တဏှာကြောင့်သေခြင်း
Vol. 34 Ch. 651
သခင်မလေးသုန့်သည် လှပပြီး တစ်ကိုယ်လုံး ကျက်သရေရှိသည့် ရောင်ဝါဖြင့် ပြည့်နှက်နေသည်။
သူမ၏ ထင်ရှားသော မျက်လုံးများသည် ရေကဲ့သို့ ဖြစ်ပြီး၊ စိတ်ဝိညာဥ်သည် သက်တန့်ကဲ့သို့ ပင်။ ဤသည်က ကံကြမ္မာဖြစ်သော်လည်း… သူမ၏ မျက်နှာသည် နီမြန်းနေခြင်းသာ။ ဤသည်က အချစ်ရေးဒုက္ခတစ်ခုဖြစ်ပြီး အကောင်းနှင့်အဆိုး အချစ်ဒုက္ခများလည်းရှိ သည်။ အခု…
ရှဲ့ချောင်သည် သူမ၏ လက်ချောင်းထိပ်များကို ထိကာ တွက်ချက်လိုက်သည်။
ရှဲ့ချောင်သည် မိန်းကလေး၏ မွေးဖွားမှု
အသေးစိတ်အချက်အလက်များကို မသိသော ကြောင့် လက်ရှိအခြေအနေကို အကဲဖြတ်ခြင်း ဖြင့်သာ ကြိုတင်သိမြင်နိုင်သည်။ အချိန်၊ နေရာနှင့် လူ၏ကံကြမ္မာကို ဗေဒင်တွက်ရန် အသုံးပြုလိုက်သည်။
ထို့နောက် သူမ၏အကြည့်က တင်းမာသွား၏။
မကောင်းပေ။ အပြောင်းအလဲအချို့ ရှိသော်လည်း၊ ဤဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် အနည်းငယ်ခက်ခဲနေဆဲဖြစ်သည်။ သူမက မလျှော့တမ်း လုပ်နေမည်ဆိုပါက တဏှာကြောင့် သေချာပေါက် သေရပေလိမ့်မည်။
ရှဲ့ချောင်၏ မျက်ခုံးများ တင်းကျပ်သွားသည်။ တစ်ခဏစဉ်းစားပြီးနောက် သူမ အဆောင်ကိုထုတ်ကာ မိန်းကလေးကို ပေးလိုက်သည်။ "ဒီအဆောင်ကို… သခင်မလေးရဲ့ လက်ထပ်ပွဲမှာ
အထောက် အကူပြုဖို့ သိမ်းထားသင့်တယ်။"
ရှဲ့ချောင်သည် အရှက်မဲ့စွာ လိမ်ညာလိုက် သည်။
ဤအဆောင်သည် လူတစ်ယောက်၏ စိတ်နှလုံးကို ကြည်လင်စေရန် အသုံးပြုပေသည်။
ချစ်မိနေသော အမျိုးသမီး အများစုတွင် တစ်ဖက်လူနှင့် ပတ်သတ်ပြီး ယုတ္တိမတန်သော အတွေးအမြင်ကောင်းများ ရှိကြသောကြောင့် ဖြစ်သည်။
တစ်ခါတစ်ရံတွင် အမျိုးသမီးတစ်ယောက်၏ အချစ်ထက်ဝက်ကျော်သည် သူမ၏ စိတ်ကူးစိတ်သန်းမှ ဖြစ်ပေါ်လာသည်။ ထိုယောက်ျားက ဘာမှမလုပ်ခင် မိန်းမက ပြင်းထန်သည့် ချစ်ခြင်းမေတ္တာမြင်ကွင်းကို စိတ်ကူးထားပြီးသားမို့ အရူးအမူးချစ်မိရန်က သူမအတွက်
လွယ်ကူလေသည်။
သူမလက်ထဲတွင် ထိုအဆောင်ရှိစဥ်က ပတ်ဝန်းကျင်၏ ရောင်၀ါကို တိုးတက်စေပြီး သူမကို ပိုမိုရှင်းလင်းစွာ မြင်လာစေသည်။ သူမ၏ နှစ်သက်သဘောကျမှုအနည်းငယ် သည် ထိန်းမနိုင်သိမ်းမရ အရူးအမူး ချစ်စိတ်မွှန်ခြင်း မဖြစ်လာစေရန် သူမလည်း ထိုအကြောင်းကို သေချာစဥ်းစားပေလိမ့်မည်။
