← Chapters

ကံကြမ္မာကို သုံးပါ

Vol. 34 Ch. 660

ကံကြမ္မာကို သုံးပါ

Vol. 34 Ch. 660

ဥပမာအားဖြင့်၊ သူမရှေ့ရှိ မကောင်းဆိုးဝါး ၀ိဥာဥ်

သည် နာခံပြီး သူသိသောအရာများကို အမှန်အတိုင်း ပြောပြပါက၊ သူမက သူ့ကို ဖယ်ထုတ်ပြီး လူဝင်စားအောင် လုပ်ပေးမည် ဖြစ်သည်။ သို့သော် မကောင်းဆိုး၀ါး ၀ိဥာဥ်သည် အနည်းငယ် စိတ်အနှောက် အယှက်ဖြစ်နေသဖြင့် သူ့ကို ပိုသက်သာရာရ လာစေရန် သူမ ကျမ်းစာဂါထာ များကို မရွတ်ဆိုပေ။ 

သို့သော် သူ ဆိုးသွမ်းလျှင်တော့...

နည်းနည်း စိတ်သောကရောက်ရနိုင်သည်။

ရှဲ့ချောင်သည် လောလောဆယ်တွင် အလွန်နူးညံ့နေပုံရသည်။ မကောင်းဆိုးဝါး ၀ိညာဥ်က အလွန်ပျော်နေသည်။

ခဏအကြာတွင် သူက ကြို့ထိုးလိုက်သည်။ "စား

သောက်ပြီးရင် ငါတို့တွေ ပြည့်တန်ဆာ အိမ်ကို သွားကြမယ်! ငွေတွေအားလုံးနဲ့ ငါတို့တွေ ခေါ်လို့ရသမျှ မိန်းမတွေအားလုံးကို ခေါ်မယ်!”

ရှဲ့ချောင်က တည်ငြိမ်စွာ မတ်တတ်ထရပ်ပြီး သူမ၏ မြင်းမြီးကို ဆတ်ကနဲ ခါယမ်းလိုက် သည်။ “ဟုတ်ပြီ၊ ကျွန်မတို့နောက်ဆုံးလုပ် ရမှာက မိန်းမတွေကိုခေါ်ဖို့အတွက် ပြည့်တန်ဆာအိမ်ကို သွားတာပဲ။ သွားကြရ အောင်"

ကျောက်ရွှမ်ကျင်းက မျက်မှောင်ကြုတ် လိုက်သည်။

"အစ်မ ဘာလုပ်ချင်တာလဲ။ ကျွန်တော့်ကို အသေးစိတ် ပြောပြပြီး ဒီမှာပဲ စောင့်နေ" ကျောက်ရွှမ်ကျင်းက သူမကို ချက်ချင်း ပြန်ဆွဲလိုက်သည်။ သူ၏အသံက ဘာကိုမှ အရေးမစိုက်ဘဲ သူ၏အကြည့်က နက်နဲနေ၏။ "ဆရာတူအစ်မ

လောင်းကစားအိမ်ကိို သွားချင်လို့ ရတယ်၊ ဒါပေမဲ့ ပြည့်တန်ဆာ အိမ်က အစ်မသွားသင့်တဲ့ နေရာမဟုတ်ဘူး"

သူ ဘာလို့ ရုတ်တရက် အရမ်းခက်ထန်လာ ရတာလဲ။ သူက သူမကို သေအောင် ခြောက်ဖို့ ကြိုးစားနေတာ လား။

ရှဲ့ချောင်သည် သူမ၏ ရင်ဘတ်ကို အုပ်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ “ကျွန်မလည်း မသွားချင်ပါဘူး။ ရှင်ကရော…"

ကျောက်ရွှမ်ကျင်း၏ မျက်လုံးများသည် ကူကယ်ရာမဲ့မှုဖြင့် ပြည့်နှက်နေသည်။ “ရတာပေါ့”

ထိုစကားကိုကြားတော့ ရှဲ့ချောင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးသွား သည်။ သူမ

က ပြုံးရုံသာ ပြုံးပြီး ဘာမှ မပြောပေ။

"ကျွန်တော် အစ်မစကား နားထောင်မယ်။ ကျွန်တော် ခဏလောက်ပဲ ၀င်သွားပြီး မိန်းမပျိုလေးတွေကို ခေါ်လိုက်မယ်။ တခြား ဘာမှမလုပ်ဘူး။”  ကျောက်ရွှမ်ကျင်းက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ "အစ်မရဲ့ တာအိုဝတ်ရုံနဲ့ အဲဒီကိုသွားရင် တခြားလူတွေ က ရိုင်းရိုင်းစိုင်းစိုင်းတွေ တွေးကြမှာ မဟုတ်လား"

ထို့အပြင် သူမသည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ကျော်အရွယ်ရှိ မော့ချူးရှန်းကဲ့သို့ ရုပ်ဖျက်လိုက်လျှင်ပင် သူမသည် အခြားသူများနှင့် ကွဲထွက်နေသေးသည်။

သူမလိုလူတစ်ယောက်က ထိုသို့သော နေရာ မျိုးတွင် ပေါ်လာခဲ့ပါက သူမကို တခြားသူများ က မလွဲမသွေ စော်ကားကြပေလိမ့်မည်။

