← Chapters

အကောင်းနှင့်အဆိုး

Vol. 34 Ch. 659

အကောင်းနှင့်အဆိုး

Vol. 34 Ch. 659

ရှဲ့ချောင် ထိုကိစ္စကို သိပ်ပြီးမစဉ်းစားပေ။ လမ်းပေါ်တွင် စားသောက်ဆိုင်  တော်တော်များများရှိသည်။ သူမသည် ကျပန်းစားသောက်ဆိုင်တစ်ခုကို တွေ့ပြီး ဝင်ထိုင်လိုက်သည်။ သူမ၏ အနားရှိ မကောင်း ဆိုး၀ါး၀ိဥာဥ်၏ မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အကြည့်ရှိနေ၏။

“အရင် ငါ သက်ရှိထင်ရှားရှိတုန်းက အဲဒီလောင်းကစားအိမ်မှာ ငွေတွေ အများကြီး ဖြုန်းခဲ့မိတာ။ အခုနောက်ဆုံးတော့ ငါ ပြန်ရလိုက်ပြီ!" သူသည် သူ့လက်ဖြင့် အလောင်း အစားကို အနိုင်မရခဲ့သော်လည်း ရလဒ်ကို ဆုံးဖြတ်ခဲ့သူဖြစ်သည်!

ဤစားသောက်ဆိုင်တွင် စားသောက်ဖွယ် စာရင်းရှိသည်။ အရမ်းဈေးမကြီးလွန်းပေ။

ရှဲ့ချောင်သည် မကောင်းဆိုးဝါး၀ိဥာဥ်၏ ဆန္ဒအရ အရသာရှိသော ဟင်းလျာများကို မှာပေးလိုက်သည်။

စားပွဲထိုးက အနည်းငယ် စိတ်ရှုပ်ထွေးသွား သည်။

“မဒမ်… လူဘယ်နှစ်ယောက် လာမှာလဲဗျ” လောလောဆယ် လူနှစ်ယောက်ပဲရှိတာ မလား။” သူမ မှာထားသော ဟင်းလျာများ သည် လူဆယ်ယောက်ထက် မနည်း လုံလောက်နေသည်!

"ဟင်းပွဲတွေပဲ အရင်ချပေးပါ" ရှဲ့ချောင်က ငွေချောင်းတစ်ချောင်းကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်! ဒီလိုပဲ  ဖြစ်သင့်တယ်! ငါ အသက်ရှိနေတုန်းက ဒီစားသောက်ဆိုင်ကို လာခဲ့တယ်။ အဲဒီငနဲက ငါ့ကို အထင်သေးပြီး စားစရာဖိုးမပေးမှာကို စိုးရိမ်နေတာ။ သူက ငါ့ကို သူခိုးတစ်ယောက် လို စောင့်ကြည့်နေခဲ့တာ! အဲဒါက လွန်လွန်း တယ်!” မကောင်းဆိုး၀ါး၀ိဥာဥ်က အော်လိုက် သည်!

"တွေ့လား။ ငါ့မှာလည်း ငွေရှိတယ်!”

"အခု မင်းငါ့ကို ကောင်းကောင်း ကျွေးမွေးရတော့မယ် မဟုတ်လား!" မကောင်းဆိုး၀ါး ၀ိဥာဥ်သည် သူ အသက်ရှင်နေသေးသကဲ့သို့ ထိုင်ခုံတစ်ခုံတွင် ခြေချိတ်ပြီး ထိုင်လိုက်သည်။

စားပွဲထိုးသည် ငွေကိုတွေ့တော့ ဘာမှမပြောပေ။ သူက ချက်ချင်းဆိုသလို ဟင်းပွဲများကို ချပေးရန် ပြေးသွားလေသည်။ 

