← Chapters

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတူတကွ ဆက်နွယ်နေသည်

Vol. 34 Ch. 652

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတူတကွ ဆက်နွယ်နေသည်

Vol. 34 Ch. 652

နှစ်ယောက်သား အခန်းထဲတွင် သူတို့၏ အသွင်အပြင်ကို ပြင်ဆင်လိုက်ကြသည်။ ခဏအကြာတွင် သူတို့ ထွက်လာကြ၏။

သူတို့သည် ယနေ့ သေခြင်းတရားမှ သီသီ ကလေး လွတ်မြောက်သွားကြသည်။ သခင်ရှဲ့ နှင့် သခင်ကျို့တို့ တစ်မိနစ်နောက်ကျသွား ပါက သူတို့နှစ်ယောက် တကယ်သေသွား ပေလိမ့်မည်။

"သခင်မမော့... ကျွန်မတို့မျက်နှာပေါ်က ဒဏ်ရာတွေကို တကယ် မမြင်ရဘူးလား" ယွမ်လင်းယင်က သေသေချာချာ မေးလိုက်သည်။

ရှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။ "ကျွန်မရဲ့မိတ်ကပ်စွမ်းရည်က အရမ်းတော်တယ်လေ"

သူမ၏ ၀ါးခြင်းတောင်းထဲတွင် မိတ်ကပ် လိမ်းရန်အတွက် တစ်ခုခုရှိနေတတ်သည်။

ယခုအချိန်သည် အသုံးပြုရန်အတွက် အချိန်ကောင်းပင်။ ဒါတင်မကသေးဘဲ သူမ၏ ခြင်းတောင်းထဲတွင် အပ်နှင့် အပ်ချည်လည်း  ပါသည်။ သူတို့အဝတ်အစားများကိုပင် ချုပ်ပေးလိုက်သေးသည်။ တစ်ယောက်ယောက်က သေသေချာချာ မကြည့်ပါက တစ်ခုခုလွဲနေမည်ကို မမြင်နိုင်ပေ။

ထိုအချိန်တွင် သခင်မမော့နှင့် စကားပြော ဆိုခြင်းက သူမတို့ကို ပို၍သက်တောင့်သက်သာ ဖြစ်စေသည်ဟု ခံစားခဲ့ရသည်။

“ခေါင်းကိုမော့ပြီး မတ်မတ်ရပ်ပါ။ ဘာကိုကြောက်နေတာလဲ” ရှဲ့ချောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ခနနေ မြို့ထဲကို ဝင်တဲ့အခါကျ ဆင်းပြီး လမ်းလျှောက်ဖို့ အကောင်းဆုံး ကြိုးစားကြည့်။ ကြောက်လန့်နေတဲ့ သမင်ငယ်လေးတွေလို လူတွေကို လိုက်မကြည့်နဲ့ဦး။ အဲဒါက လူတွေကို တွေးမိစေလိမ့်မယ်။”

သူတို့ကို တိတ်တဆိတ် အိမ်တော်သို့ ပြန်ပို့မည် ဆိုပါက အတင်းစကားများ ပျံ့နှံ့သွားပေလိမ့်မည်။

နှစ်ယောက်သား နာခံမှုရှိရှိ ခေါင်းညိတ်လိုက် ကြ၏။

“ပြီးတော့…” ရှဲ့ချောင်က သခင်မလေးယွမ် ကိုကြည့်ကာ ပြောလိုက်သည်။ “သခင်မလေး မွေး

မိခင်ရဲ့တောင်းဆိုမှုကို ကျွန်မ လက်ခံထားတာလို့ ကျွန်မ သခင်မလေးကို အကြံဉာဏ်နည်းနည်းပေးလိုက်မယ်။ သခင်မလေး ပြန်သွားတဲ့အခါ… သခင်မလေး ဘယ်သူ့ကို စော်ကားမိခဲ့လဲ၊ သခင်မလေး  ရက်ကန်းရက်တဲ့ အိမ်ကို သွားတယ်ဆိုတာကို အိမ်တော်ထဲက ဘယ်သူသိလဲဆိုတာကို သေချာစဉ်းစားသင့်တယ်။ သခင်မလေး ဒါကို သေသေချာချာသိအောင်လုပ်ရမယ်"

ယွမ်လင်းယင်သည် ထိုစကားကိုကြားသော အခါ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အခြားသူများက သူမကို ထိုသို့ဒုက္ခပေးရ လောက်အောင် သူမ ဘာအမှားလုပ်ခဲ့တယ် ဆိုတာကို တကယ်နားမလည်ပေ။

သုန့်ယိယွင်၏ ခြေထောက်များ ရုတ်တရက် ရပ်တန့်သွားသည်။

"ဘာဖြစ်လို့လဲ" ယွမ်လင်းယင်က စိုးရိမ်စိတ် ဖြင့် မေးလိုက်သည်။

သုန့်ယိယွင်က အနည်းငယ် ချီတုံချတုံ ဖြစ်နေ သည်။ သူမက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ “ငါ-ငါ ငါ့အစ်မအကြီးဆုံးက … ရက်ကန်းရက်လုပ်တဲ့အိမ်မှာ ပန်းပွင့် ပိုးထည်တွေ ရောင်းတယ်လို့ ပြောတာကို ရုတ်တရက် သတိရသွားလို့…”

"အဲ့ဒါကို နင့်အစ်မအကြီးဆုံးလုပ်ခဲ့တာလို့ ထင်နေတာတော့မဟုတ်ဘူးမလား" ယွမ်လင်းယင်က အသံတိုးတိုးနှင့် မေးလိုက်သည်။ "ဒါပေမဲ့ ဘာလို့လဲ။ ငါ အရင်က နင့်အိမ်ကို သွားတုန်းက အစ်မသုန့်က ငါ့အပေါ် အရမ်းကောင်းခဲ့တာကို။ ပြီးတော့ နင်က သူ့ညီမအရင်းလေ။ နင် တစ်ခုခုဖြစ်သွားပြီး နာမည်ပျက်ရင် သူမ စိတ်ကောင်းမှာ မဟုတ်

လောက်ဘူး..."

