ငွေစများဆုံးရှုံးခြင်း
Vol. 36 Ch. 683
သုန့်ရှီးယွင် သူမ၏ ဝတ္တရားကျေပွန်သည့်စကားအား အဆုံးသတ်ပြီးနောက် သူမ၏ အနောက်မှ အစေခံကိုင်ဆောင်ထားသော သေတ္တာအား ဖွင့်လိုက်သည်။
ဖွင့်လိုက်သည်နှင့် လူတိုင်းမှာ မတတ်နိုင်ဘဲ လေအေးတစ်ရှိုက်အား ရှုသွင်းလိုက်မိကြသည်။
ဒီသုန့်သခင်မလေးက…တကယ့်ကို ရက်ရောတာပဲ!
ဧကရီ့ထံသို့ ပေးခဲ့သည့်လက်ဆောင်မှာ အမှန်စင်စစ်ပင် တောက်ပသည့် လပုလဲတစ်လုံးဖြစ်လေသည်။ ထိုသည်မှာ ထူးထူးခြားခြား ကြီးမားသည့်တစ်လုံး မဟုတ်သော်လည်း ပုလဲသည်
အမြဲတမ်း အဖိုးတန်သည့်အရာဖြစ်ပေ၏။ တန်ဖိုးကြီးသည့် ပုလဲတစ်လုံးပင်…
လူတိုင်း အနည်းငယ် စိတ်တိုသွားခဲ့ကြသည်။ ဧကရီသည် ဘယ်သောအခါမှ ပြစားဝင့်ကြွားခြင်းမျိုး မရှိခဲ့ဖူးချေ။ သူမ၏ မွေးနေ့အား သူမ ကျင်းပခဲ့သည့် နောက်ဆုံးအကြိမ်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးဖြစ်လေသည်။ သုန့်ရှီးယွင်မှ လက်ဆောင်တစ်ခုပေးလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့ကြဖူးပေ!
ဒီသုန့်မိသားစုရဲ့ သခင်မလေးကတော့…
ဒီတောက်ပသည့်အလင်းနှင့်လပုလဲကို ပေးတဲ့အပြုအမူက ပုလဲကိုယ်တိုင်ထက်တောင် ပိုတောက်ပနေသေးတယ်!
ဧကရာဇ်သည် ဧကရီ့အား အမြဲပင် သည်းသည်းလှုပ်ချစ်ခဲ့လေသည်။ ဤသတင်းအား သူ ကြားချိန်၌ သေချာပေါက်ပင် သုန့်သခင်မလေးအား ချီးကျူးပေလိမ့်မည်။ စတုတ္ထမင်းသားတောင် ဒီကနေ အကျိုးအမြတ်ရနိုင်လောက်တယ်၊ ဟုတ်တယ်မလား?
“ မင်းမှာ ဒီလိုရည်ရွယ်ချက်မျိုးတွေရှိတာ ရှားပါးတာပဲ” ဧကရီမှာ အံ့ဩသွားပုံလည်း မပေါ်သလို ပျော်ရွှင်သွားပုံလည်း မပေါ်ချေ။ တစ်စုံတစ်ယောက်အား ထိုအရာကို အဝေးသို့ယူဆောင်သွားရန် သူမ ပြောလိုက်လေ၏။
လက်ဆောင်အား လက်ခံပြီးနောက်တွင် သူမ၏ စိတ်ကျေနပ်မှုကို ဖော်ပြရန်အလို့ငှာ သူမ တစ်စုံတစ်ခုအား ပြန်ပေးရပေလိမ့်မည်။ ဧကရီ တစ်ခဏမျှတွေးလိုက်ကာ သုန့်ရှီးယွင်အား ကျောက်မျက်ရိုင်းတုံးတစ်စုံ ပေးလိုက်လေသည်။
သုန့်ရှီးယွင် ပြုံးလိုက်ကာ ရှဲ့ချောင်ထံ တစ်ချက်ကြည့်လိုက်၏။
