ရိုင်းပျသော
Vol. 35 Ch. 679
သူတို့နောက်ဆုံး အကြိမ် နန်းတော်ကို ဝင်ခဲ့ချိန်က ရှဲ့ချောင်ဟာ မထင်မရှား အရာရှိတစ်ယောက်၏ သမီးတစ်ယောက်သာ ဖြစ်ခဲ့သည်။ အခုတော့ သူမရဲ့ အဆင့်အတန်းက ပြောင်းသွားပြီဖြစ်လို့ ဆက်ဆံခံရပုံကလည်း မတူတော့ချေ။
ရှဲ့ချောင် အပြင် တခြားသော အမတ်များ၏ သမီးများလည်း နန်းတော်သို့ ဝင်လာကြသည်။
ရှဲ့ရှီသည်လည်း တရားဝင်သမီးတစ်ယောက် ဖြစ်ပြီး အရွယ်လည်း မငယ်တော့တာကြောင့် ယခုလို ပွဲအခမ်းအနားမျိုးတွင် ပါဝင်ဖို့ အရည်အချင်း ပြည့်မှီလေသည်။
ရှဲ့ချောင် သူမကိုပါ အတူတူ ခေါ်လာခဲ့၏။
ရှဲ့ရှီမှာ ယခုလို အခမ်းအနားများကို မတက်ဖူးတာကြောင့် အနည်းငယ် ကြောက်စိတ်ဝင်နေသည်။
သူမရဲ့ ညီမလေးက ရည်မွန်သည့်သူတစ်ယောက်ပုံပေါ်၏။ သူမဟာ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်သာနေတတ်ပြီး ခေါင်းကိုလည်း ငုံ့ထားတတ်တာကြောင့် သိသာပေါ်လွင်နေခြင်းမျိုးမရှိခဲ့။ အခုလို ဝတ်စားဆင်ယင်ထားပြန်တော့လည်း အလှ
လေးတစ်ယောက်လိုဖြစ်နေကာ နှစ်လိုဖွယ်ကောင်းလှပေသည်။
နန်းတော်သို့ ရောက်သည်နှင့် မိဖုရားခေါင်ကြီးအား နှုတ်ဆက်ဖို့ ရှဲ့ချောင်သွားခဲ့သည်။
မိဖုရားခေါင်ကြီးကို ကြည့်ရတာ နေလို့ သိပ်ကောင်းပုံမရ။
“မင်း အရင်တစ်ခေါက်လာကတည်း အရမ်းသဘောကျနေတာ၊ အိမ်ရှေ့စံရဲ့ အကြိုက် ဖြစ်သွားလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။ ရှေ့က်ိုလာပါဦး၊ သေချာလေး ကြည့်ကြည့်ရအောင်”
မိဖုရားခေါင်ကြီးက ရှဲ့ချောင်အား ကြင်ကြင်နာနာ
ကြည့်နေလေသည်။
ရှဲ့ချောင်သည် လိမ္မာရေးခြားရှိကာ ဣန္ဒြေရသူဖြစ်၏။
“မင်းက အရမ်းလှတာပဲ” မိဖုရားခေါင်ကြီးက ကျိတ်ပြီး ကျေနပ်နေမိသည်။
သူမသားရဲ့ အကြိုက် ကောင်းချက်ကတော့။ ဒီမိန်းကလေးကိုပဲကြည့်။ မသေမျိုးတစ်ယောက်လိုပဲ။ တကယ်ကို တမူထူးခြားပါပေတယ်။
မိဖုရားခေါင်ကြီး ချောင်းနှစ်ကြိမ် ဆိုးသွား၏။ ရှဲ့ချောင် မျက်မှောင်ကြုတ်သွားကာ “မိဖုရားခေါင်ကြီး နေလို့မကောင်းဘူးလား”
“နာတာရှည် ရောဂါပါကွယ်။ ဒီနှစ်တွေထဲ အဲ့လိုပဲဖြစ်နေတာ” မိဖုရားခေါင်ကြီးက ပြုံးပြလိုက်ပြီး ဘာမှ သိပ်မပြောခဲ့။