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတူတကွ ဆက်နွယ်နေခြင်းလား။

“ဒါပေမဲ့… ငါ့အစ်မအကြီးဆုံးက ပန်းပွင့် ပိုးထည်က ငါနဲ့ သိပ်မလိုက်ဘူးလို့ ပြောတယ်။ အရောင်တောက်လွန်းတယ်တဲ့။ ပြီးတော့ နင်က..စတုတ္ထမင်းသားရဲ့ အရန်ကြင်ရာတော် ဖြစ်လာမှာမို့…အဲဒါ၀တ်လိုက်ရင်တော့ ပို ကြည့်ကောင်းလိမ့်မယ်တဲ့.... "

သူမက နောက်မှ ပြောလိုက်သည်။

သို့သော်လည်း သူမ ရွေးချယ်စရာမရှိစွာပင် လောလောဆယ် ထိုကိစ္စကိုသာ သေချာတွေးတော နေမိသည်။

ယွမ်လင်းယင်သည် ထိုစကားကိုကြားသော အခါ သူမ၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။

သူမအဲလိုလုပ်လောက်မှာမဟုတ်ပါဘူး ဟုတ်တယ်မလား။

သူမသည် စတုတ္ထမြောက်မင်းသား၏ အရန် ကြင်ရာတော်ဖြစ်လာမည်ဖြစ်သောကြောင့် သုန့်ရှီးယွင်က သူမကို ရှင်းထုတ်ပစ်ချင် နေသည်လား!

စတုတ္ထမင်းသားသည် တော်ဝင်မိသားစု၏ မင်းမျိုးမင်းနွယ် တစ်ယောက်ဖြစ်သည်။ နောင်တွင် သူ့အတွက် ကြင်ရာတော် တစ်ယောက်ပဲ ရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ သူမ သေသွားလျှင်ပင် တခြားတစ်ယောက် ယောက် ရှိနေဦးမှာ မဟုတ်ဘူးလား။

“ငါ အတွေးလွန်နေတာ ဖြစ်မှာပါ… အရာရှိတွေ စုံစမ်းပါစေ။ ငါတို့အိမ်ပြန်ရောက်မှ ငါတို့မိဘတွေ ငါတို့အတွက် ဆုံးဖြတ်ပေး လိမ့်မယ်။ အရမ်း တွေးနေတာက အသုံးမ၀င်ဘူး” သုန့်ယိယွင်သည် အသက်ရှူထုတ်လိုက်ပြီး သူမ၏ ထိတ်လန့်နေသော အတွေးများကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သူမ၏ အစ်မအကြီးဆုံးအပေါ် ဘယ်တုန်းက ယုံကြည်မှု ပျောက်ဆုံးသွားလဲဆိုတာ သူမ မသိပေ။ ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ပြီးနောက်တွင် သူမကို အရင်ဆုံး သံသယ၀င်မိသည်။

ယင်းက သူမကို ဝမ်းနည်းစေပြီး စိတ်ဆိုးစေ သည်။

သူတို့သည် အမေတစ်ယောက်တည်းမှ ဖြစ်သည်!

နှစ်ယောက်သားမှာ စိတ်ဓာတ်ကျနေပုံရသည်။

သူတို့က ရထားလုံးပေါ်တက်ပြီး မြို့ထဲ ပြန်သွားကြသည်။ မြို့ထဲသို့ဝင်ပြီးနောက် သူတို့သည် သခင်မမော့ ပြောသည့်အတိုင်း လုပ်ရန် မမေ့ကြပေ။ သူတို့သည် မြို့တော်ရှိ အကောင်းဆုံး အလှကုန်ဆိုင်တွင် ပစ္စည်းနှစ်ခု ဝယ်ပြီး အိမ်ပြန်ခဲ့ကြသည်။

ပျောက်ဆုံးနေသော အမျိုးကောင်းသမီး နှစ်ဦး၏ သတင်းသည် မြို့တော်တွင် အချိန် အတော်ကြာ ပျံ့နှံ့ခဲ့သည်။ 

အခု သူတို့ နှစ်ယောက် ပေါ်လာကြပြီဖြစ်ရာ အနည်းဆုံးတော့ သူတို့၏ ဂုဏ်သိက္ခာကို

အဖတ်ဆယ်၍ ရသေးသည် ...တကယ်တော့ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့လျှင် ထိုမိန်းကလေးသည် အလွန် ကြောက်လန့်နေပေလိမ့်မည်။ သူမတို့ ဈေးဝယ်ထွက်နေဖို့အထိ ဘယ်လိုလုပ် အရမ်း ပူပင်ကြောင့်ကြမဲ့နေမည်လဲ။

•••••

All Chapters