← Chapters

တခြားဆရာတစ်ယောက် လိုချင်လား

Vol. 35 Ch. 678

တခြားဆရာတစ်ယောက် လိုချင်လား

Vol. 35 Ch. 678

ရှဲ့ချောင် သက်ပြင်းအသာချမိသည်။ သူမရဲ့နောက်မှာတော့ အမြဲတမ်းလိုလို လူမမြင်အောင် ပုန်းလျှိုးကွယ်လျှိုးနေနေတတ်သည့် ရှဲ့ဖင်းဟွိုက်က သူမရဲ့ အင်္ကျီ‌စကို ကုပ်ဆွဲထားလေသည်။ သူမ လှည့်ထွက်သွားတော့မှာကို မြင်သည်နှင့် ရှဲ့ချောင်ရဲ့အရှေ့၌ သူ့လက်မောင်းကို ဆန့်ပြီး တားလိုက်ကာ “အစ်မ၊ ကျွန်တော့်အတွက်ကရော”

“ဘယ်တုန်းက အိမ်ပြန်ရောက်လာတာလဲ” ရှဲ့ချောင် မှင်တက်သွားသည်။

ရှဲ့ဖင်းဟွိုက်ရဲ့ မျက်နှာဟာ ထိတ်လန့်သွားသည့် ပုံဖြင့် “အစ်မက အရမ်းဘက်လိုက်တာပဲ ! ကျွန်တော် ဒီမှာ တစ်ချိန်လုံး ရပ်နေတာလေ၊ ညီမလေး လှည်းပေါ်က ဆင်းပြီးပြီးချင်း ကျွန်တော်လည်း ဆင်းလာတဲ့ဟာကို၊ ကျွန်တော့်ကိုကျတော့ မမြင်ဘူးလား”

“မမြင်လိုက်ဘူး” ရှဲ့ချောင် အမှန်အတိုင်း ပြောလိုက်ရသည်။ ထို့နောက် သူ့လက်တို့ကို ကြည့်ကာ ရိုက်ပစ်လိုက်၏။ “မင်း ငါ့ကို အကြွေးတင်ထားတဲ့ ပိုက်ဆံ ဘယ်တော့မှ ပြန်ပေးမှာလဲ။ အဲ့ကျမှာ ငါ့မောင်လေးအတွက် ပစ္စည်းဝယ်ပေးစရာ ပိုက်ဆံရှိမှာလေ”

ရှဲ့ဖင်းဟွိုက် ဒေါသူပုန်ထသွားသည်။

သူက သူမရဲ့ မောင်လေ!

ရှဲ့ချောင် ရှက်မိပေမဲ့ ထိတ်ထိတ်ပျာပျာတော့ မဖြစ်သွားခဲ့။ မဟုတ်လျှင် ဒီကလေးက အခု အခြေနေကို အခွင့်ကောင်း ယူလိမ့်မည်ပေ။

ရှဲ့ဖင်းဟွိုက်ကို မမြင်မိလို့ဆိုပြီး သူမကို အပြစ်တင်လို့မရ။  ရှဲ့ရှီ အနိုင်ကျင့်ခံရမှာကို

တကယ်စိုးရိမ်နေလေရာ အနှီကောင်လေးက သူမ အတွက် အရေးမပါတော့….

“ကိုယ်ခံပညာ လေ့ကျင့်နေတာရော ဘယ်လိုလဲ” 

