← Chapters

နှိုင်းယှဥ်နိုင်သည်

Vol. 36 Ch. 686

နှိုင်းယှဥ်နိုင်သည်

Vol. 36 Ch. 686

စတုတ္ထမင်းသားမှာ သုန့်ရှီးယွင်၏ လွန်ကဲသည့်တုန့်ပြန်မှုအား သဘောမကျသော်လည်း လက်ထပ်ထိမ်းမြားမှုမှာ ဆုံးဖြတ်ပြီးဖြစ်ရာ သူ မကန့်ကွက်နိုင်တော့ပေ။ ဤအမျိုးသမီးငယ်လေးအား သူ အရမ်းမရက်စက်နိုင်ချေ၊ မဟုတ်လျှင် သူမ အရှက်ရပေလိမ့်မည်။

သူ မမြင်ချင်ယောင်ဆောင်လိုက်ကာ သည်းခံလိုက်၏။

သိပ်မကြာမီတွင် ဧကရာဇ် ရောက်လာခဲ့သည်။

လူတိုင်း ရုတ်တရက် ဒူးထောက်လိုက်ကာ အရိုအသေပေးဦးညွှတ်လိုက်ကြ၏။

“ အရိုအသေပေးစရာ မလိုပါဘူး၊ ဧကရီ” ဧကရာဇ်သည် အမှန်ပင် ဧကရီ့အား ပို၍ စိုးရိမ်ပူပန်လေသည်။ သူသည် ဧကရီ့အား ထရန် မြဲမြဲမြံမြံ အမှီသဟဲပေးလိုက်လေ၏။ “ မင်းရဲ့ ကျန်းမာရေးက ကောင်းမနေဘူးကို ဘာလို့ ဒီလိုမျိုး အရိုအသေပေးနေရတာလဲ? ငါကိုယ်တော် အရင်ကတည်းက မင်းကို ဒီလိုလုပ်စရာမလိုဘူးလို့ ပြောခဲ့ပြီးပြီလေ”

ဧကရီမှာ အနည်းငယ် ရှက်သွားခဲ့သော်လည်း သူမ၏ ပုံမှာ ကျက်သရေရှိနေဆဲပင်။ “ အရှင်မင်းမြတ်၊ ရှဲ့သခင်မလေးက အခုလေးတင်ပဲ ကျွန်မ

ကို သိုးသားရေပန်းချီတစ်ချပ် ပေးခဲ့ပါတယ်။ ကြည့်ရတာ…ပိုင်လိမိသားစု လက်ဆင့်ကမ်း အမွေပေးခဲ့တဲ့ ကမ္ဘာ့မြေပုံလိုပဲ။ တော်ဝင်ကျောင်းတော်က ဆရာတွေကို ဖိတ်ခေါ်ပေးဖို့ ကျွန်မ တစ်ယောက်ယောက်ကို စေလွှတ်ပြီးပါပြီ။ ဒါက အစစ်လား အတုလားဆိုတာကို ကျွန်မတို့ မကြာခင် သိရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်…ဒီပန်းချီက အရမ်းထူးခြားတယ်လို့ ကျွန်မ ထင်တယ်။ ဒါက အစစ်ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်မ အရမ်းသဘောကျတာပဲ”

ဧကရီမှ ဤကဲ့သို့ပြောလိုက်ရခြင်းမှာ အကယ်၍ ပန်းချီကားချပ်မှာ အတုဖြစ်နေကာ ရှဲ့မိန်းကလေး အရှက်ရသွားမည်ကို စိုးရိမ်၍ဖြစ်သည်။

“ ကမ္ဘာ့မြေပုံ?” ဧကရာဇ် စိတ်ဝင်စားသွားသည်။

သူသည် ဤအရာများအား အိမ်ရှေ့စံမင်းသားကဲ့သို့ နားမလည်ပေ။ ယခင်က ကျောက်ရွှီကျီး၏ ဖုန်းရွှေပန်းချီ ကောင်းသည်၊ ဆိုးသည်ကိုပင် သူ မပြောနိုင်ခဲ့။ ယခုအချိန်တွင် သဘာဝကျစွာပင် သူ့ထံ၌ ဤအရာအား ခွဲခြားနိုင်သည့် စွမ်းရည်ရှိမနေပါချေ။

ဧကရာဇ်မှာ ပန်းချီကားချပ်ကား တစ်ချက်မျှသာ ကြည့်လိုက်ကာ မျှော်လင့်ချက် များများစားစားမရှိပေ။ ထိုအစား သူသည် ပို၍ပင် ရှဲ့မိသားစုမှ အမျိုးသမီးငယ်လေး၏ အကြောင်းအား သိချင်ပေသည်။