နန်းတွင်းသမားတော်က ဘာမှ မပြောပြသော်လည်း သူမရဲ့ကျန်းမာရေး အခြေနေနဲ့ဆိုလျှင် သိပ်ကြာကြာမနေရတော့မှာကို သူမ သိသည်။ အသက်ကြီးလာတာနှင့် အမျှ ရောဂါတစ်ချို့ ရှိတာက ပုံမှန်ပင်။ အိမ်ရှေ့စံမင်းသားက ဖေဖော်ဝါရီဆိုလျှင် လက်ထက်တော့မည်ဖြစ်ပြီး ထိုအချိန်ထိ တောင့်ခံထားနိုင်ဖို့က ပြဿနာမရှိလှ။
မိဖုရားခေါင်ကြီးရဲ့ အသားအရောင်နှင့် ပတ်သက်ပြီး တခြား ဘာ ပြဿနာမှ ရှဲ့ချောင် မတွေ့။ နန်းတော်အတွင်း၌ အန္တရာယ်ဖြစ်စေတတ်သော မကောင်းဆိုးဝါး ဝိဉာဉ်ပေါင်းများစွာ ရှိသော်လည်း မိဖုရားခေါင်ကြီးရဲ့ အဆင့်အတန်းက အလွန် မြင့်နေလေရာ သူမ အနားကို မကပ်
နိုင်ကြပေ…
ထိုအကြောင်းကို စဉ်းစားရင်း မိဖုရားခေါင်ကြီးရဲ့ လက်ထဲမှ အညံ့ကံများ ခပ်ရေးရေး ထွက်နေသည့် ပုတီးစေ့ကို ရှဲ့ချောင် မြင်လိုက်၏။
“မိဖုရားခေါင်ကြီး ဒီ ပုတီးစေ့ကို ဘယ်ကရလာတာပါလဲ” ရှဲ့ချောင် သွယ်ဝိုက်မနေဘဲ မေးလိုက်၏။
ထိုစကားကြောင့် ခန်းမဆောင်ထဲမှ လူတိုင်း ထိတ်လန့်သွားကြသည်။
ဒီသခင်မလေးက အခုထိ ကြင်ရာတော်မင်းသမီး ဖြစ်လာသေးတာတောင် မဟုတ်သေးဘူး၊ စကားပြောတာက တဲ့တိုးဆန်လိုက်တာ။ သူမက..
ရိုင်းပျနေတာ မဟုတ်လား?
မိဖုရားခေါင်ကြီးသည်လည်း ခဏလောက် မှင်တက်သွားရပေမဲ့ အိမ်ရှေ့စံပြောပြဖူးထားတာကို အမှတ်ရမိတဲ့အခါ ရှဲ့ချောင်ရဲ့ ရိုင်းပျမှုကို စိတ်ထဲထားမနေခဲ့။
“ဒီ ပုတီးကို လွန်ခဲ့တဲ့ နှစ်နှစ်က ပန်ကုန်းရဲ့ မွေးနေ့မှာ ပန်ကုန်းရဲ့ မိသားစုကနေ ပို့ပေးခဲ့တာ”
မိဖုရားခေါင်ကြီး၏ မျိုးရိုးနာမည်မှာ ကု ဖြစ်သည်။ ကု မိသားစုသည် တစ်ခါက အလွန် ကြွယ်ဝ ချမ်းသာခဲ့ဖူးသည်။
သို့သော် နောက်ပိုင်း၌ လီမိသားစုလိုပဲ ကျဆင်းသွားခဲ့သည်။
လီမိသားစုရဲ့ မျိုးဆက်များမှာ ကျန်းမာရေးလည်း မကောင်းကြသလို မတော်တဆမှုများလည်း အမြဲတမ်း ကြုံနေရသည်။ သို့သော် ကု မိသားစုကတော့ ထိုသို့်မဟုတ်။ ကုမိသားစု၌ ကလိမ်ကကျစ်ကျသူများစွာ ရှိနေလေသည်။
