← Chapters

အတော်ဇွတ်တရွတ်ဆန်သည်

Vol. 36 Ch. 685

အတော်ဇွတ်တရွတ်ဆန်သည်

Vol. 36 Ch. 685

ထိုသည်မှာ ရှဲ့ချောင်မှ ကမ္ဘာ့မြေပုံအား မကြိုက်၍မဟုတ်ပဲ ဤပစ္စည်း၏ အရေးပါမှုမှာ

သာမန်ထက်ထူးခြားနေ၍ဖြစ်သည်။

၎င်းမှာ မည်မျှတန်ဖိုးကြီးသည်ဖြစ်စေ ငွေစများအတွက် ရောင်းချပစ်၍မရနိုင်သလို ပွင့်လင်းမြင်သာစွာ ခင်းကျင်းပြသထား၍လည်း မရနိုင်ချေ။ ၎င်းအား ဂရုတစိုက်ဖုန်းကွယ်ထားရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းအား ကောင်းမွန်သည့်တစ်စုံတစ်ရာအဖြစ် ယူဆ၍မရနိုင်ပေ။

ထို့အပြင် ထိုပစ္စည်းအား ကျောက်ရွှမ်ကျင်းကဲ့သို့ စွဲလမ်းကာ ဂရုစိုက်ရန်မှာ သူမအတွက် သဘာဝကျစွာပင် မဖြစ်နိုင်ချေ။

“ မင်းရဲ့လက်ဆောင်က နည်းနည်းတော့များတာပဲ” ရှဲ့ချောင်မှ ဧကရီ့ထံသို့ ပေးမည့်အရာနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်မှ ကြက်သေသေနေလောက်သည့်တိုင် ထိုစကားကိုတော့ ပြောမည်

ပင်။

ကမ္ဘာ့မြေပုံမှာ နှစ်ပေါင်းများစွာတိုင်အောင် ပိုင်လိမိသားစု၏ သွေးနှင့်ချွေးများ ဖြစ်ခဲ့လေ၏။ ယခင်ဧကရာဇ်ဟောင်းသည် ၎င်းတို့အတွင်း၌ ရတနာရှိမည်ဟု အမြဲယုံကြည်ခဲ့သဖြင့် ပိုင်လိမိသားစုအား ထိုအရာကို လက်လွှဲပေးရန် ဖိအားပေးခဲ့လေသည်။ ပိုင်လိမိသားစုသည် လိုက်နာရန် ငြင်းဆန်ခဲ့ကာ ထိုအခြင်းအရာမှာ မိသားစု၏ ပျက်စီးခြင်းထံသို့ ဦးတည်သွားခဲ့လေသည်။

ပိုင်လိမိသားစု၏ ပျက်စီးမှုသည်လည်း လူထုအား ဒေါသထွက်စေခဲ့လေ၏။ ထို့အပြင် ၎င်းတို့သည် အချိန်အတော်ကြာ အာဃာတများလည်း စုပုံလာခဲ့ပြီး မင်းဆက်ပြောင်းလဲခြင်းကို ဦးတည်သွားခဲ့စေသည်။

ဤကမ္ဘာ့မြေပုံတွင် ကွဲပြားသည့်အဓိပ္ပာယ်တစ်ခု

ရှိ၏။

“ ဒါက ဧကရီရဲ့မွေးနေ့ မဟုတ်ပေဘူးလား? ကျွန်မရဲ့မိသားစုက အရမ်းမချမ်းသာပါဘူး၊ ပြီးတော့ ကျွန်မမှာ ပေးနိုင်တာ ဒီသိုးသားရေဟောင်းအပိုင်းအစလေးပဲ ရှိတာမလို့ပါ” ရှဲ့ချောင် လေးနက်မှုအလုံးစုံဖြင့် ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျောက်ရွှမ်ကျင်း ကြက်သေသေသွားခဲ့လေသည်။

သိုးသားရေဟောင်းအပိုင်းအစလေးတစ်ခု?

