လက်ဆောင်
Vol. 36 Ch. 682
ရှဲ့ချောင်မှာ သုန့်ရှီးယွင်ကိုပင် ကြည့်မနေခဲ့ချေ။
သုန့်ရှီးယွင်သည် ရှဲ့ချောင်၏ စကားများကြောင့် အလွန်ဒေါသထွက်သွားခဲ့လေ၏။ သူမ ရုတ်ခြည်းပင် အနည်းငယ် မှားယွင်းနေသည်ဟု ခံစားလိုက်
ရသည်။
သူမ စတုတ္ထမင်းသားအား မကျေမနပ်ဖြင့် ကြည့်လိုက်၏။ “ ကျွန်မက အရှင့်သားကလည်း ကြိုက်ပြီးတော့ ညီအစ်မရှဲ့ကလည်း ချက်လုပ်နိုင်တယ်ဆိုတော့ အရှင်မင်းမြတ်နဲ့ မိဖုရားခေါင်တို့ အရသာမြည်းစမ်းလို့ရအောင် ညီအစ်မရှဲ့ ပိုချက်လို့ရနိုင်တယ်လို့ တွေးမိရုံပါ။ ညီအစ်မရှဲ့ ဒေါသထွက်အောင် ကျွန်မ မလုပ်ချင်ခဲ့ပါဘူး”
ရှဲ့ချောင် ရုတ်တရက် သူမ၏ရင်ဘတ်အား ဆုပ်ကိုင်လိုက်လေသည်။
သူမ ခပ်ဖွဖွ ချောင်းဆိုးလိုက်၏။
အိမ်ရှေ့စံမင်းသား၏ မျက်နှာထားမှာ ပြောင်းလဲသွားခဲ့သည်။ “ ရှဲ့သခင်မလေးက အားနည်း
တယ်၊ သူ(မ) သူ့ကိုယ်သူ ပင်ပန်းအောင် မလုပ်ရဘူး။ ခမည်းတော်နဲ့ မယ်တော့်မှာ ဝိုင်ကောင်းတွေ ပြတ်လပ်မနေဘူး။ မင်း ဝတ်ကြီးဝတ်ငယ်လုပ်ချင်တယ်ဆိုရင် မင်း မြို့တော်ထဲက ဝိုင်ဆိုင်တွေအားလုံးမှာ ဝယ်ပြီးတော့ ခမည်းတော်ဆီကို လက်ဆောင်အနေနဲ့ ပေးလို့ရတယ်”
သုန့်ရှီးယွင် ကြက်သေသေသွားကာ အနည်းငယ် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ကောလဟာလတွေကပြောတော့ဖြင့် အိမ်ရှေ့စံမင်းသားမှာ ရှဲ့ချောင်အတွက် ခံစားချက်တွေ မရှိပါဘူးဆို…
အိမ်ရှေ့စံမင်းသားက စုန်းမမော့ကို ကြိုက်တာလေ…သူက ဘယ်လိုလုပ် ရှဲ့ချောင်ကို အရမ်းကာကွယ်ပေးနေတာလဲ?
“ အဲ့တာ ကျွန်မ အမှားပါ။ ရှဲ့သခင်မလေးရဲ့ ကျန်းမာရေးက ချို့တဲ့တာကို ကျွန်မ မေ့သွားတယ်။ သူ(မ)က တကယ့်ကို ပင်ပန်းနွမ်းနယ်မှုကို သည်းမခံနိုင်ဘူးပဲ။ ညီအစ်မရှဲ့ ကျွန်မ တောင်းပန်ပါတယ်နော်” သုန့်ရှီးယွင် ရှဲ့ချောင်အား အလျင်အမြန် ပြောလိုက်၏။ ထိုသည်အား ပြောပြီးနောက် သူမသည် ရှဲ့ချောင်အား ဆုတောင်းမင်္ဂလာပြုသည့် သောက်စရာတစ်ခုပင် ပေးလိုက်သေးလေသည်။
ရှဲ့ချောင် ယခုလေးတင် ဝိုင်သီးသွားခဲ့၏…
“ နောက်တစ်ကြိမ်မှာ ဂရုစိုက်ပါ” ရှဲ့ချောင် သုန့်ရှီးယွင်အား ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း ထိုသောက်စရာအား သူမ မသောက်ခဲ့ပေ။
