ကျောက်စိမ်းကဲ့သို့ စင်ကြယ်သော
Vol. 35 Ch. 666
ရှဲ့ချောင် အတော်လေး သိချင်နေမိတာကြောင့် မနက်ဖြန် နေ့လည် သွားကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအချိန် ရှားယာ့ယွင်မှာ မှုခင်း စီရင်ရေး ရုံးတော်ရှိ အကျဉ်းထောင်ထဲတွင် ပိတ်ခံထားရသည်။ သူမ အကြောက်လွန်ပြီး အသိစိတ်ပင် ပျောက်လုနီးပါး ဖြစ်နေလေ၏။ သူမရဲ့ မျက်နှာမှာ ဖြူဖျော့လို့နေကာ တစ်စုံတစ်ယောက် လာကယ်မှာကို စောင့်မျှော််နေသည်။
“အဖေ၊ အမေ…” သူမ ကျိန်းသေပေါက် အိမ်ပြန်ရမယ်! အိမ်ပြန်ရမယ်!
သို့သော် သူမ မေ့နေသည်က သူမ သုန့်မိသားစုထဲကို ဝင်ပြီး ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာကတည်းက သူမသည် ပြောစကားနားမထောင်ဘဲ သုန့်ရှီးယွင်နှင့် ဆက်၍ ရင်းနှီးနေခဲ့သဖြင့် သူမ အမေမိသားစုဘက်က သူတို့ဆီ ပြန်လာဖို့ ခွင့်မပြုလုနီးနီး ဖြစ်ခဲ့သည်ဆိုတာပင်။
အခု သူတို့ ဒီအကြောင်းကို သိရပြန်တော့လည်း ရှားမိသားစုက သူမ အတွက် စိတ်မကောင်းဖြစ်ပေမဲ့ သူမကို ကယ်ပေးဖို့တော့ မလုပ်ခဲ့ကြ။
သူတို့ သမီးအတွက် လုပ်ပေးနိုင်တာ တစ်ခုမှ မရှိခဲ့။
မိဘတွေအနေနဲ့ သုန့်ရှီးယွင်ဟာ တစ်ခုခုလွဲနေတဲ့သူတစ်ယောက်ဆိုတာ အစောကြီးကတည်းက သတိထားမိခဲ့သည်။ သူတို့သမီး သူမနဲ့ အတူတူ ရှိတဲ့အချိန်တိုင်း ဘာတစ်ခုမှ ကောင်းတာ ဖြစ်မလာ
ခဲ့။ သို့သော် ဒီကလေးကတော့ သူတို့စကားကို နားမထောင်ခဲ့ချေ။ အခြေအနေတွေက အခုလို ဖြစ်သွားမှတော့ သူတို့ ဘာလုပ်လို့ ရတော့မှာလဲ။ ?
မိသားစုထဲက တခြားကလေးတွေကိုလည်း မပတ်သက်စေချင်ဘူး !
“သခင်မလေး ဒါက မင်းရဲ့ ထွက်ဆိုချက်လား” ရှဲ့ဖင်းကန်းသည် စာရွက်တစ်ရွက်အား ဆွဲယူကာ ခက်ထန်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
“အဲဒီ ယွမ်သခင်မလေးက မင်းကို လှောင်ပြောင် သရော်တဲ့အတွက် အခုလို လုပ်ခဲ့တာပေါ့”
ရှားယာ့ယွင်သည် ဘောလုံးတစ်လုံးပမာ ကွေးနေလျက် “အဲဒါ ငါ့အပြစ်မဟုတ်ဘူး၊ သူက ငါ့နောက်ကွယ်မှာ သွားပုပ်လေလွင့် လျှောက်ပြောနေလို့”
သူတို့ နှစ်ယောက်စလုံးက ကိုယ်လုပ်တော် တွေ ဖြစ်ကြပြီး အဆင့်တန်းက အတူတူပင် !
အဲဒီ ယွမ်လင်းယင်က သူမကို ဘက်ပေါင်းစုံကနေ အထင်သေးခဲ့တာ !
သူမဝတ်တဲ့ အဝတ်အစားတွေက ဈေးပေါပြီး ဝယ်ယူရောင်းချခံရတဲ့ ဈေးပေါပေါ ကိုယ်လုပ်တော် တွေနဲ့ မကွာဘူးဟု သူမ နောက်ကွယ်မှာ ပြောသည်။
ရှီးယွင်က သူမကို အစက ပိတ်စတစ်စပေးချင်တယ်ဟု ဆိုခဲ့သော်လည်း အဲဒီ မကောင်းတဲ့ဟာမက သူ့ကို အဲဒီ အဝတ်အစားတွေနဲ့ မတန်ဘူးဟု ဆိုပြန်သည်။ အဲဒီလို အိစက်ညက်ညောတဲ့ ပိတ်စတွေကို ဖျက်ဆီးရာရောက်သည်ဟု ပြော၏။
ယွမ်လင်းယင်သည် သုန့်အိမ်တော်သို့ မကြာခဏ လာလည်လေ့ရှိသည်။
သူတို့က သက်တူရွယ်တူတွေဆိုပြီး သူမကို နှစ်ခါတောင် ဖိတ်ခဲ့တာ !