အခြားသူများမှာ ကျောက်ရွှမ်ကျင်းကဲ့သို့မဟုတ်ပဲ ဤပစ္စည်းအား အကြည့်တစ်ချက်ဖြင့် မည်သို့သောအရာမှန်း မပြောနိုင်ကြချေ။

ဧကရီပင်လျှင် အကြံအိုက်သွားလေ၏။ “ ရှဲ့မိန်းကလေး၊ ဒါက ဘာများလဲ? ကြည့်ရတာ ရှုခင်းပန်းချီကားတစ်ချပ်လိုပဲ”

“ မယ်တော်၊ ဒါက အရင်မင်းဆက်က ပိုင်လိမိသားစုရဲ့ အဖိုးအထိုက်တန်ဆုံးရတနာ၊ ကမ္ဘာ့မြေပုံပါ။ ဒီအပေါ်က ပန်းချီဆေးရေးတွေက တိုင်းပြည်တွေအများကြီးရဲ့ ရှုခင်းတွေပါ” ကျောက်ရွှမ်ကျင်း ပြောလိုက်၏။

ဧကရီမှ အံ့ဩကြီးစွာဖြင့် မတ်တပ်ထရပ်လိုက်လေသည်။ “ တကယ်?!”

ဘယ်လိုလုပ် သူမ ကမ္ဘာ့မြေပုံကို မကြားဖူးရတာလဲ?!

“ ဒါက အစစ်ပဲဖြစ်ဖြစ်၊ မဟုတ်ဘူးပဲဖြစ်ဖြစ် ကျွန်မတို့ ဆရာတစ်ချို့ကို ပင့်ဖိတ်ပြီး ကိုယ်တိုင်ကိုယ်ကျ အကဲဖြတ်သုံးသပ်ခိုင်းဖို့ လိုပါမယ်” ရှဲ့ချောင် ကျိုးကျိုးနွံနွံ ပြောလိုက်သည်။

ဧကရီ ချက်ချင်းပင် ဆင်းသွားကာ မြေပုံအား ကြည့်လိုက်၏။ သူမ မဆုံးဖြတ်နိုင်ချေ။ သူမ တစ်ခဏမျှ စဥ်းစားပြီးနောက် ပြောလိုက်လေသည်။ “ အမြန်သွားပြီး အရှင်မင်းမြတ်ကို တစ်ချက်လောက်လာကြည့်ဖို့ ဖိတ်ကြားလိုက်။ တော်ဝင်ကျောင်းတော်က ဆရာနည်းနည်းလောက်ကိုလည်း ဖိတ်ကြားဖို့ လူတစ်ချို့ပို့လိုက်”

ဧကရီမှ သူမ၏ တည်ငြိမ်အေးဆေးမှုအား ဆုံးရှုံးသွားသည်ကို မြင်ရသော် သုန့်ရှီးယွင်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

ကမ္ဘာ့မြေပုံ? အဲ့တာက မဖြစ်နိုင်ဘူးလေ၊ ဟုတ်

တယ်မလား?

ရှဲ့မိသားစုက ဓားပြတွေပဲကို။ သူတို့က ဘယ်လိုလုပ် ဒီလိုရတနာကောင်းကို ရသွားတာလဲ?!

သိုးသားရေပန်းချီထက်၌ ခေါက်ရာအမှတ်များလည်း ရှိလေသည်။ ထိုအခြင်းအရာမှာ လေးလံသည့်အရာဝတ္ထုတစ်ခုဖြင့် အဖိခံထားခဲ့ရသည်နှင့် တကယ့်ကို တူပေသည်။

သုန့်ရှီးယွင် ပန်းချီကားချပ်အား စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်၏။ သို့သော်လည်း သူမ…ထိုအရာသည် အစစ်ဟုတ်မဟုတ်အား မပြောနိုင်ပေ။

ထိုအရာအား အတုဖြစ်ရန် မျှော်လင့်ရင်း သူမ နှလုံးသားထဲ၌ ဆက်လက်ဆုတောင်းနေလေသည်!

တကယ်လို့ အဲ့တာက အစစ်ဆိုရင် သူမ တကယ် ရှဲ့ချောင်ကြောင့် အသုံးမဝင်ဖြစ်သွားလိမ့်မယ်!

