ရှင်ကိုယ်တိုင်ချက်လို့ရတယ်လေ
Vol. 36 Ch. 681
ရှဲ့ချောင်၏ မျက်လုံးထဲတွင် တော်ဝင်မိသားစုမှ လူများသည် အတော်လေးကြည့်ကောင်းကြ၏။ ကြမ်းတမ်းကာ ရက်စက်သည့်လူ တစ်ယောက်ကိုမှ သူမ မမြင်ရတာ အံ့ဩစရာပင်။
အထူးသဖြင့် တော်ဝင်ကိုယ်လုပ်တော်မုန့်၏ ကြင်နာတတ်ကာ ထောင်လွှားမှုမရှိသည့် မျက်နှာအား မြင်လိုက်ရချိန်တွင် တော်ဝင်မိသားစုသည်…သိသာထင်ရှားစွာပင် ပျော်ရွှင်ကာ သင့်မြတ်ကြသည်ဟု ရှဲ့ချောင် တွေးလိုက်မိသည်!
စတုတ္ထမင်းသားသည် ရှဲ့ချောင်အား ပြုံးပြလိုက်ပြီးနောက် ခန်းမအတွင်းမှ ကပြဖျော်ဖြေမှုနှင့် သီဆိုမှုတို့ထံ ပူပင်ကြောင့်ကြမဲ့သည့် အမူအရာဖြင့် ကြည့်လိုက်၏။
သုန့်ရှီးယွင်၏ အီစီကလီအကြည့်များမှာ မျက်မမြင်ယောက်ျားတစ်ယောက်ထံသို့ ပစ်ပေါက်လိုက်သည့်အတိုင်းပင်။
ကျောက်ရွှမ်ကျင်း၏ အကြည့်စူးစူးမှာ ရှဲ့ချောင်အပေါ်တွင် ကျရောက်သက်ဆင်းနေလေသည်။ သူ အနည်းငယ် ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေရ၏။
သူ ထိုနေရာတွင် ရှိနေသည့်တိုင် ရှဲ့ချောင်သည် စတုတ္ထမင်းသားကိုသာ တိတ်တဆိတ်ကြည့်နေသည်လေ!
“ ညီအစ်မရှဲ့က အခုတလော အရမ်းအလုပ်များနေခဲ့တာလို့ ကျွန်မ ကြားခဲ့တယ်? သစ်ခွခြံဝန်းက လူတွေက အခု ညီအစ်မရှဲ့ သင်ပေးတာကို အားကိုးနေကြတယ်လေ။ စာမေးပွဲကြီးရောက်လာတဲ့အခါကျ သူတို့တွေ တစ်ဟုန်ထိုးမြင့်တက်သွားမလားမသိဘူး။ သူတို့ရဲ့ စာလေ့လာမှုတွေ ဘယ်လိုဖြစ်နေလဲလို့ ကျွန်မ သိချင်မိပါရဲ့?” သုန့်ရှီးယွင်၏ အသံမှာ ကျယ်လောင်မနေသလို နူးညံ့၍လည်းမနေပဲ ရှဲ့ချောင်အား ပြောလိုက်၏။
“ မဆိုးပါဘူး” ရှဲ့ချောင် လိုရင်းတိုရှင်း ပြောလိုက်သည်။
“ အဲဒီကိစ္စမှာဆိုရင် စာမေးပွဲကြီး ရောက်လာတဲ့အချိန်ကျ သစ်ခွခြံဝင်းက သေချာပေါက် ပျိုနီပန်းခြံဝန်းကို နိုင်မှာ ဟုတ်တယ်မလား?” သုန့်ရှီးယွင် ပြုံးလိုက်ကာ “ ကျွန်မ ညီအစ်မရှဲ့ကို နောက်ဆုံးစာမေးပွဲမှာ ရှုံးခဲ့ပေမယ့် နောက်တစ်ကြိမ်ကျရင်တော့ ကျွန်မ အလျှော့မပေးတော့ဘူးနော်”
“ ရှင် ဘာပြောလိုက်တာလဲ?” ရှဲ့ချောင် သူမ၏ခေါင်းအား အနည်းငယ်လှည့်ကာ ချောင်းဆိုးလိုက်ပြီးနောက် ပြောလိုက်၏။
“နောက်တစ်ကြိမ်လောက်”
“ နောက်စာမေးပွဲကျရင် ကျွန်မ အကောင်းဆုံးကြိုးစားမှာ…” လေးနက်မှုအလုံးစုံဖြင့် သုန့်ရှီးယွမ် ပြောလိုက်၏။
သူ(မ) ဒီရက်တွေအတွင်း အရမ်းကြိုးစားခဲ့တာ။
ရှဲ့ချောင်အတွက်ကတော့ သူ(မ)က သစ်ခွခြံဝင်းက အဲ့ဒီအသုံးမကျတဲ့လူတွေနဲ့ တစ်နေကုန် နေနေမှတော့ သူ(မ) ဘာတွေကို သင်ယူနိုင်မှာတဲ့လဲ?
