တစ်သက်လုံး အမှား လုပ်သွားလို့မ ရ
Vol. 35 Ch. 675
ဖေဝမ်ယွဲ့ လူငှားပြီး ဖြန့်ခိုင်းလိုက်သည့် ကောလဟာလများက ဆိုးရွားလှ၏။
ရှဲ့ချောင်ဟာ သူမရဲ့ ဆွေမျိုးတွေကို ထိခိုက်စေမည်ဆိုပြီး ပြောရုံတင်မက အိမ်ရှေ့စံမင်းသားကိုပါ အန္တာရာယ်ဖြစ်သေလိမ့်မယ်ဆိုပြီး ပြောဆိုနေကြသည်။
အခုဆိုလျှင် မြိုတော်ထဲက လူများဟာ ရှဲ့ချောင်သာ အိမ်ရှေ့စံမင်းသားနှင့် လက်ထပ်လိုက်ပါက အိမ်ရှေ့စံမင်းသားဟာ သေချာပေါက် ဖယ်ရှားခြင်းခံရလိမ့်မည်ဟုပါ ထင်နေကြသည်။ ထိုအချိန်ရောက်လျှင် အိမ်ရှေ့စံရာထူးနေရာဟာ လစ်လပ်သွားပြီး စတုတ္ထမင်းသား သို့မဟုတ် ပဉ္စမမင်းသားက နောင်တက်လာမည့် ဘုရင်ဖြစ်လာလိမ့်မည်။
ထိုသို့သော ကောလဟာလများကို လိုက်ပြီး ထိန်းချုပ်နေဖို့က အသုံးမဝင်။ ၎င်းက လူတွေရဲ့အထင်အမြင်သာဆိုလျှင် ဖိအားပေးပြီး ရပ်တန့်သွားအောင် လုပ်ပစ်လို့မရနိုင်ချေ။
၎င်းကတိုင်းပြည်ရဲ့ အုတ်မြစ်ကို လှုပ်ခါစေပြီး လူတွေရဲ့ စိတ်ကို ရှုပ်ထွေးစေခဲ့သည်။ သေဒဏ်ပေးခံရလောက်သည့် ပြစ်မှုတစ်ခုပင်။
ဖေဝမ်ယွဲ့သည် ဝမ်လန်ချန်းရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ပြီး ရှဲ့ချောင်ရဲ့ အဖေတူအမေကွဲ ညီအစ်မ ဖြစ်ခဲ့တာကြောင့် အိမ်ရှေ့စံမင်းသားသည် သူမအား သီးသန့်အပြစ်ပေးချင်ခဲ့၏။
ကောလဟတွေကို ဖြန့်တဲ့သူဟာ ဖေဝမ်ယွဲ့ပါဟု လူသိထင်ရှား ထုတ်ပြောလိုက်ပါက ကြင်ရာတော်
မင်းသမီး၏ ဂုဏ်သတင်း အတွက် ပိုလို့တောင် ဆိုးသွားစေလိမ့်မည်။ ဖေဝမ်ယွဲ့က ရှဲ့အိမ်တော်မှာ နေခဲ့ဖူးတာကြောင့် ပိုပြီးသိလောက်သည်ဟုတောင် ထင်ကောင်းထင်သွားနိုင်သည်။ သူမ သေသွားလျှင်တောင် တခြားလူများ၏ အမြင်၌ နှုတ်ပိတ်ဖို့ အတွက် အသတ်ခံလိုက်ရတယ်ဆိုပြီး မြင်သွားနိုင်သည်။
ထိုပြဿနာ အားလုံးကို ရှောင်ရှားရန် အိမ်မှာ ဖြေရှင်းလိုက်တာက အကောင်းဆုံးပင်။
အခုဆိုလျှင် သူမရဲ့ ရုပ်အလောင်းကို သိမ်းယူမည့်လူတွေက အပြင်မှာ စောင့်နေကြလေပြီ။
ဖေ့ဝမ်ယွဲ့တစ်ယောက် ခေါင်းတခါခါ ဖြစ်နေ၏။
သူမ မသေချင်သေးဘူး !
