပြယ်ပေလိမ့်မည်။ သို့မဟုတ်ဘဲ သူက သာမန်မိန်းမတစ်ယောက်ကို လက်ထပ် လိုက်ရင် တစ်ဖက်လူက သေနိုင်သည်

ဒါမှမဟုတ် ဒဏ်ရာရနိုင်သည်။

ရှဲ့ချောင်သည် အလွန်ချီတုံချတုံ ဖြစ်နေ၏။ သူမသည် ယခုဝင်ရောက်စွက်ဖက်ပြီး  ရှဲ့ဖင်းကန်းကို ရှင်းရှင်းလင်းလင်း ရှင်းပြ ခိုင်းသင့်လားပင် မသေချာတော့ပေ။

သို့သော်လည်း ဤသခင်မလေးသုန့်သည် ၎င်းကို ခံနိုင်ရည်မရှိဘဲ ခဏလေးအတွင်း ကိုယ့်ကိုယ်ကို သတ်သေမည်ကိုလည်း သူမက စိုးရိမ်မိသည်။

ထိုအကြောင်းကိုတွေးပြီးနောက် သိပ်အများ ကြီးမပြောခြင်းက ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

ထိုအချိန်တွင် ထိုသခင်မလေး၏ အခြေအနေ ကို ပိုဆိုးအောင်လုပ်ခြင်းက တကယ်ကို မသင့်တော်

ပေ။

သူမကို သတိတော့ပေးလိုက်သည်။ “သခင်လေးရှဲ့က ပွင့်လင်းတဲ့လူမို့။ သူက မိန်းကလေးတစ်ယောက်ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အလျဥ်းသင့်သလို စော်ကားပြောဆိုတာမျိုး လုပ်မှာမဟုတ်ပါဘူး။ ဒီကမ္ဘာပေါ်မှာ သူ့လိုမျိုး ယောက်ျားတွေ အများကြီးရှိတာမို့။ သခင်မလေး သုန့်၊ သခင်မလေးရဲ့ အသက်ကို ကောင်းကောင်း ကာကွယ်ပါ။ နောင်ကျရင် သခင်မလေး သေချာပေါက် ကောင်းချီးပေးခံရပါလိမ့်မယ်”

ရှဲ့ချောင်ပြောပြီးသည်နှင့် သူမသည် သခင်မ လေးသုန့်၏မျက်နှာကို အနီးကပ် လှမ်းကြည့် လိုက်၏။

•••••

All Chapters