လှုံ့ဆော်မှု
Vol. 35 Ch. 665
မုန့်ကျိဖန် ပြောသွားသည့်စကားများအား ရှဲ့ချောင် စိတ်ထဲမထားခဲ့။
မုန့်ကျိဖန်ကတော့ အင်မတန် ဒေါသထွက်နေလေ
သည်။
ကျောက်ရွှမ်ကျင်းသည် မနေ့ညက ကတည်းက ဝမ်လဲ့နဲ့ တခြားသူများအား လူလွှတ်ပြီး ဖမ်းခိုင်းခဲ့ပြီးဖြစ်ကာ မှုခင်းစီရင်ရေး ရုံးတော်ရှိ မှုခင်းအရာရှိဆီ လွှဲပြောင်းပေးခဲ့သည်။ တစ်ညတာ ညှင်းပန်း နှိပ်စက်ပြီးတဲ့နောက် ကိစ္စပေါင်းများစွာ ဖော်ထုတ်နိုင်လိုက်လေသည်။
ထိုဝမ်လဲ့ ဆိုသူသည် အမှန်တကယ်ပင် လက်သမားတစ်ယောက်ဖြစ်ကာ သူ၏ လက်ရာများသည်လည်း သိပ်ပြီးမဆိုးလှ။ လွန်ခဲ့သည့် နှစ် အနည်းငယ်လောက်က၊ သူသည် ကံကောင်းပြီး အိမ်တော်ကြီးတစ်ခုမှာ အလုပ်လုပ်ခွင့်ရခဲ့၏။ ရလဒ်အနေဖြင့် အစေခံများ၊ အစောင့်များနှင့် အိမ်တော်ထိန်းများ အထိပါ သိကျွမ်းခဲ့သည်။ အဲဒီနောက်မှာတော့ မရိုးဖြောင့်တဲ့ အကြံတစ်ခု ဝင်လာခဲ့လေသည်။
သူက အလုပ်လက်မဲ့ဖြစ်နေပြီး ဘဝမှာ ဖြစ်ဖြစ်မြောက်မြောက် ဘာမှ သိပ်မလုပ်နိုင်သည့်သူတချို့ကို အထူးတလည် ရှာဖွေခဲ့သည်။ သူတို့နှင့် ပြောဆိုဆက်ဆံပြီး ‘ကောင်းသည့်အရာများ’ လုပ်ဖို့ကို သင်ပြပေးလေ၏ !
တကယ်တော့ ၎င်းမှာ အပြင်ပန်းသာ။ ထိုလူတွေက သူ့ဆီကနေ လက်သမား ပညာကို သင်ယူနေတယ် ထင်ရသော်ငြား အမှန်မှာ သူနှင့်အတူ ကလိမ်ကကျစ်ကျသည့် အလုပ်များအား လုပ်နေခဲ့တာပင်။
ထိုသို့သော အရည်အချင်းဖြင့် ဝမ်လဲ့သည် ငွေအမြောက်အမြား ရှာနိုင်ရုံသာ မက၊ ရွာထဲက သူ့ဂုဏ်သတင်းဟာလည်း ကောင်းမွန်ခဲ့လေသည်။
လူတိုင်းထင်ကြသည်က ထိုလူဟာ ရိုးသားသည်
ဟု။ သူဟာ ရိုးသားရုံတင်မက အခြားသူတွေကိုပါ လမ်းညွှန်ပေးသူဖြစ်၏။ သူ့မိသားစု၊ မိတ်ဆွေတွေတင်မက တစ်ရွာလုံးကပါ သူနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေလိမ့်မယ်လို့ မထင်ခဲ့ကြချေ။
ထိုလူဟာ အဖမ်းခံရပြီးသည့်နောက် ပြစ်မှုတချို့ကို ကျူးလွန်းခဲ့ကြောင်း ဝန်ခံခဲ့သည်။