တစ်သက်လုံး ကိုယ်လုပ်တော်ပဲ ဖြစ်သွားရမယ်ဆိုရင်တောင် စိတ်ထိခိုက်ပြီး မသေသွားချင်ဘူး!
သူမ ဖြန့်လိုက်တဲ့ သတင်းတွေကို ရှဲ့ချောင်က ဘယ်လိုမှ မခံစားရဘူး၊ ဒါပေမဲ့ သူမကျတော့ ဒီလောက်အတိုင်းအတာထိတောင် ဖိအားပေးခံရနေရတယ် !
လက်မခံနိုင်ဘူး !
သူမက ရွေးချယ်ဖို့ကို ငြင်းဆန်နေသည့်အတွက် ကျို့ဝေ့ကျုံးက အဖြူရောင် ပိုးစကို ယူ၍ သူမလည်ပင်းကို ညှစ်လိုက်သည်။
ပိုးစကို အသုံးပြုခြင်းက ကောင်းလှ၏။ သူမရဲ့ ခ
န္တာကိုယ်အား သွေးထွက်သံယို မဖြစ်ဘဲ ပကတိအတိုင်းသာရှိနေစေမည်ဖြစ်၍ ခြံဝန်းအား ညစ်ညမ်းစေလိမ့်မည်မဟုတ်ချေ။
ဝမ်လန်ချန်းသည် စာသင်သားတစ်ယောက် ဖြစ်နေလေရာ ထိုအခြင်းအရာအား ကြည့်မနေနိုင်၊ သူ အမြန် ထွက်သွားခဲ့သည်။ ရှဲ့ဖင်းကန်းကတော့ ဖေဝမ်ယွဲ့တစ်ယောက် ရုန်းကန်းနေပြီး မျက်နှာနီလာသည်အထိ လည်ပင်းညှစ်ခံရတာကို ကြည့်နေခဲ့သည်။
“မင်းရဲ့ ကံတရားကို တခြားသူတွေကို သွားပြီး အပြစ်တင်နေလို့မရဘူး၊ မင်း သေသွားရင် မင်းရဲ့ ခန္ဓာကိုယ်ကို မင်း အမေဆီ ပြန်ပို့ပေးမယ်”
လုသခင်မလည်း တစ်ချိန်က အချိုးပြေခဲ့တာတော့ မဟုတ်ပေမဲ့ ရှဲ့ဖင်းဟွိုက်ကိုတော့ ဂရုစိုက်ပေးခဲ့သည်။
ဖေဝမ်ယွဲ့သာ တော်ဝင်မိသားစုကို မဆန့်ကျင်မိပါက ယခုလိုမျိုး အဆုံးသတ်ရလိမ့်မည် မဟုတ်ပေ။
ကျို့ဝေ့ကျုံးကတော့ ဘာကိုမှ စိတ်ပူနေစရာမလို။ တစ်ခဏ အကြာ၌ ဖေဝမ်ယွဲ့၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။ သူမ ခန္ဓာကိုယ်က ပစ်လဲသွားကာ လည်ပင်းပေါ်မှ အရာများက ကြည့်ရဆိုးလှပေသည်။
“သူ့ကို သယ်သွားတော့” ထိုအခါမှသာ သူ လူတစ်ယောက်ကို ခေါ်လိုက်သည်။
ကျို့ဝေ့ကျုံးသည် လက်ဆေးလိုက်ပြီးနောက် အိမ်ရှေ့စံမင်းသားကို သွားရှာခဲ့သည်။
အိမ်ရှေ့စံမင်းသားသည် အဆင့်အတန်းမြင့်သည့် လူတစ်ယောက် ဖြစ်နေသည့်တိုင် သူ့ဘေးနားတွင်ရှိနေသည်က လူငယ်များသာဖြစ်ပြီး သူတို့နှင့် အဆင်ပြေပြေနေနိုင်သူဖြစ်၏။ ကျို့ဝေ့ကျုံး၊ ရှဲ့ဖင်းကန်းတို့နှင့် ကျားထိုးရင်း၊ သူတို့နှစ်ယောက်၏ ကိုယ်ခံပညာ လေ့ကျင့်မှုကို ကြည့်တတ်သေးသည်။ ဧည့်သည်နှင့် အိမ်ရှင် သူတို့ဟာသူတို့ သာယာနေကြလေသည်။