ယနေ့ သူမ ဧကရီ့အား တောက်ပသည့်လပုလဲတစ်လုံးကိုသာ ဂုဏ်ယူစွာ လက်ဆောင်ပေးခဲ့သည်။ အဲ့တာက ကမ္ဘာ့မြေပုံနဲ့ ဘယ်လိုလုပ် နှိုင်းယှဥ်လို့ရနိုင်မှာလဲ? တကယ်လို့ အဲ့ဒီပစ္စည်းကသာ အစစ်ဖြစ်နေခဲ့ပြီး သတင်းတွေ ပျံ့နှံ့သွားမယ်ဆိုရင် သူမရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးရမှာမဟုတ်ဘူးလား?

အလင်းထုတ်လွှတ်နိုင်တဲ့ တောက်ပလပုလဲတစ်လုံးက ပြိုင်ဘက်ကင်းတဲ့ ကမ္ဘာ့မြေပုံနဲ့ ဘယ်လိုလုပ် နှိုင်းယှဥ်နိုင်မှာတဲ့လဲ…

သုန့်ရှီးယွင် အဝေးသို့ မကြည့်ရဲ။ သူမ၏ စိုးရိမ်

ပူပန်နေသည့် အကြည့်ကိုပင် သူမ ဖုံးကွယ်မထားနိုင်ချေ။

စတုတ္ထမင်းသားသည် ပျော်တတ်သည့်လူတစ်ယောက်ဖြစ်၏။ သူ၏ အနာဂတ်မရီးမှ သူတို့အား အဖိုးတန်သည့် တစ်စုံတစ်ခုကို ပေးခဲ့မှန်းအား သူ သိပေသည်။ အကယ်၍ သုန့်သခင်မလေးမှ အနိုင်ရရန် စိတ်ထက်သန်နေခဲ့ပါက သူမ အဆင်မပြေခံစားနေရလောက်မည်ပင်။

ထို့ကြောင့် သူ သူမအား တစ်ချက်ကြည့်လိုက်၏။

မည်သို့ပင်ဖြစ်စေ သုန့်ရှီးယွင်၏ မျက်နှာထားမှာ အတော်လေးလွန်ကဲနေပေသည်…

စတုတ္ထမင်းသား မျက်မှောင်ကြုတ်လိုက်၏။ သူ ထိုအခြင်းအရာအား အရမ်းသဘောမကျပါချေ။

ဧကရီမှ သူမ၏ မွေးနေ့အား ကျင်းပလိမ့်မည်မဟုတ်မှန်း လူတိုင်း သိကြပေသည်။ ဤအရေးကိစ္စအား ပထမဆုံး ယူဆောင်လာခဲ့သူမှာ သုန့်သခင်မလေးပင်။ အစပထမတွင် ရှဲ့သခင်မလေးသည် နန်းတော်သို့ ထိုပစ္စည်းအား ယူမလာခဲ့သောကြောင့် သူ့ခမည်းတော်နှင့် မယ်တော်အား သီးသန့်တွေ့ကာ ပေးရန် ပြင်ဆင်ထားခဲ့သည်မှာ သိသာပေ၏။ ဤနည်းအားဖြင့် မည်သူမှ မျက်နှာပျက်ရတော့မည် မဟုတ်ချေ။

သို့သော်လည်း သုန့်သခင်မလေးသည် ရှဲ့သခင်မလေးအား ထိုပစ္စည်းအား ယူလာရန် ဖိအားပေးသည့် တစ်စုံတစ်ခုကို ပြောခဲ့လေသည်။ 

စတုတ္ထမင်းသားမှာ အနည်းငယ် မကျေမချမ်းဖြစ်မှုအား ခံစားလိုက်ရ၏။

မုန့်မိသားစုမှ သူ့အတွက် ရွေးချယ်ပေးခဲ့သည့် ဇနီးမှာ အတော်လေးဇွတ်တရွတ်နိုင်ပုံပင်။

•••••

All Chapters