← Chapters

ဒိုင်းကာ

Vol. 35 Ch. 664

ဒိုင်းကာ

Vol. 35 Ch. 664

အိမ်ရှေ့စံသည် အာဏာရှိသူတစ်ယောက် ဖြစ်လေရာ ထိုအကြောင်းကို သိရသည်နှင့် ရှဲ့ချောင်ထက်ပင် ပို၍ ဒေါသထွက်သွားသေးသည်။

ထိုလူရမ်းကားတွေက ပေါ်ပေါ်ထင်ထင်နေတတ်ပြီး လူတွေကို လိမ်လည်တတ်ရုံသာ မဟုတ် အန္တရာယ်လည်း ပေးသေးသည်။ အများစုကို တရားရုံးမှ စောင့်ကြည့်ထားသဖြင့် သူတို့ ပြစ်မှုတစ်ခု ကျူးလွန်ပြီဆိုသည်နှင့်  ဖမ်းဆီးဖို့ရာက အလွယ်လေးပင်။ သို့သော် အမှောင်ထဲမှာနေနေသည့် လူများကတော့ ထိုသို့မဟုတ်ပေ။

သူတို့က ပုန်းကွယ်တဲ့ နေရာမှာတော်ကြ၏။  မိန်းမပျိုလေးများကို ရုတ်တရက် တိုက်ခိုက်၍ ပြန်ပေးဆွဲတတ်ကြကာ သူမတို့၏ ဂုဏ်သတင်းကိုတောင် ဖျက်ဆီးပစ်တတ်ကြသည်။

သူတို့ရဲ့ အတွေးတွေက ပိုပြီး ယုတ်မာရက်စက်သည်။ သူတို့က အမှားအကြီးကြီး လုပ်ထားလျှင်

တောင် ကံသီပြီး လွတ်မြောက်တတ်ကြသည်။ အပေါ်ယံအားဖြင့်တော့၊ ပြည်သူကောင်းများ ဖြစ်နေလျက်….

“ကျန်တဲ့ အပိုင်းကို တခြားသူတွေကို စစ်ဆေးခိုင်းလိုက်မယ်” ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင် အတွက် စိတ်မကောင်း ဖြစ်မိသွားသည်။

သူမ အနေနဲ့ အခု ချိန်ထိ ရှင်သန်နိုင်ဖို့ အတွက်  မကောင်းဆိုးဝါးဝိဉာဉ် ဘယ်နှကောင်ကို ခယခဲ့ရမလဲ မသိ။

ရှဲ့ချောင် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

နောက်ကျနေပြီဖြစ်တာကြောင့် သူမ ကျောက်ရွှမ်ကျင်းနှင့် လမ်းခွဲခဲ့သည်။

တစ်ဖက်တွင်တော့ ထိုမြင်ကွင်းက မြင်လိုက်ရသည့် မုန့်ကျိဖန်က ထူးဆန်းသလို ခံစားနေရ၏။

အိမ်ရှေ့စံနဲ့  စုန်းမမော့ရဲ့ ဆက်ဆံရေးက ဘာတွေလဲ။ ရှဲ့မိသားစုက သခင်မလေးကို အိမ်ရှေ့စံမင်းသားက ဒိုင်းတစ်ခုအနေနဲ့ အသုံးချနေတာလား ?

အဲ့လိုဆိုရင်တော့ အိမ်ရှေ့စံက မကောင်းတဲ့သူတစ်‌ယောက်ပဲ၊၊ သခင်မလေးရဲ့ အသက်ကတိုပါတယ်ဆို သူက ဒီလိုမျိုး အနိုင်ကျင့်သေးတယ်၊ သူ့ထက်တောင် ဆိုးရွားသေးတယ်! 

သို့သော် မုန့်ကျိဖန်ခမျာ အလိုမကျ ဖြစ်နေသည့်တိုင် သူ့ကို ဆန့်ကျင်မိမယ့် စကားတစ်ခွန်းမှ မပြောရဲတာကြောင့် သည်းခံနေလိုက်ရသည်။

နောက်တစ်နေ့၌၊ မျက်နှာထက်တွင် အပြုံးတစ်ခုနှင့် ကျောင်းတော်ကို ဝင်လာသည့် ရှဲ့ချောင်ကို တွေ့လိုက်ရသည့်အခါ သူ့နှုတ်ခမ်းတို့ တွ့န့်ကွေးသွား၏။

“ဘယ်လိုတောင် ရူးမိုက်လိုက်လဲ”

“ ဘာကို ရူးမိုက်တာလဲ” သူ့ဘေးနားက လူက မနေနိုင်ဘဲ မေးလိုက်သည်။

မုန့်ကျိဖန် သက်ပြင်းချ၍ ခဏလောက် စဉ်းစားနေ၏။ ထို့နောက် သူ ထိုင်နေရာကနေ ထကာ သူ့လက်ကို ဖုန်သုတ်လိုက်ပြီးနောက် ရှဲ့ချောင်ဆီ လျှောက်သွားခဲ့သည်။

မုန့်ကျိဖန် ရှဲ့ချောင်အား တားလိုက်၏။

ရှဲ့ချောင် သူမရှေ့မှာ ပါးလွှာသည့်နံရံတစ်ခုပေါ်လာသည့်အတွက် အနည်းငယ် ပဟေဠိဖြစ်သွားရသည်။

“ရှဲ့ချောင် မင်း ဘယ်လောက် အသက်ရှင်နိုင်မှာလဲ” 

မုန့်ကျိဖန် မေးလိုက်၏။

မုန့်ကျိဖန် လွန်သွားပြီဟု လူအများ တွေးမိသွားကြသည်။

ရှဲ့ချောင်က အသက်ရှည်ရှည် မနေရသည့်အတွက် အတော်လေး ဝမ်းနည်းနေပေလောက်မည်။ အဲဒါကိုတောင် သူက တမင်သက်သက်ရန်သွားစနေသေးသည်။ သူမကို

ဒေါသထွက်အောင် လုပ်နေတာ မဟုတ်ဘူးလား?!

