အနုနည်းနှင့် မရ၍ အကြမ်းနည်း သုံးခြင်း
Vol. 35 Ch. 663
ရှဲ့ချောင်ဟာ အခုဆိုလျှင် ပိုပြီးတောင် သနားစရာကောင်းသွားလောက်သည်ဟု မုန့်ကျိဖန် ထင်မိ၏။
တစ်ခါတုန်းက ရုတ်ရုတ်သဲသဲ အခြေနေတစ်ခု ဖြစ်သွားသေး၏။ အိမ်ရှေ့စံမင်းသားသည် သူ့ထက် အသက်ဆယ်နှစ်လောက်ကြီးတဲ့ တာအိုဆရာမတစ်ယောက်ကို ကြင်ရာတော်အဖြစ် လက်ထပ်ချင်နေသည်ဟု လူတိုင်း ပြောကြသည်။ နောက်တော့ ရုတ်တရက်ကြီး ရှဲ့ချောင် ဖြစ်သွားခဲ့သည်။ ထိုအချိန်က အိမ်ရှေ့စံမင်းသားဟာ ရှဲ့ချောင်ကို ဟန်ပြရွေးချယ်ခဲ့တယ်လို့တောင် သူ ထင်ခဲ့မိသေးသည်။
မျှော်လင့်ထားသလိုပင် ရှဲ့ချောင်ဟာ အိမ်ရှေ့စံအတွက် ဘာမှမဟုတ်ခဲ့။
သူက တကယ်ကို နတ်ဆိုးတစ်ကောင်ပင်။
မုန်ကျိဖန်မှာ နည်းနည်းတောင် ဘဝင်မကျဖြစ်သွားရသည်။
အိမ်ရှေ့စံရဲ့ အကြိုက်က ဆိုးရွားလိုက်တာ
ရှဲ့ချောင်က…. နည်းနည်းအားနည်းတဲ့သူတစ်ယောက်ဆိုပေမဲ့၊ သူက တော်တော်လေး ကြည့်ကောင်းတယ် မဟုတ်လား။ သူ့ရဲ့ အနာဂတ် ဝမ်းကွဲလောင်း သုန့်ရှီးယွင်ထက်တောင်ကြည့်ကောင်းသေးတယ်။သူမလို နူးနူးညံ့ညံ့ မိန်းမပျိူလေးနဲ့ ယှဉ်ရင် အဲဒီ အသက်ကြီးကြီး ကြမ်းတမ်းတဲ့ စုန်းမက ဘယ်နေရာမှာများ ကောင်းနေလို့လဲ။
တကယ်တမ်း သူလည်း ရှဲ့ချောင်နှင့် အဆက်
အဆံရှိလှတာတော့ မဟုတ်။ ထိုသခင်မလေးရဲ့ မြင်းတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ အရည်အချင်းက အတော်လေး ကောင်းသည်ဟု တွေးမိ၍သာ….
ထိုစဉ် ရှဲ့ချောင်ကတော့ ကောင်းကင်ကြီးကို မော့ကြည့်နေ၏…
မကောင်းဆိုးဝါးဝိဉာဉ်ဟာ အလွန်ကို မကျေမနပ်ဖြစ်နေသည်။သူက ဒေါသတကြီးနှင့် “ အဲ့ မိန်းကလေးတွေ ငါ့ကို မမြင်နိုင်တာထားပါတော့၊ ဒါပေမဲ့ သူ့ကိုပဲ ကြည့်နေစရာ လိုလို့လား၊ လက်ခံနိုင်စရာ အကြောင်းကို မရှိဘူး။ မင်းတို့က ငါ့ငွေတွေကိုပါ အကုန် သုံးပစ်လိုက်သေးတယ်။ ငါနဲ့အတူ ဆောင်ကြာမြိုင်ကို ထပ်သွားရမယ်”
“လက်မခံနိုင်ဘူးဟုတ်လား” ရှဲ့ချောင်ရဲ့ အသံဟာ အေးစက်သွားကာ “ထပ်ပြောကြည့်ပါဦး”
မကောင်းဆိုးဝါးဝိဉာဉ် မကျေမနပ်ဖြစ်သွား၏။
