ရွှေခေါင်းလောင် မရှိတော့ဘူး
Vol. 35 Ch. 677
ရှဲ့ချောင်သည် ဖေဝမ်ယွဲ့ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ရင်း ပုလင်းအား အေးအေးဆေးဆေး ပြန်သိမ်းလိုက်သည်မှာ ဘာတစ်ခုမှ ဖြစ်ပျက်သွားခြင်း မရှိသည့်အလား။ ထို့နောက် ရှဲ့အိမ်တော်ရဲ့ တံခါးဝဆီ လျှောက်လှမ်းသွားတော့သည်။
ဒီ လောကထဲမှာ နေနေရတဲ့အကြောင်းရင်းက တစ်ခုတည်းသာ ဆိုပေမဲ့ အခု သူမက ရှဲ့ချောင်ကို သတ်ချင်နေ၏….
တာအိုဆရာကို ဝိညာဥ်တွေချဉ်းကပ်ဖို့ဆိုတာ လွယ်တယ်များ ထင်နေတာလား ?
ဖေဝမ်ယွဲ့ လို အခြေနေမျိုးနှင့်ဆိုလျှင် သူမ ဝဋ်လည်မှာကိုစိတ်ပူနေစရာ မလို။ သူမဟာ ပုံမှန်အတိုင်း ရပ်နေနိုင်ပြီး အဆင်ပြေနေ၏။ သို့သော် ဖေဝမ်ယွဲ့ကတော့ သူမဆီ ပြေးဝင်လာပြီး သေလမ်းကို ရှာနေခဲ့သည်။
ရှဲ့ချောင် ခေါင်းမော့ပြီး ဖုန်းရွှေကိုကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားမိသည်။
ဘာတွေဖြစ်နေတာလဲ ?
အဆောင်စာရွက်တွေ အများကြီး မြှုပ်ထားခဲ့တယ် မဟုတ်လား။ ဘာလို့ ကံဆိုးခြင်းတွေက ဒီအိမ်ထဲမှာ ရှိနေသေးတာလဲ ?
ဇာစ်မြစ်က ဘယ်နေရာကလဲဆိုတာ ရှဲ့ချောင်တကယ် နားမလည်ခဲ့။ သူမ မိသားစုထဲမှာ တစ်ခုခုဖြစ်တော့မယ်ဆိုတာကိုသာ ရေးတေးတေး ခံစားမိနေ၏။
ရှဲ့ချောင် သူမ ခြံဝန်းဆီပြန်ရောက်ပြီးနောက် တွက်ချက်မှုတချို့ကို ပြုလုပ်ခဲ့သည်။ မကောင်းသည့်စွမ်းအင်များ တည်ရှိနေသည့် ခြံဝန်းက…သူ့မရဲ့ညီမ ရှဲ့ရှီရဲ့ ခြံဝန်းပင်။
ရှဲ့ချောင် အနည်းငယ် ပဟေဠိဖြစ်သွားရကာ စစ်ဆေးကြည့်ဖို့ သွားလိုက်၏။
ရှဲ့ရှီ၏ ခြံဝန်းက အသေးဆုံးဖြစ်ကာ ပင်မ ခြံဝန်းနှင့် အနီးဆုံးဖြစ်၍ သူမကို စောင့်ရှောက်ဖို့အတွက်လည်း အဆင်ပြေစေသည်။ ခြံဝန်းထဲ၌
ဘာတစ်ခုမှ မူမမှန်တာ မရှိတာကြောင့် မကောင်းသည့်စွမ်းအင်ဟာ လူပေါ်မှာသာ ဖြစ်လောက်သည်။
