သေဒဏ်
Vol. 35 Ch. 674
မင်းကြီးသည် အိမ်ရှေ့စံနှင့် တော်ဝင်မိသားစု အပေါ်ကျရောက်မည့် သေစေနိုင်တဲ့ကံကြမ္မာဆိုးဆိုတာ အတုအယောင်သက်သက်သာ ဖြစ်ကြောင်း အတည်ပြုပြီးသွားတဲ့နောက် ကောလဟာလများနှင့် ပတ်သက်ပြီး စိတ်ရှုပ်မခံနေတော့ချေ။
ရှဲ့ချောင်သည်လည်း ထိုကောလဟာလများကို
ကြားမိပေမဲ့ ဂရုမစိုက်ခဲ့။
ဒါတင်မက ကောလဟလသတင်းများ ပြန့်ပြီးတဲ့နောက် အိမ်ရှေ့စံသည် ရှဲ့မိသားစုထံ လက်ဆောင်ပစ္စည်းများပင် ပို့ပေးခဲ့သည်။ ပန်းအိုးများနှင့် ပန်းပင်များ အိမ်တော်ထဲသို့ ရောက်လာကြသည်။
ရှဲ့ချောင်သည် ပန်းများနှင့် အပင်များကို နှစ်သက်သူတစ်ဦးဖြစ်၏။ တစ်ချို့သော ပန်းပွင့်များသည်ဝိုင်နှင့် အစာသွတ်မုန့်များ ပြုလုပ်လို့ရသည်။အံ့ဩစရာ ကောင်းလှပေသည်။
ဖေဝမ်ယွဲ့သည် ကြင်ရာတော်မင်းသမီး ဖယ်ရှားခံရသည့် သတင်းကို တိတ်တိတ်လေး စောင့်ဆိုင်းနေ၏။
သူမ စောင့်ပြီးရင်းစောင့်နေခဲ့သည်။ မြို့တော်ထဲ၌ ကောလဟာလသတင်းများက ရှိနေဆဲ..သို့သော် ရှဲ့မိသားစုကတော့…
သူမကြားတာက အိမ်ရှေ့စံမင်းသားသည် ကြင်ရာတော် လောင်းဆီသို့ လောလောလတ်လတ် ပွင့်ဖူးနေကြသည့် ပန်းများနှင့် အပင်များကို ပို့ပေးလိုက်ရာ ရှဲ့အိမ်တော်သို့ သွားရာ လမ်းတစ်လျှောက် ပန်းရနံ့များက ပျံ့လွင့်နေသည် ဟူ၍!
အိမ်ရှေ့စံသည် အနာဂတ် ယောက္ခမလောင်းဆီသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လည်ပတ်ပြီး ရှဲ့မိသားစုနှင့် စကားလက်ဆုံပင်ပြောခဲ့သည်ဟုလည်း ကြားသေးသည်။
အိမ်ရှေ့စံက ကြင်ရာတော် မင်းသမီး၏ ခန်းဝင်ပစ္စည်းများ မလုံလောက်မှာကို စိုးရိမ်ပြီး ရတနာများနှင့် ရှေးဟောင်းပစ္စည်း တစ်ချို့ကိုပါ
ပို့ပေးခဲ့သေး၏…
ထိုသတင်းများက အမှားလား အမှန်လားဆိုတာကို ဖေဝမ်ယွဲ့ မသိပေမဲ့ ရှဲ့ချောင် အဆင်ပြေနေတယ်ဆိုတာတော့ သေချာသည် !