အမှုအများစုက လူကုံထံမိသားစုများနှင့် ပတ်သက်နေသည်။
အများစုက ကုန်သည်များ ဖြစ်ကြ၏။ ဥပမာအားဖြင့်၊ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ကုန်သည်တစ်ယောက်။ အကြီးဆုံးသားနှင့် ဒုတိယသားတို့က မိသားစု စည်းစိမ်တွေ အတွက် တိုက်ခိုက်နေတဲ့ အခါမျိုး၌၊ ဒုတိယသားက အနိုင်မရနိုင်ဘူးဟု ထင်လာလျှင် ဝမ်လဲ့ကို ဖိတ်ပြီး မတော်တဆမှုတစ်ခုဖြစ်အောင် ခွင်ဆင်
ခိုင်းသည်။
အခြားမိသားစုတစ်ခုကျပြန်တော့ တရားဝင်ဇနီးနှင့် ကိုယ်လုပ်တော်ကြားက ရန်ပွဲ။ ဇနီးသည်က ကိုယ်လုပ်တော်ဟာ ကလူမြူစွယ်တတ်သူဖြစ်ပြီး မိသားစုဒုက္ခရောက်အောင် သူ့ယောက်ျားကို ဖြားယောင်တယ်ဟု ထင်ကာ ထိုကိုယ်လုပ်တော်ကို ဖမ်းပြီး ရောင်းစားပစ်ဖို့ ဝမ်လဲ့ကို ခိုင်းခဲ့သည်။
သူသည် ကိစ္စများကို ကိုင်တွယ်ရာ၌ အမြဲတမ်း သတိထားပြီး လုပ်တတ်သည်။
ပုံမှန်အားဖြင့် သူ၏တာဝန်မှာ လူဖမ်းပေးဖို့သာ။ အန္တာရာယ်ရှိတဲ့ အရာမျိုး လုပ်ရမည်ဆိုလျှင် သူနှင့်အတူ လူအမြောက်အများ ခေါ်သွားလေ့ရှိသည်။
ပြောရမည်ဆိုလျှင် ထိုးကျွေးခံ လူတစ်ယောက်က ရှိတတ်စမြဲ။
ရွှေဆံထိုးနှင့်အတူ သေဆုံးခဲ့သည့် ကြံရာပါနှင့် ရှဲ့ဖင်းကန်းကြောင့် ကြောက်လန့်သွားသူမှာ တကယ်တော့ ထိုးကျွေးခံလူများပင်။
ဝမ်လဲ့က သေပြီးသားလူတွေက စကားမပြောနိုင်လောက်ဘူးဟု ထင်နေခဲ့ရုံသာ။
ထိုနေ့ညက ရှဲ့ချောင် သူမ အစ်ကိုကြီးအား အမှုအကြောင်း မေးခဲ့သည်။
“အဲဒီ ဝမ်လဲ့ပြောတာတော့ သူကို ငှားခဲ့တဲ့သူက သု့န်မိသားစုက အဒေါ်တဲ့” ရှဲ့ဖင်းကန်းက သူမကို ထိုအမှုအကြောင်း ဆရာမမော့ ပြောပြခဲ့တာဖြစ်မည်ဟုသာ ထင်ပြီး များများစားစား မတွေးခဲ့။သူ စားနေရင်းနှင့် ရှဲ့ချောင်အား ရှင်းပြသည်။
“အခု သူ သုန့်မိသားစုကို သွားပြီး အဲဒီ အဒေါ်ကို ဖမ်းပြီးသွားပြီ။ အခု သူလည်း အကျဉ်းထောင်ထဲမှာ။ တစ်ညလောက် ခြိမ်းခြောက်လိုက်ရင်တော့ မနက်ဖြန် အမှန်အတိုင်း ပြောလာလောက်တယ်….”
