← Chapters

ကျွန်မ ရှင့်ကို ပေးခဲ့မှာပေါ့

Vol. 36 Ch. 684

ကျွန်မ ရှင့်ကို ပေးခဲ့မှာပေါ့

Vol. 36 Ch. 684

ချွင်းအာမှာ အတော်လေးပင်ပန်းနေလေပြီ။ သူမသည် ခန်းမထဲ၌ ပစ္စည်းအား နေရာချပြီးနောက်တွင် ရှဲ့ချောင်၏ ထိုင်ခုံနောက်၌ နောက်ခံတစ်ခုအတိုင်း ချက်ချင်းမတ်တပ်ရပ်လိုက်၏။

ထိုအခါမှသာ ရှဲ့ချောင် လျှောက်သွားကာ အထုပ်အား ဖွင့်လိုက်သည်။

ခေါက်ထားသည့် သိုးသားရေပိုင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ ထိုသည်အား ကြည့်ရသည်မှာ အလွန်အိုဟောင်းကာ အနည်းငယ် ထူးဆန်းသည့်အနံ့တစ်ခု ရှိနေလေသည်။

“ ရှဲ့သခင်မလေး…ရှင် ယူလာတာက ဘာများလဲ? ကြည့်ရတာ အရမ်းလန့်ဖို့ကောင်းတယ်” သုန့်ရှီးယွင်မှာ မတတ်နိုင်ပဲ သူမနှာခေါင်းအား ကာလိုက်၏။

“ သူ့ရဲ့အနံ့က အခု ဆိုးဝါးနေပေမယ့် နောက်ကျရင် ဘယ်လောက်မွှေးလဲဆိုတာကို ရှင် တွေ့ရပါလိမ့်မယ်။ ရှင် အဲ့တာကို အိမ်ကို ယူသွားချင်ပြီး နေ့တိုင်း စိုက်ကြည့်ချင်နေမှာကိုပဲ ကျွန်မ စိုးရိမ်မိ

တယ်” ရှဲ့ချောင် ဖြည်းညင်းစွာ ပြုံးလိုက်ကာ သိုးသားရေကြီးအား ဖြန့်တော့မည်ဖြစ်သည်။

သူမ၏ လှုပ်ရှားမှုများမှာ အလွန်အမင်း နှေးကွေးကာ ကျောက်ရွှမ်ကျင်းမှ လာရောက်ကူညီခြင်းအား ဖြစ်ပွားစေခဲ့လေသည်။

သို့သော်လည်း ကျောက်ရွှမ်ကျင်း၏အကြည့် ထိုအရာပေါ်သို့ ကျရောက်သက်ဆင်းသွားချိန်တွင် ရုတ်တရက် လန့်ဖျပ်တုန်လှုပ်သွားလေသည်။ သိုးသားရေပေါ်သို့ တက်နင်းပြီးနောက် သူ ချက်ချင်း ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ ရှဲ့ချောင်အား ဆွဲခေါ်လိုက်၏။

သိုးသားရေလိပ်ပေါ်ကို ရှဲ့ချောင် ဘယ်နှကြိမ်လောက်တောင် တက်နင်းပြီးသွားပြီလဲ?

ဒါက သူ(မ)အပြစ် မဟုတ်ဘူး။ ဒီဟာက အရမ်းကြီးနေရုံပဲ။ သူ(မ) ဒါကို တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်သင့်တာ။ ဘာလို့ သူ(မ)ကိုယ်တိုင် လုပ်ဖို့လိုအပ်ရတာလဲ?!

ကျောက်ရွှမ်ကျင်း၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေလေသည်။ သိုးသားရေလိပ်ထံမှ သူ့အကြည့်အား မရွှေ့နိုင်ခဲ့ချေ။

“ အဲ့တာက ကောင်းလား?” ရှဲ့ချောင် ခေါင်းမော့လိုက်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

ကျောက်ရွှမ်ကျင်း၏ မျက်နှာမှာ တောင့်သွားခဲ့လေသည်။ “ မင်း ဒါကို မယ်တော့်ဆီ ပေးချင်တာ သေချာရဲ့လား?”

