← Chapters

သိပ်ပြီး မစဉ်းစားနဲ့

Vol. 35 Ch. 662

သိပ်ပြီး မစဉ်းစားနဲ့

Vol. 35 Ch. 662

မုန့်ကျိဖန် တစ်ယောက် သူတို့ နောက်ကနေ ချက်ချင်း လိုက်သွားခဲ့၏။  ကပြဖျော်ဖြေနေကြသည့် မိန်းကလေးများကို ကြည့်လိုစိတ် လုံးဝ မရှိတော့။

သူ့အနောက်မှာ ရှိနေကြတဲ့ သူ့ညီနောင်တွေသည်တော့ ခြေထောက်နှင့် ‌ မြေကြီး တွယ်ကပ်နေကြလျက်။

“မင်းတို့ ဘာလို့ မလှုပ်ကြတာလဲ”  မုန့်ကျိဖန် မျက်မှောင်ကြုတ်သွားကာ အတော်လေး အထက်စီးဆန်လှ၏။

“ သခင်လေးမုန့်၊ ကျွန်တော်တို့.. အရှင့်သားကို မဆန့်ကျင်ရဲဘူး”  သူတို့ တကယ်ကို ကြောက်နေကြခြင်းပင်။

အိမ်ရှေ့စံမင်းသားသည် မြင့်မြတ်ပြီး အင်အားကြီးတဲ့သူတစ်ယောက် ဖြစ်၏။ 

သူတို့လို အမတ်ငယ်တွေရဲ့ သားတွေက ဘယ်လိုလုပ်ပြီး သူ့ကို ချဉ်းကပ်ရဲမှာလဲ။ဒါတင်မက အိမ်

ရှေ့စံက အမှုစုံစမ်းရတာ သဘောကျတဲ့သူတစ်ယောက်ဆိုတာ လူတိုင်းသိသည်။ သူ အာရုံစိုက်မိတဲ့ မိသားစုတစ်စုစုကသာ အပြစ်ရှိကြောင်းရှာတွေ့ခဲ့မယ်ဆိုလျှင် တကယ်ကို ကံဆိုး‌မိုးမှောင်ကျမည်ပင်။

ယခင်က ကြင်ရာတော်မင်းသားကြီးကျိုးနှင့် စတုတ္ထမင်းသား အိမ်တော်တို့က အချင်းချင်း အဆက်အသွယ် ရှိခဲ့ကြဖူးသည်။ သတင်းက ဘယ်လို ပျံ့သွားခဲ့သလဲဆိုတာ မသိသော်လည်း မျက်စိတစ်မှိတ်စာ အတွင်းမှာပင် မိသားစုတစ်စုလုံး သုတ်သင်ခံလိုက်ရလေသည်။

နင်ပေ့မင်းသား၏ အကြီးဆုံးသားဖြစ်သူ ကျောက်ရွှီကျီးသည်လည်း အိမ်ရှေ့စံအား ဆန့်ကျင်မိသဖြင့် သူ့လက်မောင်းဆုံးရှုံးသွားရကာ ထောင်နန်းစံသွားရသည်ဟု ဆိုကြ၏။

မုန့်ကျိဖန်သည်ပင် အိမ်ရှေ့စံအား တစ်ချိန်က ဆန့်ကျင်ခဲ့ဖူးသည်။ အဆုံးသတ်ကတော့ သူ့ခြေထောက်တွေ ခွေကျသွားတဲ့အထိ မြင်းနဲ့အတူ ပြေးလိုက်ရတဲ့ ပြစ်ဒဏ် ခံလိုက်ရတာပင်…

သူ့ခြေရာအတိုင်း သူ့တို့ မလိုက်ချင်ပါဘူးနော်!

