သူမပဲ
Vol. 35 Ch. 667
ရှားယာ့ယွင်၏ မျက်လုံးများ နီရဲသွားလေ၏။
သူတို့ ယွမ်လင်းယင်ကို ဖမ်းခဲ့မယ်ဆိုရင်ရော။
အသက်ရှင်လျက် ပြန်လာနိုင်မှာလား။ ဒါဆို သူမလည်း တစ်စုံတစ်ယောက်ရဲ့ ကြင်ရာတော် ဖြစ်မလာနိုင်တော့ဘူးလေ။ အဲ့လိုဆို ပိုမကောင်းဘူးလား?
ဘာလို့ ရှားယာ့ယွင်ကပဲ အဖမ်းခံပြီးထောင်ထဲထားခံရမှာလဲ လူတွေကသူ့ကို ဆက်ပြီး အရှက်ခွဲနေဖို့ အတွက်နဲ့လေ!
ရှဲ့ချောင်၏ နားထဲသို့ ဆက်တိုက်လေတွေ မှုတ်သွင်းနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်များအပြင် အပေါ်တက်လိုက် အောက်ဆင်းလိုက် လွင့်မျောနေသည့် ဝိဉာဉ်များလည်း တစ်ပုံကြီး ရှိနေ၏။
မှုခင်းစီရင်ရေးရုံးက မသန့်စင်သော နေရာတစ်ခုသာ။
ရှားယာ့ယွင်ရဲ့ ဒေါသထွက်နေသည့် မျက်နှာကို မြင်ပြီး သူမ ခဏ တွေးကြည့်ကာ “ရှားသခင်မလေး၊ သေသေချာချာ စဉ်းစားကြည့်ပါဦးလား။ သုန့်ရှီးယွင်သာ မရှိရင်၊ နင့်ဘဝကြီးက ဘယ်လိုမျိုး ဖြစ်နေလောက်မလဲ။ ငါကြားထားတာက ၊ တော်ဝင်ကျောင်းတော်မှာတုန်းကလည်း သုန့်ရှီးယွ
င်နဲ့ ရှဲ့သခင်မလေးကြားက ရန်ပွဲကြောင့် နင်က သူနဲ့ အလောင်းအစားတောင် လုပ်ခဲ့သေးတယ်ဆို။ နောက်တော့ သုန့်ရှီးယွင်ကြောင့်ပဲ သုန့်မိသားစုမှာ ကိုယ်လုပ်တော် တစ်ယောက် မတော်တဆ ဖြစ်လာခဲ့ရတယ်။ အခုလည်း သုန့်ရှီးယွင်က မကောင်းတာ တစ်ခုခု ပြောလိုက်တာနဲ့… နင်က ယွမ်သခင်မလေးကို လုပ်ကြံခဲ့ပြန်တယ်….”
“ရှားသခင်မလေး၊ သုန့်ရှီးယွင်က နင့်ရဲ့ စိတ်လက်မာန်ပါလုပ်တတ်တာနဲ့ ရက်စက်တတ်တာကို အသုံးချပြီး တခြားသူတွေကို သူ့အစား သင်ခန်းစာ ပေးခိုင်းနေတယ်လို့ မထင်မိဘူးလား”
“အခု နင်က အကျဉ်းသားတစ်ယောက် ဖြစ်နေပေမဲ့ သူကတော့ စတုတ္ထမင်းသားရဲ့ ကြင်ရာတော် တစ်ပါး ဖြစ်နိုင်နေတုန်းပဲ။ နင်က… ယွမ်လင်းယင်ကိုတောင် ရှင်းထုတ်ပစ်လိုက်သေးတယ်။ ယွမ်သခင်မလေးက ထက်မြက်ပြီးတော့ ကြည့်ကောင်းတဲ့သူတစ်ယောက်။ ရိုးစင်းပြီးတော့ နှစ်လို
ဖွယ်လည်း ကောင်းတဲ့အပြင်ကို သူ့မိသားစုနောက်ခံကလည်း အတော်လေး ကောင်းတဲ့ထဲပါတယ်။ အဲဒါကြောင့် သူက သုန့်ရှီးယွင်အတွက်တော့ အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ”
ရှဲ့ချောင်မှာ ဘာမှ ထပ်ပြောစရာ မရှိတော့။
ဤအမှုက ပိတ်သိမ်းပြီးသွားပြီဖြစ်၍ ရှားယာ့ယွင်အနေဖြင့် သုန့်ရှီးယွင်ကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားလျှင်တောင် ဘာမှ အသုံးမဝင်တော့ပေ။
နောက်ပြီး သုန့်ရှီးယွင်က ဒီအမှုမှာ ကြားဝင်ခဲ့တာလည်း ဟုတ်မနေဘူး !