လတ်တလော၌ သူမဟာ အိမ်ကို ဂရုစိုက်ဖို့ လိုနေတာကြောင့် ရှဲ့ရှီသည် လင်းအိမ်တော်၌သာ အချိန်ကုန်ဆုံးနေ၏။ နေ့ခင်းဘက်တွင် လင်းအိမ်တော်၌ ခဏလောက် သွားကစားပြီးတဲ့နောက် ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်လာခဲ့သည်။
ရှဲ့ချောင် တံခါးဝတွင် စောင့်နေ၏။ ရှဲ့ရှီရဲ့ မျက်နှာထက်က အပြုံးကို ကြည့်ရသည်မှာ သူမဟာပိုပြီး နှစ်လိုဖွယ်ကောင်းကာ တက်ကြွပုံပေါ်သည်။ သို့သော် မျက်ခုံးစပ်ကြား၌ အစိမ်းရောင် မြူခိုးငွေ့တို့ရှိနေလေသည်။
“ရှီအာ၊ ဒီတလော ပြဿနာတစ်ခုခု ဖြစ်သေး
လား” ရှဲ့ချောင်က အရှေ့ကို လျှောက်သွား၍ ညင်ညင်သာသာ မေးလိုက်၏။
ရှဲ့ရှီဟာ ရှဲ့ချောင်ကို မြင်လိုက်သည်နှင့် လိမ်မာသည့် ယုန်လေးတစ်ကောင်ပမာ။ သူမရဲ့ မျက်ဝန်းထဲ၌ လေးစားမှု အရိပ်အယောင်တို့ ထင်ဟပ်နေလျက်။ “မဖြစ်ပါဘူး”
ဒီတလော အရမ်းကို ပျော်နေတာ !
ရှဲ့ချောင်ရဲ့ မျက်ခုံးတို့ တွန့်ချိုးနေကာ “ဒါဆိုရင် ပုံမှန်မဟုတ်ဘဲ ထူးခြားနေတာမျိူးရော ရှိလား”
ရှဲ့ရှီက ခေါင်းကို ပိုပြီးတောင် ခါပြလိုက်သေးသည်။
သူမဟာ မနက်တိုင်း ကျောင်းကိုသွားပြီး နေ့လည်ခင်း ကျောင်းဆင်းသည်နှင့် လင်းအိမ်တော််ကို သွား၍ နှစ်နာရီလောက် ကစားတတ်သည်။ ထို့နောက် အိမ်သို့ လှည်းဖြင့် ပြန်လာသည်။ ထူးထူးခြားခြား ဘာမှမရှိ။
ရှဲ့ချောင်ကတော့ စိုးရိမ်နေဆဲ။ သူမ ခဏလောက် စဉ်းစားကြည့်လိုက်ပြီးနောက် သူမ လက်ကောက်ဝတ်ပေါ်က ရွှေခေါင်းလောင်းကို ချွတ်လိုက်၏။ “ဒီဟာကို ဝတ်ထား ၊ ချွတ်ပစ်လို့မရဘူးနော်”
ရှဲ့ရှီဟာ ရွှေနဲ့ လုပ်ထားကြောင်း မြင်လိုက်ရသည်နှင့် သူမ မျက်လုံးတို့ အရောင်လက်သွားသည်။ ဆန်ကောက်နေသည့် ကြက်တစ်ကောင်ပမာ ခေါင်းကို တဆက်ဆက်ညိတ်ပြလိုက်သည်။
အစ်မကြီးက အရမ်းကောင်းတာပဲ! အိမ်က ရွှေ
တွေရော ငွေတွေရော သူ(မ)ကို အကုန်ပေးတာ!