“ငကြောက်တွေ!” မုန့်ကျိဖန်က ဆဲရေးပြောဆိုလိုက်ကာ

“ငါ့ဟာငါပဲ သွားမယ်၊ မင်းတို့ကို မလိုဘူး”

မုန့်ကျိဖန် တကယ်ကို သိချင်နေ၏။

သူ့ရဲ့ ညီအစ်ကိုတွေကို နောက်မှာချန်ခဲ့ပြီး အိမ်ရှေ့စံနောက်ကို လိုက်သွားခဲ့သည်။

“အရှင့်သား ၊သခင်လေးမုန့်က ကျွန်တော်တို့နောက်ကနေ လိုက်လာပါတယ်” ကျို့ဝေ့ကျုံး ချက်ချင်း သတိထားမိသွားသည်။

“ဒီလို အရှုံးသမားတယောက်ကို မွေးထားတဲ့ မုန်မိသားစုအတွက် စိုးရိမ်မိတယ်” ကျောက်ရွှမ်ကျင်း ဒေါသမထွက်သွား။သူက ရယ်စရာကောင်းသည်ဟုပင် ထင်နေ၏။

မုန့်မိသားစုသည် သူ၏ စတုတ္ထညီတော်‌အား အမြဲတမ်း ကူညီထောက်ပံ့ပေးနေသလို တော်ဝင်ကိုယ်လုပ်တော် မုန့်အားလည်း သွေးထိုးပေးနေတတ်သည်။ သို့သော်၊ သူတို့၏ ‌မြေး မုန့်ကျိဖန်သည်တော့ လူရမ်းကားတစ်ယောက်ထက်ပင် ဆိုးရွားလေသည်။ သူဟာ ဘာကိုမှ အကြောက်အလန့်မရှိ။ သူ့ဟာသူ သေလမ်း ဘယ်နှခါတောင် ရှာပြီးပြီမှန်းတောင် မသိချေ။

“အရှင့်သား!”  မုန့်ကျိဖန်သည် အိမ်ရှေ့စံရှိရာသို့ ပြေးလာပြီး ဂါရဝ ပြုလိုက်၏။ “အရှင့်သား အမှုစုံစမ်းဖို့ ဒီကိုရောက်လာတာမလား”

ဆောင်ကြာမြိုင်သည် စားသောက်ဆိုင်နှင့် သိမ်မဝေးလှ။

“အရှင့်သား အမှုလိုက်နေတာဆိုရင် ဘာလို့ ဒီထက်ပိုပြီး လူတွေ ခေါ်မလာတာလဲ။ အရှင့်သား ဒီလိုမျိုး ခိုးကြိုးခိုးဝှက် လုပ်နေလို့ကတော့ အကြောင်းမသိတဲ့သူတွေက အပျော်ရှာဖို့ ရောက်လာတယ်ပဲ ထင်ကြမှာ။ ရှဲ့သခင်မလေးသာ ကောလဟာလတွေ ကြားသွားရင် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ” မုန့်ကျိဖန်က ထပ်ပြီး တတွတ်တွတ် ပြောပြန်သည်။

ရှဲ့သခင်မလေး…

သူမက မိန်းမကောင်းတစ်ယောက်ဟု မုန့်ကျိဖန် ထင်မိသည်။

တော်ဝင်ကျောင်းတော်၌ သူမနှင့် အကြိမ်ပေါင်းများစွာ အပေးအယူလုပ်ဖူးသည်။ သူမလို စိတ်ဝင်စားဖို့ ကောင်းတဲ့လူမျိုးကို သူ့ဘဝမှာ ပထမဆုံး အကြိမ် တွေ့ခဲ့ရတာပင်။

သူမက ပျော့ဆိပျောဖပ်နှင့် ချူချာပုံပေါက်သော်လည်း သတ္တိရှိသည်။ သူ့ကို ကြောက်လန့်ခြင်း မရှိ။ တခြားသူတွေနဲ့ အပေးအယူလုပ်တဲ့အခါတိုင်း သူမကသာ အနိုင်ရခဲ့သည်။

သူမက အလွန် အင်အားကြီးလှ၏။

သူမလို ချူချာတဲ့ မိန်းကလေးတစ်ယောက်က မုန့်မိသားစုနဲ့ လက်ထပ်လိုက်ရင် ခံစားရမယ်ဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ပါက သူ ရှဲ့မိသားစုဆီ လူလွှတ်ပြီး လက်ထပ်ခွင့် တောင်းခိုင်းနေပြီးလောက်ပြီ။

