ဖိအားပေးလို့ရော စည်းရုံးလို့ရော ယိမ်းယိုင်လာမယ့်သူမျိုး မဟုတ်
Vol. 35 Ch. 668
သုန့်မိသားစုမှာတော့ အခြေနေက ရှုပ်ထွေးလို့နေသည်။
သူတို့ရဲ့ သမီးကို အိမ်ရှေ့စံမင်းသားက ကယ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့ တစ်ချိန်တည်းမှာပင် မိသားစုထဲမှ တရားခံဖြစ်နေသူကို ရှာတွေ့ခဲ့၏…
သုန့်သခင်ကြီးမှာ အမျက်ချောင်းချောင်း ထွက်နေလေသည်။
အိမ်ရှေ့စံမင်းသားသည် မှုခင်းစီရင်ရေးရုံး၏ ကြီးကြပ်ရေးမှုး ဖြစ်လာချိန်ကစ ရုံး၌ နှစ်ပေါင်းများစွာ စုပြုံနေခဲ့သော အမှုများမှာ သိသိသာသာကို လျော့နည်းသွားခဲ့သည်။ ၎င်းသည် ရုံးတော်မှ လူများ မျက်မြင်တွေ့နေရသည့် အရာတစ်ခုပင်။
မှုခင်းစီရင်ရေးရုံးသည် လူအများကို မကျေမနပ်ဖြစ်စေသည့် နေရာ တစ်ခု ဖြစ်နေသော်လည်း ဤကဲ့သို့ ကောင်းကျိုးများအား လစ်လျူရှုမထားနိုင်သူများလည်း ရှိကြသည်။
သူတို့ အိမ်ရှေ့စံမင်းသားကို တိုင်တန်းချင်လျှင်တောင် အသေအချာ ပြန်စဉ်းစားကြရပေမည်။
စတုတ္ထမင်းသားဘက်မှ ဝန်ကြီးများသည်လည်း ပူပင်ကြောင့်ကြရောက်နေကြသည်မှာ ထိပ်ပြောင်လုနီးနီးပင်။
အိမ်ရှေ့စံ၏ လက် ဒဏ်ရာ ရသွားကတည်းက သူတို့အပေါ် သက်ရောက်သည့် အိမ်ရှေ့စံ၏ အရှိန်အဝါမှာ သိသိသာသာကို မှေးမှိန်သွားခဲ့သည်! သူတို့ ဒီလောက် နှစ်တွေ အများကြီးကြာအောင် အားထုတ်ခဲ့တာတောင်မှ သူ့ကို မောင်းမထုတ်နိုင်သေးပေ !
အခုဆို သူက တဖြည်းဖြည်းနဲ့ ပိုပြီးတောင် တည်ငြိမ်လို့လာနေသည်။
“အဲဒီ ဝမ်လန်ချန်းကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်။ အဲ့တစ်ယောက်က အရည်အချင်းရှိတယ်။ သူ အရာရှိတစ်ယောက် ဖြစ်လာတာ ဘယ်လောက်ကြာသေးလို့လဲ။ ဒါတောင် ဧကရာဇ်
က သူ့ကို လေး ငါးကြိမ်လောက် ချီးကျူးပြီးနေပြီ။ အဲ့လိုလူသာ အိမ်ရှေ့စံကို လုံးဝသစ္စာခံသွားရင် အိမ်ရှေ့စံရဲ့ လွှမ်းမိုးမှုက အတော်လေး ကြီးသွားလိမ့်မယ်” သခင်ကြီးမုန့်က မကျေမနပ် ဖြစ်နေ၏။
အိမ်ရှေ့စံမင်းသားရဲ့ လတ်တလောရှိနေသည့် အရှိန်အဟုန်မှာ အားကောင်းလှသည်။
ယခင်ကဆိုလျှင် နန်းတွင်းရုံးတော် တစ်ခုလုံး၌ အိမ်ရှေ့စံမင်းသားဘက်တွင် နေခဲ့သူ အများကြီး မရှိခဲ့။
သို့သော်လည်း ယခုအခါ အကြောင်းတချို့ကြောင့် အိမ်ရှေ့စံရဲ့ ကျော်ကြားမှုဟာ အရှိန်အဟုန်နှင့် မြင့်တက်သွားခဲ့သည်။
အိမ်ရှေ့စံသည် နင်ပေ့မင်းသား၏ အကြီးဆုံးသားအား သိသိသာသာကို အကြီးအကျယ် ထိခိုက်ပျက်ဆီးစေခဲ့သည့်တိုင် နင်ပေ့မင်းသားက သူ့ဘက်ကနေ ရပ်တည်ပေးခဲ့၏။
တိုင်းရေးပြည်ရေး ကိစ္စများတွင် ဘယ်တုန်းကမှ ဝင်ပါခဲ့ခြင်း မရှိသည့် လီမိသားစုသည်လည်း စတင် လှုပ်ရှားလာသည်။ ထို ပုဂ္ဂိုလ်ရေးရာအဆက်အသွယ်များနှင့် သူ့လက်အောက်က ကျောင်းသားများက အိမ်ရှေ့စံမင်းသားကို အထောက်အပံ့ပေးလာကြသည်မှာ….
