← Chapters

ငွေကို ငါ့အတွက် သုံးစွဲပေးပါ

Vol. 34 Ch. 656

ငွေကို ငါ့အတွက် သုံးစွဲပေးပါ

Vol. 34 Ch. 656

အသံက ဒေါသထွက်နေပုံရသည်။ အော်ဟစ်ရုံ နဲ့တင် မလုံလောက်ဘဲ။ မကောင်းဆိုးဝါး ၀ိဥာဥ်သည် ရှဲ့ချောင်ကို လည်ပင်းညှစ်သတ် ရန်ပင် လက်လှမ်းလိုက်လေသည်။

သို့သော် သူ ရှဲ့ချောင်ကို ထိလိုက်သည့် အချိန်တွင် သူ့လက်က ပြန်ကန်ထွက်သွားပြီး အပေါက်ကြီးတစ်ပေါက်ကဲ့သို့ မီးလောင်သွားလေသည်။ သူသည် ကြက်သေသေသွားပြီး မျက်လုံးများ နီရဲနေကာ။ "ငါက သေပြီးနေပြီကို၊ မင်းက လာအနိုင်ကျင့်နေတုန်းပဲ..."

သိပ်မကြာမီတွင် ရှဲ့ချောင်သည် အဝတ်နှင့် ပတ်ထားသည့် အရာတစ်ခုကို တူးဖော်လိုက်မိသည်။

သူမဖွင့်ကြည့်လိုက်ရာ...

“ငွေတွေ အများကြီးပဲ။ သူ့ကို ငွေတွေ အများကြီး ပေးထားပုံပဲ” ကျောက်ရွှမ်ကျင်းက ခပ်ယဲ့ယဲ့ ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက် သည်။

“မကောင်းဆိုး၀ါး၀ိဥာဥ်က လက်မလွှတ်ချင် တော့ ကျွန်မတို့တွေ ငွေကို သုံးလို့မရတာ နှမြောစရာ ပဲ။ ကျိန်စာတိုက်ခံရဖို့လွယ်တယ်လေ။” ရှဲ့ချောင်က သက်ပြင်းချလိုက်သည်။

ထိုစကားကိုကြားသောအခါ မကောင်းဆိုး၀ါး ၀ိဥာဥ်က ကြက်သေသေသွားသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်! ငါ့ကိုပြန်ပေး! အဲဒါ ငါ့ဟာ!"

"ဒါက ရှင်ပိုင်တာမှန်ပေမယ့် ဒီငွေကို ရှင် ဘယ်လိုရှာခဲ့တာလဲ။ ကျွန်မကို ရိုးရိုး သားသားပြော၊ နောက်မှ ရှင့်အတွက် ကျွန်မ အမွှေးတိုင်စက္ကူ

မီးရှို့ပေးမယ်”  ရှဲ့ချောင်က ရုတ်တရက် လှည့်ကြည့်လိုက်သည်။ လေကိုကြည့်ရင်း သူမက အေးအေး ဆေးဆေး ပြုံးလိုက်သေးသည်။ “ဒီငွေက ရှင့် အတွက် အသုံးမဝင်တော့ဘူး။ လူသေက လူသေတွေအတွက် ရည်ရွယ်ထားတဲ့ ငွေကို သုံးသင့်တယ်။ ရှင့်မှာ ဆွေမျိုးမရှိတော့ ရှင့်ကို အမွှေးတိုင်စက္ကူကို မီးရှို့ပေးမယ့်လူတောင် မရှိဘူး မဟုတ်လား”

မကောင်းဆိုး၀ါး၀ိဥာဥ်က ကြက်သေသေ နေပုံရပြီး မတုံ့ပြန်ခဲ့ပေ။

သူလှည့်ကြည့်လိုက်တော့ ရှဲ့ချောင်၏ မျက်လုံးများက သူရှိရာဘက်ကို စိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။

သူမက သူ့ကိုမြင်နေရတာလား!

“မကောင်းတာတွေ လုပ်ခဲ့တဲ့ ရှင့်လိုလူက အဲဒီကို ဆင်းသွားရင်တောင် အပြစ်ပေးခံရမှာ သေချာတယ်။ ရှင့်အတွက် မီးရှိို့ပေးဖို့ အမွှေးတိုင် စက္ကူတွေ အများကြီးမရှိရင် ရှင့်ဘ၀ မလွယ်ကူမှာကို စိုးရိမ်မိသား။ ဒီတော့ ရှင် နာခံမှုရှိရှိ လက်ခံတာ ပိုကောင်းမယ် မဟုတ်ရင်…” ရှဲ့ချောင် က အဆောင်ကို ထုတ်လိုက်သည်။ "ကျွန်မ ရှင့်ကို ပြာဖြစ်အောင် လုပ်လိုက်မယ်"

ကျောက်ရွှမ်ကျင်းက အနည်းငယ် မျက်ခုံးပင့် လိုက်သည်။

ဒီဆရာမရဲ့  ဘ၀င်မြင့်နေတဲ့ အကြည့်ကိုပဲ ကြည့်လိုက်။ သူမနဲ့ပတ်သက်ပြီး ဆွဲဆောင်မှုမရှိတာ ဘာမှကိုမရှိဘူး။

"မင်းက ငါ့အတွက် အမွှေးတိုင်စက္ကူ မီးရှို့ ပေးလို့

ရတယ်ပေါ့။ ငါ ပြောပါ့မယ်။ မင်း ဘာပဲမေးမေး ငါဖြေမယ်။ မင်း ငါ့ကို ဘာလို့ ကြောက်အောင် ခြောက်နေတာလဲ။ ငါ မင်းနဲ့ မပူးပေါင်းဘူးလို့ မပြောခဲ့ပါဘူးနော်!" မကောင်း ဆိုး၀ါး၀ိဥာဥ်က အလွန် စဥ်းစားချင့်ချိန် တတ်သည်။