“ ဒီအညတရက လူနုံလူအတစ်ယောက်ပါပဲ။ ကျွန်တော်မျိုးမက ဧကရီ့ကို ပျော်ရွှင်အောင်လုပ်ပေးချင်ပေမယ့် ပါးနပ်ချက်ချာပြီး ဉာဏ်ရည်ထက်မြက်တဲ့ ရှဲ့သခင်မလေးနဲ့ မတူပဲ ဘယ်လိုအကြံဉာဏ်ကောင်းကိုမှ စဥ်းစားလို့ မရနိုင်ခဲ့ပါဘူး။ ဧကရီရဲ့ မွေးနေ့ဖြစ်ကြောင်းကိုသာ သူ သိခဲ့မယ်ဆိုရင် သူပေးမယ့် လက်ဆောင်က သေချာပေါက်ကို ကျွန်တော်မျိုးမထက် အများကြီးပိုကောင်းလောက်မှာပါ” သုန့်ရှီးယွင်သည် ဧကရီ့အား နာနာခံခံဖြင့် ကျေးဇူးတင်လိုက်ပြီး ရှဲ့ချောင်အား ချီးကျူးရန်လည်း မမေ့ခဲ့ပေ။
သေချာပေါက်ပင်၊ အပေါ်ယံတွင်တော့ ထိုသည်မှာ ချီးကျူးမှုတစ်ခုဖြစ်လေသည်။
ဤစကားများအား ပြောလိုက်ချိန်တွင် လူများမှ သူတို့အား တိတ်တဆိတ် နှိုင်းယှဥ်ကြမည်မှာ မလွဲဧကန်ပင်။
သူမတို့ နှစ်ယောက်စလုံးသည် တော်ဝင်မိသားစု၏ ချွေးမလောင်းဖြစ်ကြသူများဖြစ်၏။ သုန့်ရှီးယွင်သည် ဧကရီ၏မွေးနေ့အား မှတ်မိကာ ရှဲ့ချောင်သည်တော့ မမှတ်မိချေ။
ယခုအချိန်တွင် သူမသည် ဧကရီ၏ မွေးနေ့အား သိရှိသွားခဲ့ပြီဖြစ်ရာ သူမသည်လည်း မလွဲဧကန်ပင် ဧကရီ့အား လက်ဆောင်ပေးရတော့မည်ဖြစ်၏။
သုန့်သခင်မလေး၏ တောက်ပလင်းလက်သည့် လပုလဲအား ကျော်လွန်နိုင်မည့် လက်ဆောင်မှာ အလွန်အမင်းပင် ဈေးကြီးရမည်ဖြစ်သည်။ ရှဲ့
မိသားစုသည် သုန့်မိသားစုလောက် မချမ်းသာပေ။
သုန့်ရှီးယွင်အား ရှဲ့ချောင် ပြုံးပြလိုက်၏။ “ ရှင် မှန်တယ်။ ကျွန်မ ပေးတဲ့လက်ဆောင်က သဘာဝကျကျပဲ ပိုကောင်းတယ်လေ”
သုန့်ရှီးယွင် ကြက်သေသေသွားခဲ့သည်။ ရှဲ့ချောင် ရူးသွားရမှာလို့ သူ မျှော်လင့်ထားတာကို၊ မဟုတ်ဘူးလား? မသိစိတ်၏ စေ့ဆော်မှုအရ သူမ မေးလိုက်၏။ “ ညီအစ်မရှဲ့လည်း လက်ဆောင်ပြင်ဆင်လာခဲ့တာများလား?”
ရှဲ့ချောင် တည်ငြိမ်စွာ မတ်တပ်ထရပ်လိုက်သည်။
“ အရှင်မင်းကြီးနဲ့ ဧကရီတို့ကို ကမ်းလှမ်းဖို့ ဒီနေ့ ကျွန်မ တစ်ခုခုယူလာခဲ့ပါတယ်။ တခြားသူတွေ
ကို ကြောက်လန့်စေမိမှာကို ကျွန်မ စိုးရိမ်မိလို့ အဲ့တာကို ဝေါယာဥ်ထဲမှာ ထားခဲ့လိုက်ပါတယ်။ သွားယူပေးဖို့ ကျွန်မရဲ့ အစေခံကိုပဲ ဒုက္ခပေးရတော့မှာပါပဲ” ရှဲ့ချောင် ပြောလိုက်၏။
ယနေ့ အင်ပါယာနန်းတော်သို့ မသွားမီတွင် သူမ ဂမ္ဘီရဉာဏ်အား အသုံးပြုခဲ့၏။ ငွေစများ ဆုံးရှုံးရလိမ့်မည်ကို သူမ တွေ့ရှိခဲ့ပေသည်။
သူမက တော်ဝင်နန်းတော်ကို သွားမှာကို ငွေစတွေ ဆုံးရှုံးရမယ်ဆိုတာက ထူးဆန်းသည်လေ။