သူမ ဒီထက်ပိုပြီး သည်းမခံနိုင်တော့။ သူမ ဆက်တိုက် စဉ်းစားနေကြည့်ခဲ့သည့်တိုင် ရှဲ့ချောင် စိတ်ကြီးဝင်နေတာကို ရပ်တန့်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မသိခဲ့ချေ။ သူမဟာ စားမဝင် အိပ်မပျော်ဖြစ်ရသည်အထိ သောက ရောက်နေလေရာ ကိုယ်အလေးချိန်ပင် ကျသွားလေသည်။
သူမ စိတ်ပူနေစဉ် ဝမ်လန်ချန်း ရောက်လာခဲ့၏။
သူ့ဘေးနားမှာ တခြားလူတွေလည်း ရှိနေသည်။
သူတို့ အခန်းထဲကို အတူတူဝင်လာကြသည်။ သူတို့ကို ကြည့်ရတာ ဖော်ရွေပုံမရ။
“သ-သခင်ကြီး” ဖေဝမ်ယွဲ့ ဝမ်လန်ချန်းအား ပျာပျာသလဲနှင့် ကြည့်လိုက်၏။
ဝမ်လန်ချန်းသည် လက်နှစ်ဖက်အားထပ်ကာ ကျောက်ရွှမ်ကျင်းအား “အရှင့်သား၊ ဒါက ကျွန်တော့်ရဲ့ ကိုယ်လုပ်တော် သခင်မဖေပါ”
ကျောက်ရွှမ်ကျင်း ခေါင်းအသာညိတ်ပြကာ သူမကို အေးတိအေးစက်နှင့်သာ တစ်ချက်ကြည့်လိုက်သည်။
“ထင်တဲ့အတိုင်းပဲ၊ ယုတ်မာတတ်တာက မျက်နှာနဲ့ လိုက်လည်း လိုက်တယ်။ ကွပ်မျက်လိုက်”
သူဟာ ထိုမိန်းမ အတွက် ဒီကိုလာတာမဟုတ်ဘဲ ဝမ်လန်ချန်းကို တွေ့ဖို့ လာခဲ့ခြင်းသာ။ ကောလဟာလများကို ဖြန့်နေတဲ့သူဟာ ဝမ်လန်ချန်ယအနားမှ အမျိုးသမီးဟု ရှာတွေ့ထားတာကြောင့် သူ လာကြည့်ခဲ့ခြင်းပင်။
သူမဟာ ရှဲ့ချောင်ကို လက်ခံနိုင်တဲ့ နတ်ဘုရားတစ်ပါးဖြစ်လောက်လိမ့်မည်ဟု ထင်ထားခဲ့ပေသည်။ သို့သော် သူမပုံစံက သိပ်မဆိုးပေမဲ့ ယုတ်မာတဲ့သူ ဖြစ်နေလေသည်။
ကျို့ဝေ့ကျုံး လက်ယမ်းပြလိုက်သည်နှင့် သူ့အနောက်မှာ ရှိနေတဲ့သူက သတ်သေရမည့်ပစ္စည်း၃စုံအား သယ်လာလိုက်၏။ ထို့နောက် ၎င်းကို ဖေဝမ်ယွဲ့ ရှေ့သို့ ယူလာခဲ့လေသည်။
ရှဲ့ဖင်းကန်း လည်း ထိုနေရာတွင် ရှိနေ၏။
“ရှင်-ရှင်တို့ ဘာလုပ်တာလဲ” ဖေ့ဝမ်ယွဲ့တစ်ယောက် ပျာယာခတ်သွားကာ ဝမ်လန်ချန်း၏ အင်္ကျီအား အလျင်စလိုနှင့် ကုတ်ဆွဲလိုက်သည်။ “သခင်ကြီး၊ ရှင် ဘာလို့ ကျွန်မကို ဒီလို လုပ်ရတာလဲ”
ဝမ်လန်ချန်းဟာ သိုးငယ်လေး တစ်ကောင်ပမာ။ သူ့ရဲ့ အသံက အင်မတန်ကို ညင်သာနေဆဲ။
