ဂြိုလ်ဆိုး
Vol. 35 Ch. 672
သူတို့ မတွေ့ရတာနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ရှဲ့နျိုရှန်းအနေနဲ့ ရှဲ့ချောင်ကို အရည်အသွေးကောင်း အထည်စ သို့မဟုတ် ကျောက်မျက်ရတနာ ပေးတာ မဟုတ်လျှင်တောင် မကောင်းတဲ့ ဝိဉာဉ်တွေကို နှင်ထုတ်ဖို့ဆိုပြီး ဆွဲပြားလေးတစ်ခုပေးတာ မျိုးတော့ မလုပ်သင့်။ ၎င်းက ရှဲ့ချောင်အား ကံဆိုးမှုတွေ သယ်မလာနဲ့လို့ ပြောနေသလိုပင်…
ဖေဝမ်ယွဲ့၏ ဦးနှောက်က ကောင်းကောင်းကြီးကို အလုပ်လုပ်နေသည်။
“နောက်ပြီး ရှဲ့ချောင် အိမ်ရောက်လာတော့လည်း သူ့ရဲ့ ခြံဝန်းက အစွန်အဖျားပိုင်းမှာ ရှိနေတာ။
သမီးတို့ကို အဲ့နားမသွားဖို့နဲ့ အငယ်တွေကို သူ့နား လွယ်လွယ် မကပ်အောင် ဝေးဝေးထားဖို့ မှာနေသေးတယ်လေ။ ပုံမှန်ဆိုရင် လူကြီးတွေက သူတို့ရဲ့ ကလေးတွေကို တစ်ယောက်နဲ့ တစ်ယောက် သင့်သင့်မြတ်မြတ်နေစေချင်ကြတဲ့ဟာ၊ ဒါပေမဲ့ ရှဲ့နျိုရှန်းရဲ့ သဘောထားက အဲ့လို မဟုတ်နေဘူး။ ရှဲ့ဖင်းကန်း လည်း အတူတူပဲ။ သူ့ညီမကို ချစ်တယ်ဆိုရင် ဘာလို့ အဲ့အကြောင်းကို မပြောလဲ”
ဖေဝမ်ယွဲ့က သူမရဲ့ မရေမရာ ဖြစ်နေမှုတွေကို ရှင်းပြလိုက်သည်။
လုသခင်မ စိတ်မရှည်တော့။ “ နင်ဘာကို ပြောချင်နေတာလဲ၊ ယွဲ့အာ သမီးလည်း အခုဆိုရင် ကိုယ်လုပ်တော် တစ်ယောက် ဖြစ်နေပြီ အမေလည်း တခြား ဘာကိုမှ မမျှော်လင့်တော့ဘူး။ ကိုယ့်ဘဝလေးနဲ့ ကိုယ်ပဲ ဒီအတိုင်းလေး နေသွားပါလားကွယ်။ ရှဲ့ချောင်ကိုပဲ မျက်ခြေမပြတ် လိုက်ကြည့်နေစရာ လိုလို့လား”
“ဝမ်လန်ချန်းရဲ့ အကျင့်စရိုက် ဘယ်လိုရှိလဲဆိုတာ အမေ မေးပြီးသွားပြီ။ သူက ကြင်နာပြီးတော့ ရိုးသားတယ် အတော်လေး ကောင်းတဲ့ လူတစ်ယောက် ဆိုပြီး စာသင်သားတော်တော်များများက ပြောတယ်။ သမီးသာ သူ့ကို စိတ်ရင်း အမှန်နဲ့ ဆက်ဆံသ၍ ဒီဘဝမှာ ကောင်းကောင်းမွန်မွန်လေး နေသွားနိုင်မှာပါ…”
လူကုံထံ မိသားစုများမှ ကိုယ်လုပ်တော်များလို အဆုံးသတ်ရလိမ့်မည် မဟုတ်။
ဒါပေါ့၊ သူ့သမီးက ချီးမြှင့်ခံ ကိုယ်လုပ်တော်တစ်ယောက်။ ခင်ပွန်းဖြစ်သူမှာ ကိုယ်လုပ်တော်စာရွက်စာတမ်း ရှိနေတယ်ဆိုပေမဲ့ သူမက လွယ်လွယ်နဲ့ စွန်ပစ်ခံရမှာ မဟုတ်ချေ။
“ဝမ်လန်ချန်က သစ်သားတုံးတစ်တုံးသာသာပဲ!”
ဖေဝမ်ယွဲ့ ဒေါသတကြီး ပြောလိုက်သည်။
အိမ်ရှေ့စံမင်းသား နဲ့ ယှဉ်နိုင်လို့လား ?!
လုသခင်မ ဆွံ့အသွားရသည်။
ကိုယ်လုပ်တော် ဖြစ်ချင်ပါတယ်ဆိုပြီး မရမကပြောခဲ့တာ သူ(မ)ပဲ မဟုတ်ဘူးလား။
ဝမ်လန်ချန်းကို အထင်မြင်သေးနေတာလည်း သူ(မ)ပဲ!
“နင့်ကိုယ်နင် နတ်ဘုရားမများထင်နေလား။အကုန်လုံးကို အထွန့်လိုက်တက်နေတာ။ ထွက်သွား! ငါနင့်ကို ထပ်မမြင်ချင်ဘူး!” လုသခင်မ
ဒေါသထွက်နေလေပြီ။
သူတော့ ဒီသမီးလုပ်လို့ ဒေါသ အထွက်လွန်ပြီးသေတော့မှာပဲ!
