ဆန္ဒ
Vol. 34 Ch. 653
ထိုသို့သော အခြေအနေမျိုးဖြစ်နေရာ ယွမ်လင်းယင်နှင့် သုန့်မိသားစု၏ ဒုတိယသမီးတို့ အဆင်ပြေလောက်သည်။
သို့သော် နောက်တစ်နေ့ နံနက်စောစောတွင် မြို့ပြင်၌ လူတစ်ယောက် အရက်မူးပြီး သေဆုံးသွားခဲ့သည်။
မှုခင်း စုံစမ်းစစ်ဆေးရေး အရာရှိက အလောင်းကို ခွဲစိတ်စစ်ဆေးသောအခါတွင် ဆံထိုးတစ်ချောင်းနှင့် သူ့လက်ထဲရှိ လက်ကိုင်ပုဝါတစ်ထည်ကို တွေ့လိုက်ရသည်။ လက်ကိုင်ပုဝါသည် သာမန်မိသားစုမှ တတ်နိုင် သည့်အရာမဟုတ်။ ထိုလက်ကိုင်ပု၀ါကို ယွမ်မိသားစုမှသမီး၏ဟာဟု မည်သူက စကားဖြန့်လိုက်သည်မသိပေ။
ယွမ်မိသားစု၏ သခင်မလေး မနေ့က အပြင်ထွက်သွားစဥ်က ခေါင်းပေါ်တွင် ပန်ခဲ့သည့် ဆံထိုးက အလောင်းပေါ်တွင် တွေ့သည့် ဆံထိုးနှင့် အတူတူပဲဟု လူတချို့ က ပြောကြသည်။
ယွမ်မိသားစု၏ သခင်မလေးသည် မနေ့က အိမ်ပြန်သောအခါ ရှိုက်ကြီးတငင် ငိုခဲ့ကြောင်း အခြားသူများကလည်း ပြောကြသည်။ သူမ၏ အပြစ်ကင်းစင်မှုဟာ တကယ်ကို ပျက်စီးသွား ခြင်းဖြစ်နိုင်သည်...
ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားသဖြင့် စိတ်သက်သာရာရသွား သည့် မိသားစုနှစ်စုသည် ယခုကိစ္စနှင့် ပတ်သက်ပြီး ဘာမှလုပ်၍ မရပေ။
သူတို့သမီးလေး ပျောက်သွားသည်မှာ မှန်သည်။ တခြားသူတွေကို ဒီအကြောင်းကို မပြောအောင် သူတို့ ဘယ်လို တားလို့ရ မှာလဲ။
သခင်ဟုန်သည် ခွင့်လွှတ်ခြင်းတောင်းခံရန် နန်းတော်သို့ ချက်ချင်း ဝင်ရောက်ကာ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်သည်။
ဧကရာဇ်က ၎င်းအား မငြင်းပေ။
နန်အန်းမှ ဟုန်မိသားစုတွင် အရည်အချင်း များစွာရှိသည်။ ဧကရာဇ်သည် စတုတ္ထ မင်းသားအတွက် လက်ထပ်ပွဲစီစဥ်ခြင်းကို မကျေနပ်ခဲ့ပေ။ သူ့အတွက်ကတော့ ကြင်ရာတော်က တရားမ၀င် သမီးဖြစ်လျှင်ပင် မိသားစု နောက်ခံနိမ့်ကျသည့် သူကို ရွေးချယ် လောက်ပေသည်။
သခင်ကြီးဟုန်သည် သူ့သမီးကို နှိပ်စက် ညှဉ်းပန်းမည့်သူမဟုတ်ပေ။ အခု သူ အပြင်မှာ ကောလဟာလများ ကြားလိုက်ရသဖြင့် မချိတင်ကဲ ခံစားလိုက်ရသည်။
အိမ်ပြန်ရောက်ပြီးနောက် သူက သူ့ဇနီးအား သူမ၏ သမီးအကြီးဆုံးအတွက် မိသားစု ကောင်းရှာပြီး အမြန်ဆုံးလက်ထပ်ပေးသင့်၊ မသင့်ကို မေးလိုက်သည်။
သူမ မြို့ပြင်တွင် လက်ထပ်လျှင် အကောင်း ဆုံး
ဖြစ်သည်။ သို့မဟုတ်ဘဲ သူမက မြို့တော် တွင်နေပြီး ထိုကောလာဟလများကို နားထောင်နေပါက နှိပ်စက်ညှဉ်းပန်းမှုကနေ သူမ ရူးသွပ်သွားနိုင်သည်။
သခင်မကြီး ဟုန်သည် ထိုအကြောင်းကို သေသေချာချာတွေးပြီး သူမ၏ မိသားခွဲတွင် ယောက်ျားကောင်း များစွာ ရှိလောက်သည်ကို သတိရသွားသည်။
သူမ၏မိသားစုက မြို့တော်တွင် မရှိသလို ထိုနေရာနှင့်လည်း ဝေးသည်။ ယွမ်လင်းယင် သည် ဤကောလဟာလများကြောင့် ထိခိုက်မည်မဟုတ်ပေ။
အမှန်တော့၊ သူမသည် သူမ၏တူလေးကို ကိုယ်လုပ်တော်၏သမီးနှင့် လက်ထပ်ရန် သည်းမခံနိုင်ပေ။ မိသားစုခွဲမှ မြေး များတွင်
အလားအလာများစွာမရှိပေ။ အလွန်ဆုံး သူတို့တွင် သာမာန်အလုပ်များသာ ရှိကြသည်။
ယွမ်လင်းယင်သည်လည်း သူမ၏ မိသားစု ထဲက အပြောင်းအလဲများကို ခံစားခဲ့ရသည်။
