သေစေနိုင်တဲ့ ကံကြမ္မာဆိုး
Vol. 35 Ch. 673
လုသခင်မမှာ နေရာတွင် မလှုပ်မယှက်နေနေ၏။ သူမ အငို မရပ်တော့။
ဒီကလေးက ပြုစားခံနေရတာ၊ တကယ်ကို ပြုစားခံနေရတာ။ ရှဲ့ချောင်ရဲ့ဘဝ ကောင်းစားနေတာကို မကြည့်နိုင်သလို အမေ လုပ်တဲ့သူ ကောင်းကောင်းမွန်မွန်နေနေတာကိုလည်း မကြည့်နိုင်ဘူး !
ဖေဝမ်ယွဲ့သည် လုသခင်မနဲ့ အတူနေခဲ့တဲ့အချိန်က လူတော်တော်များများကို သိလာခဲ့သည်။ အခု သတင်းဖြန့်ပေးဖို့ လူတစ်ယောက်ရှာတွေ့ခဲ့
သော်လည်း တစ်ဖက်လူက တော်ဝင်မိသားစုနဲ့ ပတ်သက်နေတယ်ဆိုတာကို သိရပြီးနောက် အလုပ်ကို လက်ခံဖို့ မဝံ့မရဲဖြစ်နေ၏။ သို့သော် ဖေဝမ်ယွဲ့က ငွေအပုံလိုက် ပေးခဲ့လေသည်။
သို့နှင့် ဖေဝမ်ယွဲ့တောင်းဆိုချက် အတိုင်း လုပ်ပေးခဲ့၏။
တစ်ရက်အတွင်းမှာတင်၊ မြိုတော်ထဲက လူများက ကြင်ရာတော် မင်းသမီးလောင်းမှာ သေစေနိုင်တဲ့ ကံကြမ္မာဆိုးရှိနေတယ်ဆိုပြီး ပြောလာကြသည်။ သူမသာ အိမ်ရှေ့စံမင်းသားကို လက်ထပ်လိုက်ရင် တော်ဝင်မိသားစုကို သေချာပေါက် အန္တာရာယ် ဖြစ်လာစေလိမ့်မည်ဟု။
၎င်းက ကောလဟာလသက်သက်သာသာဖြစ်ရာ အစကတော့ လူအများစုက သိပ်ပြီး အာရုံမစိုက်ခဲ့ကြ။
သို့သော် ဒုတိယနေ့၌ တာအိုဆရာလိုလိုလူတချို့ ပေါ်လာပြီး ရှဲ့မိသားစုရဲ့ အိမ်တံခါးဝရှေ၌ ခေါင်းတရမ်းရမ်း သက်ပြင်းတချချနှင့် ဖြတ်လျှောက်သွားကြသည်။
မနေ့ညက ဥက္ကာခဲတစ်စင်း ကောင်းကင်တွင် ကြွေဆင်းသွားခဲ့၏။ ထိုဥက္ကာခဲက တိုင်းပြည်ရဲ့ အုတ်မြစ်ကို ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နေသည့် အရာဟု လူတချို့က ဆိုကြသည်။
ရှဲ့ချောင်သာ အိမ်ရှေ့စံမင်းသားအား လက်ထပ်လိုက်ပါက အိမ်ရှေ့စံဟာ သေသည်အထိ ညှင်းပန်းနှိပ်စက်ခံရမည်ဟု ပြောဆိုသူများလည်း ရှိသည်။
လူအများက ရှဲ့မိသားစုက ကြင်ရာတော်
မင်းသမီးရဲ့ ရှေ့ရေးဟာ ပျက်ဆီးသွားပြီဟု ခံစားနေရကြလေပြီ။
ထို ကောလဟာလကို ဖြန့်ဖို့ရာအတွက် ဖေဝမ်ယွဲ့သည် သူမရဲ့ ပိုင်ဆိုင်မှုအားလုံးနီးပါးကို အသုံးပြုခဲ့ရသည်။ အပြင်ဘက်က ရှဲ့ချောင်ရဲ့ကောလဟာလတွေကိုကြားပြီး သူမ စိတ်လည်း ပူသလို စိတ်လည်း လှုပ်ရှားနေသည်
ဒီဘဝ၌ နောက်တစ်ကြိမ်ပြန်ပြီး ချမ်းသာကျော်ကြားလာဖို့ မဖြစ်တော့ဘူးဆိုတာ သူမ သိသည်။
ဒါပေမဲ့ ရှဲ့ချောင် ကောင်းစားနေမှာကိုလည်း ခွင့်မပြုပေးနိုင်ဘူး!