“ အင်း၊ ကျွန်မ တစ်ယောက်ယောက်ကို ပုံတူနှစ်ခု

လုပ်ဖို့ ပြောထားပြီးသား။ ဒီစစ်မှန်တဲ့တစ်ခုကို ကျွန်မ ဆက်ပြီး သိမ်းထားဖို့အတွက်က မသင့်လျော်တော့ဘူး။ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်” ရှဲ့ချောင် သက်ပြင်းချလိုက်၏။ ထိုသည်မှာ ကြီးမြတ်သောအရာတစ်ခုဖြစ်သော်လည်း သူမ၏ အဆင့်အတန်းဖြင့် ထိုအရာအား ပိုင်ဆိုင်ရန် မတတ်နိုင်ချေ။

သူမဘာသာ ပုံတူနှစ်ခု လုပ်လိုက်၏။

တစ်ခုမှာ သူမ၏ဆရာ လီရှီးယန်အတွက်ဖြစ်သည်။ ထိုအရာသည် သူမ၏ဆရာထံ ရိုသေလေးစားမှုဝတ္တရားအား ဖော်ပြလိမ့်မည်ဖြစ်သောကြောင့် သူမ လက်လွှတ်မခံနိုင်ပေ။

အခြားတစ်ခုသည်တော့ သူမအတွက်ဖြစ်သည်။

သေချာသည်ပင်၊ သူမတွင် ဆရာမော့လင်းကျစ်လည်း ရှိသေး၏။ သို့သော်လည်း မော့လင်းကျစ်သည် ဤပစ္စည်းအား စိတ်ဝင်စားမှုမရှိနိုင်သောကြောင့် တစ်ခုကို သူမဘာသာသူမ သိမ်းထားလိုက်တော့မည်ဖြစ်သည်။

ဤကဲ့သို့သော ပန်းချီကားချပ်ကြီးအား ပုံတူနှစ်ခုလုပ်ရသည်မှာ အင်အားစိုက်ထုတ်မှုကြီးတစ်ခု ဖြစ်နေပြီးဖြစ်သည်။ ထိုသည်မှာ တောင့်ခံနိုင်ရန် အလွန်များပြားလှသည်ပင်။

ကျောက်ရွှမ်ကျင်းမှာ ရှဲ့ချောင်၏လက်ရာကြောင့် စင်စစ်အံ့ဩတုန်လှုပ်သွားခဲ့လေသည်။ ၎င်းမှာ ပျောက်ကွယ်သွားပြီဟူ၍ ကောလဟာလထွက်နေသော ကမ္ဘာ့မြေပုံဖြစ်ပေသည်။ ယခုအချိန်၌ သူမသည် ထိုအရာအား တကယ်ကြီးယူထုတ်လာခဲ့၏။ မြေပြင်ထက်မှ ရိုးရိုးသာမန်အထုပ်အား ကြည့်လိုက်ရင်း ကျောက်ရွှမ်ကျင်း၏ နားထင်များ တဒုတ်ဒုတ်လှုပ်ခါသွားလေသည်။ သူ အလွန်

အံ့ဩသွားခဲ့သည်ပင်!

နတ်ဘုရားရဲ့ လက်ဆောင်ကို မဆင်မခြင်ဖြုန်းတီးမှုတစ်ခု?! ဒါက တကယ့်ကို…

ရှဲ့ချောင်မှ မတော်တဆထပ်မံ တက်နင်းမိမည်ကို စိုးရိမ်သဖြင့် ကျောက်ရွှမ်ကျင်း လူများအား ချက်ချင်း ခေါ်လိုက်ကာ ဤအရာအား စင်ထက်တွင် ဖြန့်ခိုင်းလိုက်၏။

အိမ်ရှေ့စံမင်းသားမှ ထိုကဲ့သို့သော မလိုအပ်ပဲ ရေးကြီးခွင်ကျယ်လုပ်နေခြင်းအား ကြည့်နေရင်း ဧကရီလည်း အနည်းငယ် ပဟေဠိဖြစ်လာလေသည်။

