← Chapters

 အရူးလိုလူ

Vol. 35 Ch. 671

 အရူးလိုလူ

Vol. 35 Ch. 671

ဤ အခိုက်အတန့်၌ ဖေဝမ်ယွဲ့၏ စိတ်မှာ အင်မတန်ကို ရှင်းလင်းနေခဲ့သည်။

သူမ မျက်နှာထက်ရှိ ထိုညှို့ယူနေသလို အကြည့်

က လူများကို ကြောက်လန့်စေပေသည်။ သူမ၏ မျက်လုံးများမှာ အရှိန်ပြင်းသည့် မီးတောက်များဖြင့် လောင်မြိုက်နေသ‌ယောင်။ သူမ မျက်နှာထားမှာလည်း အလျှော့မပေးချင်သည့် ပုံစံဖြင့်။ သူမ ဘေးနားက အစေခံမလေးခမျာ ကြောက်လန့်နေလေ၏။

ဒီကာလတစ်လျှောက်မှာ.. သခင်မယွဲ့က.. အမြဲတမ်းလိုလို သိမ်မွေ့ညင်သာခဲ့တာ။ အခုလို အကျည်းတန်တဲ့ ပုံစံမျိုး ထုတ်ပြလိမ့်မယ်လို့ မထင်ထားဘူး !

ဖေဝမ်ယွဲ့သည် အစေခံမလေးဘက်ကို လှည့်ကာ စိုက်ကြည့်နေ၏။

သူမ ဒီနေရာမှာ ကိုယ်လုပ်တော်အဖြစ် နေနေရပေမဲ့ ဝမ်လန်ချန်းက သူမကို အပြင်သွားခွင့်တော့ မပိတ်ပင်ထားခဲ့။ နောက်တစ်နေ့ နံနက်၌  လုသခင်မ

ကို ရှာဖို့ သွားခဲ့လေသည်။

လုသခင်မသည် အောင်သွယ်တော်အား သဘောတူထားပြီးဖြစ်၏။  သူမဟာ အရွယ်လည်း မငယ်တော့တာကြောင့် မင်္ဂလာပွဲ အခမ်းအနား လုပ်ဖို့ကိုတော့ မစီစဉ်ခဲ့ချေ။ လုပ်ရိုး လုပ်စဉ်များကို လုပ်ပြီးသွားသည်နှင့် အမျိုးသားဖြစ်သူရဲ့ အိမ်ဆီ တန်းပြီးသွားခဲ့သည်။

အခုဆိုလျှင် သူမမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိလာလေပြီ။

သူတို့မိသားစုနောက်ခံက ရှဲ့မိသားစုနှင့် နှိုင်းယှဉ်လို့မရသည့်တိုင် အတော်လေး ရိုးရှင်းလှသည်။

လုသခင်မသည် ရှဲ့မိသားစုမှာတုန်းကလိုမျိုး

ပိုက်ဆံဖြုန်းတတ်သည့် အကျင့်မရှိတော့တဲ့အပြင် ထိုမိသားစုနဲ့ အဆင်ပြေပြေ နေနိုင်ခဲ့၏။

ဖေဝမ်ယွဲ့ရောက်လာချိန်၌ သူမ မျက်နှာဟာ သုန်မှုန်သွားသည်။ “နင် ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာတာနဲ့ ငါ့သမီး မဟုတ်တော့ဘူးလို့ မပြောခဲ့ဘူးလား။ ဒီကို ဘာလာလုပ်တာလဲ။ နောက်တစ်ခါ ထပ်မလာခဲ့နဲ့။ နင့်ကို လူတွေမြင်သွားရင် မကောင်းဘူး”

အကြောင်းမသိတဲ့သူကတော့ သူမက သမီးဖြစ်သူကို ရောင်းစားခဲ့တာ လို့ပင် ထင်သွားလောက်သည်။

ဒါတင်မက သူမသမီးဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ သိသွားပြီးနောက်ပိုင်း သူမ ငြိမ်းငြိမ်းချမ်းချမ်း ‌မနေရတော့။ အရင်ကလည်း ရှဲ့မိသားစုမှ  သူမရဲ့  ကောင်းမွန်နေတဲ့ ဘဝလေးကို

ဖျက်ဆီးခဲ့တယ်။ အခုလည်း ငြိမ်းချမ်းနေတဲ့ ဘဝကို ဖျက်ဆီးပစ်ချင်နေတာဆိုရင် ဘယ်လိုလုပ်မလဲ ?!

ဖေဝမ်ယွဲ့သည်လည်း စိတ်ထဲမှာ အဆင်ပြေနေတာတော့ မဟုတ်ခဲ့။

သူမလည်း ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာချင်တာမှ မဟုတ်တာ… 

သူ့အမေက သူ့ခံစားချက်တွေကို ထည့်မစဉ်းစားပေးတော့ဘူးလား။ အစကတည်းက မတရားခံနေရပါတယ်ဆို၊ အခုထိ သူ့အမေက ဆူပူကြိမ်းမောင်းနေဆဲ။ သူ့ကို ဂရုရော စိုက်သေးရဲ့လား ?!