ဤသည်ကြောင့် သူမ ဂရုတစိုက် တွက်ချက်မှုအချို့ လုပ်ခဲ့လိုက်၏။ ဂမ္ဘီရဉာဏ်မှ အရေးကြီးသည့်ပစ္စည်းတစ်ခုအား ယနေ့ ပျောက်ဆုံးရလိမ့်မည်ဟု ညွှန်ပြနေလေသည်။
ထို့ကြောင့်…
ယနေ့ သူမ ဤနေရာသို့ တစ်စုံတစ်ခု ယူဆောင်လာခဲ့ပေသည်။
တော်ဝင်နန်းတော်၏ ဝင်ပေါက်၌ ရှဲ့မိသားစု၏ ရထားလုံးရပ်နေသော်လည်း တော်ဝင်နန်းတော်ထဲတွင် ဝေါယာဥ်တစ်ခုလည်း ရှိနေသေးလေ၏။ အနာဂတ်ကြင်ရာတော်မင်းသမီးအနေနှင့် သူမအတွက် ကိစ္စများကို တစ်စုံတစ်ယောက်အား စောင့်ကြည့်ဂရုစိုက်ပေးခိုင်းရန်မှာ ပြဿနာမရှိပေ။ ထို့အပြင် သူမသည် တော်ဝင်နန်းတော်အား ကျောက်ရွှမ်ကျင်းနှင့်အတူ ဝင်ရောက်လာခဲ့သည်ဖြစ်၏။
ရှဲ့ချောင်ပြောလိုက်သည်မှာ လူများကို အလွန်သိချင်သွားစေခဲ့သည်။
ကျောက်ရွှမ်ကျင်း အပါအဝင်ပင်။
ဒီအချိန်မှာ ရှဲ့ချောင်က သေချာပေါက် သူမကို မက်မွန်သစ်သားဓား ဒါမှမဟုတ် ဓမ္မတူရိယာတစ်ချို့ ပေးနိုင်လောက်တယ်…ဘာများဖြစ်နိုင်မလဲ?
“ ရှဲ့သခင်မလေး၊ ကိုယ့်အတွက်ကိုယ် ကိစ္စတွေကို ခက်ခဲအောင် မလုပ်ပါနဲ့…” သုန့်ရှီးယွင်မှာ ယခင်အတိုင်း အေးဆေးတည်ငြိမ်နေလေသည်။
ဘယ်လိုလုပ် အရမ်းတိုက်ဆိုင်နိုင်မှာလဲ? ရှဲ့ချောင်လည်း ကြိုပြီး လက်ဆောင်ပြင်ဆင်လာတာလား? ဧကရီ့ရဲ့ မွေးနေ့က မကြာခင်ပဲ။ ဒီနေ့တော့ မဟုတ်ဘူး! သူလုပ်ခဲ့တဲ့ဟာကို ရှဲ့ချောင် မလုပ်နိုင်ခဲ့လောက်ဘူး!
မကြာမီတွင် ချွင်းအာမှ အထုပ်ကြီးတစ်ခုအား သယ်ယူလာခဲ့၏။
ထိုသည်မှာ သယ်ယူလာရန် အတော်လေးအားသွန်ခွန်စိုက်လုပ်ရပေသည်။
အထုပ်မှာ ပုံမပျက်မချင်း မြေပြင်ထက်တွင် တရွတ်တိုက်အဆွဲခံလာရလေသည်။ ထိုသည်အား ကြည့်ရသည်မှာ…တကယ့်ကို ဟောင်းနွမ်းစုတ်ပြတ်နေပေ၏။ သူမ တစ်ယောက်ယောက်ကို ဒီလိုလက်ဆောင်မျိုးကို ပေးတာက…စော်ကားရာကျလိမ့်မယ်…
ရှဲ့ချောင်သည်လည်း ကူကယ်ရာမဲ့နေခဲ့လေသည်။
ထိုအရာမှာ အလွန်တန်ဖိုးကြီးလှ၏။ အကယ်၍ ထိုအရာအား သေတ္တာတစ်ခုအတွင်းတွင် ထည့်
ထားပါက အလွန်မြင်သာပေါ်လွင်နေလိမ့်မည်ပင်။ တစ်စုံတစ်ယောက်မှ လုယက်သွားခဲ့ပါက သူမ မျက်ရည်ချောင်းစီးကာ ဝမ်းနည်းရပေလိမ့်မည်။
ထို့ကြောင့်…ပစ္စည်းမှာ ပို၍ အဖိုးထိုက်လေလေ ပို၍ ဖော်ထုတ်မပြသသင့်လေပင် ဖြစ်သည်။ ထိုအရာအား ရစ်ပတ်ထုပ်ပိုးထားရန် အဝတ်စုတ်တစ်ခုအား အသုံးပြုသည်မှာ ပို၍လုံခြုံပေသည်။
•••••