အကျော်ကြားဆုံးကတော့ မိဖုရားခေါင်ကြီး၏ မောင်ဖြစ်သူပင်။ သူလည်း တစ်ချိန်က ရုပ်ရည်ချောမောကာ ပါရမီရှိသူတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် တစ်နေ့၌ သူ့မှာ ကုသလို့ မရသည့် ခြေထောက်ရောဂါတစ်မျိုး ဖြစ်လာခဲ့ရာ နောက်ပိုင်းတွင် သူရဲ့ စိတ်အခြေအနေဟာ ကြမ်းကြုတ်လာခဲ့သည်။ ပြောကြသည်မှာ ကုမိသားစု မြိုတော်မှာ ရှိချိန် ချမ်းသာသည့် သခင်မလေးတစ်ယောက်က ကုသခင်လေးရဲ့ အရှေ့၌ မနှစ်မြို့စရာ မှတ်ချက်တစ်ချို့ပြုခဲ့သဖြင့် ထိုသခင်လေးအား စိတ်ရူးဖောက်သွားစေခဲ့ရာ ထို အမျိုးသမီးရဲ့ ရင်ဘတ်အား သူ့ဓားဖြင့် ထိုးပစ်ခဲ့လေသည်။
အမျိုးသမီးဟာ နေရာမှာတွင် သေသွားခဲ့၏။
ကုသခင်လေးဟာ မိဖုရားခေါင်ကြီး၏ မောင်ဖြစ်သည်။ မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့က တစ်ယောက်ကို တစ်ယောက် နက်ရှိုင်းစွာ ချစ်ကြသူများ ဖြစ်ရာ မင်းကြီးက သူ့ယောက်ဖတော်အား အလွန် မြတ်နိုးခဲ့သည်။
သူ ထိုအမှူအားဖုံးထားခဲ့ပြီး အသက်ပေးပြီး ပေးဆပ်ခိုင်းတာမျိုး မလုပ်ခဲ့။ ပြစ်ဒဏ်လောက်သာ ပေးခဲ့သည်။
မင်းကြီးရဲ့ ယောက်ဖတော်သည် ဆင်ခြင်တုံတရားမရှိတဲ့သူတစ်ယောက် ဖြစ်ကာ မိဖုရားခေါင်ကြီးရဲ့ တူတော်များသည်လည်း အတူတူပင်။
သူတို့က ဘဝကို တိုးတက်အောင် မလုပ်ချင်ကြဘဲ ပြဿနာရှာရတာကိုသာ သဘောတွေ့နေကြကာ ရုံးတော်မှ လူများရဲ့ တိုင်တန်းခြင်းကိုပင် ခံရသည်။ သို့နှင့် မိဖုရားခေါင်ကြီးသည် ကုမိသားစုအားသူတို့ရဲ့ ဇာတိမြို့ ခန်ချွမ်းသို့ ပြန်ရန် အမိန့်ပေးခဲ့လေသည်။ သို့သော်လည်း ပြန်ရောက်သည်နှင့် ကုမိသားစုဟာ နှိပ်ကွပ်တတ်သည့်အတွက်၏ နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့ပြန်သည်။
မိဖုရားခေါင်ကြီးရဲ့ အဘိုးဖြစ်သူမှာ အငယ်များကြောင့် ဒေါသဖြင့် ကွယ်လွန်သွားခဲ့၏။
မိဖုရားခေါင်ကြီး၏ ဖခင်သည်လည်း ဒေါသထွက်ရပေမဲ့ မိသားစုရဲ့ တစ်ဦးတည်းသော တာဝန်ရှိသူတစ်ယောက် ဖြစ်နေလေရာ ကုမိသားစု မျိုးဆက်များကို ထိန်းချုပ်ထားခဲ့ရသည်။ ဒီနှစ်များထဲ၌ မိဖုရားခေါင်ကြီးသည် မိသားစု အရေး၌ တော်
ရုံဝင်မပါတော့သဖြင့် ကုမိသားစုဟာ ပို၍ သိတတ်လာကြလေသည်။
•••••