“အမေ၊ ရှဲ့ချောင်က အခု ကြင်ရာတော် မင်းသမီး ဖြစ်‌လာတော့မှာ၊ အမေ အဲ့အကြောင်း သိလား” 

ဖေဝမ်ယွဲ့က လိုရင်းကို တန်းပြောလိုက်၏။

လုသခင်မမှာ ခဏတော့ မှင်တက်သွားသည်။ အပ်နှင့် အပ်ချည်ကို ကိုင်ထားသည့် သူမရဲ့ လက်တို့ တောင့်တင်းသွားခဲ့သည်။ ထို့နောက် သူမ ခေါင်းကို ငုံ့လျက် “ဒါက ရှဲ့မိသားစုရဲ့စွမ်းဆောင်ရည်ပဲလေ၊ သူတို့ရဲ့ ဂုဏ်သရေကို စံစားဖို့ ငါတို့မှာ ကံပါမလာဘူး”

သူမ နောက်ပါလာဖို့ ရည်ရွယ်ချက်မရှိသည့် အမေဖြစ်သူကို ကြည့်ပြီး ဖေဝမ်ယွဲ့တစ်ယောက် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

“သူကရော ဘယ်လိုကံတွေ ရှိနေတာမလို့လဲ။ ဒီအတိုင်း အသက်တိုတဲ့ မိန်းမတစ်ယောက် သာသာပဲကို။ အမေပဲ ပြောဖူးတယ်လေ၊ ရှဲ့နျိုရှန်း မူးနေတုန်းက ရှဲ့ချောင်ရဲ့ ဘဝကကြမ်းခဲ့တယ်ဆိုပြီး ထုတ်ပြောဖူးတယ်ဆို။ သူမမွေးလာပြီးချင်း

သူ(မ)အမေသာ မသေခဲ့ဘူးဆိုရင် အဲ့လောက် အဝေးကြီးမှာ သွားနေနေစရာ မလိုဘူးဆိုပြီး”

“ဟုတ်တယ် ၊ငါ ပြောခဲ့တယ် ၊အခု သူက ကြင်ရာတော် မင်းသမီးတစ်ပါး ဖြစ်‌နေပြီ အဲ့အကြောင်းကို စဉ်းတောင် မစဉ်းစားစမ်းနဲ့၊ နင့်မှာ အဲ့လို လုပ်နိုင်စွမ်းမရှိဘူး။  နင့်လို သမီးမျိုးကို ပျိုးထောင်ပေးမိခဲ့တဲ့ အမေဖြစ်တဲ့ ငါလည်း မလုပ်ပေးနိုင်ဘူး “ လုသခင်မသည် ဖေဝမ်ယွဲ့အား မျက်လုံး လှိမ့်ပြလိုက်လေသည်။

ဒီ ကလေးအတွက် ကောင်းတာမှန်သမျှ အရင်က လုပ်ပေးသွားပြီးပြီ !

နှစ်တွေအများကြီး မတရားခံလာရတာပါလေဆိုပြီး သူမ ဘက်ကနေ ပြင်ဆင်ဖြည့်ဆည်းပေးခဲ့တယ်?! ဒါပေမဲ့ သူ့ဘက်ကကျတော့ရော !

အိမ်က ရှိရှိသမျှ ပိုက်ဆံအားလုံးကို ယူသွားပြီး သူမအတွက် ငွေစတစ်ရာလေးပဲ ချန်ထားပေးခဲ့တာ !

တစ်သောင်းနီးနီးလောက်ရှိတဲ့ ငွေတွေ။ ပိုင်ဆိုင်မှုအားလုံးကို သူ(မ)ချည်း ယူသွားခဲ့တာ!

ထိုအကြောင်းကို စဉ်းစားရင်း လုသခင်မ နောင်တရနေလေသည်။ တစ်ချိန်က ရှဲ့နျိုရှန်းဘာလို့ ဒေါသထွက်ခဲ့သလဲဆိုတာ သူမ နောက်‌ဆုံးတော့ နားလည်သွားခဲ့၏။

ယခင်က ရှဲ့မိသားစုရဲ့ ငွေတွေ သူမ အပိုင် အဖြစ်နဲ့ မယူသွားဖူးခဲ့။ လက်ဆောင်ပဏ္ဍာတွေ ပိုပြီး ပေးဖို့အရေးကိုသာ တွေးခဲ့တာဖြစ်သည်။ သူမဟာ ကြည့်ကောင်းတဲ့သူတစ်ယောက် ဖြစ်ခဲ့ကာ သူမကို ကုန်သည်တစ်ယောက်အဖြစ် ဘယ်သူက

မှ အထင်မသေးခဲ့ရဲကြ။ သို့သော် ပြန်စဉ်းစားကြည့်လိုက်ရင် အဲ့အချိန်တုန်းက တကယ်ကို ရူးမိုက်ခဲ့တာပင်။

“အမေ၊ ရှဲ့ချောင်နဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေတယ်။ အမေပဲ စဉ်းစားကြည့်။ ရှဲ့နျိုရှန်းက ရှဲ့ချောင်ကို အန္တရာယ်ဖြစ်စေမယ့် ကံကြမ္မာရှိနေရင် ရှဲ့ရှီတို့ကျ အ‌ဆင်ပြေနေမတဲ့လား။ သူနဲ့ အတူတူ အဆင်ပြေပြေ နေနိုင်နေတာကို။ သူ့ဘဝက ရှဲ့ချောင်အတွက်ပဲ ဘေးဒုက္ခကိုသယ်လာတယ်ဆိုရင်တောင် သူ(မ)ကို တာအိုဘုရားကျောင်းဆီ ပို့စရာ လိုလို့လား”

“ နောက်ပြီး ရှဲ့ချောင်အတွက်ဆိုပြီး အမေ့ကို ရှဲ့နျိုရှန်းပေးခိုင်းတဲ့ ဆွဲပြားက မကောင်းဆိုးဝါးကို နှင်ထုတ်ပေးဖို့ဟုတ်? အဲ့ဒါက သန့်စင်ထားတဲ့ဟာလို့ရော အမေ့ကို ပြောခဲ့သေးလား။ သူ့သမီးကို ပေးတဲ့လက်ဆောင်က ထူးဆန်းနေတယ်လေ!” 

•••••

All Chapters