သူမသည် ယခုလေးတွင်မှ သီးထားခြင်းဖြစ်ကာ ပြန်မကောင်းသေးပေ။ သူမ၏ လည်ချောင်းမှာ အနည်းငယ် နေရခက်နေကာ ထိုအရာအား သူမ တကယ်မျိုမချနိုင်ပါချေ။
သုန့်ရှီးယွင် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။
နန်းတော်အတွင်း၌ အခြားသောမိန်းကလေးများ ရှိနေသော်လည်း သူတို့သည် အဝေးတွင်ဖြစ်ကာ မည်သည်တို့ဖြစ်သွားခဲ့သည်အား မသိကြချေ။
မိဖုရားခေါင်၏ ဤဂုဏ်ပြုထမင်းစားပွဲကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ သူမ၏သားတော်နှင့် ရှဲ့ချောင်တို့ ပို၍ အတူတကွအချိန်ကုန်ဆုံးနိုင်ရန် ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံကြခြင်းမှာ ခင်ပွန်းနှင့်ဇနီးကြား အနာဂတ်ဆက်ဆံရေးအတွက် အကျိုးပြုမည်ဖြစ်ပေ
သည်။ ယခုတွင် အိမ်ရှေ့စံမှ ရှဲ့ချောင်အား အလွန်ကာကွယ်ပေးသည်ကို သူမ မြင်လိုက်ရသည့်အခါ ပိုစိတ်သက်သာရာရသွား၏။
တော်ဝင်ကိုယ်လုပ်တော်မုန့်သည် မည်သည့်လိုအင်ဆန္ဒမှ မရှိသည့် လူတစ်ယောက်နှင့် တူသည်ပင်။ ထိုအချိန်တွင် သူမသည် သူမ၏ဘေးမှ ကိုယ်လုပ်တော်များနှင့် ပျော်ရွှင်စွာ စကားလက်ဆုံကျနေလေသည်။ သူမသည် အမှန်တကယ်ပင် စတုတ္ထမင်းသားအား ကြည့်မနေခဲ့ချေ။
သူမ၏ အနာဂတ်ချွေးမ၊ သုန့်ရှီးယွင်အပေါ်တွင်လည်း သူမ၏သဘောထားမှာ ထူးထူးခြားခြားရှိမနေပေ။
ဤချွေးမအား သူမ၏ မိသားစုမှ ရွေးချယ်ထားခြင်းဖြစ်သည်။
တော်ဝင်ကိုယ်လုပ်တော်မုန့်သည် အရန်ကြင်ရာတော် ယွမ်လင်းယင်ကိုသာ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားခြင်းဖြစ်၏။ ကံမကောင်းစွာပင် ထိုလက်ထပ်ခြင်းမှာ အလုပ်မဖြစ်ခဲ့ပေ။
ရှဲ့ချောင်မှ သူမအား လျစ်လျူရှုထားသည်ကို ကြည့်ရင်း သုန့်ရှီးယွင် ဒေါသထွက်လာခဲ့လေသည်။
စာမေးပွဲတွင် ရှဲ့ချောင်မှ သူမထက် သာလွန်ကာ ကြင်ရာတော်မင်းသမီးပင် ဖြစ်လာလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ဖူးချေ!
သူမ ရှဲ့ချောင်အား “ညီအစ်မ”ဟု ဆက်ခေါ်နေသော်လည်း လက်ထပ်ခြင်းအောင်မြင်သွားသည်နှင့် ရှဲ့ချောင်သည်…သူမ၏ မယားညီအစ်မ
ဖြစ်လာလိမ့်မည်အား သူမ သိသည်!
အနာဂတ်တွင် သူမ ရှဲ့ချောင်အား မြင်သည့်အခါ၌ အမြဲတမ်း သူမ၏ခေါင်းကိုနှိမ့်ကာ အရိုအသေပြုရလိမ့်မည်ပင်!