ဝမ်လန်ချန်သည်လည်း အပါအဝင်ပေ။
သူဟာ မထင်မရှား ထိပ်တန်းစာသင်သားတစ်ယောက် ဖြစ်သော်လည်း ယခုနှစ် နန်းတွင်းစာမေးပွဲ၌ အလားအလာအကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့သည့်အပြင် အတန်းနိမ့်များ၏ ခေါင်းဆောင်တစ်ယောက်လည်း
ဖြစ်သည်။ သူဟာ စိတ်ကြီးဝင်နေတဲ့သူတစ်ယောက် ဟုတ်မနေသည့်အပြင် နွေးထွေးဖော်ရွေသူတစ်ယောက် ဖြစ်နေလေရာ စာသင်သားများအကြား… သူ၏ ဂုဏ်သတင်းမှာ ကောင်းမွန်နေလေသည် !
သူက အိမ်ရှေ့စံမင်းသားကို အကြိမ်ကြိမ် မြှောက်ပင့်ပြောဆိုတတ်သေးသည့် အတွက် လူငယ်စာသင်သားများ၏ အမြင်တွင် အိမ်ရှေ့စံအား ပို၍ ကျော်ကြားလာစေခဲ့လေသည်။
ရှဲ့မိသားစုလည်း ရှိသေးသည်။
သခင်ကြီး မုန့်သည် သူ့မြေး ကျိန်းသေပေါက် အနိုင်ရလိမ့်မယ်ဟု အစက ထင်ထားခဲ့ပေမဲ့ အခြေနေက မြန်မြန်ဆန်ဆန်ကြီး ပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
“ဝမ်လန်ချန်းက ဖိအားပေးလို့ရော စည်းရုံးလို့ရော ယိမ်းယိုင်လာမယ့်သူမျိုး မဟုတ်ဘူး။ သူ့ဆီကို ဟိုတလောက ပို့လိုက်တဲ့ ကိုယ်လုပ်တော်နဲ့လည်း ဘာဆက်ဆံရေးမှ ရှိချင်ပုံမရဘူး။ ဇနီးတစ်ယောက် မယူရသေးခင် တရားမဝင်ကလေး တစ်ယောက် ရှိမလာချင်ဘူးတဲ့”
ဝန်ကြီးများမှာ စိုးရိမ်နေကြ၏။
ထိုစကားကြောင့် မုန့်မိသားစုမှလူများ ပို၍ပင် ဒေါသထွက်နေကြသည်။
ထိုအချိန်၌၊ ထိုကိုယ်လုပ်တော်ဆိုသူသည်လည်း စိတ်ဆိုးနေလေ၏။
ဝမ်လန်ချန်း၌ အိမ်တော်နှစ်ခု ရှိသည်။ တစ်အိမ်
က နန်းတွင်းစာမေးပွဲအပြီး ဝယ်ခဲ့တာ ဖြစ်၍ နောက်တစ်အိမ်က မင်းကြီး သူ့ကို ချီးမြှင့်ထားသည့် နန်းတွင်းစာသင်သား အိမ်တော် ဖြစ်သည်။
ဖေဝမ်ယွဲ့သည့် သူနှင့် လက်ထပ်ထားတာ ကြာပြီဖြစ်သော်လည်း ကိုယ်ပိုင် အိမ်တော်ထဲမှာသာ နေနေရသည်။ တည်နေရာက မကောင်းသလို ဝမ်လန်ချန်းကလည်း ရံဖန်ရံခါမှသာ လာတတ်သည်။ သူမကို စကားပြောဖို့နှင့် မေးခွန်းတစ်ချို့ မေးဖို့အတွက်လည်း ခေါ်တတ်သေးသည်။
သို့သော် သူမကို ဘာဆို ဘာတစ်ခုမှ မလုပ်ခဲ့။
အဲ့တာတောင် သူမကို လာရှာတဲ့သူက ဝမ်လန်ချန်းရဲ့ နှလုံးသားကို အနိုင်ရအောင် လုပ်ခိုင်းချင်နေသေးတယ် !