သူ၏ အနာဂတ်ချွေးမအား တစ်ခဏမျှ ကြည့်လိုက်၏။

သူ အနည်းငယ်လည်း အံ့ဩသွားခဲ့လေသည်။ “ အိမ်ရှေ့စံမှာ အမြင်ကောင်းရှိတာပဲ။ ဒီ

မိန်းကလေးရဲ့ ပုံပန်းသွင်ပြင်က ဧကရီ ငယ်ငယ်တုန်းကနဲ့ ယှဥ်နိုင်တယ်”

သူ့အသံမှာ မကျယ်လောင်သော်လည်း ထိုစကားအား ကြားလိုက်ရချိန်တွင် ဧကရီ ရှက်သွေးဖြာသွားခဲ့လေသည်။ သူမ ခပ်တိုးတိုးပြောလိုက်၏။ “ အရှင်မင်းကြီး၊ အဲ့တာကို မပြောပါနဲ့။ တခြားလူတွေ မကြားစေနဲ့ဦး။ သူတို့ အရှင့်ကို ရယ်ကြလိမ့်မယ်”

ခန်းမအတွင်းရှိ အခြားလူများမှာ ဝေးကွာနေကြပြီး ဤဖြစ်ရပ်အား မတွေ့လိုက်ကြပေ။

သို့သော်လည်း ရှဲ့ချောင်မှာ နီးကပ်နေလေသည်။ သူမ အမှတ်တမဲ့ ခေါင်းမော့လိုက်ကာ ၎င်းတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက် တွန်းနေကြသည်ကို မြင်လိုက်ရ၏။ ထိုသည်မှာ စိတ်နှလုံးနွေးထွေးဖွယ်ရာဟု သူမ တွေးလိုက်သည်။

သူမ တိတ်တဆိတ်ခေါင်းငုံ့လိုက်ကာ သူမမျက်လုံးများအား ပွတ်လိုက်သည်။

သက်လတ်ပိုင်းလူကြီးတွေရဲ့ အချစ်ပြဇာတ်…အဲ့တာက အတော်လေး စိတ်နှလုံးတုန်လှုပ်ကြေကွဲနိုင်တာပဲ။

“ အရှင်မင်းကြီး အခုလေးတင်ပဲ သုန့်မိသားစုက ဒီမိန်းကလေးက ကျွန်မကို လက်ဆောင်တစ်ခုပေးခဲ့တယ်။ အဲ့တာက တောက်ပလပုလဲတစ်လုံးပဲ။ တကယ့်ကို လှတယ်။ နောက်နေ့ကျရင် နန်းတော်ထဲမှာ ထားလိုက်ပါ။ အရှင်မင်းကြီးလည်း တစ်ချက်လောက် လာကြည့်လှည့်ပါဦး” ဧကရီသည် သုန့်ရှီးယွင်အား ချီးကျူးရန်လည်း မမေ့ချေ။

မျှော်လင့်ထားသည့်အတိုင်းပင် ဧကရာဇ်သည်

အတော်လေးပျော်ရွှင်နေခဲ့ကာ သုန့်ရှီးယွင်အား ပြောလိုက်၏။ “ မင်းက မဆိုးဘူးပဲ။ တကယ့်ကို ဝတ္တရားကျေတယ်။ မင်းနဲ့ စတုတ္ထမင်းသား တို့ရဲ့ လက်ထပ်ပွဲရက်ကို မသတ်မှတ်ရသေးဘူးဆိုတာ ငါ မှတ်မိတယ်၊ ဟုတ်တယ်မလား? ဒါဆိုရင်…နောက် မေလ။ အိမ်ရှေ့စံရဲ့လက်ထပ်ပွဲအပြီး နောက်သုံးလနေရင်ပေါ့။ အဲ့တာကို ကောင်းတဲ့အရာတွေ တသီတတန်းဖြစ်လာတယ် ယူဆလို့ရတယ်”

ထိုသည်အား သုန့်ရှီးယွင် ကြားလိုက်သောအခါ သူမ ချက်ချင်းပင် အလွန့်အလွန်ဝမ်းသာသွားကာ သူမ၏ ကျေးဇူးတင်မှုအား ဖော်ပြရန် အလျင်အမြန် ဒူးထောက်လိုက်၏။

သူတို့ အရင်က ရက်မသတ်မှတ်ခဲ့ကြဘူး။ တကယ်လို့ သူတို့ ရက်မသတ်မှတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ထိမ်းမြားစေ့စပ်ကြောင်းလမ်းမှုအဖြစ် ယူဆလို့ရမှာလဲ?

