← Chapters

သူ့ကိုယ်သူ ဘာထင်နေလဲ 

Vol. 35 Ch. 670

သူ့ကိုယ်သူ ဘာထင်နေလဲ 

Vol. 35 Ch. 670

ဖေဝမ်ယွဲ့ မျက်နှာမှာ ဖြူဖျော့လို့ သွားသည်။ သူမ ခေါင်းကို ခါရမ်းနေလေသည်။

“မဖြစ်နိုင်ဘူး ! လုံးဝ မဖြစ်နိုင်ဘူး ! ရှင် ကျွန်မကို လိမ်နေတာ၊ ဟုတ်တယ်မလား! ရှဲ့ချောင်က အသက်တိုတဲ့ သူတစ်‌ယောက်လေ၊ နန်းတွင်းသမားတော်ကတောင်မှ သူ့သွေးခုန်နှုန်းကိုစမ်းပြီး အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူးဆိုပြီး ပြောခဲ့တာ၊ အဲ့လို ကျန်းမာရေးမျိုးနဲ့ ဘယ်လိုလုပ်ပြီး ကြင်ရာတော် ဖြစ်လာနိုင်မှာလဲ ?! မင်းကြီးနဲ့ မိဖုရားခေါင်ကြီးက ဆန္ဒရှိမှာတဲ့လား?!”

ကြင်ရာတော်မင်းသမီးတစ်ပါး အနေဖြင့် သူမရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမနေသည့် အတွက် ကျိန်းသေပေါက် ကလေးမွေးပေးနိုင်လိမ့်မည်မဟုတ်!

သူက လက်ထပ်ပြီးတာနဲ့ သေမှာ၊ အိမ်ရှေ့စံမင်းသားက မုဆိုးဖိုတစ်ယောက် ဖြစ်လာမှာ !

တော်ဝင်မိသားစုက မိုက်မဲတဲ့သူတွေမှ မဟုတ်တာ၊ အဲ့လိုမျိုး အဖြစ်ခံနိုင်မှာတဲ့လား ?!

အဲဒါက အိမ်ရှေ့စံမင်းသားလေ !

“ အိမ်ရှေ့စံမင်းသားက ရှဲ့သခင်မလေးအပေါ် မေတ္တာရှိနေတာ သူမှမဟုတ်ရင် လက်ထပ်မှာ မဟုတ်ဘူး။ အဲ့လိုမျိုး ‌အသေးအမွှား ကိစ္စလောက်ကို စိတ်ထဲထားနေမှာတဲ့လား”  ဝမ်လန်ချ

န်းသည် ဖေဝမ်ယွဲ့၏ တုန်လှုပ်ပြီး စိတ်မချမ်းမသာ ဖြစ်နေသည့် မျက်နှာကို မြင်လိုက်ရ၍ နေသာ ထိုင်သာ ရှိသွားခဲ့သည်။

ရှဲ့သခင်မလေးရဲ့ အသက်က တိုတယ် ?

တိုတော့ရော ဘာဖြစ်လဲ။ သူသာ ဆိုရင်လည်း သူ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ဖေ့ဝမ်ယွဲ့လို မိန်းမမျိုးနဲ့ ကုန်ဆုံးသွားမယ့်အစား ရှဲ့သခင်မလေးနဲ့အတူ တစ်နှစ်လောက်နေပြီး သူမ သေတဲ့အချိန်အထိ ‌အဖော်ပြုပေးသွားမှာ။  ဖေဝမ်ယွဲ့က ကလေးမွေးပေးနိုင်ခဲ့ရင်တောင် သူ့လို စရိုက်မျိုးနဲ့ မျိုးဆက် သုံးဆက်လောက်ထိ ဘေးဒုက္ခကိုပဲ သယ်လာမှာ။ သူ့ကလေးတွေမှာ ဒုက္ခပါလာတာမျိုး မလိုချင်ပါဘူး !

“မဖြစ်နိုင်ဘူး… ရှင် လိမ်နေတာ ! ရှင် လိမ်နေတာ !”

ဖေဝမ်ယွဲ့သည် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားခဲ့ကာ မျက်ရည်စက်များက သူမပါးပေါ် လိမ့်ဆင်းလို့ လာခဲ့၏။

ရှဲ့ချောင်က‌ ကြင်ရာတော် မင်းသမီး ဖြစ်လာတယ်! 

ဒါဆို သူမ ကရော ?!