သခင်မလေးသုန့်က အနည်းငယ် စိတ်လှုပ်ရှား နေပုံရသည်။ သူမသည် ရှဲ့ဖင်းကန်းကို တစ်ချက်ကြည့်ပြီးနောက် အဆောင်ကို ယူလိုက်သည်။
ယွမ်လင်းယင်က သူမကို လျစ်လျူရှု ထားသလို ခံစားရသည်။
ရှဲ့ချောင်သည် သူမ၏ အကြည့်ကို ခံစားလိုက် ရပြီး မျက်နှာထားမှာ အရင်အတိုင်းပင် ဖြစ်သည်။ "သခင်မလေးရဲ့ ကံကြမ္မာကို ဖတ်စေချင်လား"
ယွမ်လင်းယင်က အပြစ်ကင်းစင်သည့် ပုံပေါက်ပြီး နားမလည်နိုင်လောက်အောင် ခေါင်းညိတ်ပြလိုက်သည်။
"သခင်မလေးအတွက်... ဒီအိမ်ထောင်ရေးဟာ လောလောဆယ် အောင်မြင်မှာမဟုတ်ပေမဲ့ အရမ်းကြီးစိုးရိမ်နေစရာ မလိုပါဘူး။ သခင်မလေးမှာ သင့်တော်တဲ့ ဇနီးတစ်ယောက် ရဲ့မျက်နှာရှိတယ်။ နောင်ကျရင် သူ့ရဲ့ ဇနီးတစ်ယောက်အနေနဲ့ တခြားတစ်ယောက် ယောက်ကို လက်ထပ်ပြီး..." ရှဲ့ချောင်က သူမကို သေချာကြည့်လိုက်သည်။ "သခင်မ လေးမှာ ခင်ပွန်းကောင်းတစ်ယောက်နဲ့ မြေးလိမ္မာလေးတွေရပြီး သာမန်ပဲ အိမ်ထောင် ပြုရမှာပါ။ ဖြစ်နိုင်ရင် သခင်မလေး အနှစ် ၂၀လောက် တောင့်ခံနိုင်မှ ကောင်းကောင်း
နေထိုင်ရမှာပါ”
ဤသခင်မလေးယွမ်သည် ဖြောင့်မတ်ပြီး ခင်ပွန်းဖြစ်သူ၏ မိသားစုနှင့် အသက်မွေး ဝမ်းကြောင်းလုပ်ငန်းကို တည်ဆောက်ရာတွင် ကူညီပေးနိုင်သည်။ သူမ၏ လက်ဖဝါးများ သည် ရှည်လျားပြီး နီမြန်းနေကာ မျက်လုံးများ က လှပနေသည်။ သူတို့သည် စိတ်ဓာတ်မြင့် မြတ်ပြီး သူမသည် မင်းမျိုးမင်းနွယ်မိသားစု ၏ သားတော်ကို မွေးဖွားပေးပေလိမ့်မည်။
သို့သော် သူမ၏ မျက်ခုံးများသည် ကံကောင်းခြင်း ကင်းမဲ့နေသည်။ သူမဘ၀၏ ပထမ တစ်၀က်လောက်က နည်းနည်းကြမ်းလိမ့်မည်။
ယွမ်လင်းယင်သည် ထိုစကားကိုကြားသော အခါ သူမ၏မျက်လုံးများ အမှန်တကယ် တောက်ပလာသည်။ “နောင်ကျရင်… ကျွန်မက စတုတ္ထမင်းသား
ရဲ့ ဇနီးဖြစ်လာမယ် ထင်လား…”
သူမသည် စတုတ္ထမင်းသား၏ ဇနီးဖြစ်လာမည် ဟု တွေးရလောက်အောင် သူမက အလွန် မိုက်မဲလိမ့်မည်မဟုတ်ပေ။ သူမ အိမ်ပြန် ရောက်ပြီးသည့်နောက်တွင် သူမ၏မိသားစု သည် စေ့စပ်ကြောင်းလမ်းမှုကို စတင် ဖျက်သိမ်းမည်မှာ သေချာသည်။ တကယ် တော့ သူမသည် ပြန်ပေးဆွဲခံရပြီး သူမ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သည်။ သို့သော် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းပြီးနောက်...