အနှီ အမျိုးသားနှစ်ယောက်က ဖမ်စားနိုင်လွန်းသည်။ ထိုအမျိုးသမီးတွေရဲ့ ရူးလောက်စရာ အကြည့်တွေကို မြင်လိုက်ရသည့်အခါ သူ ဘယ်လိုတောင် အသုံးမကျလဲဆိုတာကို တွေးမိသွားခဲ့သည်။ သူ အသက်ရှင်စဉ်က သူ့ကို ဘယ်သူကမှ မကြည့်ခဲ့ကြချေ။
ရှဲ့ချောင် အဆောင်စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။ အဆောင်စာရွက်က ပြာအဖြစ်ကို လောင်ကျွမ်းသွားရာ မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ ခန္ဓာကိုယ်က ဆွဲညှစ်ထားတဲ့ အားတစ်ခု ရှိနေသလိုပင်။
ချက်ချင်းဆိုသလို မကောင်းဆိုးဝါးဝိဉာဉ်မှာ နာကျင်မှုကိုခံစားရပြီး ငိုကြွေးတော့သည်။
“အစကတော့ ဒီအညတရ ဆရာက အားမသုံးဘူးလုပ်နေတာ၊ ရှင် မသေခင် ရှင့်ငွေတွေအကုန် မသုံးခဲ့ရတာ စိတ်မကောင်းစရာကောင်းတယ်လို့ ထင်မိလို့၊ အဲ့ဒါကို ငါ့ကိုလာပြီး အခွင့်အရေးမယူနဲ့” ရှဲ့ချောင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ကျွ-ကျွန်တော် အခွင့်အရေး ယူတာ မဟုတ်ရပါဘူး.. ဆ-ဆရာ အသက်ချမ်းသာပေးပါ” မကောင်းဆိုးဝါးဝိဉာဉ်ဟာ သတ္တိကြောင်သူ တစ်ယောက် ဖြစ်ရာ ချက်ချင်းကို ဒူးထောက် တောင်းပန်တော့သည်။
“ဒါဆို အခု ရှင့်ကို ဒီလိုလုပ်ခိုင်းတာ ဘယ်သူလဲဆိုတာ ပြော” ရှဲ့ချောင်သည် မတ်မတ်ထိုင်နေကာ အင်မတန်ကို လေးနက်တည်ကြည်လှသည်။
မကောင်းဆိုးဝါးဝိဉာဉ်ခမျာ ဘယ်လိုလုပ် သူမစကားကို နားမထောင်ရဲဘဲ နေမည်နည်း။
“ကျွန်တော်လည်း သေချာမသိဘူး… အစ်ကိုလဲ့က ကျွန်တော်တို့ကို ရှာပြီး အလုပ်ပြီးတာနဲ့ တန်းပြေးသွားတာ၊ တစ်ယောက်ကို ငွေစ တစ်ရာစီ ရကြတယ်။ သူက ဆံထိုးတစ်ချောင်းနဲ့ လက်ကိုင်ပုဝါ တစ်ထည်ကို ခိုးလာပေမဲ့ ကျွန်တော့်ကို ပေးခဲ့တာ..”
၎င်းက သူ့ကို သေစေခဲ့ပြီး မိန်းမပျိုရဲ့ ပိုင်ဆိုင်မှုတွေက သူနဲ့အတူ ရှိနေခဲ့သည်။ သူ ထိုပစ္စည်းတွေကို လွှတ်ပစ်လို့လည်းမရ၊ ဒါကြောင့် ဆံထိုးအား သူ့ခေါင်းမှာ ထိုးထားဖို့သာ ဆုံးဖြတ်ခဲ့သည်။
၎င်းဟာ ထူးဆန်းပြီး ကြည့်ရဆိုးလှ၏။
ရှဲ့ချောင်က ထိုအစ်ကိုလဲ့ဆိုတဲ့သူက ဘယ်သူလဲဆိုတာကို ထပ်မေးခဲ့၏။
မကောင်းဆိုးဝါးဝိဉာဉ်က အမှန်အတိုင်း ပြောပြခဲ့သည်။
“ဆရာ၊ ကျွန်တော်တို့လည်း အစကတည်းက သိရင် လုပ်ပြီးနေလောက်ပြီပေါ့၊ ဘာလို့ ဒီလောက် အများကြီး လုပ်နေမှာလဲ” ကျို့ဝေ့ကျုံး ရေရွတ်လိုက်သည်။
