ဇနီးလောင်း
Vol. 35 Ch. 669
သူမက အမျိုးသမီးတစ်ယောက်လေ။ သူ့ကို ဆွဲဆောင်နေတယ်ဆိုတာ မပြောနိုင်ဘူးလား ?!
“သခင်ကြီး.. ကျွန်မ သခင်ကြီးကို လွမ်းနေတာ” ဖေဝမ်ယွဲ့ ရှက်ကိုးရှက်ကန်းဖြင့် ပြင်ပြောလိုက်၏။
ဝမ်လန်ချန်းသည် သူ့အဝတ်အစားများအား သေသေသပ်သပ်ဖြစ်အောင် လုပ်ကာ သူမ၏ နီနီရဲရဲ ဝတ်စုံကို ကြည့်လိုက်သည်။ မသင့်တော်ဘူးဟု သူထင်မိသဖြင့်။ “ ငါမင်းကို မပြောထားဘူးလား၊ကိုယ်လုပ်တော် တစ်ယောက် အနေနဲ့ မင်းလုပ်ရမှာက ထိန်းထိန်းသိမ်းသိမ်း နေဖို့ပဲ။ ဒီ အနီရောင် ဝတ်စုံကို ထပ်ဝတ်ဖို့ ခွင့်မပြုဘူး”
ဖေဝမ်ယွဲ့ သူ့ကို ကိုက်ပစ်ချင်နေလေသည်။သို့သော်လည်း မကျေမနပ်ဖြစ်နေသည့် လေသံဖြင့်ပင် “သခင်ကြီး, ကျွန်မက ရှင့်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေမိခဲ့လို့ ကျွန်မကို သဘောမကျတာလား၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို လေးစားအားကျလို့ဆိုတာ ရှင်မသိဘူးလား။ ရှင် မြင်းစီးရင်း လမ်းမတစ်လျှောက် သွားတုန်းကဆိုရင် ကောင်းကင်ပေါ်က တောက်ပနေတဲ့ လမင်းကြီးလို့တောင် ထင်မိတာ။ ကျွန်မ ရှင့်အကြောင်းကို နေ့တိုင်းညတိုင်း တွေးနေခဲ့တာလေ။
ကျွန်မ မျှော်လင့်မိတာဆိုလို့ ရှင့်အနားမှာနေပြီး ရှင့်ရဲ့ ဂုဏ်ကျက်သရေတွေကို မျှဝေခံစားပေးချင်ရုံပါ….”
သူမက စကားပြောနေရင်းနှင့် အရှေ့ကို တိုးသွားကာ ဝမ်လန်ချန်း၏ အင်္ကျီထောင့်စွန်းအား တို့ဆိတ်ရင်း “သခင်ကြီး…ဒီကိုယ်လုပ်တော်က…
နောက်ဆိုရင် ဒီအင်္ကျီကို မဝတ်တော့ပါဘူး…. အဲဒါကြောင့် သခင်ကြီးကပဲ ဒီအင်္ကျီကို ချွတ်ပေးပါနော်…”
သူမ လာသည့်အချိန်တိုင်း ဝမ်လန်ချန်းသည် သူ့ရဲ့ ခံစားချက်များအား ထိန်းချုပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ အခုလို နားရှက်ဖွယ် စကားများ ကြားရသည့်အခါ သူ့မျက်နှာ နီသွားရလေသည်။
ဒီမိန်းမက တကယ်.. အရှက်မရှိတာပဲ…
“ မင်း ဒီတစ်လော ဘာတွေ လုပ်နေလဲ၊ အိမ်ကနေ ထွက်သွားသေးလား” ဝမ်လန်ချန်းသည် ခံစားချက်များကို ထိန်းချုပ်ကာ မေးလိုက်၏။
သူ ဒီကိုယ်လုပ်တော်ကို လစ်လျူရှုထားလို့်မရ။
နောက်ပြီး သူ့ကို တစ်ယောက်ယောက်က ဒီကို ပို့လိုက်တာ ဖြစ်လောက်သည်။
သူမရဲ့ တောင်းဆိုချက်ကို ငြင်းလိုက်တာက သူမနဲ့ ကြိုးကိုင်သူကို ဒေါသထွက်သွားစေလောက်သည်။
“ ကျွန်မ အိမ်ကနေ မထွက်ပါဘူး” ဖေဝမ်ယွဲ့၏ အသံက စိတ်ထိခိုက်နေပုံပေါက်သည်။
သူမ တကယ်ကို အိမ်ကနေ မထွက်သွားခဲ့။ အိမ်ကနေ မထွက်သွားရုံတင်မဟုတ်… ဘယ်သူကမှလည်း သူမကို စကားလာပြောခြင်း မရှိခဲ့ချေ….
