← Chapters

စတုတ္ထမင်းသား

Vol. 35 Ch. 680

စတုတ္ထမင်းသား

Vol. 35 Ch. 680

မင်းကြီးသည် မိဖုရားခေါင်ကြီးအား အလေးထား၍ ဆက်ဆံသည်ဆိုသည်မှာ လူတိုင်း အသိပင်။

မင်းကြီးသည် သူမတစ်ယောက်တည်းကိုသာ မိဖုရားအဖြစ်ထားလုနီးနီး ဖြစ်ခဲ့သည်ဟု ဆိုကြ၏။ သို့သော်လည်း ကုမိသားစု၏ လုပ်ရပ်များက တရားလွန်သွားသည့်အတွက် သူမ၏သန်မာထက်မြက်မှုတို့ကို မတတ်သာဘဲ ချုပ်တည်းခဲ့ရသည်။  မင်းကြီးအနေနှင့်လည်း ဒီထက်ပိုပြီး သူမ တစ်ယောက်တည်းကိုပဲ ချစ်နေလို့မရတော့ချေ။

ထိုအချိန်၌ ရှဲ့ချောင်သည် ပုတီးစေ့တို့ကို ကြည့်ရင်း တွေးဆလို့နေ၏။ 

“မယ်မယ်၊ ကျွန်မ ဒီ ပုတီးစေ့ကို ကြည့်ကြည့်လို့ရမလား”

မိဖုရားခေါင်ကြီးသည် ငြင်းဆိုခြင်းမရှိဘဲ သူမကို ပေးလိုက်၏။

ရှဲ့ချောင် ယူကြည့်လိုက်သည်နှင့် သူမ လက်တို့ တုန်ယင်သွားလေသည်။

ဒါ.. မကောင်းတဲ့ဟာပဲ။

၎င်းသည် လီမိသားစုဘိုးဘေးအုတ်ဂူ၏ မျက်နှာချင်းဆိုင်ရှိ ဘုရားကျောင်းတွင် ရှာတွေ့ခဲ့သော ဓမ္မတူရိယာနှင့် ဆင်တူပေသည်။ လူတွေကို

ထိခိုက်စေနိုင်သည့် သေစေနိုင်သော လက်နက်များပင်။

ထိုသို့သော ပစ္စည်းမျိုးက များများစားစားမရှိ။ ဖုန်းရွှေပညာနှင့် အကျွမ်းတဝင်ရှိသူများဆိုလျှင်ပင် ၎င်းအား ပေါ့ပေါ့တန်တန်  အသုံးပြုရဲကြလိမ့်မည် မဟုတ်…

“စိတ်ထဲရှိသလိုလုပ်မိတဲ့အတွက် ခွင့်လွှတ်ပါ၊ မယ်မယ်၊ ဒီ ပုတီးစေ့တွေက ကံဆိုးစေတဲ့အတွက် ထပ်မသုံးရင် ပိုကောင်းပါတယ်” ရှဲ့ချောင်က  ပြောရင်းနှင့် ထိုပစ္စည်းအား လက်ထဲထည့်ထားသည်။

မိဖုရားခေါင်ကြီးသည်လည်း ပြောစရာစကားပျောက်ဆုံးသွားရသည်။

ရှဲ့မိသားစုက သခင်မလေးသည်  ထူးခြားတဲ့သူတစ်ယောက်ဟု အိမ်ရှေ့စံ ပြောပြထားဖူးသည်။ သူမက ကြင်နာတတ်သူတစ်ယောက်ဖြစ်သည်။ သူမသည် တာအိုဘုရားကျောင်း၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့အတွက် ကမ္ဘာနှစ်ခုလုံးအကြောင်း ကျွမ်းကျင်နှံ့စပ်သည်။ သို့သော်လည်း သူမက မိန်းကလေးတစ်ယောက်သာ ဖြစ်ရာ ၎င်းအား အပြင်လူများကို ပြောပြဖို့က မသင့်လျော်ပေ။

“ကံဆိုးမယ်?” မိဖုရားခေါင်ကြီးက ရှဲ့ချောင်ရဲ့လက်အား ကြည့်လိုက်၏။

သူမ ထင်သလောက်တော့ မဆိုးဘူးမလား ?