သူမ ကျတော့ ကိုယ်လုပ်တော် တစ်‌ယောက် ဖြစ်လာရတယ်။ အချစ်မခံရတဲ့ ကိုယ်လုပ်တော်!

သူမသည်လည်း ရှဲ့မိသားစုဝင် ဖြစ်ခဲ့ဖူးကာ ရှဲ့ချောင်ရဲ့ ညီမ ဖြစ်ခဲ့ဖူးသော်လည်း ကွာခြားချက်က ကြီးမားလွန်းပေသည်။

သူမ လက်မခံနိုင်ဘူး ! လက်မခံနိုင်ဘူး !

“ရှဲ့သခင်မလေးရဲ့ မင်္ဂလာပွဲအကြောင်း ပြောရမယ်ဆိုရင် အိမ်ရှေ့စံမင်းသား ကိုယ်တိုင် တောင်းဆိုခဲ့တာ။ အရှင့်သားက သခင်လေး ရှဲ့ဖင်းကန်းကို အရမ်းလေးစားတယ်။ ဒါကြောင့်မလို့ ရှဲ့သခင်မလေးကို ပေါ့ပေါ့တန်တန် ဆက်ဆံမှာ မဟုတ်ဘူး။ နောက်ပြီး ရှဲ့သခင်မလေးက ကြင်နာပြီး ရက်ရောတတ်တဲ့သူတစ်ယောက်။ သူမက ဂုဏ်သိက္ခာရှိပြီး သိမ်မွေ့တဲ့ စိတ်နေစိတ်ထားရှိတယ်။ ဇနီးမောင်နှံနှစ်ယောက်စလုံးက  တစ်ယောက်ကို တစ်‌ယောက် အပြန်အလှန် လေးစားရင်း  သင့်သင့်မြတ်မြတ်နဲ့ နေထိုင်သွားကြမှာ” ဝမ်လန်ချန်းသည် သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဆက်ပြီးဆွပေးနေလေသည်။

“ အဓိပ္ပာယ်မရှိဘူး! ရှင် ရှဲ့ချောင်အကြောင်းကို ဘာမှလဲ မသိဘဲနဲ့ ! သူနဲ့ မထိုက်တန်ဘူး !”

“ ရှဲ့ချောင်က ထူးဆန်းတဲ့သူ။ ကျွန်မ သူမနဲ့ အတူ မြိုတော်ကို လာခဲ့တာ။ အဲ့တုန်းက သူ လူတစ်ယောက်ရဲ့အရိုးကိုတောင် သူအိတ်ထဲမှာ ဖွက်ထားခဲ့သေးတယ်။ သူက လိမ်တဲ့နေရာမှာလည်း တော်တယ်လေ! အဲ့အရိုးတွေက သူသတ်ခဲ့တဲ့လူရဲ့ အရိုး ဖြစ်ချင်ဖြစ်နေမှာ !ရှင်တို့အားလုံးက သူမဆီကနေ ပြုစားခံလိုက်ရတော့ ဘယ်ဟာအမှား ဘယ်ဟာ အမှန်လဲဆိုတာကိုတောာင် မပြောနိုင်ကြတော့ဘူးပဲ!”

“အိမ်ရှေ့စံမင်းသားလည်း ပြုစားခံလိုက်ရတာပဲနေမှာ။ ရှဲ့ချောင်က ရန်မူတတ်တဲ့သူ၊ အိမ်မှာတောင် ဒူး‌လေးတစ်လက်နဲ့ လူကို ပစ်ဖို့ လုပ်ခဲ့သေးတာ။ ကျောင်းတော်ကို ဝင်ဖို့ကိုလည်း ပန်းချီကား အတုကို သုံးခဲ့တယ်။ ရှင်တို့အားလုံး သူ လှည့်စားတာ ခံနေရတာ!”

အခုချိန်ထိတိုင် ရှဲ့ချောင်မှာ ဆရာကြီးယွင်ဝေ့၏ ပန်းချီကား ရှိနေသည်ဆိုသည်အား မယုံနိုင်သေး။

ရှဲ့ချောင်က တခြားသူတွေနဲ့ ပူးပေါင်းကြံစည်ပြီး သူမကို ချောက်ချခဲ့တာ!

ဖေဝမ်ယွဲ့သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ငိုကြွေးနေ၏။

“ရှဲ့ချောင်လို အသက်တိုတိုနဲ့ နတ်ဆိုးလိုလူက ကြင်ရာတော် မင်းသမီး ဖြစ်လာတယ်တဲ့လား ?!”

