သူမရဲ့ ဝိဉာဉ် ပျောက်ကွယ်သွားပြီ
Vol. 35 Ch. 676
လုသခင်မသည် ဖေဝမ်ယွဲ့အား ဆင်ခြေဖုံးတစ်နေရာတွင် မြှပ်နှံပေးခဲ့သည်။
စက္ကူများကို မီးရှို့ပေးရင်း ငိုကြွေးလို့နေ၏။
“လက်စားချေဖို့ အကြောင်းကို မစဉ်းစားနဲ့။ အမေ အဆင်ပြေတယ်၊ သမီးသာ သိတတ်တဲ့သူတစ်ယောက်ဆိုရင် အမေ အေးအေးချမ်းချမ်းနဲ့ သေသွားဖို့ကိုပဲ မျှော်လင့်နော်…”
လုသခင်မသည် ငိုကြွေးပြီးသွားတဲ့နောက် သူမကို တွဲပေးထားတဲ့ ခင်ပွန်းဖြစ်သူနှင့်အတူ ပြန်သွားခဲ့၏။
အခုဆိုလျှင် သူမမှာ သမီးရင်းတစ်ယောက် မရှိတော့ချေ….
သူမ၏ အနောက်ဘက် အသစ်စက်စက် အုတ်ဂူရှေ့၌ လေအေးတစ်ချက် ဖြတ်သန်းတိုက်ခတ်လို့ သွားသည်။ သစ်ရွက်ခြောက်များ လေထဲသို့ ပျံ့လွင့်လို့သွားကာ မြေကြီးပေါ်မှ မီးတောက်မှာ
လောင်မြိုက်လို့နေလျက်။
သူမဟာ လေထဲတွင် လွင့်မျောနေကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည့် ပုံပင်။
သူမ လုသခင်မနောက်ကို လိုက်သွားရင်း မြို့ထဲ၌ လွင့်မျောနေသည်။ ရင်းနှီးကျွမ်းဝင်နေသည့် လမ်းများကို ရောက်တက်ရာရာ ကြည့်နေခဲ့သည်။
“ဒင် ဒင်”
သူမ အရှေ့ဘက်လမ်းမထက်၌ လွင့်မျောနေရင်း သာယာနာပျော်ဖွယ် အသံတစ်ခုကို ကြားလိုက်ရသည်။ သူမ မနေနိုင်ဘဲ ထိုအသံလာရာနောက်ကို လိုက်သွားမိ၏။ သူမ ကြည့်ကြည့်လိုက်ရာ အလွန်ထူးဆန်းနေတာကို တွေ့လိုက်ရသည်။ သေခြင်းတရားဆိုင်ပင်။
သူမ မှတ်မိသလောက် အရင်က အဲ့နေရာက ကြမ္မာဥယျာဉ်လို့ ခေါ်တဲ့နေရာမဟုတ်လား။ ဘာလို့ ပြောင်းသွားတာလဲ ?