“တော်ဝင်မင်းဆရာကြီး ,ရှဲ့မိသားစုက သခင်မ
လေးရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲနေတာမျိုး ရှိလား” မင်းကြီးသည် တော်ဝင်မင်းဆရာကြီး အား ဆင့်ခေါ်၍ မေးမြန်း၏။
သခင်မလေး၏ မွေးနေ့အချက်အလက် အသေးစိတ်နဲ့ အိမ်ရှေ့စံမင်းသား၏ အချက်အလက်တို့ကို ယှဉ်ကြည့်ပြီးပြီဖြစ်သည်။ ထိုအချိန်တုန်းက ကံကောင်းခြင်း ရလဒ်ကို ပြသခဲ့သည်။
အခု ဧကရာဇ်သည် တစ်ဖန် ပြန် အတည်ပြုချင်နေ၏။
လက်ရှိမင်းဆက်၏ တော်ဝင်မင်းဆရာကြီး၌ အမည်နာမ မရှိ။ သူဟာ မှတ်ဉာဏ် ပျောက်ဆုံးသွားခဲ့ပြီး တောင်ပေါ် ဓားပြစခန်းတစ်ဝိုက် လှည့်ပတ်သွားလာခဲ့သည်ဟုဆိုသည်။ သူဟာ တောင်ပေါ်စခန်းရဲ့ ခေါင်းဆောင်ဟောင်းအား
ကပ်ဘေးတချို့ ရှောင်ရှားနိုင်ရန် ကူညီပေးခဲ့ရာ အမြဲတမ်း လေးစားခံခဲ့ရသည်။
ရှဲ့နျိုရှန်းက တောင်ပေါ်စခန်း၏ ခေါင်းဆောင် ဖြစ်လာချိန်တွင်လည်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။ သူဟာ စခန်းတစ်ခုလုံး၌ စာပေပညာ အနှံ့စပ်ဆုံး လူတစ်ယောက် ဖြစ်၏။ သူရဲ့ မျက်နှာထားဟာ အမြဲတမ်း မရှင်းမလင်း ဖြစ်နေတတ်ပေမဲ့ သူ့နှုတ်က ထွက်လာသည့် စကားတိုင်းဟာ အဓိပ္ပာယ်လှသည်။ ထို့ကြောင့် စခန်းမှ လူများအား စာဖတ်တတ်စေရန်အတွက် သူ့ကို သင်ပြစေခဲ့သည်။
နောက်ပိုင်း ရှဲ့နျိုရှန်း အရာရှိတစ်ဦး ဖြစ်လာချိန် ပထမဆုံး သူ လုပ်သည့်အရာက တော်ဝင်မင်းဆရာကြီးကို ထောက်ခံပေးတာပင်။
ထိုအချိန်က မင်းကြီးသည် တော်ဝင်မင်းဆရာကြီး
တစ်ယောက်တည်းကို ဆင့်ခေါ်ကာ နာရီပိုင်းလောက် စကားပြောခဲ့သည်။ ထို့နောက် ရာထူးမြင့်နေရာတစ်ခုအား ပေးအပ်ခဲ့၏။ ရှဲ့နျိုရှန်းတောင်…. နှိုင်းယှဉ်လို့မရသည့် နေရာတစ်ခု။
သို့သော် ရှဲ့နျိုရှန်းဟာ မနာလို ဖြစ်တာမျိုး မရှိခဲ့။ ဒီတော်ဝင်မင်းဆရာကြီးဟာ အင်အားကြီးတဲ့ သူတစ်ယောက်ဆိုတာ သူ့စိတ်ထဲက သိနေသည်။
ယခင်က မင်းဆရာကြီး တောင်ပေါ်စခန်းတဝိုက် လှည့်လည်သွားလာနေချိန် ခေါင်းဆောင် ဖန်းက နာမည်တစ်ခု ပေးခဲ့၏။—ဖန်ထျန်းမင်!