ယွမ်လင်းယင်သည် မျှော်လင့်ချက်အချို့ရှိ နေဆဲဖြစ်သည်။
သူမသည် စတုတ္ထမြောက်မင်းသားအတွက် ခံစားချက်မရှိခဲ့ပေ။ သူမသည် သူ့ကို တစ်ကြိမ်သာ မြင်ဖူးသည်။
တော်၀င်ကိုယ်လုပ်တော်မုန့်က သူမကို ရွေးချယ်လိုက်သည့်အခါ သူမ၏ မိသားစုက သဘောတူခဲ့ပြီး သူမ၏ ထင်မြင်ချက်ကို မမေးခဲ့ကြပေ။ တကယ်တော့ သူမက တရားဝင်ဇနီး ပိုဖြစ်ချင်သည်။ သာမာန် အရာရှိတစ်ယောက်သာ ဖြစ်လျှင်ပင် သူမက မိသားစုတာဝန်ယူထားသရွေ့တော့ တခြားအရာများထက် ပိုကောင်းပေမည်!
အရန်ကြင်ရာတော် ရာထူးနှင့် ပတ်သက်ပြီး လူတွေ ဘယ်လောက်ပဲ အပေါ်ယံရွှေမှုန်ကြဲ နေကြပါစေ သူမသည် တော်ဝင်မိသားစု၏ ကိုယ်လုပ်တော်တစ်ယောက်သာ ဖြစ်ပေမည်...
ယွမ်လင်းယင်က စိတ်လှုပ်ရှားနေသော်လည်း သူမ၏ အတွေးများကို ထုတ်မပြရဲပေ။ အခြားသူများ ထိုအကြောင်းကိုသိသွားပါက ဆိုးရွားပေလိမ့်မည်...
ရှဲ့ချောင်က ယွမ်လင်းယင်ကိုကြည့်ပြီး ပြုံးပြ လိုက်သည်။ "သခင်မလေး မကြာခင် အိမ်ထောင်ပြုရတော့မှာပါ။ သုံးလအတွင်း သိလာပါလိမ့်မယ်"
"သုံးလလား” ယွမ်လင်းယင်က စိတ်ပျက်စွာ ပြုံးလိုက်သည်။
သူမ နားလည်၏။
သူမ အလျင်လိုနေလေပြီ။ သူမ၏ အဖေက သူမက မိသားစုကို အရှက်ရစေ မည်ကို စိုးရိမ်နေပေသည်။ ထို့ကြောင့်… စေ့စပ်ပွဲကို ဖျက်သိမ်းပြီးနောက် လက်ထပ်ရန် သူမကို အဝေးသို့ ချက်ချင်း ပို့ပေမည်ဖြစ်သည်။ သူမ ဒီလို အလျင်လိုနေရင်...
သင့်တော်မည့်သူက အလွန် ကြီးကျယ် နေ၍မရပေ။ သူက သဘောလွယ်သူဖြစ်ရမည်။ ယွမ်မိသားစု၏ရှေ့မှောက်တွင် သူ လုံးဝပြန်တိုက်နိုင်မည် မဟုတ်ပေ။
ယွမ်လင်းယင်က သက်ပြင်းချလိုက်သည်။
ရှဲ့ချောင်သည် သူတို့နှစ်ယောက် အတွေးထဲ တွင် နစ်မြောနေပုံရသည်ကို တွေ့လိုက်ရ သောအခါ သူမ အနည်းငယ် စိတ်သက်သာ ရာရသွားသည်။
နောက်ဆုံးတွင် သူတို့၏သေချင်စိတ်ကို ချုပ်ထိန်းလိုက်နိုင်ပေပြီ။
•••••