သူမသာ ဒီနေရာက အစေခံတွေကို သတိထားပြီးနေနေကာ သူတို့က သူမကို သိပ်ပြီး အာရုံမထားကြ။ သူတို့အားလုံးက ဝမ်လန်ချန်ရဲ့ သူလျှိုတွေ
ဖြစ်နေလိမ့်မယ်လို့ အာရုံရနေတာကြောင့် ကောင်းကောင်းမွန်မွန် နေပြပြီး အမြင်ကြည်ဖို့သာ ကြိုးစားခဲ့သည်။
“သခင်ကြီး၊ အစ်မကြီးဘယ်တော့လာမှာလဲ”
သူမပြောနေတဲ့ အစ်မကြီးဆိုသူက သူ့ရဲ့ တရားဝင်ဇနီးကို ပြောနေတာ ဖြစ်မည်ဟု ဝမ်လန်ချန် ထင်လိုက်၍:
“နောက်လ နည်းနည်းလောက်နေရင်”
သူမ ဒီကို လာနေတဲ့ လမ်းမှာ ဖြစ်လောက်သည်။
“သခင်ကြီး စိတ်မပူပါနဲ့၊ အစ်မကြီးရဲ့ ကျန်းမာရေးက ချို့တဲ့နေတာဆိုတော့ ကျွန်မသူမကို သေချာပေါက် စောင့်ရှောက်ပေးမှာပါ..” ဖေ
ဝမ်ယွဲ့သည် သူမက ကိုယ်လုပ်တော်အဆင့်သာရှိတယ်ဆိုတာကို ဝန်မခံချင်သည့်အတွက် ဒီပြဿနာကို တွေးကြည့်ဖို့ရာ မဝံ့ရဲခဲ့ပေ။
သို့သော်၊ အခုချိန်၌ သူမရဲ့ အားနည်းချက်ကို ထုတ်ပြရုံက လွဲပြီး ရွေးချယ်စရာ မရှိတော့။
“ကျန်းမာရေး မကောင်းဘူး ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီ မင်္ဂလာပွဲကို မိသားစုအကြီးအကဲ တွေက စီစဉ်ပေးထားတာ၊ ငါ စာကို ဖတ်ပြီးသွားပြီ။ သခင်မလေးယင်က ကျန်းမာရေးကောင်းတယ်၊ တော်ရုံတန်ရုံ မဖျားတတ်ဘူးတဲ့” ဝမ်လန်ချန်းက သူ၏ အနာဂတ် ဇနီးလောင်းနှင့် ပတ်သက်ပြီး ကျေနပ်နေသည်။
သူ့ရဲ့ ဇနီးလောင်းက ဖုန့်ယင်ယင်းဟု ခေါ်ပြီး သူမ၏ မိသားစုနောက်ခံက နိမ့်ကာ မိဘများက သာမန် လယ်သမားများသာ ဖြစ်ကြသည်။ သူမ
တို့ မိသားစု၌ လယ်ကွယ်သေးသေးလေးသာ ရှိသည်။
သူ့ရဲ့ မွေးရပ်မြို့၌ သူမနှင့် အမှတ်မထင် ဆုံတွေ့ခဲ့သည်။ထိုမိန်းကလေးရဲ့ မိဘတွေက ကျိုးကြောင်းချင့်ချိန်တတ်သူများ ဖြစ်ကြ၏။သူမအစ်ကိုက သူ့အိမ်မှာ သူနဲ့အတူတူ စာပေလေ့လာဖူးသည်။ သို့သော် အခြေခံအဆင့် စာသင်သားဟူသည့် ဘွဲ့ကို ရပြီးတဲ့နောက် သူဟာ ရွာမှာပဲ ဆရာတစ်ယောက် အဖြစ် ဆက်နေနေခဲ့ရာ ဖုန့်ယင်ယင်းသည်လည်း စာအနည်းငယ် သင်ဖူးသည်။ သူမဟာ ကြိုးစားပြီး စွမ်းဆောင်းရည်ရှိတဲ့သူ ဖြစ်သည်။ တကယ်ကို ကောင်းတဲ့သူတစ်ယောက်ပင်။
ဖေဝမ်ယွဲ့ မှင်တက်သွားရသည်။
“သခင်မလေးယင်?၊ ရှဲ့-ရှဲ့ချောင် မဟုတ်ဘူးလား”
သူမသည် ဒီတစ်လော အိမ်ထဲက အိမ်ပြင် မထွက်ခဲ့တာကြောင့် နောက်ဆုံးရ သတင်းများကို မကြားသိခဲ့ရပေ။
သူမ သိတာဆိုလို့ ဝမ်လန်ချန်းက ဇနီးတစ်ယောက် ယူတော့မှာ ဖြစ်တာကြောင့် ထိုဇနီးက ရှဲ့ချောင် ဖြစ်မည်ဟု ထင်လိုက်ခြင်းသာ။
ဒါပေမဲ့ သူက အခု သခင်မလေးယင် အကြောင်းကို ပြောနေတာမလား? အဲဒါ ဘယ်သူလဲ ?
ဝမ်လန်ချန်း သူမကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
“ မင်း ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ။ ရှဲ့သခင်မလေးနဲ့ သူ့အစ်ကိုက ငါ့ရဲ့ ကျေးဇူးရှင်တွေ။ ငါ သူတို့ကို လေးစား
တာပဲရှိတယ်၊ စည်းကျော်ဖို့ တစ်ခါမှ မတွေးဖူးဘူး။ နောက်ပြီး ရှဲ့သခင်မလေးက အိမ်ရှေ့စံမင်းသားကို လက်ထပ်ဖို့ တော်ဝင်မိသားစုကနေ အမိန့်တော် ချမှတ်ထားပြီးသား။ ထုံးတမ်းဓလေ့ရေးရာ ဝန်ကြီးဌာနကနေလည်း မင်္ဂလာရက်ကို သတ်မှတ်ပြီးသွားပြီ။ ဖေဖော်ဝါရီဆိုရင် သူမက အရှေ့နန်းဆောင်ကို ဝင်တော့မှာ”
ဖေ့ဝမ်ယွဲ့ မျက်လုံး ပြူးသွားသည်။
ဝမ်လန်ချန်း ဘာပြောလိုက်တာလဲ ?! သူ လက်ထပ်မယ့်သူက ရှဲ့ချောင် မဟုတ်ဘူးလား ?!
ရှဲ့ချောင်က အခု… ကြင်ရာတော်မင်းသမီးလောင်းပေါ့ ?!အခုကစပြီး သူက မြင့်မြတ်တဲ့ တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်လာပြီး ဘာအလုပ်မှ လုပ်စရာမလုပ်ပဲ ဘဝကောင်းကြီးကို ရသွားပြီပေါ့!
•••••