ကျောက်ရွှမ်ကျင်းက မလှုပ်မယှက်နှင့်သာ ရပ်နေပြီး သူ့ကို ကြည့်နေ၏။

“မင်း စကား‌မပြောခင် ဦးနှောက်လေး ဘာလေးနဲ့ စဉ်းစား”

မုန့်ကျိဖန် မှင်တက်သွားရသည်။

သူ ဘာပြောလိုက်တာလဲ။ သူ အမှန်တရားကို ရှာတွေ့ဖို့ ‌တော်တော်လေး နှိမ့်ချထားတာမဟုတ်လား။

“အရှင့်သားက ရှဲ့ချောင်ကို သိပ်မတွေ့ဘူးတော့ ဒီအကြောင်းကို သိမှာမဟုတ်ဘူး။ အဲ့မိန်းကလေးက ပန်းပွင့်တစ်ပွင့်လို နူးညံ့တဲ့သူ။ သူ့ရဲ့  သက်တမ်းက တိုတယ်ဆိုပြီး လူတိုင်းက ပြောနေကြတာ။ သူ လျှောက်ပြီး ထင်ချင်ရာထင်မိနေမှာ ကျွန်တော် စိတ်ပူလို့ပါ” မုန့်ကျိဖန်က သွယ်ဝိုက်မနေဘဲ ပြောလိုက်၏။

သူ စကားပြောပြီးသွားသည့်အခါ အိမ်ရှေ့စံ၏ အမူအရာက ပိုပြီး အေးစက်လာတာကို ခံစားမိလိုက်သည်။

“ကျွန်တော်က ဒီအတိုင်း စကားအ‌ဖြစ် ပြောလိုက်တာပါ။ အရှင့်သား၊ အတည်တော့မထင်ဘူးမလား။ ကျွန်တော်နဲ့ ရှဲ့သခင်မလေးက သိပ်ပြီးမရင်းနှီး….”

မှားသွားကြောင်း ဝန်ခံလိုက်ပြီးတဲ့အခါမှသာ အိမ်ရှေ့စံက သူ့အား အထင်သေးဟန်ဖြင့် အကြည့်က လျှော့သွားတော့သည်။ “ကိုယ်တော့်ရဲ့ လူအကြောင်းကို သိပ်မတွေးနဲ့။ သူ့အကြောင်း အရမ်းတွေးမိရင် မင်းကံဆိုးသွားမှာ စိုးတယ်”

မုန့်ကျိဖန် ‌‌ဒေါသထွက်သွား၏။

သို့သော် အနှီပုဂ္ဂိုလ်အား ရန်သွားစလို့ မရတာကြောင့် သူသည်းခံလိုက်ရုံသာ ရှိသည်။

သူ့စိတ်ထဲမှာတော့ ဆဲဆိုကျိန်ဆဲနေလေပြီ။

သူ အရှက်မရှိ ဆက်လိုက်နေသေးသော်လည်း ခြေလှမ်းအနည်းငယ် အရောက်၌ ကျိုးဝေ့ကျုံး၏ တားဆီးခြင်းကို ခံလိုက်ရသည်။ အိမ်ရှေ့

စံမင်းသား စားသောက်ဆိုင်ထဲသို့ဝင်သွားသည်အား မြင်၍ သူ ဟိုဟိုဒီဒီ ကြည့်လိုက်၏။ စားသောက်ဆိုင်ရဲ့ ဒုတိယထပ်သို့ပင် ပြေးသွားပြီး ပြတင်းပေါက်ကနေ ကြည့်လိုက်ရာ…

အိမ်ရှေ့စံမင်းသားက အမျိုးသမီး တာအိုဆရာတစ်ယောက်နဲ့ ထိုင်နေတာကို တွေ့လိုက်ရလေသည်။

သူမက.. သူ့အဖေပြောတဲ့ စုန်းမမော့ဆိုတာများလား ?

•••••

All Chapters