“ဘာဖြစ်လို့လဲ” ရှဲ့ချောင်က‌တော့ ဂရုမစိုက်ဟန်ဖြင့်။

သူမ မုန့်ကျိဖန်၏ စကားတစ်ခွန်းလေးကိုတောင် သည်းမခံနိုင်လျှင် သူမ ဒေါသထွက်ပြီး သေနေလောက်လေပြီ။

သူမရဲ့ အဖေရင်းနဲ့ အစ်ကိုတွေကရော လူရှုပ်တွေ မဟုတ်လား။

“မင်းက အသက်ရှည်ရှည်နေရမှာမဟုတ်တာ၊ ဘာလို့ ကြင်ရာတော်မင်းသမီး ဖြစ်လာဖို့ကို သဘောတူနေသေးလဲ။ မင်းအဖေက မင်းအတွက် နန်းတော်ထဲမှာ မရှင်းပြပေးဘူးလား”  မုန့်ကျိဖန်ရဲ့ ပုံစံက ရှဲ့ချောင်ကို စကားပြောလိုစိတ်

မရှိသည့် ပုံဖြင့်။

အနည်းငယ် ထူးဆန်းပြီး ကိုးယို့ကားယား နိုင်လှသည်။

ရှဲ့ချောင် ခေါင်းခြောက်သွားပုံရသည်။

သို့သော်လည်း မု့န်ကျိဖန်ရဲ့ အမြင်မှာတော့  သူမက ကူကယ်ရာမဲ့နေပုံပေါ်လေသည်။

မှန်တော့ မှန်သည်။ ရှဲ့မိသားစုဟာ ဘယ်တုန်းကမှနာမည်ကောင်း မရှာနိုင်ခဲ့။ အခုနောက်ဆုံးတော့ သူမက ကြင်ရာတော် မင်းသမီးတစ်ပါး ဖြစ်လာနိုင်လေပြီ ဖြစ်ရာ ဓားပြတွေက ဒီလို အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခံနိုင်မည်လား။

“ ငါ မင်းကို အကြံတစ်ခုပေးမယ်” မုန့်ကျိဖန်က ဆိုသည်။ “မင်းမှာ ပြင်းထန်တဲ့ရောဂါတစ်ခုရှိတယ်မလား၊ အိမ်ပြန်ပြီး နေမကောင်းချင်ယောင် ဆောင်နေလိုက်။ မင်းသာ သေခါနီဖြစ်နေရင် အိမ်ရှေ့စံမင်းသား မင်းကို လက်ထပ်တော့မှမဟုတ်ဘူး၊ဟုတ်တယ်မလား”

ရှဲ့ချောင် ပိုပြီး ဇဝေဇဝါ ဖြစ်သွားရသည်။

“အဲဒါ နင်နဲ့ ဘာဆိုင်လို့လဲ”

သူမရဲ့လေသံက တုံးတိဖြစ်နေလေကာ သူမ တကယ်ကို နားမလည်နိုင်ခဲ့ချေ။

“မင်း-မင်း ဘာလို့ ကိုယ့်အတွက် ဘယ်ဟာက ကောင်းလဲဆိုတာ မသိရတာလဲ! “ မုန့်ကျိဖန်မှာ ရုတ်တရက် စော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ ရှဲ့ချောင်ကို စိုက်ကြည့်ကာ ခနဲ့လိုက်

သည်။ “မင်းကလေ အလိမ်ခံရဖို့ပဲတန်တယ်”

ပြောဆိုပြီးသည်နှင့် ဒေါသထွက်ပြီး ထွက်သွားတော့သည်။

ရှဲ့ချောင်ခမျာ ပြောစရာစကားပင် ပျောက်ဆုံးသွားရလေသည်။

မုန့်ကျိဖန် ဘာတွေလုပ်နေတာလဲ ? သေသေချာချာလေး ရှင်းပြလို့မရဘူးလား ?

သူမ အလိမ်ခံလိုက်ရတာလား၊ ဘယ်တုန်းက ဖြစ်သွားတာလဲ  သူမ ဘာလို့ မသိရတာလဲ ?!

သို့သော် မုန့်ကျိဖန်ဆိုသည်မှာ အပြောင်းအလဲလွယ်တဲ့ သူတစ်ယောက်။ အရင်ကတောင် သူမနဲ့ ‌ရှားယာ့ယွင်ကြားမှာ အလောင်းအစားလုပ်ဖို့ ငွေ

အပုံလိုက် ကမ်းလှမ်းခဲ့သေးတာ၊ သူက အမြဲတမ်း ထူးဆန်းတဲ့ သူတစ်ယောက်ဖြစ်နေတာ အသိသာကြီး။ 

သူမ အနေနဲ့ ၎င်းကို ကျင့်သားရဖို့သာ လိုသည်။

•••••

All Chapters