← Chapters

ကံဆိုးတဲ့သူက ဘယ်သူလဲ

Vol. 35 Ch. 661

ကံဆိုးတဲ့သူက ဘယ်သူလဲ

Vol. 35 Ch. 661

ပြည့်တန်ဆာခေါင်းသည် တောင်းဆိုချက်အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးလိုက်၏။

အမျိုးသမီး အယောက် ၂၀ ၃၀ လောက် မတ်တပ်ရပ်နေကြသည်။ ညနေဆောင်းရောက်နေသည့်တိုင်  အလင်းရောင်ရှိနေဆဲ ဖြစ်တာကြောင့် လုပ်ငန်း အခြေအနေက ပြောလောက်အောင် မကောင်းသေး။ သို့ဖြစ်ရာ ရှိရှိသမျှ မိန်းကလေး အားလုံးနီးပါး လာနိုင်ကြသည်။

ကျောက်ရွှမ်ကျင်း ထိုင်နေ၏။

မကောင်းဆိုးဝါးဝိဉာဉ်သည် ဟိုဟိုဒီဒီ လျှောက်ကြည့်နေသော်လည်း မသက်မသာ ခံစားနေရသည်။

သူ မိန်းကလေးတွေကို ကြည့်ဖို့ဆိုပြီး လာပေမဲ့ အဲ့မိန်းကလေးတွေ အကုန်လုံးက အဲဒီ သခင်လေးကိုပဲ ကြည့်နေကြတာ !

စိတ်အနှောင့်အယှက် ဖြစ်လိုက်တာ !

“အရှင့်သား”

အချိန်ကျလေပြီ။ ကျောက်ရွှမ်ကျင်း  ထရပ်မလို့ ပြင်လိုက်ပေမဲ့ သူ လူတချို့ကို ဝင်တိုက်မိသွားခဲ့သည်။ 

မုန့်ကျိဖန်နှင့် သူ၏ ညီနောင်တချို့မှာ အိမ်ရှေ့စံမင်းသား၏ ပြိုင်ဘက်ကင်း ချောမောသည့်

မျက်နှာကို မြင်လိုက်ရသည့်အခါ တွေဝေသွားကြရသည်။ “ငါတို့…. နေရာမှားလာတာလား.. ဒါ… အိမ်ရှေ့စံရဲ့အိမ်တော်လား”

အိမ်ရှေ့စံ တစ်ခုခုများ ဖြစ်သွားဝာာလား ? လက်ထပ်တော့မယ့်ဟာကိုတောင် ဆောင်ကြာမြိုင်ဆီ လာသေးတယ်ပေါ့ ?

မုန့်ကျိဖန် ဝမ်းသာသွားကာ “အရှင့်သား ပြန်တော့မှာလား၊ သဘောတွေ့တဲ့ တစ်ယောက်ယောက်များ ရှိလား၊ ရှိတယ်ဆိုရင် ကျွန်တော် ဝယ်ပြီးတော့ ပေးပါမယ်”

သနားစရာ ရှဲ့သခင်မလေး.

သူမ လတ်တလောကမှ မင်္ဂလာပွဲအတွက်

ခွင့်ပြုချက် ရခဲ့သည်။ လူတိုင်းက ရှဲ့သခင်မလေးရဲ့ဘဝမှာ ကောင်းတယ်ဆိုပြီး ပြောဆိုနေကြ၏။ ဓားပြတစ်ယောက်ရဲ့ သမီး ဘဝကနေ အိမ်ရှေ့စံကြင်ရာတော် အထိ ဖြစ်လာခဲ့သည်လေ။

ထိုသခင်မလေးက အင်အားကြီးတယ်ဟုတောင် တွေးမိပြီး အိမ်ရှေ့စံက သူမကို တကယ်ကြီး သဘောကျသွားလိမ့်မယ်ဟု မထင်ထားခဲ့။

“ကျောင်းတော်မှာ အိမ်စာ အရမ်းနည်နေတယ်ထင်‌တယ်” ကျောက်ရွှမ်ကျင်း၏ အသံက အေးစက်သွားသည်။

မုန့်ကျိဖန်က ပြန်ထိန်းချုပ်လိုက်ကာ

“ အရှင့်သား၊ စိတ်ချပါ။  ကျွန်တော်တို့ ထပ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့  အရှင့်သားလို အဆင့်အတန်းရှိတဲ့ သူတစ်ယောက် ဒီကိုလာတဲ့

ကိစ္စက တခြားသူတွေ မသိသွားလောက်ဘူးဆိုတာတော့ အာမခံလို့မရပါဘူး”

ဒီအကြောင်းကို မြိုတော်တစ်ခုလုံး သိသွားပြီး အပြစ်တင် ပြောဆိုကြမှာမျိုးမဖြစ်စေချင်။

သူ အိမ်ရှေ့စံမင်းသားကို သဘောမကျပေမဲ့ သူ့ကို ဆန့်ကျင်ဖို့တော့ တစ်ခါမှ မတွေးဖူးခဲ့ချေ။

ဆန့်ကျင်ဖို့လည်း မလုပ်ရဲပါဘူး! သူက ကျောက်ရွှီကျီးလို အရူးမှ မဟုတ်တာ !