ရှဲ့ချောင်သည် သူမရဲ့ ခြံဝန်းထဲတွင် ရပ်လျက် ရှဲ့အိမ်တော်ထက်က ကောင်းကင်ကြီးအား ခေါင်းမော့ ကြည့်လို့နေ၏။
အနက်ရောင်စွမ်းအင်တို့ရှိနေသည်။
ကျစ်၊ မိသားစုအိမ်ထဲမှာ ကမောက်ကမ ဖြစ်ပြန်ပြီ။
သို့သော် စိုးရိမ်ရလောက်သည့် အခြေအနေ မဟုတ်တာကြောင့် သူမ အလျင်လိုခြင်းမရှိခဲ့။ သူမရဲ့ ဘေးကင်းမှုကို သေချာစေရန် အတွက်သာ ခြံဝန်းထဲ၌ အဆောင်စာရွက်များပိုပြီး ထားထားခဲ့သည်။
တစ်ဖက်မှာတော့၊ လုသခင်မသည် သူမသမီး သေဆုံးသည့် သတင်းကို ရရှိထားပြီဖြစ်၏။
သူမ ခဏလောက် ကြက်သေသေနေခဲ့ကာ ခေါင်းတလားအား တွေဝေစွာဖြင့် ကြည့်နေခဲ့သည်။
သူမ ဝမ်းနည်းတယ်ဆိုပေမဲ့…. အံ့ဩသွားတာမျိုး မဖြစ်ခဲ့ ..
လွန်ခဲ့တဲ့ရက်ပိုင်း အိမ်ရှေ့စံမင်းသားနှင့် ကြင်ရာ
တော် မင်းသမီးတို့၏ ကောလဟာလများကို ကြားခဲ့ချိန်ကစလို့ သူမ အိပ်မက်ဆိုးများ မက်ခဲ့သည်။ သူမ အင်မတန်ကို ကြောက်လန့်နေ၏။ သူမ သမီးတစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေရုံတင်မက သူမရဲ့ လက်ရှိခင်ပွန်းကိုပါ ပတ်သက်လာမှာကို စိုးရိမ်နေခဲ့သည်။
အခု သူ့သမီးကို သယ်လာခဲ့ကြလေပြီ။
သူမ ငိုပြီးရင်း ငိုနေမိသည်။ ဘာကြောင့်ရယ်မှန်း မသိ။ သူမ စိတ်သက်သာရာတော့ ရသွားရသည်။
“မိုက်လိုက်တဲ့ကလေးရယ်၊ မလုပ်ဖို့ အတန်တန် ပြောတဲ့ဟာကို သမီးမှ နားမထောင်ခဲ့တာ။ အခုတော့ ကြည့်၊ သေသွားရပြီမလား။ သမီးက ခေါင်းမာလွန်းတာကို။ သမီးအတွက်သာ မဟုတ်ခဲ့ရင်၊ အမေလည်း ဒီလို အဆုံးသတ်မှာမဟုတ်ဘူး၊ အခု သမီးသေသွားပြီ.. အမေ ဘာလို့ အပြစ်တင်
နေတော့မှာလဲ…”
မျက်ရည်များက လုသခင်မရဲ့ မျက်နှာထက် တသွင်သွင် စီးကျလို့နေသည်။
“ သမီးရဲ့ စိတ်မျိုးနဲ့ ဆို အမေ့ကို လက်စားချေပေးဖို့ မျှော်လင့်နေမှာမလား။ ဒါပေမဲ့ အမေက အသက်လည်းကြီးပြီ၊ နှိပ်စက်တာကို မခံနိုင်တော့ဘူး။ တစ်ချိန်က အမှားလုပ်ခဲ့မိတယ်ဆိုပေမဲ့ တစ်သက်လုံး လုပ်သွားလို့မရဘူးလေကွယ်”
•••••