သူမသမီးအပေါ် တကယ်ကို ဘာ မျှော်လင့်ချက်မှမရှိ။ အနာဂတ်မှာ သူမရဲ့ လင်ပါသားနဲ့သမီးတို့ကိုသာ ဂရုစိုက်သွားမည်။ နောက်ပြီး သူမလည်း တော်တော်များများကို တွေ့ကြုံခဲ့ဖူးပြီ။ အရင်ကဆိုလျှင် သူမဟာ အသုံးအဖြုန်းကြီးသူတစ်ယောက် ဖြစ်၏။ သို့သော် ယခုတော့ သူ(မ)ကလေးတွေကို ငွေ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ သင်ကြားပေးမည်။ ကလေးများက လိမ္မာကြ၏။ သူတို့ သူမကို ချစ်လာဖို့ မမျှော်လင့်ထားသော်လည်း ၎င်းက သူမ အသက်ကြီးလာတဲ့အချိန်ရောက်မှ မှီခိုစရာ တစ်ယောက်မှ ရှိမနေတာလောက်တော့ ဆိုးရွားလိမ့်မည် မဟုတ်ပေ။
လုသခင်မသည် သူမကို တွန်းထုတ်လိုက်သည့်တိုင် ဖေဝမ်ယွဲ့က ထွက်သွားဖို့ ငြင်းဆန်နေ၏။
“အမေ၊ ရှဲ့ချောင်က… ဂြိုလ်ဆိုးတစ်ကောင်.. ဖြစ်နေမယ်ထင်လား” ဖေဝမ်ယွဲ့ ရုတ်တရက် မေးလိုက်သည်။ သူမ မျက်လုံးများက တောက်ပနေလျက်။
“ဘာ” လုသခင်မ လုပ်လက်စကို ရပ်လိုက်၏။
“သမီးပြောတာက သူက မကောင်းဆိုးဝါးဖြစ်နေလောက်တယ်လို့။ သူ တာအိုဘုရားကျောင်းကို အပို့ခံလိုက်ရတာက သူ့အမေကို သတ်လိုက်လို့ပဲ။! အပေါ်ယံကြည့်ရင်တော့ ရှဲ့မိသားစုက သူ့ကို ချစ်တယ်ပေါ့၊ ဒါပေမဲ့ တကယ်က သူက လက်ထပ်ဖို့လည်း အရွယ်ရောက်ပြီး ကြည့်ကောင်းနေလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာ!” ဖေဝမ်ယွဲ့ဟာ ပိုပိုပြီး စိတ်အားထက်သန်လာသည်။
“အဲ့လိုပဲ နေမှာ။ သူက ဂြိုလ်ဆိုးတစ်ကောင်! သူနဲ့ ရင်းနှီးသွားတဲ့သူတွေက ကံဆိုးကုန်မှာ!”
လုသခင်မခမျာ ကြက်သေသေနေမိလေသည်။
ဒီကလေး ဘာဖြစ်နေတာလဲ! ဘာလို့ သူ့အတွေးတွေက အဓိပ္ပာယ်မရှိတာတွေနဲ့ပဲ ပြည့်နေရတာလဲ!
ဖေဝမ်ယွဲ့ ပြုံးလိုက်ကာ “အမေ.. တကယ်လို့ မင်းကြီးနဲ့ မိဖုရားခေါင်ကြီးသာ သူက ဂြိုလ်ဆိုးဆိုတာ သိသွားရင်, ကြင်ရာတော်မင်းသမီး ဖြစ်လာဖို့ ခွင့်ပြုနေဦးမယ်လို့ ထင်လား။ ကြင်ရာတော် ဖြစ်မလာနိုင်ရုံတင် မဟုတ်ဘူး၊ ဘယ်သူကမှလည်း သူ့ကို လိုချင်တော့မှာ မဟုတ်ဘူး။ ရှဲ့မိသားစုက အဲ့လို ကံဆိုးတဲ့သူကို အရှေ့နန်းဆောင်ကို ပို့လိုက်တာဆိုတော့ သူတို့ အပြစ်ပေးခံ
ရတော့မှာ”
“ဖေဝမ်ယွဲ့!” လုသခင်မ အမြန် အော်ပြောလိုက်၏။ “နင့် အသံကို လျှော့ပြောစမ်း၊ နင် ဘာလို့ အဲ့ကောင်မလေးကိုပဲ ရန်လုပ်နေရတာလဲ”
ဖေဝမ်ယွဲ့ကတော့ ဂရုမစိုက်။ သူ ဒီကိုလာတာ အမှန်တရားကို အတည်ပြုဖို့ပင်။
ပြောစရာရှိတာ ပြောပြီးသည်နှင့် လုသခင်မရဲ့ ပျာယာခတ်နေတဲ့ ပုံစံကို အရေးလုပ်မနေဘဲ ပျော်ရွှင်စွာနှင့် ပြန်သွားခဲ့လေသည်။
ပြဿနာထပ်ဖြစ်လာမှာကို ရှောင်ရန်အတွက် ဖေဝမ်ယွဲ့သည် လူတစ်ယောက်အား ပိုက်ဆံပေးငှား၍ သတင်းဖြန့်ခိုင်းခဲ့သည်။
•••••