အရင်တုန်းက ဘာသာရေးဝန်ကြီးက ရက်အနည်းငယ်ကို မူကြမ်းရေးခဲ့ပေမယ့် ဧကရာဇ်က သဘောမတူခဲ့ဘူး!

ဧကရာဇ်သည် ရုတ်တရက် အလွန်စကားပြောရလွယ်ကူလာလိမ့်မည်ဟု သုန့်ရှီးယွင် မထင်ထားခဲ့ပေ။

လက်ထပ်ပြီးသွားသည့်အချိန်ကျလျှင် စတုတ္ထမင်းသားသည် စံအိမ်တစ်လုံးဆောက်ရန် နန်းတော်မှ ထွက်ခွာရလိမ့်မည်ဖြစ်သည်။

စတုတ္ထမင်းသားသည် လက်ပေါက်ကပ်သည့်လူတစ်ယောက် မဟုတ်မှန်းအား ဧကရီသိသဖြင့် သူ့အတွက် ပြောပေးရန် သူမ ဆန္ဒရှိပေသည်။ သူမ ပြောလိုက်၏။ “ စတုတ္ထမင်းသား အရွယ်ရောက်

လာပြီ။ လက်ထပ်ပွဲပြီးသွားတဲ့အခါကျရင် သူ တော်ဝင်ညီလာခံထဲမှာ အလုပ်လုပ်လို့ ရနိုင်သင့်ပြီပဲ”

“ စတုတ္ထမင်းသား၊ ဂုဏ်ပြုထမင်းစားပွဲပြီးတဲ့အခါကျ ဒီရက်တွေမှာ မင်း စာလေ့လာခဲ့သလားဆိုတာကို စစ်ဆေးဖို့ ငါ့ရဲ့ တော်ဝင်စာကြည့်ခန်းဆီ လာခဲ့” ဧကရာဇ် ထပ်ပြောလိုက်၏။

အကယ်၍ သူ ကောင်းမွန်စွာ လေ့လာကာ ဆောင်ရွက်နိုင်ခဲ့ပါက ဘွဲ့ဂုဏ်ပုဒ်တစ်ခု ပေးကာ တော်ဝင်ညီလာခံ၏ စိတ်ချနိုင်သည့်ဌာန၌ အချိန်အနည်းငယ် ကုန်ဆုံးနိုင်ရန် စီစဥ်ပေးမည်ဖြစ်သည်။

“သားတော် နားလည်ပါပြီ” စတုတ္ထမင်းသားသည် ကျိုးကျိုးနွံနွံရှိကာ ကောင်းမွန်စွာ ပြုမူတတ်လေသည်။ 

မင်းသားတစ်ပါးအနေနှင့် သူသည် ရည်မှန်းချက်ကြီးသင့်သော်လည်း ထိုသည်အား လက်ခံရန် စတုတ္ထမင်းသားမှ ဆန္ဒမရှိခြင်းကို ရှဲ့ချောင် အမှန်တကယ် မမြင်ခဲ့ပါချေ။

သူ့ထံတွင် ကြင်နာတတ်သည့် မျက်နှာရှိလေသည်။ သူသည် အမှန်ပင် ပူပင်ကြောင့်ကြမဲ့သူတစ်ယောက် ဖြစ်၏။

အပြင်လူများမှာ ဂနာမငြိမ်ဖြစ်ကာ အမြဲလိုလို စတုတ္ထမင်းသား အတွက် မီးလောင်ရာလေပင့်ပေးနေကြသည်မှာ စိတ်မကောင်းစရာပင်။ ရလဒ်အနေဖြင့် တော်ဝင်ညီလာခံတစ်ခုလုံးနှင့် တစ်လောကလုံးသည်ပင် စတုတ္ထမင်းသားမှာ အိမ်ရှေ့စံမင်းသား၏ မပြေလည်နိုင်သောရန်သူဖြစ်သည်ဟု သိထားကြပေသည်။

ယခုအချိန်တွင်တော့ အိမ်ရှေ့စံမှ ထိုအခြင်းအရာအား အလေးအနက်မမှတ်ယူထားခဲ့ပုံပင်။

တစ်နည်းအားဖြင့် ဤပုဂ္ဂိုလ်၏ ကံကြမ္မာမှာ အခြားမင်းသားသုံးပါးနှင့် တူညီကောင်းတူညီနေနိုင်ပေသည်။

•••••

All Chapters