“ကျွန်တော့်အမေ မသိအောင် ဝှက်ထားခဲ့တဲ့ ငွေတွေအကုန်လုံးကို အမေ့ဆီ ပေးလို့ရအောင် ဆရာမကို အကူညီတောင်းချင်လို့ပါ၊ သိတတ်တဲ့ သားတစ်ယောက်ဖြစ်ချင်လို့”
“မင်း လုပ်မှာလား မလုပ်ဘူးလား။မလုပ်ဘူးဆိုရင်လည်း ငါ့ရှေ့ကနေ ပိတ်မနေနဲ့။ ဆရာမက ငါတို့ ဆင်းလိုက် တက်လိုက်လုပ်နေတာကို ကြိုက်တာမဟုတ်ဘူး။ မင်း စည်းကမ်းချိုးဖောက်လိုက်ရင် မင်းကို ဘယ်သူမှ ကူညီမှာ မဟုတ်တော့ဘူး”
ဆရာမအား လေးစားမှုပြရန်အတွက် အပေါ်တက်
သွားရန် ကြိုးစားပြီး တန်းစီနေကြ၏။
သို့သော် ထိုဝိဉာဉ်ကတော့ ရွေ့သွားခြင်းမရှိ။
သူမရဲ့ အနံ့နဲ့တင် အသစ်ဖြစ်ကြောင်း သိနေတာကြောင့် သူမနဲ့ ငြင်းခုံမနေခဲ့ကြချေ။
“ဒါ ဘယ်နေရာလဲ” ဖေဝမ်ယွဲ့က မေးသည်။
“ဒီနေရာက သေခြင်းတရားဆိုင်ပဲ။ ဆရာမမော့က ငါတို့ရဲ့ ဆုတောင်းတွေကို ဖြည့်ဆည်းပေးဖို့ ဒီမှာရှိနေတာ။ ဒါပေမဲ့ မင်းဆုတောင်းတဲ့အချိန် လောဘကြီးလို့တော့ မရဘူး။ ဆရာမက ဖြည့်ဆည်းပေးပြီးသွားပြီဆိုရင် အလိုက်တသိနဲ့ ထွက်သွားပေးရမယ်။ မင်းမှာလည်း မပြည့်သေးတဲ့ ဆန္ဒတွေရှိနေတယ်မလား။ သေချာ စဉ်းစားကြည့်ပါဦး။ ဘာအတွက် ဆရာမမော့ကို ကူညီစေ
ချင်လဲလို့”
“ဆရာမက.. ကျွန်မ အတွက် ဘာမဆို လုပ်ပေးမှာလား။ လူ-လူသတ်ပေးတာရောလား” ဖေဝမ်ယွဲ့ အမြန် မေးလိုက်သည်။
“လူသတ်မယ်!” ဝိဉာဉ်ပေါင်းများစွာ သူမကို လှည့်ကြည့်လာကြ၏။
“မင်းက မတရားသေသွားခဲ့လို့လား။ တစ်ယောက်ယောက် သတ်တာ ခံလိုက်ရတာလား ဒါမှမဟုတ် အမှားလုပ်မိလိုက်လို့ သေသွားတာလား”
“လူတစ်ယောက်ကို သတ်ခိုင်းဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက အရမ်း ယုတ်ညံ့တဲ့
သူ ဖြစ်နေဖို့လိုတယ်။ မင်းမှာ သက်သေတွေ ဘာတွေ ရှိလား။ ဆရာမကိုတော့ လိမ်လို့မရဘူးနော်။ သူ(မ)က အရမ်းအင်အားကြီးတာ။ ရိုးရိုးရှင်းရှင်း တွက်ချက်မှုလေး လုပ်ရုံနဲ့တင် မင်းရဲ့ အခြေနေကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်တယ်။ မင်း လိမ်ပြောရင်တော့ အဖမ်းခံရလိမ့်မယ်”
ဖေဝမ်ယွဲ့ ခေါင်းကို ငုံ့ထားသည်။
ထို့နောက် သူမလည်း တန်းစီကာ အပေါ်ထပ်သို့ သွားခဲ့၏။
နောက်ဆုံးတော့ သူမ အပေါ်ထပ်သို့ ရောက်သွားခဲ့ကာ ဆရာမဆိုသူအား မြင်လိုက်ရသည်။
ထိုဆရာမရဲ့ အကြည့်တို့က သူမအပေါ် ကျရောက်နေလျက်။
ရှဲ့ချောင် ဖေဝမ်ယွဲ့ကို ကြည့်ပြီး ကူကယ်ရာမဲ့သလို ခံစားသွားရ၏။ သူမက သေပြီးတာတောင် ထွက်သွားဖို့ကို ငြင်းနေဆဲ။ အဲ့လောက် ခေါင်းမာတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး!
အသက်ရှင်တုန်းက သူမနဲ့ လိုက်ပြိုင်တယ်။ သေသွားတော့လည်း လိုက်ပြိုက်နေတုန်း။ သူက ဘာဖြစ်နေတာလဲ?!