သူက ရှားယာ့ယွင်ကိုပဲ စကားလုံး တချို့ တီးတိုး ပြောခဲ့ရုံသာ !
သူမရဲ့ လက်တွေက သန့်ရှင်းနေသည်လေ!
ရှားယာ့ယွင် ကြက်သေသေသွားရသည်။
ရှဲ့ချောင် ပြောပြီးသည်နှင့် ထွက်သွားခဲ့၏။
ရှားယာ့ယွင်တစ်ယောက် နှုတ်ဆိတ်နေခဲ့သည်မှာ ရုတ်တရက် စိတ်ရောဂါသည်တစ်ယောက်လို ထပြီး မအော်ဟစ်ခင် အထိပင်။ ကံမကောင်းချင်တော့ သူမဟာ သိပ်မကြာခင်၌ အုပ်ချုပ်ရေးမှူးရုံးရှိ အမျိုးသမီး အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရတော့မည်။ သူ့မဘဝမှာ နေအလင်းရောင် မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ချေ။
ခြေလှမ်းတစ်လှမ်း မှားသွားခဲ့တဲ့အတွက် သူမရဲ့ ကျန်တဲ့ ဘဝတစ်ခုလုံးဟာ ပျက်စီးသွားခဲ့ရသည်။
မှားယွင်းတဲ့ လူတစ်ယောက်ကို ယုံမိခြင်းက လူတစ်ယောက်ရဲ့ ဘဝကို ပျက်စီး စေနိုင်၏။
ရှဲ့ချောင်သည် သုန့်ယိယွင်နှင့် ယွမ်လင်းယင်တို့ကို တွေ့ပြီး မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ အရှေ့မှာ အခြေနေတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သည်။
ယွမ်လင်းယင်၏ မွေးမိခင်မှာ သက်ပြင်းချလိုက်၏။
“ငါ … အဲဒီ သခင်မလေး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး…. အနာဂတ်မှာငါ့သမီး တခြားလူတစ်ယောက်ကို လက်ထပ်လို့ရပြီးတော့ သူနဲ့ ပတ်သက်စရာ အကြောင်းမရှိတော့ဘူး။ ငါ နောက်ဆုံးတော့ အေးအေးချမ်းချမ်း အနား ယူနိုင်ပါပြီ။”
သူ့သမီးက ဘာအကြောင်းနဲ့ အဲ့လို အကြံသမား ဆိုးရွားတဲ့ သခင်မလေးနဲ့ ရန်ဖြစ်နေရမှာလဲ ?
သုန့်ယိယွင်ကတော့ ဒေါသကြောင့် တဆက်ဆက် တုန်နေ၏။ သူမရဲ့ သူငယ်ချင်းကို တွေ့ဖို့ ရှက်လွန်းသည်။
သူမမှာ ဘယ်လိုလုပ်ပြီး အဲ့လို အစ်မမျိုး ရှိနေရတာလဲ !
သူမ ဘယ်တုန်းကများ ရှားယာ့ယွင်ကို လုပ်ကြံပြီး ပြောလိုက်တာလဲ !