“ မရီးတော်၊ ဒီဟာက ဘာများပါလဲ?” စတုတ္ထမင်းသား သည်လည်း စပ်စုစွာဖြင့် ရောက်လာခဲ့

လေသည်။ ဤသိုးသားရေဟောင်းအား ကြည့်နေရင်း သူ၏မျက်နှာမှာ အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့လေ၏။

“ အဲ့တာက ဒီအတိုင်းပန်းချီကားလေးပါပဲ” ရှဲ့ချောင် ပြုံးလိုက်သည်။ “ ကျွန်မရဲ့အဖေ ဓားပြတွေရဲ့စခန်းထဲကို အသက်စွန့်ပြီးဝင်သွားတုန်းက သူရခဲ့တဲ့ ရတနာတွေကို နိုင်ငံဘဏ္ဍာတိုက်ထဲ အပို့ခံလိုက်ရတယ်။ အခု မိသားစုထဲမှာ ရွှေလင်းယုန်တစ်ခုပဲ ကျန်ပါတော့တယ်။ ဒီပစ္စည်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ကျွန်မအဖေ ရွှေလင်းယုန်ကို သိမ်းထားတဲ့သေတ္တာထဲကနေ ကျွန်မ ရှာတွေ့ခဲ့တာပါ။ သူက ဒီပစ္စည်းရဲ့တန်ဖိုးကို မသိတာမလို့ ထိုင်စရာတစ်ခုအနေနဲ့ အသုံးပြုခဲ့ပါတယ်။ ဒီပေါ်မှာရှိတဲ့ ပုံစံကွက်တစ်ချို့ကို ကျွန်မ ရှာဖြစ်ခဲ့တာကြောင့် သိချင်စိတ်နဲ့ ဖယ်ထားခဲ့ပါတယ်။ အချိန်တစ်ခုလောက် စဥ်းစားပြီးနောက်မှာတော့ ဒီပစ္စည်းက ပိုင်လိမိသားစုရဲ့ ကမ္ဘာ့မြေပုံဖြစ်မယ်လို့ ကျွန်မ တွေးခဲ့ပါတယ်။ ဒီအရာက တန်ဖိုးဖြတ်မရနိုင်ပါဘူး၊ ဒါကြောင့် ဒီ

နေ့ ဒီအရာကို ကျွန်မ ဧကရီ့ကို အထူးတလည်ပေးတာပါ”

ကျောက်ရွှမ်ကျင်း သူမ၏ ပေါက်ကရစကားများအား မျက်နှာတည်ဖြင့် နားထောင်နေခဲ့သည်။

ရှဲ့နျိုရှင်းက သတိမမူတတ်တဲ့လူပဲ။ သူက ဒီပစ္စည်းကို ထိုင်စရာအနေနဲ့ သုံးလိုက်သေးတယ်၊ ပြီးတော့ ရှဲ့ချောင်လည်း…ပိုကောင်းမနေဘူး။

အခုလေးတင်ကမှ သူမရဲ့ ပြုမူလှုပ်ရှားပုံတွေကို ကြည့်လိုက်ပါဦး။ သူသာ သူမကို မတားခဲ့ရင် ကမ္ဘာ့မြေပုံတစ်ခုလုံး မြေကြီးပေါ်မှာ လဲလျောင်းနေရလောက်တယ်။

ကျောက်ရွှမ်ကျင်း မြေပုံအား တောက်လောင်နေသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ ဤ

အရာကို အလွန့်အလွန် သဘောကျလှသည်ပင်။

“ အခုမှ ဒီဟာကို ရှင်ကြိုက်နေလို့လည်း အလကားပဲ။ ရှင် စောစောကတည်းက မပြောခဲ့ဘူးလေ။ တကယ်လို့ ရှင်ပြောခဲ့ရင် ကျွန်မ ဒါကို ရှင့်ကို ပေးခဲ့မှာပေါ့” ရှဲ့ချောင် ကျောက်ရွှမ်ကျင်းထံသို့ တိုးကပ်သွားလိုက်ကာ နူးညံ့စွာ ခပ်တိုးတိုးပြောလိုက်၏။ “ ဒါပေမယ့် ရှင်က မိသားစုပဲလေ။ ကျွန်မ ဘယ်သူ့ကို ပေးပေး အရေးမကြီးဘူးဟုတ်?”

•••••

All Chapters