သူ့ရဲ့ ဂမ္ဘီရဉာဏ်ပညာပိုင်းဆိုင်ရာ တိကျမှုနှင့် ပတ်သက်ပြီးလည်း ချီးမွမ်းခံရသေးသည်။
လက်ရှိ၌ တော်ဝင်မင်းဆရာကြီးသည် ဖုန်းရွှေ
အရေးကိစ္စများတွင် အဓိက တာဝန်ယူထားသည်။ ပုံမှန်အားဖြင့် ကြယ်များကို ကြည့်တတ်ကာ ရံဖန်ရံခါ ဘုရင်အား ဆင့်ခေါ်ပြီး မေးခွန်း တစ်ချို့ မေးတတ်သည်။ တခြား အရေးကိစ္စများနှင့် ပတ်သက်၍တော့ သိပ်ပြီး မမေးတတ်။
အနှီပုဂ္ဂိုလ်သည် မြို့တော်ရှိ အမတ်များထဲ၌ အတည်ငြိမ်ဆုံးဖြစ်သည်။
သို့သော် ဘယ်သူကမှ သူ့ကို လျှော့မတွက်ရဲကြ။
တော်ဝင်မင်းဆရာကြီးသည် မသေမျိုးတစ်ယောက် နှင့်တူကာ အရွယ်အားဖြင့်လည်း မငယ်တော့။
သူ့ရဲ့ မျက်နှာအမူအရာဟာ ဂရုမစိုက်ဟန် ဖြစ်နေကာ မွေးနေ့ အချက်အလက်များကို ကြည့်ပြီး
တွက်ချက်မှုတစ်ချို့ ပြုလိုက်၏။
“ဒီ ရှဲ့မိသားစုက သခင်မလေး မွေးတုန်းက ကျွန်တော်လည်း အနားမှာ ရှိနေခဲ့တယ်။ သူ့မှာ တကယ်ကို သေစေနိုင်တဲ့ ကံကြမ္မာဆိုးပါနေတယ်”
ထိုသို့ ပြောလိုက်သည့်အခါ မင်းကြီးရဲ့ မျက်နှာမှာ ပို၍ တည်ကြည်သွားတော့သည်။
“သူ့မှာ သေစေနိုင်တဲ့ ကံကြမ္မာဆိုးရှိတယ်။ သူ(မ)နဲ့ သွေးသားတော်စပ်တဲ့သူတွေက သူ(မ)နဲ့ နီးနီးကပ်ကပ်နေလွန်းရင် ကျိန်းသေပေါက် သက်ရောက်မှုရှိမှာပဲ။အဲဒါကြောင့် သူ့ကို တခြားတစ်ယောက်က ပျိုးထောင်ပေးခဲ့တာ” တော်ဝင်မင်းဆရာကြီးသည် ဘာတစ်ခုမှ လိမ်ညာထားခြင်း မရှိခဲ့။
“ဒါဆို… ဆရာကြီး၊ သူ့ရဲ့ သေစေနိုင်တဲ့ ကံကြမ္မာက အိမ်ရှေ့စံကို ထိခိုက်စေမှာလား” မင်းကြီးက အလျင်စလို မေးလိုက်၏။
“အိမ်ရှေ့စံမင်းသားနဲ့ သူမနဲ့က သွေးသားချင်းမှ မတော်စပ်တာ၊ အဲ့တော့ ကိစ္စမရှိဘူး” ဆရာကြီးဟာ များများစားစား မပြောခဲ့။
ထိုစကားကြောင့် မင်းကြီးမှာ သက်ပြင်းချလိုက်နိုင်သွားသည်။
ဒီနှစ်တွေထဲ၌ အိမ်ရှေ့စံမင်းသားဟာ ဇနီးတစ်ယောက် ယူဖို့အရေးကို စိတ်ဝင်စားခြင်းမရှိခဲ့။ အခု သူ့ဘက်က အဆင်သင့်ပြောလာချိန်မှ မင်္ဂလာပွဲကို အပြောင်းအလဲ လုပ်ပစ်ရတာမျိုး မဖြစ်စေချင်ပေ။
တော်ဝင်မင်းဆရာကြီးသည် နက္ခတ်တာရာများကို ဖတ်ခြင်း၌ ပိုတော်သည်ဆိုသော်လည်း ဒီလို ရိုးရှင်းသည့် ကံကြမ္မာများကို မြင်နိုင်စွမ်းရှိ၏။ ထို့ကြောင့်… မင်းကြီးဟာ သူ့စကားများကို ယုံကြည်ခဲ့လေသည်။
•••••