“အဒေါ်တစ်ယောက်” ရှဲ့ချောင် ခဏမျှ စဉ်းစားကြည့်၍ “ သူတို့ နာမည်တွေကိုရော သိလား”
“သူ့မျိုးရိုးနာမည်ကတော့ရှားပဲ… သူ့မိဘတွေရဲ့ အဆင့်အတန်းကလည်း နိမ့်တဲ့ထဲမပါဘူး။ ပြီးတော့ ငယ်လည်း ငယ်သေးတယ်” ရှဲ့ဖင်းကန်းက ဘာမှ မဖုံးကွယ်ထားခဲ့။
ထိုစကားကြောင့် ရှဲ့ချောင် ဘယ်သူလဲဆိုတာကို သိလိုက်သည်။
သူမ သုန့်မိသားစုရဲ့ အဒေါ်နှစ်ယောက်ကို သိသည်။
တစ်ယောက်က သုန့်ရှီးယွင်ရဲ့ အဒေါ်အရင်း၊ သူမကို စောင့်ရှောက်ပေးဖို့ အတွက် အိမ်တော်ကို ဝင်လာခဲ့တဲ့သူ ဖြစ်၍ နောက်တစ်ယောက်ကတော့ သုန့်ရှီးယွင်နှင့် အလွန်ဆက်ဆံရေးကောင်းသည့် ရှားယာ့ယွင်ပင်။
ဒီကိစ္စကသာ ရှားယာ့ယွင်နဲ့ ပတ်သက်နေမယ်ဆိုရင်…
သုန့်ရှီးယွင်နှင့်လည်း ပို၍ သက်ဆိုင်နေမည်ဆိုတာ ရှဲ့ချောင် သေချာသလောက်ရှိသည်။
သူမ ရှားယာ့ယွင်နှင့် အကြိမ်ပေါင်းများစွာ အပေးအယူလုပ်ဖူးသည်။ သူမသည် ရူးမိုက်သူ
တစ်ယောက်ဖြစ်ကာ သုန့်ရှီးယွင်က သူမကို စိတ်လွတ်သွားအောင် လုပ်ဖူးသည်။
သူမသည် နဂိုက ချမ်းသာပြီး မြင့်မြတ်တဲ့ သူတစ်ယောက်ဖြစ်ခဲ့သော်လည်း အခုတော့ အရာရာ ပြောင်းလဲသွားခဲ့လေပြီ။
ရှဲ့ချောင် သက်ပြင်းချလိုက်မိသည်။
“သူ့ကိုသိလို့လား” ရှဲ့ချောင်ရဲ့ တုံ့ပြန်ပုံကို သတိထားမိပြီး ရှဲ့ဖင်းကန်း မေးလိုက်သည်။
“သိတယ်၊ အဲ့သခင်မလေးက ညီမလေးနဲ့ အရင်က အလောင်းအစား လုပ်ခဲ့ဖူးတယ်။ သူက နည်းနည်း ယုတ်မာတယ်ဆိုပေမဲ့ သူ့ရဲ့ အမုန်းတရားတွေက နားလည်ရခက်တယ်။ တခြားသူတွေရဲ့ သွေးထိုးတာကို လွယ်လွယ် ခံရနိုင်တဲ့သူတစ်ယောက်ပဲ”
“သူ တိုက်တွန်းခံရတယ်ဆိုတဲ့ဖြစ်နိုင်ချေ မြင့်တယ်။ အစ်ကိုကြီလည်း စစ်ဆေးကြည့်ပြီးသွားပြီ။ အဲ့ဒီ ဒေါ်လေးရှား ဆိုတဲ့သူက သခင်မလေး ယွမ်နဲ့ သိပ်ပြီး အဆက်အဆံ မရှိဘူး။ သုန့်မိသားစုရဲ့ အကြီးဆုံးသမီးကမှ အဲ့လိုလုပ်ရတဲ့ အကြောင်းအရင်း ပိုရှိနေသေးတယ်”
အခုမှ သူ သုန့်ရှီးယွင်ကို မှတ်မိသွား၏။
ဒေါ်လေးရှားသာ အမှန်အတိုင်း ထုတ်ပြောဖို့ ဆန္ဒရှိနေသ၍ သူမကို အချိန်မရွေး ဖမ်းဆီးလို့ရသည်။တွေးကြည့်ရုံနဲ့တင် သူ စိတ်လှုပ်ရှားနေလေသည်။
•••••