ပထမအကြိမ်တွင် ရှဲ့ချောင်အား သူမ အနိုင်မယူနိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်တွင် ရှဲ့ချောင်၏ ပထမဆုရှစ်ဆုမှာ ဟာသတစ်ခု ဖြစ်လာလိမ့်မည်ပင်။
“ အခုလေးတင် ရှင် ကျွန်မကို အလျှော့ပေးခဲ့တယ်လို့ ပြောလိုက်တာ” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ ရှင် ကျွန်မကို အရင်က တစ်ခါမှအနိုင်မယူနိုင်ခဲ့ဖူးတာကို။ ရှင်က ကျွန်မကို အလျှော့ပေးတယ်လို့ ပြောရလောက်တဲ့ ဘယ်လိုအခွင့်အရေးများ ရှင့်ဆီမှာ ရှိနေလို့များလဲ? လိမ်တာက ဆိုးတယ်နော်”
ရှဲ့ချောင် ထိုသည်အား ပြောနေရင်း သရေစာမုန့်တစ်ပန်းကန်အား ရှဲ့ရှီထံ ကမ်းပေးလိုက်၏။
ရှဲ့ရှီသည် ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ပင်။ သူမ၏ ပတ်ဝန်းကျင်ရှိ အရာများအား ဂရုမစိုက်ပဲ သူမ၏ လည်ပင်းလေးအား ပုကာ စားလေတော့သည်။
တော်ဝင်နန်းတော်မှ အစားအသောက်များသည် တကယ့်ကို အရသာရှိလှပေသည်။
သူမသည် လတ်တလောတွင် အိမ်၌တာဝန်ခံဖြစ်ပေသည်။ ထိုနေ့စဥ်လိုအပ်ချက်များနှင့် သရေစာမုန့်များမှာ ဈေးကြီးကြောင်း သူမ သိ၏။ သူမ တတ်နိုင်သလောက် ချွေတာရန်ကြိုးစားခဲ့ပေသည်။ သူမသည် အိမ်တော်ထိန်းအား အထူးသဖြင့် ထိုဈေးကြီးသည့် သရေစာမုန့်များအား ဝယ်ခိုင်းရန် တောင်းဆိုခဲ လေသည်။
သုန့်ရှီးယွင်၏ မျက်နှာမှာ စိမ်းတလှည့် နီတလှည့် ဖြစ်နေခဲ့လေ၏။ ထို့နောက် သူမ စတုတ္ထမင်းသား အား ကြည့်လိုက်သည်။
စတုတ္ထမင်းသားသည် ဝိုင်တစ်ငုံသောက်လိုက်
သော်လည်း သုန့်ရှီးယွင်၏ အကူအညီတောင်းကာ ငိုကြွေးနေသည်အား မမြင်ခဲ့ချေ။ သူ အိမ်ရှေ့စံမင်းသားအား မေးလိုက်၏။ “ အကြီးဆုံးအစ်ကိုတော်၊ အစ်ကိုတော့်ရဲ့ အိမ်တော်မှာ ဝိုင်ကောင်းတွေ အများကြီးရှိတယ်ဆိုပြီး ကျွန်တော် ကြားထားတယ်။ ညတိုင်း လကိုရှုစားရင်း တစ်ကိုယ်တည်းသောက်တယ်ဆို။ အဲ့တာအမှန်ပဲလား?”
အိမ်ရှေ့စံမင်းသားသည် စိတ်ဝင်စားမှုမရှိပေ။
“မင်း အဲ့တာကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ?”