ဝမ်လန်ချန်းသည် ထိုစိတ်လှုပ်ရှားနေမှုကို မြင်သင့်သလောက် မြင်ပြီးသွားပြီဖြစ်၍  ဒီနေရာမှာ ဆက်နေနေပြီး သူမ ငိုနေတာကို မကြည့်ချင်တော့။

“မိန်းကလေးယွဲ့၊ နောင်ကျရင် မင်း အိမ်ရှေ့စံ

မင်းသားနဲ့ ကြင်ရာတော် အကြောင်း ထပ်ပြောတာမျိုး ငါ မကြားချင်တော့ဘူး။ မဟုတ်ရင် ငါ မင်းကို သင်ခန်းစာပေးရလိမ့်မယ်”

ဝမ်လန်ချန်းက ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

သို့သော် ဖေဝမ်ယွဲ့မှာ အခုချိန်တွင် မည်သည့်စကားကိုမှ နားထဲမဝင်တော့။

ရှဲ့ချောင်က ကြင်ရာတော် မင်းသမီး ဖြစ်လာတော့မယ်ဆိုတာကိုပဲ သူမ သိသည်။

တစ်ချိန်က ရှဲ့ချောင်နှင့် သူမ အတူတူ ရပ်နေခဲ့ကြသည့် ပုံရိပ်ကို မြင်ယောင်ကြည့်မိသည်။  တွေးကြည့်လေလေ၊ မခံမရပ်နိုင်ဖြစ်ရလေပင်။

ဘာလို့ သူမကပဲ မယှဉ်နိုင်တဲ့သူ ဖြစ်နေရတာလဲ?!

ရှဲ့ချောင်လို တာအိုဘုရားကျောင်းကလာတဲ့သူက သူ့ကိုယ်သူ ဘာထင်နေလဲ ?!

မို့အစ်နေသည့် မျက်လုံးများဖြင့် ဖေဝမ်ယွဲ့သည် ရုတ်တရက် မြေကြီးပေါ်ကနေ မတ်ထပ်ထရပ်လိုက်၏။

“တာအို ဘုရားဘုရားကျောင်း.. ဟုတ်တယ်.. တာအို ဘုရားကျောင်း..” ဖေဝမ်ယွဲ့  တစ်‌ယောက် ဗလုံး‌ဗထွေး ပြောလို့နေသည်။ မသိလျှင် ဝင်ပူးခံလိုက်ရသည့် လူတစ်ယောက်ပမာ။ အစေခံမလေးတောင် ထိတ်လန့်သွားရသည်။

ရှဲ့မိသားစုက ထူးဆန်းတယ်ဆိုပြီး သူမ အမေ

တစ်ခါက ပြောခဲ့ဖူးသည်။

တစ်ခုခု လွဲနေတာ! ထိုအချိန်က သူမ သိပ်ပြီး အာရုံမစိုက်ဖြစ်ခဲ့၊ သို့သော် ယခု ပြန်စဉ်းစားကြည့်လိုက်တော့မှ… သူမ အမေပြောတာ မှန်သည်!

ရှဲ့နျိုရှန်းက သူ့ဘဝနဲ့ သူ့သမီးရဲ့ စရိုက်လက္ခဏာတွေက သဟဇာတ မဖြစ်တဲ့အတွက် ရှဲ့ချောင်ကို တာအို ဘုရားကျောင်းကို ပို့ခဲ့တာ ဆိုပြီး ပြောဖူးသည်….

ဒါပေမဲ့ သူမကိုသွားကြိုတုန်းက ရှဲ့ချောင်ကို ဘာလို့ မကောင်းဆိုးဝါးဓာတ်ကို နှင်ထုတ်ဖို့ဆိုပြီး လည်ဆွဲပေးခဲ့တာလဲ! နောက်ပြီး အိမ်ပြန်ရောက်လာတော့လည်း၊  ရှဲ့ချောင်က မိသားစုထဲက ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မနေခဲ့ဘူး, မောင်နှမရင်းတွေနဲ့တောင်မှပဲ !

ရှဲ့နျိုရှန်းက ရှဲ့ချောင်ကို အရမ်းချစ်တာ သိသာပေမဲ့ သူမ နေဖို့ အတွက် အဝေးဆုံး ခြံဝန်းကို စီစဉ်ပေးထားတာ !

ဘာလို့လဲ ! ရှဲ့ချောင်က တစ်ခုခုတော့ တစ်ခုခုပဲ ! တစ်ခုခု လွဲကို လွဲနေတယ် !

••••

All Chapters