ဖေဝမ်ယွဲ့ ရပ်တန့်သွားပြီးနောက် တစ်ခဏ အကြာတွင် ထွက်ပြေးသွားတော့သည်။
ဆရာမမော့နဲ့ အိမ်ရှေ့စံမင်းသားနဲ့က တစ်ယောက်နဲ့ တစ်ယောက် သိကြတယ်ဆို၊ သူ့ကို အိမ်ရှေ့စံမင်းသားသတ်လိုက်တယ်ဆိုတာ သိသွားရင်ရော? အဲ့လိုဆို သူမ ဘာလုပ်မှာလဲ? သူ(မ)ကို ဒီအတိုင်း
ဖမ်းပစ်လိုက်မှာမလား ?
မရဘူး , သူမ လက်စားချေပြီးမှ ပြန်ဝင်စားမှာ !
သူမ ရှဲ့အိမ်တော်သို့ တန်းတန်းမတ်မတ် သွားခဲ့လေသည်။
ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်မိသော်လည်း အလျင်တော့ မလိုခဲ့။
ဖေဝမ်ယွဲ့ဟာ သာမန် ဝိဉာဉ်တစ်ကောင်သာ ဖြစ်၏။ သူမမှာ မကျေမနပ်ချက်တွေ ရှိနေတယ်ဆိုပေမဲ့ ပြောရလောက်အောင် အင်အားကြီးတဲ့ မကောင်းဆိုးဝါးဝိဉာဉ်မဟုတ်။ သူမကို အနှေးနဲ့ အမြန် ရှာတွေ့နိုင်မှာဖြစ်ပြီး ထွက်ပြေးလို့ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။
ထိုနေ့က သူမ မကောင်းဆိုးဝါးဝိဉာဉ်အားလုံးကို ဖြည်းဖြည်းချင်းမှတ်တမ်းတင်နေခဲ့သည်။
ညဘက် သူမ အိမ်ပြန်ရောက်သည့်အချိန် ရှဲ့အိမ်တော်ရဲ့ အပြင်ဘက်မှာ တကယ်ကြီး လွင့်မျောနေသည့် ဖေဝမ်ယွဲ့အား တွေ့လိုက်ရလေသည်။
ရှဲ့ချောင် လှည်းပေါ်ကနေ ဆင်းလာခဲ့၏။ ဖေဝမ်ယွဲ့ သူမဆီသို့ တဟုန်ထိုး ပြေးလာသည်မှာ ရှဲ့ချောင်အား လည်ပင်းညှစ်သတ်ပစ်ချင်နေသည့်အလား။ ရှဲ့ချောင် ရုတ်တရက် ထိုဦးတည်ရာ ဘက်အား ကြည့်လိုက်၏။
“ငရဲကို သွားလိုက်တော့! ရှဲ့ချောင် နင်သွားသေလိုက်တော့”
ရှဲ့ချောင် တစ်စက်ကလေးတောင် မရွေ့သွားခဲ့။ သူမရဲ့ နှုတ်ခမ်းထက်၌ လှောင်ရယ်နေသည့် အပြုံးတို့ ထင်ဟပ်လာခဲ့သည်။
ဖေဝမ်ယွဲ့၏ လက်တို့သည် ရှဲ့ချောင်ကို ဖမ်းဆုပ်လိုက်သည်နှင့် သူမ ခန္ဓာကိုယ်တစ်ခုလုံး စတင် လောင်ကျွမ်းလာတော့သည်။ ရှဲ့ချောင်သည် ၎င်းအား အခွင့်အရေးယူကာ ပုလင်းအသေးလေးတစ်ခုအား ထုတ်၍ ထိုအထဲမှ အဆောင်ရေတို့နှင့် သူမအား ပတ်လိုက်၏။
ရုတ်ချည်းဆိုသလို သူမရဲ့ ဝိဉာဉ် ပျောက်ကွယ်သွားလေတော့သည်။
ရှဲ့အိမ်တော်နားကနေ မတော်တဆ ဖြတ်သန်းသွားကြသည့် တခြားသော ဝိဉာဉ်များသည်လည်း လန့်ဖျပ်ကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်ကုန်ကြလေသည်။
•••••