တစ်ခဏမျှ စောင့်ပြီးနောက် ကျောက်ရွှမ် ကျင်း ပြန်ရောက်လာသည်။

ရှဲ့ချောင်က မော့ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားသည်။

ကျောက်ရွှမ်ကျင်းသည် ယခင်က အနက်ရောင် အဝတ်အစားကို ၀တ်ဆင်ထားရာ ပိုမိုတည်ငြိမ် ပြီး ဂရုမစိုက်ပုံပေါ်သည်။ သို့သော် သူသည် ထိုအပေါ်တွင် ဝါးပုံစံများဖြင့် အလှဆင်ထား သော ရေခဲပြာရောင် ၀တ်ရုံကို ဝတ်ဆင်ထား သည်။ သူက အခု ပို၍ပူပင်ကြောင့်ကြမဲ့ပုံ ပေါ်သည်။ အခန်းသည် ချက်ချင်း လင်းထင်းသွားသလို ခံစားလိုက်ရသည်။

သူမက သူ့လက်ကို ကိုင်လိုက်ချင်သည်။

ရှဲ့ချောင် သူမကိုယ်သူမ ထိန်းချုပ်ကာ ဘေးဘက်သို့ အနည်းငယ် မျက်နှာလွှဲကြည့်လိုက်၏။

ထိုအချိန်တွင် စားပွဲထိုးသည် ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ ချထားပြီးဖြစ်သည်။

ခဏအကြာတွင် စားပွဲပေါ်တွင် ဟင်းပွဲများဖြင့် ပြည့်နှက်သွားသည်။

မကောင်းဆိုး၀ါး၀ိဥာဥ်သည် စားပွဲပေါ်တွင် ပျံဝဲနေပြီး သူ၏နှုတ်ခမ်းများကို စုကာ အနံ့ခံ၍  ပျော်နေပုံရသည်။

ပုံမှန်အားဖြင့်၊ မကောင်းဆိုး၀ါး၀ိဥာဥ်များသည် ပေးကမ်းသည့်ပုံစံအတိုင်း မစီစဉ်ထားပါက ဟင်း

ပွဲများကို လာစားမည်မဟုတ်ပေ။ ဆိုးသွမ်းသော မကောင်းဆိုးဝါး၀ိဥာဥ်အချို့ သာ ဆူဆူညံညံလာလုပ်ပြီး  ရံဖန်ရံခါ အလုတ်အနည်းငယ်ကို တိတ်တဆိတ် ရှူရှိုက်ကြပေလိမ့်မည်။

ဘယ်သူကမှ သူတို့၏ ညှပ်တူများကို မလှုပ်ကြပေ။

ကျို့ဝေ့ကျုံးသည် ဟင်းပွဲများပြည့်နေသော စားပွဲကို ကြည့်လိုက်ရာ သူ၏ အရသာခံချင် စိတ်က တကြွကြွ တရွရွဖြစ်နေသည်။ သူက စားရန် စိတ်အားထက်သန်နေလေသည်။

“ဆရာမ... ကျွန်တော်တို့ စားလို့ရလား" ကျို့ဝေ့ကျုံး၏ မျက်နှာပေါ်တွင် သိချင်စိတ် ပြင်းပြသည့် အကြည့်ရှိနေသည်။

ရှဲ့ချောင်က ငါးခေါင်းကို လက်ညိုးထိုးပြပြီး ပြုံး၍ပြောလိုက်သည်။ “သူ ဒီဟင်းပွဲကို စားပြီးပြီ။ ရှင် မြည်းကြည့်လို့ရတယ်”

ကျို့ဝေ့ကျုံးက အမြန်မြည်းကြည့်လိုက်သည်။

"ဖက်!" သူသည် ငါးကို ချက်ချင်း ထွေးထုတ် လိုက်သည််။ "ဘာလို့ လုံး၀အရသာမရှိတာလဲ!"