ရှဲ့ချောင် ခေါင်းညိတ်ပြသည်။ “တကယ်လို့ မယ်မယ် လိုချင်တယ်ဆိုရင် ကျွန်မ နောက်တစ်ခါ

နန်းတော်ထဲ ဝင်တဲ့အခါကျမှ ပိုကောင်းတဲ့ဟာကို ပေးပါမယ်”

မိဖုရားခေါင်ကြီးရဲအနားက လူများကတော့ ရှဲ့သခင်မလေး ရူးသွားပြီဟု ထင်နေကြလေသည်။

ပုတီးစေ့များသည် ကုမိသားစုက ပို့ပေးထားတာ ဖြစ်၏။ ကုမိသားစုက ကျဆင်းသွားပြီဆိုလျှင်တောင် နှစ်ပေါင်းရာကျော် တည်ရှိလာခဲ့သော မင်းဆွေမင်းမျိုး ဖြစ်သည်။ သူတို့ ပို့ပေးလိုက်တဲ့ ပစ္စည်းက မကောင်းစရာလား?

ဒီသခင်မလေးက သူ့မှာ ပိုကောင်းတာ ရှိတယ်လို့တောင် ပြောရဲသေးတယ် !

စိတ်ကြီးဝင်လွန်းနေတာ မဟုတ်ဘူးလား!

ရှဲ့ချောင်လည်း ကူကယ်ရာမဲ့နေ၏။ 

မကောင်းတဲ့စွမ်းအင်ရှိနေတဲ့ ပစ္စည်းဟု တိုက်ရိုက်ကြီး မပြောလိုက်သင့်။

ထိုအရာက အန္တာရာယ်ဖြစ်စေနိုင်တဲ့ဟာလို့ပြောလိုက်လျှင် အရင်ဆုံးခံစားရမှာက ကုမိသားစုပင်။ သို့သော် ကုမိသားစုသည် မိဖုရားခေါင်ကြီး၏ မိသားစု ဖြစ်နေတာကြောင့် ထိုသို့သော ပစ္စည်းမျိုးကို ပို့လိုက်စရာ အကြောင်းမရှိ။ 

နားလည်မှုလွဲသွားတာဆို ဘယ်လိုလုပ်မလဲ?

“မင်း….”  မိဖုရားခေါင်ကြီးသည် ဒေါသ မထွက်သွားခဲ့။သူမ ပြုံးလိုက်ကာ “မင်း ဒီဟာကို သဘောကျတယ်ဟုတ်၊ ကောင်းပြီလေ မင်းကို ပေးလိုက်မယ်, အိမ်ရှေ့စံမင်းသား မင်းကို သဘောကျတာ မထူးဆန်းတော့ဘူး။ ပြီးတော့ ပန်

ကုန်းတို့က မိသားစုတွေပဲမလား”

ရှဲ့ချောင် ကသိကအောက်ဖြစ်စွာနှင့် ပြုံးလိုက်၏။

“ ဒါပေမဲ့ မင်းတစ်ယောက်ပဲ လက်ဆောင်ရနေလို့ ဘယ်ဖြစ်မလဲ”  မိဖုရားခေါင်ကြီးက ရှဲ့ရှီကို ကြည့်၍ “ရှဲ့မိသားစုက သခင်မလေးတွေက ကြမ်းကြုတ်ကြတယ်ဆိုပြီး လူတိုင်း‌ကပြောနေတာ။ ဘယ်နေရာမှာများ ကြမ်းကြုတ်နေလို့လဲ။ မင်းရဲ့ ညီမလေးကိုပဲကြည့်၊ လိမ္မာလိုက်တာများ”

သူမက ထိုသို့ပြောပြီးတဲ့‌နောက် ကိုယ်ပိုင် ဘဏ္ဍာတိုက်ဆီကို လူတစ်ယောက် လွှတ်၍ ရှဲ့ရှီအတွက် ကျောက်စိမ်းဆွဲကြိုးတစ်ကုံး ယူလာစေလိုက်သည်။