သုန့်ရှီးယွင် ရုတ်တရက် ထရပ်လိုက်ကာ မိဖုရားခေါင်ကြီးအား ပြောလိုက်၏။ “ မယ်မယ်ရဲ့ မွေးနေ့ရောက်လာတော့မယ်လို့ ကျွန်မ ကြားခဲ့ပါတယ်။ ကျွန်မ အရှင်မအတွက် ဖျော်ဖြေမှုတစ်ခု ပြင်ဆင်လိုက်ပါ့မယ်”
နန်းတော်အတွင်း၌ ကပြဖျော်ဖြေသူများစွာရှိပေ၏။ သူမသည် ဤလူများအား သင့်တော်စွာဖျော်ဖြေရန် စီစဥ်ပေးခြင်းအတွက်သာ တာဝန်ရှိပေသည်။ သူမကိုယ်တိုင်ကိုယ်ကျ ဖျော်ဖြေရန် မလိုအပ်ချေ။
သို့သော်လည်း ၎င်းတို့ ကောင်းမွန်စွာ ကပြဖျော်ဖြေခဲ့ပါက ဤချီးကျူးမှုမှာ သူမအတွက် ဖြစ်ပေလိမ့်မည်။
“ ငါ့ရဲ့မွေးနေ့ကို နှစ်ပေါင်းများစွာ မကျင်းပခဲ့ဘူး” မိဖုရားခေါင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “ ဘာလို့ သူတို့ကို ဒုက္ခခံခိုင်းမှာလဲ? မေ့လိုက်ပါ”
နှစ်တိုင်း သူမ၏ မွေးနေ့တွင် သူမ၏ မိသားစုသည်သာ လက်ဆောင်အနည်းငယ်အား ပို့ပေးခဲ့လေသည်။ ထိုအရာများအား သူမ သိမ်းထားခဲ့၏။ ထို့အပြင် ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသားသည် သူမနှင့်အတူ ထမင်းတစ်နပ် စားပေလိမ့်မည်။ ထိုအရာသည် သာမန်လူများ၏ ပျော်ရွှင်မှုဖြစ်ပြီး ၎င်းအား သူမ အလွန်စိတ်ကျေနပ်ပေသည်။
သုန့်ရှီးယွင်မှာ ထိုအရာအား မျှော်လင့်ထားပုံပင်။ သူမ ချက်ချင်းပင် ခန်းမအတွင်းသို့ လျှောက်သွားလိုက်ကာ သူမ၏ အနောက်မှ အစေခံသည် လက်ထဲမှ သေတ္တာတစ်ခုနှင့်အတူ ဒူးထောက်လိုက်လေ၏။
“ ဧကရီက ကြင်နာတတ်ပြီးတော့ လက်တွေ့ကျတယ်၊ ပြီးတော့ ကျွန်မ အမြဲတမ်း ဧကရီ့ကို လေးစားသဘောကျခဲ့တာပါ။ ဒါပေမယ့် ဧကရီက နှစ်ပေါင်းများစွာ သူ(မ)ရဲ့မွေးနေ့ကို မကျင်းပခဲ့ဘူးလို့ ကျွန်မ ကြားခဲ့ရပြီးတော့ ဧကရီ့အတွက် ကျွန်မ နှလုံးသားနာကျင်ခဲ့ပါတယ်။ အခုတလော ဧကရီ နေထိုင်မကောင်းဘူးလို့လည်း ကျွန်မ ကြားခဲ့ရတော့ ဒီနေ့ အရှင်မအတွက် လက်ဆောင်တစ်ခု အထူးတလည် ရွေးချယ်လာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဧကရီရဲ့မွေးနေ့မှာ ရိုးရိုးရှင်းရှင်း ဂုဏ်ပြုပြီးတော့ ဒုတိယအနေနဲ့ တတ်နိုင်သမျှ ဧကရီ အမြန်ဆုံး ပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးပါတယ်” သုန့်ရှီးယွင် ထပ်ပြောလိုက်၏။
သူမ ဧကရီ့အား ဝတ်ကြီးဝတ်ငယ်လုပ်ပေးသူ မဖြစ်ချင်ပေ။ နောက်ဆုံးတွင်တော့ ကိုယ်လုပ်တော်မုန့်သည်သာ သူမ၏ ယောက္ခမဖြစ်သည်ပင်။
မည်သို့ပင်ဖြစ်စေ ဧကရီ၏ ရာထူးအဆင့်အတန်းသည် နန်းတော်အတွင်း၌ ထိုက်တောင်တန်းကဲ့သို့ တည်ငြိမ်သောကြောင့် ထိုသည်က အကူအညီမဖြစ်ချေ။
•••••
[ဒီနားမှာဧကရီနဲ့မိဖုရားခေါင် အသုံးအနှုန်းပတ်ချာလည်သွားပါတယ် လူတစ်ယောက်တည်းပဲဆိုတော့ အဆင်ပြေသလိုပဲပတ်သုံးလိုက်ပါတယ်]