သူတို့က သူမကို ညစ်ညမ်းရိုင်းစိုင်းသော အကြည့်ဖြင့် တစ်ချက်ပင် မကြည့်သင့်ပေ။

"ရှင်ဒီလိုပြောလိမ့်မယ်လို့ ကျွန်မ မမျှော်လင့် ထားဘူး" ရှဲ့ချောင်က ထူးထူးခြားခြား ပြောလိုက်သည်။ ထို့နောက် သူမသည် မကောင်းဆိုးဝါး၀ိညာဥ်၏ အခြေအနေများကို ပြောပြသည်။ “ကျွန်မ တကယ်မဝင်ချင်ဘူး၊ အဲဒါကြောင့် အဲဒါကို လုပ်ဖို့အတွက် ကျွန်မ ဆရာတူမောင်လေးကို ဒုက္ခပေးရတော့မယ်။"

ကျို့ဝေ့ကျုံးက အရှင့်သားသည် လောင်းကစားအိမ်သို့သွားပြီး ပြည့်တန်ဆာအိမ်သို့ပင် သွားမည်ဟု မမျှော်လင့် ထားပေ။

အမှောင်ထဲတွင် သူ့ကိုစောင့်ကြည့်နေကြ  သော

မျက်လုံးများစွာ ရှိသည်။ ဒီနေ့ သူ ဘာတွေလုပ်ခဲ့လဲဆိုတာ မကြာခင် လူတိုင်း သိသွားကြလိမ့်မည်။

သို့သော် အရှင့်သားသည် ကံကောင်းခြင်း စုဆောင်းရန် လုပ်ရမည်ဟု ဆရာမ မော့က ပြောသည်။

ကျောက်ရွှမ်ကျင်းက အတော်လေး ၀မ်းသာ အားရဖြစ်ကာ ထွက်ခွာသွားသည်။

မသိသူများက သူသွားချင်သည့် စိိတ်အား ထက်သန်နေသည်ဟု ထင်ကြပေလိမ့်မည်။

ရှဲ့ချောင်က သိပ်ဂရုမစိုက်ပေ။ သူမ လက်ထပ်ရန် ရွေးချယ်ထားသည့်သူသည် အမျှော်အမြင်ရှိသူတစ်ယောက်ပင်။

"အရှင့်သား၊ အရှင့်သား တကယ်ဝင်မှာလား။ ဒီအတွက် အရှင့်သား ကုသိုလ်ကံ ဘယ်လောက်ရနိုင်မလဲဆိုတာ ကျွန်တော် သိချင်မိတယ်…” စွန့်လွှတ်အနစ်နာခံခြင်းက မလွန်လွန်းဘူးလား!

"ကုသိုလ်ကံက အဓိကမဟုတ်ဘူး။" ကျောက်ရွှမ်ကျင်းက ခံစားမှုမပေါ်လွင်ပေ။

ရှဲ့ချောင်သည် မကောင်းဆိုးဝါး၀ိဥာဥ်များ ၏ဆန္ဒကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် စေ့စပ် တိကျသည်။

သူမသည် လမ်းတွင်တွေ့ခဲ့သည့် သာမန် အထီးကျန် စိတ်၀ိညာဥ်များကိုပင် အတတ်နိုင် ဆုံး လူပြန်ဝင်စားအောင် လုပ်ပေးခဲ့သည်။ သူမအတွက်ကတော့ ပင်ပန်းနွမ်းနယ်ပြီး သေရတာ ပိုကောင်းလေသည်။ သူမ ဖမ်းမိသော

မကောင်းဆိုးဝါး၀ိဥာဥ်များကို သေချာပေါက် အလွှတ်မပေးပေ။

သူ၏ရောဂါကို ကုသရန် ရည်ရွယ်ချက်နှင့် သူမနှင့် အတူလိုက်ရန် ဒီနေ့ သူ့ကို အထူး ကမ်းလှမ်းခဲ့သည်။

သူမက သူ့ကို ဘယ်လိုလို့ စိတ်ပျက်အောင် လုပ်နိုင်မှာလဲ။

သူ အမှုတစ်ခုကို စုံစမ်းစစ်ဆေးခဲ့စဥ်က ထိုသို့သောနေရာမျိုးကို ရောက်ခဲ့ပြီးဖြစ်သည်။ သူက… မိန်းမပျိုလေးများကို မခေါ်ခဲ့ရုံသာ။

ကျောက်ရွှမ်ကျင်းက တည်ငြိမ်စွာ လျှောက်၀င် လာသည်။

ကျို့ဝေ့ကျုံး၏မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။

ပြည့်တန်ဆာခေါင်းသည် အရေးကြီးသော ဧည့်သည်တစ်ဦး ရောက်လာသည်ကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း သိလိုက်ရပြီး သူ့အား ဝန်းရံရန် မိန်းမပျိုများစွာကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။

"ဒီငွေနဲ့၊ ငါတို့က သူတို့ကို ဒီမှာ ၁၅ မိနစ်ပဲ ရပ်ခိုင်းထားမယ်" ဟု ကျောက်ရွှမ်ကျင်းက လိုရင်းတိုရှင်း ပြောလိုက်သည်။

၁၅ မိနစ်သာဖြစ်ပြီး သူတို့ ဘာမှလုပ်စရာ မလိုပေ။ ပြည့်တန်ဆာခေါင်းက ဘာကြောင့် သဘောမတူဘဲနေမှာလဲ။ ထို့အပြင် ဤငွေစ၁၀၀သည် သေးငယ်သော ပမာဏမဟုတ် ပေ။ ထိုချမ်းသာ

ကြွယ်၀သည့် သခင်လေးက သူတို့ကို အကြိုက်တွေ့သွားပါက နောင်ကျရင် သူ ငွေအမြောက်အမြား သုံးပေလိမ့်မည်!

•••••

All Chapters