“ဘာလို့လဲဆိုတော့ သူစားပြီးလို့လေ။ ရှင် ထပ်စားရင်…ဖယောင်းကို ၀ါးနေရသလိုပဲ  ဖြစ်နေမှာ” ရှဲ့ချောင် အနည်းငယ် ရှင်းပြလိုက်သည်။

ကျို့ဝေ့ကျုံးသည် ပန်းကန်လုံးနှင့် ညှပ်တူ များကို ကူကယ်ရာမဲ့စွာဖြင့် ချလိုက်ရသည်။

သို့သော် သူတို့ သုံးယောက် အပြင်ရောက်နေ သည်မှာ ကြာပြီဖြစ်၍ အမှန်တကယ်ပင် ဗိုက်ဆာနေကြသည်။ သူတို့က ဟင်းပွဲ အနည်းငယ်ကို မှာပြီး သူတို့ဘေးနားက စားပွဲပေါ်တင်ကာ ဖြည်းဖြည်းချင်းသာ စားလိုက်ကြသည်။

“ဆရာမ၊ ဒီမကောင်းဆိုး၀ါး၀ိဥာဥ်က… လူဆိုးလေ။ သူ့ဆန္ဒကို လွယ်လွယ်နဲ့ ဖြည့်ဆည်း ပေးတာ ကျွန်တော်တို့အတွက် မဆိုးရွားဘူးလား။ ဒါက အိမ်ရှေ့စံမင်းသားကို မထိခိုက် စေဘူးလား” ကျို့ဝေ့ကျုံးက မနေနိုင်ဘဲ ထပ်မေးလိုက်သည်။

"သူက အမှုသည် မဟုတ်ဘူး"  ကျောက်ရွှမ် ကျင်းက ချက်ချင်းပြောလိုက်သည်။

ကျို့ဝေ့ကျုံးက ခဏလောက် ကြက်သေသေ သွား

ပြီး သခင်မက သခင်မလေးယွမ်ကို ဖမ်းခဲ့သော တရားခံကို လိုက်ရှာနေကြောင်း သတိရသွားသည်။

“မကောင်းဆိုးဝါး၀ိဥာဥ်တွေရဲ့ဆန္ဒကို ဖြေရှင်းပြီး လူပြန်ဝင်စားအောင်လုပ်ပေးဖို့ ကျွန်မမှာ တာဝန်ရှိတယ်။ ကောင်းလား မကောင်း ဘူးလားဆိုတာ ကျွန်မ ဂရုမစိုက်ဘူး” ရှဲ့ချောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မကောင်းဆိုးဝါး၀ိဥာဥ်သည် မကောင်းမှု ပြုခဲ့သောကြောင့် သူမ၏ လက်ကို၀ှေ့ယမ်းပြီး မကောင်းဆိုးဝါး၀ိဥာဥ်ကို ချက်ချင်း ဖျက်ဆီး ရန် မဖြစ်နိုင်ပေ။ ဤသည်က ပင်ပန်းလွန်းပြီး သူမက စည်းကျော်သလို ဖြစ်နေပေလိမ့်မည်။

အမှားလုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည်ဖြစ် စေ ငရဲ၌ တရားစီရင်ခြင်းခံရပေလိမ့်မည်။ သူ ၀ေဒ

နာခံစားရမလား ဒါမှမဟုတ် သူ့  နောက်ဘဝတွင် ဆိုးရွားသည့်ဘဝတစ်ခု ရမလားဆိုသည်က ထိုအချိန်မှသာ ဖြစ်နိုင်သည်။

သူမအတွက်ကတော့…

အလွန်ဆုံး၊ သူမသည် ကောင်းမွန်သော ကမ်းလှမ်းချက်နှင့် ဆက်လက်စောင့်ရှောက် သည့် ဝန်ဆောင်မှုများကို မပေးဘဲ အထင်အမြင်သေးသည့် ဆိုးရွားသော မကောင်းဆိုးဝါးဝိညာဥ်များအပေါ်တွင်တော့ ပိုဆိုးသော သဘောထား ရှိပေလိမ့်မည်။

•••••

All Chapters