သူသေဆုံးပြီးနောက်တွင် သူသည် သူ့လို လူများစွာနှင့် တွေ့ဆုံခဲ့သည်။

တစ်ချို့က အတော်လေးချမ်းသာပြီး သူတို့၏ မိသားစုက သူတို့အတွက် အစားအစာနှင့် အဝတ်အစားများကို မီးရှို့ပေးကြသည်။

သူသည် လူသေများအတွက်လုပ်ထားသော ဈေးသို့ပင် သွားခဲ့သော်လည်း ဘာမှမတတ် နိုင်ပေ။

သူ့မှာ ဘာမှမရှိသဖြင့် အိမ်ပြန်ပြီး သူ အသက်ရှင်

နေစဥ်က ရှာထားသည့် စည်းစိမ် များကိုသာ စိုက်ကြည့်နေခဲ့ရသည်။

သူတကယ်ကို မလိုလားခဲ့ပေ။ သူသည် အနှစ်၂၀ ကျော် ဆင်းဆင်းရဲရဲ နေခဲ့ရပြီး လူတိုင်းက သူ့ကို အနိုင်ကျင့်ခဲ့ကြသည်။ သူသည် ယုတ်မာသည့် ကိစ္စများ လုပ်ကာ ငွေရှာခဲ့သည်။ သူ အမျိုးသမီးတစ်ယောက်အား လက်ထပ်ချင်ခဲ့သော်လည်း မျက်တောင် တစ်ခတ်အတွင်းပင် သေသွားခဲ့ရသည်။

သူ နားမလည်နိုင်စွာ သေဆုံးခဲ့သည်။ သူ ဘာကြောင့်မှန်း နားမလည်​ပေ!

ထိုမကောင်းဆိုးဝါး၀ိဥာဥ်က အတော်လေး နာခံသည်။ ရှဲ့ချောင်သည် ထိုသို့ မမျှော်လင့် ထားသော ကြောင့် သူမ၏သဘောထားသည် အနည်းငယ် ပို၍ ဖော်ရွေလာသည်။ "ရှင်က အဲဒီ

နေ့က ယွမ်မိသားစုနဲ့ သုန့် မိသားစုရဲ့ သခင်မလေးနှစ်ယောက်ကို ပြန်ပေးဆွဲခဲ့တဲ့ လူတွေထဲက တစ်ယောက်လား။ ကျွန်မကို ပြော၊ ရှင့်ရဲ့ အပေါင်းအဖော်တွေက ဘယ်သူတွေလဲ။ ရှင့်ကို ဘယ်သူက ဒီလို လုပ်ခိုင်းတာလဲ။"

"ဒါဆို မင်းက အဲဒီအတွက် ဒီကိုရောက်နေ တာပေါ့! ခုနောက်ပိုင်း အရာရှိတွေက ဒီကိစ္စတွေ ကိုင်တွယ်တာပဲ အရမ်း တော်နေတာလား။ သူတို့က ငါ့လို မကောင်းဆိုးဝါး ၀ိဥာဥ်နဲ့တောင် စကားပြောဆက်သွယ်နိုင်နေပြီဆိုတော့! ကြိုးစားအားထုတ်မှုကို လေးစားပါတယ်!" ထိုလူက သတိရှိသည်။ "ငါ မင်းကို သေချာပေါက် ပြောပြလို့ရတယ် ဒါပေမဲ့ မင်း... ငါ့ဆန္ဒကို အရင်ဖြည့်ဆည်း ပေးရမယ်!"

"ပြောလေ" ရှဲ့ချောင်သည် မကောင်းဆိုး၀ါး ၀ိဥာဥ်များ၏ အခြေအနေများကို ကြားနေကျ ဖြစ်သည်။

ထိုလူသေများက သူမ မြင်ရသလိုမျိုး သူတို့ကို မြင်နိုင်သည့် သက်ရှိတစ်ယောက်နှင့် တွေ့သည့်အခါ ပိုစိတ်လှုပ်ရှားနေလိမ့်မည်။

“ငါ ဒီငွေနဲ့ ကောင်းမှုကိစ္စတွေ မလုပ်ချင်ဘူး။ ဒါကို ငါ့အတွက် သုံးပြီး ပစ္စည်းတွေဝယ်တဲ့နေရာမှာ ကူညီပေး။ သေချာပေါက်… ငါ့တောင်းဆိုတာတွေ ဝယ်ပေးပေါ့!” မကောင်းဆိုးဝါး၀ိဥာဥ်က မြန်မြန် ပြောလိုက်သည်။

သူ့ငွေတွေကို သုံးရမှာလား။

မကောင်းဆိုးဝါး၀ိဥာဥ်၏ခွင့်ပြုချက်ဖြင့်၊ သူမက ငွေကိုသုံးစွဲရခြင်းက အရေးမကြီးပေ။

“ရတာပေါ့” ရှဲ့ချောင်က သဘောတူလိုက် သည်။

မကောင်းဆိုးဝါး၀ိဥာဥ်သည် အေးစက်သော လေကို အသက်ရှူထုတ်လိုက်ပြီး ရှဲ့ချောင် နောက်သို့ လိုက်သွားလေသည်။

ရှဲ့ချောင်က သူထွက်ပြေးသွားမည်ကို မစိုးရိမ် ပေ။ သူမနှင့် သဘောတူညီထားသည့် မကောင်းဆိုး၀ါး၀ိဥာဥ်က ကတိဖျက်ရဲပါက သူမက သူ့ကို ရှာပြီး ဘာပဲဖြစ်ဖြစ် သူ့ကို အပြစ်ပေးရလိမ့်မည်!

•••••

All Chapters