“အစ်မ၊ ခေါင်းလောင်းလေးတွေက တကယ် လှတယ်” တချွင်ချွင် မြည်နေသည့်အသံတို့က သာယာနာပျော်ဖွယ် ကောင်းလှသည်။
ရှဲ့ချောင်တစ်ယောက် ခေါင်းလောင်းအား နာကျင်စွာဖြင့် ကြည့်လို့နေ၏။
၎င်းတို့က သူမရဲ့ ရတနာများပင်။ သဘာဝ ရွှေ၊ကျောက်စိမ်းနှင့် သတ္တုဓာတ်တို့က မကောင်းဆိုးဝါးကို နှင်ထုတ်နိုင်စွမ်းရှိသည်။ သူမ ငယ်စဉ်က တာအိုဘုရားကျောင်းဟာ ဆင်းရဲလှသည်။ ပိုက်ဆံရလာသည်နှင့် သူမ အတွက် ဆေးဝယ်ပေးရတာကြောင့် သူတို့မှာ ဓမ္မတူရိယာကောင်းတစ်ခုမှ မရှိခဲ့ကြချေ။
သူမတွင် သစ်သားဖြင့် ပြလုပ်ထားသော ပစ္စည်းများသာ ရှိခဲ့၏။ ရွှေနှင့် လုပ်ထားသည့်ပစ္စည်းတစ်ခုလိုချင်ခဲ့တာကြောင့် ဖြည်းဖြည်းချင်း ပိုက်ဆံစုခဲ့ရသည်။ ရွေတုံးတစ်တုံး ဝယ်နိုင်ပြီး ခေါင်းလောင်းပြုလုပ်နိုင်သည့်အထိ ပိုက်ဆံစုဖို့ရာ အချိန်များစွာ ကြာမြင့်ခဲ့သည်….
“ဒါက မမတို့ မိသားစုရဲ့ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းပဲ” ရှဲ့ချောင်က လေးလေးနက်နက် ပြောလိုက်၏။
ရှဲ့ရှီကလည်း ပြုံးကာ “ ညီမလေးတို့မှာ ရွှေတွေအများကြီးရှိတယ်”
မင်းကြီး ချီးမြှင့်ထားတဲ့ ဆုလာဘ်တွေ!
“လိုချင်လား၊ မလိုချင်ဘူးဆိုရင်လည်း ပြန်ပေး”
ရှဲ့ချောင်သည် ရှဲ့ရှီရဲ့ ဆံပင်တို့ကို ကိုင်ရင်း သူမရဲ့ ဗလာဖြစ်နေတဲ့ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ သူမ အဆင်ပြေမနေချေ။
သူမ ခေါင်းလောင်း နည်းနည်းလောက် ထပ်ပြီး လုပ်ဖို့လုပ်နေဆဲ။ သို့သော် ဒီခေါင်းလောင်းတွေကို ဝတ်လာတာ ကြာပြီဖြစ်ကာ အကျိုးသက်ရောက်မှုကလည်း အံ့မခန်းပင်။ အသစ်ပြုလုပ်လိုက်တဲ့ ခေါင်းလောင်းတွေက ဓမ္မတူရိယာဖြစ်လာမယ်ဆိုရင်တောင် သူမနဲ့ အံဝင်ခွင်ကျဖြစ်လိမ့်မည်မဟုတ်ပေ။
ရှဲ့ချောင် နှလုံးသွေးလျှံနေပေမဲ့လည်း သူမရဲ့ ချစ်စရာ ကောင်းတဲ့ ညီမလေး အတွက် သည်းခံလိုက်သည်။
ရှဲ့ရှီရဲ့ မျက်နှာဟာ ပဟေဠိဖြစ်နေပုံပင်။
သို့သော် သူမရဲ့ ပိုက်ဆံသရဲ ဗီဇအရ ခေါင်းလောင်းအား မြဲမြံစွာကာကွယ်ထားကာ ရှဲ့ချောင်အား နောက်မှာ ချန်ခဲ့ပြီး ခြေလှမ်းသွက်သွက်နှင့် ထွက်သွားခဲ့လေသည်။
ရှဲ့ချောင်ခမျာ သူမရဲ့ နောက်ကျောကို ကြည့်ရင်း ပြောစရာစကား ပျောက်ဆုံးသွားရသည်။
ခံစားချက်မရှိချက်ပဲ။ ရွှေခေါင်းလောင်းနဲ့ ယှဉ်ရင် သူ(မ)အစ်မကြီးက အဲ့လောက်တောင် အရေးမပါတော့ဘူးလား?!
•••••