သူမ တကယ် ရှားယာ့ယွင်နဲ့ တွေ့ပြီး စကားပြောဖို့ကို ငြင်းတယ်ဆိုပေမဲ့ အဲဒါက အကျိုးအကြောင်း
မသင့်ဘူးမဟုတ်လား ?
ရှားယာ့ယွင်က သူမရဲ့ အဒေါ်ဖြစ်နေပြီးတော့ အဆင့်အတန်းကလည်း ကသိကအောက် နိုင်စရာ ဖြစ်နေတာကို လက်မထပ်ရသေးတဲ့ သခင်မလေး တစ်ယောက်ကသူမနဲ့ ဘယ်လိုလုပ်ပြီး သီးသန့်စကားပြောလို့ရမှာလဲ !?
သုန့်ယိယွင်သည် ငယ်ငယ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်မိသည်။ အခုမှ သူမစိတ်ထဲ အလင်းရသွားသလိုမျိုး ရုတ်တရက် အားလုံးကို သဘောပေါက်သွားခဲ့သည်။
ယခင်က၊ သူမကို ရှဲ့ဖင်းကန်းက ပြန်ပေးဆွဲတဲ့သူတွေဆီကနေ ကယ်တင်ပေးခဲ့ဖူးသည်ဟု သူ့အစ်မကို ပြောပြဖူးသည်။
သိပ်မကြာလိုက်၊ ရှဲ့ဖင်းကန်းက သူ့အစ်မကို လိုက်တာ မအောင်မြင်လို့ အင်အားတောင် သုံးခဲ့တယ်ဆိုသည့် သတင်း ပြန့်လာခဲ့၏။ ထိုအချိန်က သူမ တကယ် အသည်းကွဲခဲ့ရသည်။
နောက်ပြီး သူတို့ နှစ်ယောက် တူညီတဲ့ အစားအသောက်၊ အဝတ်အစား၊ ပစ္စည်းတွေကို ကြိုက်မိပြန်ရင်လည်း… နောက်ဆုံးမှာ သူ့အစ်မလက်ထဲကိုသာ ရောက်သွားသည်။
သူ့အစ်မက လှပတဲ့သူတစ်ယောက်ဟုသာ ထင်ထားခဲ့ပြီး ယုတ်မာတဲ့သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့။
အရင်တုန်းက သူမဟာ သူ့အစ်မနဲ့ တတ်နိုင်သလောက် ပဋိပက္ခ မဖြစ်အောင် နေခဲ့တာ. တကယ်ကို.. ရူးမိုက်ခဲ့တာပဲ။
သခင်မလေး နှစ်ယောက်ဟာ အကြီးအကျယ်ကို ထိတ်လန့်သွားကြသည်။
ရှဲ့ချောင်ကတော့ မကောင်းဆိုးဝါးဝိဉာဉ်ကို ပြန်နှင်ထုတ်ပြီး ကြမ္မာဥယျာဉ်ဆီ ပြန်ပို့ပေးလိုက်၏။
တရားခံကို ရှာတွေ့သွားပြီဖြစ်၍ နန်အန်း၏ ဟုန်မိသားစုမှ အိမ်ရှေ့စံမင်းသားအား ပိုပြီးတောင် ကျေးဇူးတင်နေကြသည်။
ဒီအမှုက မှုခင်းစီရင်ရေး ဌာနက ကိုင်တွယ်ခဲ့သင့်တာ မဟုတ်ပေ။
အိမ်ရှေ့စံမင်းသားသည် မှုခင်းစီရင်ရေး ဌာနမှ လူများအား ခေါ်၍ သူ့သမီးကို ကယ်တင်ခဲ့၍သာ။ မည်သို့ပင်ဖြစ်စေ အိမ်ရှေ့စံမင်းသား၏ ကျေးဇူး
ကို သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
•••••