သို့သော် ယွမ်လင်းယင်ကတော့ သူမကို ငြင်းရုံတင်မက စော်ကားမော်ကား ပြုခဲ့သည်။
သူမ ဘာလို့ သည်းခံနေမှာလဲ ?!
အဲဒီ ယွမ်လင်းယင်က ကိုယ်လုပ်တော် သမီးသာသာပဲကို သူက အရံကြင်ရာတော် အဖြစ် ပေးစားခံရမှာတဲ့လေ !
အရင်တုန်းက ရှားယာ့ယွင်လည်း ရှားမိသားစုရဲ့
အဖိုးတန် တရားဝင် သမီးတစ်ယောက်ဖြစ်ခဲ့သည်ကို !
“ဒီကိစ္စက သုန့်မိသားစုက အကြီးဆုံး သမီးနဲ့ မပတ်သက်ဘူးဆိုတာ သေချာလား” ရှဲ့ဖင်းကန်း မျက်မှောင် ကြုတ်နေ၏။
ရှားယာ့ယွင်က ခနဲ့လိုက်သည်။
“ ရှင် ဘာလုပ်မလဲ ကျွန်မ မသိဘူးမထင်နဲ့။ ဘာလဲ ယွမ်လင်းယင်က အဲ့လို ပြောလို့လား။ အစ်မသုန့်ကျတော့ တရားဝင် ကြင်ရာတော် ဖြစ်လာပြီး သူက အရံကြင်ရာတော် ဖြစ်နေလို့ မနာလိုဖြစ်နေတာလေ။ အစ်မသုန့်က ကျောက်စိမ်းတုံးတစ်တုံးလို စင်ကြယ်တဲ့သူ၊ ကျွန်မ ပြန်သွားတိုင်း သူမကို သွားပြီး မနှောင့်ယှက်မိဖို့ ပြောတတ်တယ်။သူမက ဟိုဟာမလို မယုတ်မာဘူး !”
ရှဲ့ဖင်းကန်း စိတ်ပျက်သွားသည်။
သူ အစက နောက်ထပ်တစ်ယောက်ကို ဖမ်းနိုင်တော့မယ်လို့ ထင်ထားတဲ့ဟာကို !
အမှုက ပြီးသွားခဲ့သည်။
နေ့လည်ခင်း၌ ရှဲ့ချောင်သည် မော့ချူးရှန်း အဖြစ် ရုပ်ဖျက်ကာ မှုခင်းစီရင်ရုံးသို့ ဝင်လာခဲ့သည်။
သူမသည် ယွမ်လင်းယင်၏ မွေးမိခင်အား တရားခံရှာပေးမည်ဟု ကတိပေးခဲ့သဖြင့် သူမကိုယ်တိုင် အတည်ပြုဖို့လိုပေသည်။ ကံကောင်းစွာဖြင့် အမှုကဖြေရှင်းပြီးသွားပြီဖြစ်၍ တခြားသူများ ရှားယာ့ယွင်ဆီ လာတွေ့နိုင်သည့်အတွက် သူမ ဒီနေရာကို အရှက်မဲ့စွာ လာနိုင်ခြင်းပင်။
ရှားယာ့ယွင်ကတော့ သူမ မိဘတွေလည်း မဟုတ်၊ သုန့်ရှီးယွင်လည်း မဟုတ်ဘဲ တာအိုဆရာမတစ်ပါးကိုသာ တွေ့လိုက်ရ၏။
“အမေ လွှတ်လိုက်တာလား” သူမက သတိကြီးစွာဖြင့် မေးလိုက်ကာ မျက်လုံးတွင်လည်း မျှော်လင့်ချက်များ ပြည့်လျက်။
ရှဲ့ချောင် ခေါင်းခါလိုက်သည်။
“သခင်မလေးကို မေးချင်လို့၊ ယွမ်လင်းယင်က သခင်မလေးရဲ့နောက်ကွယ်မှာ မကောင်းကြောင်းပြောတယ်ဆိုပြီး သုန့်ရှီးယွင် ပြောတာလား”
ရှားယာ့ယွင်သည် ကွေးကွေးလေး နေနေလျက်
သူမမျက်နှာကို ဒူးကြားထဲမှာ ဝှက်လို့ထားသည်။
“ဟုတ်တယ်, အစ်မ သုန့်သာ မပြောပြခဲ့ရင် ယွမ်လင်းယင်က အရှက်မရှိတဲ့သူတစ်ယောက်ဆိုတာ သိမှာ မဟုတ်ဘူး”
ရှဲ့ချောင် ဆွံ့အသွားရသည်။ “မင်းက မိုက်မဲတဲ့သူတစ်ယောက် ဖြစ်နေတာပဲ”
“ဘာပြောတယ်!” ရှားယာ့ယွင် ခေါင်းမော့လာသည်။
“ငါပြောတာက မင်းက မိုက်မဲတဲ့သူတစ်ယောက်ဖြစ်နေတာတောင် ကိုယ့်ဟာကိုယ် မသိဘူးလို့” ရှဲ့ချောင် သူမခေါင်းကို ဂေါ်ပြားတစ်လက်နှင့် ဖွင့်ပြီး ခေါင်းထဲရှိ ဖုန်းရွှေများတစ်ခုခု ဖြစ်နေသလား ကြည့်ချင်မိလာသည်။
•••••