ရှဲ့ချောင် အတော်လေး ရှက်သွားမိသော်လည်း

အရှက်မရှိစွာနဲ့ပဲ လက်ခံခဲ့၏။

မိဖုရားခေါင်ကြီး၏ မိသားစုနှင့်  လီမိသားစုရဲ့ အခြေနေက ဆင်တူနေသည်ဟု ရှဲ့ချောင် သံသယဝင်မိသည်။ မိသားစုနှစ်စုလုံးက ဒုက္ခပေးခံခဲ့ရ၏။

အခုချိန်၌ ဒီလိုအရာမျိုးကို ပြောပြဖို့က ခဲယဉ်းသေးသည်။ ရှဲ့ချောင် ကျောက်ရွှမ်ကျင်းကို အရင်ပြောပြချင်သည်။  ဒါတင်မက အခုဆိုလျှင် သူတို့က မိသားစုဖြစ်နေပြီဖြစ်ရာ ဒီလို အရေးကြီး ကိစွမျိုးကို မသိချင်ယောင်ဆောင်နေတာက မသင့်လျော်ရာကျပေလိမ့်မည်။

ခဏကြာပြီးနောက် မိဖုရားခေါင်ကြီးသည် ညီအစ်မနှစ်ယောက်အား စားသောက်ပွဲဆီ ဦးဆောင် ခေါ်သွားခဲ့၏။

လူတိုင်း စားသောက်ပွဲသို့ ရောက်နေကြလေပြီ။

သုန့်ရှီးယွင်၏ နေရာသည် အင်မတန်မြင်သာတဲ့နေရာဖြစ်ကာ သူမနှင် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူက စတုတ္ထမင်းသားပင်။

ရှဲ့ချောင် ထိုကောလဟာလတွေထွက်နေသည့် စတုတ္ထမင်းသားအား ပထမဆုံး အကြိမ် မြင်ဖူးခြင်းဖြစ်ရာ အကြိမ် အနည်းငယ်လောက် ထပ်ပြီး ကြည့်ကြည့်လိုက်မိ၏။

စတုတ္ထမင်းသားသည် အသက်အရွယ်အားဖြင့် အရမ်းမကြီးသေး။ ၁၇ ၁၈ အရွယ်လောက်ဖြစ်သည်။ ရုပ်ရည်ချောမောတဲ့သူတစ်ယောက်ဖြစ်ရုံမက ဖော်ရွေသည့် ပုံမျိုးလည်းဖြစ်သည်။  သို့သော် မျက်ခုံးတို့က မဆိုစလောက် ပါးလှပ်နေပြီး စိတ်ဓာတ် သန်မာတဲ့သူ ဟုတ်မနေပေ။

‌ဒါ့အပြင်… သူ့ရဲ့ ခြေလက်တို့က သိမ်မွေ့နူးညံ့ကာ သူ့ရဲ့မျက်နှာက ခံ့ညားလှသည်။ ကြော့ရှင်းသည့် အရိုးဖွဲ့စည်းပုံရှိသူပေ။ မြင့်မြတ်တဲ့ အရှိန်အဝါရှိသူပေမဲ့ ပူပင်ကြောင့်ကြမဲ့ပြီးပျော်ပျော်နေတတ်သည့် သွင်ပြင်မျိုး ရှိ၏။ အိမ်ရှေ့စံမင်းသားကို အမြဲတမ်း ဆန့်ကျင်နေသူ ဟူသည့် ကောလဟာလများနှင့် ကိုက်ညီမနေချေ။

သူ့တွင် ဧကရာဇ်တစ်ပါးရဲ့ ရောင်ဝါမျိုးပင် ရှိမနေချေ။ ကျောက်ရွှမ်ကျင်း အိမ်ရှေ့စံမင်းသားဖြစ်မလာခဲ့လျှင်တောင် သူ့အလှည့်တော့ ရောက်လာလိမ့်မည် မဟုတ်ပေ။

သူ့ဘေးနားက ပဉ္စမမင်းသားသည် ပိုပြီး ငယ်ရွယ်သူတစ်ယောက် ဖြစ်ကာ ရှစ်နှစ် ကိုးနှစ် လောက်သာ ရှိသေးသည်။ သူ့ဟာ အသက်ငယ်သေးတာကြောင့် ပုံပန်းသဏ္ဍာန်က ပြောင်းလဲဦးမည်ဖြစ်၍ ပြောဖို့ရာက ခက်ခဲနေသေးသည်။

•••••

All Chapters