ရှဲ့ချောင် မျက်လွှာချထားသည်။ သူမ ဂရုစိုက်ပုံမပေါ် “ဝိဉာဉ်က မကောင်တဲ့အရာတွေ လုပ်ခဲ့တဲ့သူဆိုရင်တောင် သူ့ဆန္ဒကို ဖြည့်ဆေးပေးနေသ၍ ကျွန်မ အနေနဲ့က အကျိုးအမြတ် တစ်ချို့တော့ ရနိုင်တုန်းပဲလေ။ နောက်ပြီး ဒီ မကောင်းဆိုးဝါးဝိ
ဉာဉ်ကို ကျွန်မတို့ အမြတ်လည်း မထုတ်ခဲ့ဘူး။သူ့ကို ခြိမ်းခြောက် အကျပ်ကိုင်ပြီး လုပ်လို့ရတာ မှန်ရင်တောင် အများကြီး လုပ်မိရင် ကျွန်မတို့ရဲ့ ကုသိုလ်ကံကို ထိခိုက်စေမှာပဲ”
ဒါပေမဲ့ အခုကတော့ မတူ။ သူမ အနုနည်းနဲ့ မရ၍ အကြမ်းနည်းကို သုံးခဲ့ခြင်းသာ။
သူမက မကောင်းဆိုးဝါးဝိဉာဉ်အတွက် အများကြီး လုပ်ပေးခဲ့သည်။ သူ သူ့မအပေါ် အကြွေးတင်နေတာကိုတောင်မှ ကလန်ကဆန် လုပ်ရဲသေးသည်။
သူမ ထပ်ပြီး တိုက်ခိုက်လျှင်တောင် သူမ အပေါ် သက်ရောက်မှု လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။
အရာရာတိုင်းမှာ အကြောင်းနှင့် အကျိုးဆိုတာရှိ
သည်။ သူမရဲ့ ဘဝက အလွန်ကို အဖိုးတန်သည့် အတွက် ဘယ်လောက်ပဲ သေးငယ်တဲ့ လွှမ်းမိုးမှု ဖြစ်နေပါစေ၊ သူမ ဂရုတစိုက်နှင့် ရှောင်ရှားရလိမ့်မည်။
သူ ပြောနေတဲ့ အစ်ကိုလဲ့ဆိုသူက ဝမ်လဲ့ဟု ခေါ်တဲ့သူတစ်ယောက်ပင်။ အပေါ်ယံကြည့်လျှင်တော့ အလွန်ကို ရိုးသားတဲ့ လက်သမား တစ်ယောက် ဖြစ်သည်။
အစိုးရက သူ့ကို မရှာနိုင်တာ အံ့ဩစရာ မရှိတော့။
အုပ်ချုပ်ရေး ရုံးတော်မှ ထိုကိစ္စကို လုပ်ခဲ့တဲ့သူဟာ ကျိန်းသေပေါက် လူရမ်းကားတချို့သာ ဖြစ်လိမ့်မည်ဟု ထင်နေခဲ့သည်။ ထို့ကြောင့် သူတို့ကိုသာ မျက်စိတောက်ထောက် စောင့်ကြည့်ခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် ရုံးတော်ကို ဆင့်ခေါ်ကာ သူတို့ ထိုနေ့က ဘာလုပ်နေခဲ့သလဲဆိုတာကို
စစ်မေးခဲ့သည်။ သို့သော်၊ သူတို့ ဘာမှ မရှာတွေ့ခဲ့။
လက်သမားက ရိုးသားပုံရပြီး သင့်တော်တဲ့ အလုပ်အကိုင်ရှိနေတာကြောင့် မကောင်းဆိုးဝါးဝိဉာဉ်ဆီကသာ မသိခဲ့လျှင် သူတို့ ဘယ်လောက်ပဲ ရှာနေပါစေ၊ ရှာတွေ့နိုင်လိမ့်မည်မဟုတ်ချေ။
ဝမ်လဲ့ က လက်သမားတစ်ယောက် ဖြစ်နေရုံတင်မဟုတ် ဒီ မကောင်းဆိုးဝါးဝိဉာဉ်သည်ပင် အသက်ရှိစဉ်က အသေးစား လုပ်ငန်းတစ်ခု ရှိခဲ့သည်ဟု ယူဆရပေသည်။
•••••