ကျောက်ရွှမ်ကျင်းသည် နေရာ၌ပင် နံရံတစ်ခုပမာ ရပ်နေခဲ့ကာ ခပ်‌ရေးရေး ပြုံးလိုက်၏။ 

“ဒီကိစ္စသာ အပြင်ကို တကယ်ပျံ့သွားလို့ကတော့ မုန့်ကျိဖန်၊ မင်း အပြစ်ပဲ။ အချိန်ရတဲ့အခါကျမှ

မင်းဆီလာပြီ ဖြေရှင်းလှည့်မယ်”

မုန့်ကျိဖန်မှာ သူ ဒီနေ့ ကံဆိုးသွားသလိုပင် ခံစားလိုက်ရလေသည်။

အိမ်ရှေ့စံကတော့ ပူပင်ကြောင့်ကြမဲ့တဲ့သူတစ်ယောက်လိုပင်။ ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့၏။

ဒါပေမဲ့ သူကရော?

အိမ်ရှေ့စံက ဒီကိစ္စကို အေးအေးလူလူလေး ဖြေရှင်းနိုင်တဲ့ဟာကို သူ ကူညီပေးစရာ လိုသေးလို့လား?

“သူ ဒီနေ့ ဘာဖြစ်နေတာလဲ၊ ဒီကို တကယ်ကြီးလာတာ….” မုန့်ကျိဖန် ရေရွတ်လိုက်သည်။

“အာ?  မဟုတ်သေးပါဘူး။ ဒီနေရာက တိတ်ဆိတ်ပြီးတော့  ငါတို့သိတဲ့ သူတွေနဲ့ ဝင်မတိုက်မိလောက်ဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား”

သူဘေးနားက လူများမှာ ဘာတစ်ခုမှပင် မပြောရဲကြပေ။

သူတို့ မုန့်ကျိဖန်ကို ကစားဖို့ ခေါ်ခဲ့သည်ဆိုသော်လည်း မုန့်မိသားစုက သူလျှိုတွေ သူတို့ကို ဖမ်းမိသွားမှာ စိုးရိမ်တာကြောင့် ဤနေရာကို ရွေးချယ်ခဲ့တာပင်။

ဤ ဆောင်ကြာမြိုင်သည် မြို့တော်ထဲတွင် အကောင်းဆုံး မဟုတ်သည့်အပြင် ထိပ်တန်းစာရင်းပင်မဝင်ချေ။ သို့သော် ကောင်းသည့်

အချက်မှာ မိန်းကလေးများသည် အတော်လေး လှကြကာ ပိုက်ဆံလည်း အများကြီး မတောင်းတတ်ကြချေ။

“ဟိုတစ်ယောက် ဒီကိုလာဦး” မုန့်ကျိဖန်က အခန်းထဲက လူဆီ လက်လှမ်းပြလိုက်၏။ “ခုန သခင်လေးက ဘာအတွက်လာတာလဲ”

ပြည့်တန်စာခေါင်းမှာ ဇဝေဇဝါ ဖြစ်သွား၏။

“ဘာမှမဟုတ်ဘူး… သူက မိန်းကလေးတစ်အုပ်ကြီးကို ခေါ်ခိုင်းပြီး ကြည့်တောင် မကြည့်ပဲနဲ့ ၁၅ မိနစ်လောက် ရပ်ခိုင်းထားတာ”

သူ စီးပွားရေး လုပ်လာတဲ့ နှစ်၂၀ သက်တမ်းမှာ အခုလို ထူးထူးဆန်းဆန်းမျိုး ပထမဆုံး အကြိမ်တွေ့ဖူးခြင်းပင် !

အမျိုးသား တစ်ချို့ဆိုလျှင်လည်း ဣန္ဒြေရရနှင့် ဝင်လာတတ်ကြပေမဲ့ မိန်းကလေးများအား မြင်လိုက်လျှင်တော့ ရှက်ပြီး ကြည့်တော့ ကြည့်ကြသေးသည်။ သူ့တို့ ငြိမ်ငြိမ်လေး နေနေခဲ့တာ တကယ်မဟုတ်သော်လည်း မိန်းကလေးတွေက သူ့လက်မောင်းထဲကိုတောင် မဝင်ခဲ့ကြ။ ဘယ်မိန်းကလေးမှ သူ့နား ကပ်မသွားရဲဘူး !

သူတို့အနေနဲ့ မလုပ်ချင်လို့ မဟုတ်ပဲ အရင်ဦးဆုံး အရှေ့ကို လှမ်းသွားခဲ့တဲ့ မိန်းကလေးတစ်ယောက်က ထိုလူ့ရဲ့ ဘေးမှာ ရပ်နေတဲ့ သူဆီကနေ အကန်ခံလိုက်ရတာကြောင့်ပင်။ သူတို့အားလုံး ငြိမ်ငြိမ်လေး အတိုင်း ရပ်နေဖို့သာ ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်…

တကယ်ကို ထူးဆန်းတာ။

“သူ မိန်းကလေး တစ်ယောက်နဲ့မှ အိပ်မသွားဘူးလား၊ ဒါဆို…” မုန့်ကျိဖန် တစ်ယောက် ရုတ်တရက် မျက်လုံးပြူးသွားကာ “ကျစ်၊ သူ နောက်ထပ် အမှုတစ်ခုကို စုံစမ်း နေတာတော့ မဟုတ်ဘူးမလား၊ ဒီတစ်ခါ ကံဆိုးသွားတာ ဘယ်သူလဲဟ၊ သွားမယ် သွားမယ်၊ သွားကြည့်ကြရအောင်!”

•••••

All Chapters