ဤအခိုက်အတန့်၌ ရှဲ့ချောင်ဟာ သူ့ရဲ့ အကြီးဆုံးအစ်မတစ်ယောက်ပုံစံပေါက်သွားသည်။

ထိုအကြောင်း စကားစလိုက်သည်နှင့် ရှဲ့ဖင်းဟွိုက်ခမျာ ပျော့ခွေသွားသလိုပင်။ “ကောင်းပါတယ်၊ ဒါပေမဲ့ ဆရာကြီးယွီက အရမ်းတင်းကြပ်တာပဲ။ အရုဏ်တက်တောင် မရောက်သေးဘူး မြင်းစီးကျင့်ဖို့ နှိုးနေပြီ။ အစ်မ၊  ကျွန်တော် အိမ်က ရေစည်ကိုလည်း ရေဖြည့်ရတယ်။ ပြီးတော့ အိမ်က ဝယ်ထားတဲ့ ထင်းတွေကလည်း အထူကြီးတွေဆိုတော့ ခွဲရ‌သေးတယ်။ အရွယ်အစား၊အထူ၊ အကွေး အကုန် အတိအကျပဲ။ ဆရာကြီး ယွီက အကုန်လုံးကို စစ်တာ!”

ယွီရှန်းက တကယ်ကို အကြင်နာတရားခေါင်းပါးလှသည်။

ရှဲ့ဖင်းဟွိုက်ရဲ့ လက်အခြေနေကို မြင်လိုက်ရတာက အံ့ဩစရာမရှိတော့။ အရေကြည်ဖုတွေ ထနေပြီး တစ်ချို့ဆို နီတောင် နီနေလေသည်။

သို့သော် ရှဲ့ချောင်ကို အံ့ဩသွားစေသည်မှာ ရှဲ့ဖင်းဟွိုက်က ဘယ်သူ့ကိုမှ မပြစ်တင်ခြင်း မရှိတာကိုပင်။

အရင်ကဆို ရှောင်းယွိရုန်ကို အပြစ်တင်ဝေဖန်ခဲ့သေးသည်။ မကောင်းတဲ့ လူကြီး၊ သဘောထားသေးတဲ့ဆရာဟု‌ခေါ်ခဲ့ကာ‌တစ်ယောက်ယောက်ကို သတ်တော့မယ့် ပုံစံနဲ့ဆိုပြီး..

“တခြားဆရာတစ်ယောက် လိုချင်လား” ရှဲ့ချောင် သိချင်စိတ်ဖြင့် မေးလိုက်၏။

“မလိုချင်ပါဘူး! ဘာလို့လဲ! ဆရာယွီရဲ့ အရည်အချင်းတွေကို အစ်မ မမြင်ဘူးလား။ သူက ပိန်ကပ်ကပ်နဲ့ အစ်ကိုကြီးလောက်တောင် အရပ်မရှည်ဘူးဆိုပေမဲ့ အရည်အချင်းကတော့ တကယ် အံ့ဩစရာကြီး။ အစ်မက တစ်နေ့လုံး အိပ်နေပြီး နောက်ကျမှ ထတာကို။ ဆရာယွီ အစ်ကိုကြီးကို နေ့တိုင်း ဘယ်နှချက်လောက် ထိုးနေလဲ သိမှာမဟုတ်ဘူး! ကျွန်တော်လည်း ဆရာယွီနဲ့ လေ့ကျင့်ပြီး တစ်နေ့ အဲ့လိုလုပ်နိုင်ရမယ် !” ရှဲ့ဖင်းဟွိုက်တစ်ယောက် စိတ်လှုပ်ရှားနေလေသည်။

အခု သူဟာ သူ့အစ်ကိုကြီးကို ပစ်မှတ်ထား ထားတာဖြစ်ပြီး တစ်နေ့မှာ သူ့ကို မြေကြီး‌ပေါ် အလဲထိုးပစ်နိုင်ရမည်ဟု မျှော်လင့်ထားသည်။

တစ်ယောက်ယောက်ကို အနိုင်ပိုင်းနိုင်တော့မည့်အဖြစ်ကို မြင်ယောင်မိတိုင်း ရှဲ့ဖင်းဟွိုက်မှာ ကိုယ်ခံပညာ လေ့ကျင့်ရခြင်းအား နည်းနည်းလေးမှ ပင်ပန်းတယ်လို့ မခံစားရတော့ချေ။

နောက်ပြီး ကိုယ်ခံပညာလေ့ကျင့်ရတာက စာပေ‌သင်ယူရတာနဲ့ တခြားစီပဲ !