သူမအတွက် ဝမ်းမနည်းရန်မဖြစ်နိုင် သော်လည်း သခင်မမော့၏ စကားများကို တွေးလိုက်သည့်အခါ မျှော်လင့်ချက်တစ်ချို့ က သူမ၏နှလုံးသားထဲတွင် ပေါ်လာ သောကြောင့် နာခံမှုရှိရှိ သဘောတူလိုက်သည်။
သခင်မမော့နှင့် သူမ၏မွေးအမေကို ကျေးဇူးတင်ရန်အတွက် သူမသည် ကြမ္မာဥယျာဥ်သို့သွားရန် မမေ့ခဲ့ပေ။
“သခင်မ၊ ကျွန်မက ကျွန်မသမီးရဲ့အနားမှာ တစ်
ချိန်လုံး နေခဲ့တာပါ။ ကျွန်မမှာ သူမ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေရဖို့ ဆန္ဒတစ်ခုတည်းပဲ ရှိပါတယ်... အခုတော့ သခင်မက သူမ နောင်ကျရင် ကောင်းချီး ပေးခံရလိမ့်မယ်လို့ ပြောပြီးပြီဆိုတော့ ကျွန်မ... စိတ်သက်သာရာ ရပါပြီ။ ဒါပေမဲ့ ကျွန်မသမီးကို ထိခိုက်အောင်လုပ်တဲ့သူက ဘယ်သူလဲဆိုတာ သိနိုင်ဖို့ သခင်မရဲ့ အကူအညီကို တောင်းပါရစေ…” မကောင်း ဆိုးဝါး၀ိဥာဥ်သည် အလွန်အားနည်းနေသေး သည်။ သူမ၏ စိတ်ဝိဥာဉ်သည် ယခင်ကထက် ပို၍ပင် ဆိုးရွားနေ၏။
သူမ မပျောက်ကွယ်သွားသေးသည်မှာ ကံကောင်းပေသည်။
သူမတွင် နက်နဲသော စွဲလမ်းမှုနှင့် အစွမ်းထက်သည့် အစွမ်းမရှိသော်လည်း အကယ်ဒမီသို့ သွားရန် သတ္တိရှိနေဆဲဖြစ်သည်။ သူမ အမှန်တကယ် သေချင်ခဲ့သည်။
"စုံစမ်းစစ်ဆေးဖို့လား" ရှဲ့ချောင်က သက်ပြင်း ချလိုက်သည်။ “ကျွန်မ အကောင်းဆုံး ကြိုးစားပေးပါ့မယ်၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာပဲ ကျွန်မ ဖော်ထုတ်နိုင်မှာ။ ကလဲ့စားချေဖို့ အတွက်ကတော့ ကျွန်မ လုပ်နိုင်မှာ မဟုတ်ဘူး”
တရားခံသည် အလွန်လျှို့ဝှက်သည်။ အုပ်ချုပ် ရေးမှူးရုံးမှ လူများသည် လှည့်ပတ်ရှာနေ ကြသော်လည်း သခင်မလေးများကို ဖမ်းခဲ့ သော ပြန်ပေးဆွဲသူ အနည်းငယ်ကို ရှာမတွေ့သေးပေ။
သူတို့ရှာတွေ့သည့် တယောက်တည်းသော လူက… သေသွားပေပြီ။
“ရလဒ်ရှိရင်တော့ အဆင်ပြေသွားမှာပါ။ ကျွန်မ သမီးက သတိရှိလိို့ တော်သေးတာပေါ့” မကောင်း
ဆိုး၀ါး၀ိဥာဥ်က ထပ်ပြောလိုက်သည်။
ဒီအမေက သူမ၏သမီးကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
ရှဲ့ချောင်သည် ထိုသို့သောဆန္ဒကို သဘောတူရန်မှတပါး ရွေးချယ်စရာမရှိပေ။
ယွမ်လင်းယင်သည် သခင်မက လေကို စကားပြောနေသည်ကို နားထောင်ပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ သို့သော် သူမက ကြောက်ရွံ့မှုကို ချုပ်ထိန်းကာ မေးလိုက်သည်။ “သခင်မ၊ အဲဒါက ကျွန်မ အမေလား”
သူမအနားတွင် အခြားဘယ်သူမှမရှိသည့် အခါမှသာ သူမအား အမေဟု ခေါ်ရဲပေသည်။
[TN/ကိုယ်လုပ်တော်သားသမီးတွေက သူတို့အ
မေကိုအဒေါ်လို့ခေါ်ရပြီး သူတို့အဖေရဲ့တရားဝင်ဇနီးကိုပဲအမေလို့ခေါ်ခွင့်ရှိတာပါ]
“ဟုတ်တယ်။ ကျွန်မ သခင်မလေး အမေရဲ့ ဝိဥာဉ်ကို ယူပြီး သူမကို နောက်တစ်ကြိမ် လူဝင်စားဖို့ လွှတ်ပေး လိုက်မယ်။ အခု သူမရဲ့ တစ်ခုတည်းသော ဆန္ဒက သခင်မလေးအတွက် တရားခံရှာဖို့ပဲ”
ယွမ်လင်းယင် နာကျင်ခံစားသွားရကာ သူမ၏ မျက်လုံးများ နီရဲလာသည်။
ရှဲ့ချောင်က သူမကိုယ်တိုင်ပဲ လုပ်မည်ဟု တွေးလိုက်သည်။ ကံကောင်းခြင်းကို စုဆောင်းခြင်းက ကျောက်ရွှမ်ကျင်းအတွက် ကောင်းမည်ဟု တွေးကာ သူမသည် တွန့်ဆုတ်စွာပင် သတင်းစကားပါးရန် ရာဇ၀တ်မှုဌာနသို့ ထွက်သွားလိုက်သည်။
•••••