“သခင်မဖေ၊ ငါမင်းကို လွန်ခဲ့တဲ့ရက်တုန်းက အိမ်ရှေ့စံမင်းသားနဲ့ ကြင်ရာတော် မင်းသမီး အကြောင်းကို မဟုတ်မမှန်တွေ လျှောက်မပြောဖို့ သတိပေးထားခဲ့တယ်လေ၊ မင်းက လွယ်လွယ်နဲ့ မေ့ပစ်လိုက်တယ်ပေါ့”
ဖေဝမ်ယွဲ့ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။ “ကျ-
ကျွန်မ မလုပ်…”
“မင်း ငှားထားတဲ့ လူတွေက ဝန်ခံပြီးသွားလို့ မှုခင်းစီရင်ရေးရုံးမှာ အလောင်းကောင်တွေ ဖြစ်နေကြပြီ။ မင်းကို အိမ်မှာပဲ သေခွင့်ပေးလိုက်တာက မင်းအမေက ကြင်ရာတော်မင်းသမီးရဲ့ မိထွေး ဖြစ်ခဲ့ဖူးလို့ပဲ။ ဒါက ငါတို့ မင်းအပေါ် ပေးနိုင်တဲ့ သက်ညှာမှုအကုန်ပဲ”
အဲ့လိုသာ မဟုတ်ပါက မှုခင်းစီရင်ရေးရုံးရှိ အကျဉ်းထောင်သို့ အပို့ခံရပြီး ကြိုးတစ်ချောင်းနှင့် ကြိုးဆွဲချ သေနေရလောက်ပြီဖြစ်ကာ သင်္ချိုင်းသို့ ပစ်ခံနေရလောက်လေပြီ။
“ မဟုတ်ဘူး! ကျွန်မ မလုပ်ဘူး! ကျွန်မမှာ အပြစ်မရှိဘူး! အစ်ကိုကြီး! အစ်ကိုကြီး ကျွန်မကို ကယ်ပါဦး၊ ကျွန်မလည်း အစ်ကိုကြီးရဲ့ ညီမပဲလေ!” ဖေဝမ်ယွဲ့မှာ အလန့်တကြားဖြစ်နေလေပြီး
ရှဲ့ဖင်းကန်း အား အော်ဟစ်လိုက်၏။
ရှဲ့ဖင်းကန်းက သူမအား ကန်ထုတ်ပစ်၍ “ငါ့မှာ မင်းလို ဦးနှောက်မရှိတဲ့ ညီမမျိုး မရှိဘူး”
ဖေဝမ်ယွဲ့သည် သူမ တစ်ကိုယ်လုံး နာကျင်မှုကို ခံစားနေရသည့်တိုင် အနောက်ကိုတော့ရအောင်ဆုတ်သွားဆဲ။
အဖြူရောင် ပိုးစ၊ ဓားမြှောင် ၊အဆိပ်သေရည်။
ဖေဝမ်ယွဲ့ တကယ်ကို ပျာယာခတ်နေ၏။ သူမ အပြစ်လုပ်ထားတာဆိုပေမဲ့ သေဒဏ်ပေးခံရလိမ့်မယ်လို့တော့ မထင်ထားခဲ့ချေ။
“ကျွန်မ အမှန်တရားကိုပဲပြောတာ! အိမ်ရှေ့စံ!
အရှင့်သား! ရှဲ့ချောင်မှာ ကံကြမ္မာဆိုးရှိတယ်ဆိုတာ အမှန်ပါ! ကျွန်မ အမှန်အတိုင်း ပြောနေတာ!”
အိမ်ရှေ့စံသည် တကယ်ကို ကြည့်ရုံသာကြည့်ဖို့ လာခဲ့တာဖြစ်၍ ခြံဝန်းထဲကိုသွား၍ လက်ဖက်ရည်တောင် သောက်နေလေပြီ။
ဝမ်လန်ချန်းမှာ ခေါင်းခါကာ သက်ပြင်းချလိုက်၏။
“ဖေသခင်မလေး ဒီကိစ္စက မြိုတော်တစ်ခွင်လုံးပျံ့သွားပြီး လူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်တဲ့ အထိ ဖြစ်ခဲ့တာ။ မင်းကျူးလွန်လိုက်တာက သေဒဏ်ချရလောက်တဲ့ ပြစ်မှုပဲ”
•••••