တစ်ခုက စိတ်ဝင်စားစရာ ကောင်းပေမဲ့ တစ်ခုကတော့ ပျင်းစရာကောင်းသည်။

အိမ်တော်သို့ ယွီရှန်း ဝင်လာကတည်းက ရှဲ့ချောင် သူမနဲ့ တကယ်ကို အဆက်အဆံသိပ်မရှိခဲ့။ ရံဖန်ရံခါ သူမကို တွေ့ဖို့ နေ့လည်ခင်းဘက်၌ နှစ်ခါလောက်သွားတတ်တာကလည်း ယွီရှန်းက သူမကို ရှာဖို့ဆိုပြီး ထွက်လာတတ်လို့သာ။

ယွီရှန်းအကြောင်း ရှဲ့ချောင် ပြောလိုက်ပြီး သိပ်မကြာ ယွီရှန်း ပြန်ရောက်လာခဲ့သည်။

သူမ ပြန်ရောက်သည်နှင့် ပေါ့ပေါ့ပါးပါး အဝတ်အစား တစ်စုံလဲကာ ရှဲ့ဖင်းဟွိုက်၏ ကိုယ်ခံပညာလေ့ကျင့်နေမှုကို ကြည့်ခဲ့သည်။

သူမ အရေးကြီးတဲ့ အလုပ်လုပ်နေတာကြောင့် ရှဲ့ချောင် သူမကို အနှောင့်အယှက် မပေးခဲ့။

သို့သော် သူမ မသိခဲ့သည်က ယွီရှန်းက အခု သူမအကြောင်း တွေးနေတယ်ဆိုတာပင်။

ပိုပြီး တိတိကျကျပြောရမယ်ဆိုလျှင် သူမ တွေးနေသည်က ထိုဆရာမအကြောင်း….

ဒီတစ်လော သူမ အနီးနားဝန်းကျင်က တာအိုဘုရားကျောင်းများ အကြောင်း မေးမြန်းကြည့်ခဲ့သည်။ ယွီရွှီဘုရားကျောင်း၌ ပညာရှင်များ ရှိသည်ဟု ကြားမိပြီး သူမကိုအကြံဉာဏ်များပေးခဲ့သူမှာ ယွီရွှီဘုရားကျောင်းမှ ဖြစ်မည်ဟု ထင်မိသည်။ တစ်နေ့ သူမ အချိန်ရလျှင် ထိုဘုရားကျောင်းကို ကျိန်းသေပေါက် သွားကို သွားရမည်။ လမ်းညွှန်ပြ‌သပေးမှုအတွက် ထိုဆရာအား ကျေးဇူးတင်ချင်မိသည်။

ရှဲ့ချောင်ကတော့ ယွီရှန်းတစ်ယောက် သူမနဲ့ ပတ်သက်ပြီး အဲ့လောက် အလေးထားနေလိမ့်မယ်လို့ မထင်ထားခဲ့။

သူမရဲ့ စိတ်ထဲ ရှဲ့ရှီ၏ ဘေးကင်းလုံခြုံမှုနဲ့သာ ပြည့်လို့နေသည်။ နှစ်ရက်လောက် လေ့လာကြည့်ပြီးတဲ့နောက် ရှဲ့ရှီ၌ မမျှော်လင့်ထားတာမျိုး ဖြစ်မ

လာခဲ့ပေမဲ့ သူမရဲ့ အသားအရောင်ကတော့ ဆိုးရွားနေလေပြီ။

နှစ်ရက်အကြာ၌ ကျောက်ရွှမ်ကျင်းသည် သူမအိမ်သို့ ကိုယ်တိုင်လာကာ စားသောက်ပွဲအတွက် နန်းတော်သို့ ခေါ်သွားပေးခဲ့သည်။

••••••

All Chapters