“ အဘိုးတော်ဆီက” စတုတ္ထမင်းသားသည် မည်သည်ကိုမှ ဖုန်းကွယ်မထားချေ။
အိမ်ရှေ့စံသည် သူ၏ဦးနှောက်မရှိသည့် ညီတော်အား ကြည့်လိုက်ကာ ကြင်နာစွာပြောလိုက်၏။ “ ရှဲ့သခင်မလေး ချက်ထားတဲ့ဝိုင်က တကယ့်ကို အရသာရှိတယ်”
“ ဒီတော့ အဲ့တာကို ချက်လုပ်ခဲ့တာက မရီးတော်
ပေါ့!” စတုတ္ထမင်းသား အံ့ဩသွားလေသည်။ သူ ချက်ချင်းပင် ထရပ်လိုက်ကာ ရှဲ့ချောင်အား ဦးညွတ်လိုက်၏။ “ မရီးတော်၊ မရီးတော်ရဲ့ ဝိုင်ကောင်းကို ကျွန်တော့်ကို မြည်းစမ်းခွင့်ပေးနိုင်မလားဗျ?”
သူမက ဘယ်လိုလုပ် မရဘူးလို့ ပြောနိုင်မှာလဲ?
ပြီးတော့…
သူတို့က အခုထိ လက်မထပ်ရသေးဘူးလေ။ သူက ဘာလို့ သူ(မ)ကို မရီးတော်လို့ ခေါ်ရတာလဲ?
ရှဲ့ချောင်မှာ အရေထူသောကြောင့် ရှက်သွေးဖြာမသွားချေ။ တည်ငြိမ်သည့်မျက်နှာနှင့် သူမ ပြောလိုက်၏။ “ ကျွန်မ ချက်ခဲ့တဲ့ ဝိုင်တွေကို ကျွန်မရဲ့ အစ်ကိုအကြီးဆုံးက အိမ်ရှေ့စံမင်းသားကို ပေးခဲ့တာပါ။ အများကြီး မကျန်တော့တာမလို့ အများဆုံးမှ ကျွန်မ အရှင့်သားကို တစ်ခရားလောက်ပဲ ပေးနိုင်တော့မှာ”
နောက်ထပ်တော့ မရတော့ဘူး။
ဝိုင်အသစ်တွေက အခုထိ အသင့်မဖြစ်သေးဘူး!
“ ကျေးဇူးတင်ပါတယ်၊ မရီးတော်” စတုတ္ထမင်းသား သည် အလွန်ယဥ်ကျေးပေ၏။ ထို့နောက် သူသည် ကြီးစွာသော စိတ်ကျေနပ်မှုနှင့် ထိုင်ချလိုက်ကာ သုန့်ရှီးယွင်အား ပြောလိုက်သည်။ “ တကယ်လို့ မင်း ဝိုင်ကို စောင့်နိုင်မယ်ဆိုရင် ငါ မင်းကို စမ်းကြည့်ဖို့ ခရားတစ်ဝက်လောက် တစ်ယောက်ယောက်ကိုပို့ပြီး ပေးခိုင်းလိုက်မယ်။ ချက်တဲ့လူက မရီးတော်ဆိုတော့ သေချာပေါက်ကို အရသာရှိမှာပဲ”
သုန့်ရှီးယွင် အနည်းငယ် ကြက်သေသေသွား၏။
မရီးတော်လို့ သူခေါ်လိုက်တယ်၊ သူက ရှဲ့ချောင်ကို အခု တကယ်ကြီး မိသားစုလိုမျိုး ဆက်ဆံနေတာပေါ့!
အရှင့်သားက တကယ့်ကို အရမ်းယဥ်ကျေးတာပဲ!
“ ညီအစ်မရှဲ့က အရမ်းကပ်စေးနှဲတာပဲ။ မင်းသား က အဲ့တာကို ကြိုက်တာကို ပိုပြီး ပို့ပေးလို့မရနိုင်ဘူးလား?” သုန့်ရှီးယွင်၏ အသံမှာ မကျေမချမ်းပုံပေါက်နေကာ စတုတ္ထမင်းသား အတွက် ရပ်တည်ပေးနေသကဲ့သို့ပင်။
“ ရှင့်ဘာသာရှင် ချက်လို့ရတယ်လေ” ရှဲချောင်၏ မျက်နှာအမူအရာမှာ နဂိုအတိုင်းပင်။
•••••