အစကတော့ သူမမှာ ယုံကြည်ချက်တချို့ရှိခဲ့သေးသည်။ သူမ လိမ်လိမ်မာမာ နေပြခဲ့သည်။ သူမ အပေါ် ဝမ်လန်ချန်ရဲ့ သဘောထား အမြင် ပြောင်းလဲနိုင်ရန် အိမ်မှာနေပြီး ပန်းပင်များကို ဂရုစိုက်ခြင်း, ချည်ထိုးပန်းထိုးသင်ခြင်းတို့ကို လုပ်ခဲ့သည်။ သို့သော် ၊ ဒီရက်ပိုင်းအပြီးမှာတော့ သူမရဲ့ နှလုံးသားတကယ်ကို အေးစက်သွားခဲ့လေပြီ !
သူမ ဒီလောက်အကြာကြီး အပိုကျိုးကျိုးနဲ့ နေပြလာတာတောင် ဝမ်လန်ချန်က တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ပေ !
“ ဒေါ်လေး ယွဲ့၊ သခင်ကြီး ရောက်နေပါတယ်။ သူ့ကို ခစားဖို့ အတွက် လာစေချင်နေပါတယ်”
သူမ ဘေးနားက အစေခံကောင်မလေးက ပြောလာ၏။
လာပြန်ပြီ !
ခစားရမယ် ! သူ့ကို တကယ်ကြီး ခစားစေချင်နေတာလား !
ဖေ့ဝမ်ယွဲ့မှာ ဒေါသများဖြင့် ပြည့်နေလေပြီး အတတ်နိုင်ဆုံး ထိန်းချုပ်နေရသည်။
ယခင်က ဝမ်လန်ချန်းအား ဖြားယောင်းရန် အတွက် ပြောင်ရှင်းနေသည့် အဝတ်အစားများသာ ဝတ်ခဲ့ရသည်။
အခု သူမ ဆက်တိုက်ကျရှုံးနေသဖြင့် ရဲရဲတောက်နီနေပြီး အတော်လေး ပါးလွှာလှသော ဝတ်စုံကို ဝတ်ဆင်ကာ သွားခဲ့သည်။
ခြေလှမ်းတိုင်းကို ညို့ဓာတ် အပြည့်နှင့် လျှောက်လှမ်းလျက် ဆွဲဆောင်မှုရှိအောင် ကြိုးစားနေ၏။ ဝမ်လန်ချန်းကို မြင်သည်နှင့် သူမရဲ့ အသံက ပျော့ပျောင်းသွားသည်။ “ ယောကျာ်း…”
ဝမ်လန်ချန် နောက်ဆုတ်သွားသည်။
“ မင်းက ကိုယ်လုပ်တော် တစ်ယောက်။ စည်းကျော် မလာနဲ့”
သူ ဘယ်လောက်ပဲ အသက်ငယ်တယ်ဆိုဆို ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ သူ့ကို သခင်ကြီးဟုသာ ခေါ်ရပေမည်။
ဖေဝမ်ယွဲ့၏ နွေးထွေးမှုတို့ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။
•••••