အရိုင်းအစိုင်းအရူးကောင်
Vol. 36 Ch. 688
အချက်အလက်၏ အရေးကိစ္စတစ်ခုအနေဖြင့် ထိုအခိုက်အတန့်၌ လူတိုင်းသည် ကမ္ဘာ့မြေပုံအား အာရုံစိုက်မှု ပေးလာခဲ့ကြလေသည်။ ထိုအရာအား အားကျရှုစားရန် သူတို့၏ လည်ပင်းများအား အကောင်းဆုံးကြိုးစားကာ ဆွဲဆန့်ထားကြလေသည်။
အကယ်၍ ဤအခွင့်အရေးအား လက်လွတ်သွားခဲ့ပါက သူတို့၏ တစ်ဘဝလုံးတွင် ယခုကဲ့သို့ ဈေးကြီးကာ ရှားပါးသည့်အရာအား ဘယ်သောအခါမှ မြင်နိုင်တော့မည်မဟုတ်မှန်း သူတို့အားလုံးသိကြ၏။
ကံမကောင်းစွာပင် ကမ္ဘာ့မြေပုံ၏ ကောက်ကြောင်းကိုသာ အဝေးမှ ကြည့်နိုင်ခဲ့ကြပေသည်။ တခြားမည်သည်ကိုမှ သူတို့ ရှင်းရှင်းလင်းလင်း မမြင်ရချေ။
“ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ကမ္ဘာ့မြေပုံကို ငှားလို့ရနိုင်မလား…တစ်လ…မဟုတ်ဘူး၊ လဝက်ဆိုရင် လုံလောက်ပါတယ်?” ရှောင်းယွိရုန်မှာ ဤအချိန်တွင် အနည်းငယ်စိတ်မပါကာ ကျိုးကျိုးနွံနွံ မေးလိုက်၏။
ဧကရာဇ်မှာ အလွန်တည်ငြိမ်အေးဆေးနေလေသည်။ “ ဆရာရှောင်း၊ ငါကိုယ်တော် မင်းကို မပေးချင်တာမျိုးမဟုတ်ပါဘူး။ ဒါက ဒီအတိုင်း ဧကရီရဲ့ မွေးနေ့လက်ဆောင်ဖြစ်နေတာမလို့ပါ။ ရှဲ့မိန်းကလေးက အခုလေးတင်ပဲ ငါ့ရဲ့ဧကရီကို ပေးခဲ့တာလေ။ တကယ်လို့ သူမ တကယ်မင်းကို ငှားလိုက်မယ်ဆိုရင် သူမ မတရားခံရသလို မခံစားရလောက်ဘူးလား? ဒီတော့…မောင်မင်း ပန်းချီကားချပ်နဲ့ လာထိတွေ့ခွင့်ရဖို့အတွက် မင်းကို အခွင့်အရေးတစ်ခုပေးဖို့ ငါကိုယ်တော် အကောင်းဆုံးကြိုးစားထားတယ်။ တကယ်လို့ မောင်မင်း ပုံတူတစ်ခုကို ဒီလ လုပ်ချင်တယ်ဆိုရင် နန်းတော်
ထဲကိုသာ မကြာခဏလာခဲ့”
“ တစ်လက မလုံလောက်ပါဘူး၊ အရှင်မင်းကြီး” ရှောင်းယွိရုန်မှာ အပြစ်ကင်းစင်ပုံပေါ်လေ၏။
ကျောင်းတော်တွင်သာဆိုလျှင် ၎င်းအား နေ့ရောညပါ ကြည့်နိုင်သည်ပင်။ သူ မစားမသောက်ပဲဆိုလျှင်ပင် ပန်းချီကားချပ်အား အပြီးကူးနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အင်ပါယာနန်းတော်အတွင်း၌ နေ့စဥ်နေ့တိုင်း သွားလိုက်ပြန်လိုက်လုပ်ရန်မှာ နာရီပေါင်းများစွာ အချိန်ကုန်လိမ့်မည်ဖြစ်၏။
ဟန်လင်းကျောင်းတော်ရဲ့ ခြံဝင်းထဲမှာ သူ မနေသရွေ့ပေါ့။
သို့သော်လည်း ထိုကဲ့သို့လုပ်လိုက်လျှင် ကျောင်းတော်၌ သင်ကြားခြင်းများအား သူ အမှီလိုက်နိုင်တော့မည်မဟုတ်။
“ ဒါဆိုလည်း သုံးလပေါ့ကွာ။ တိုတိုပြောရရင် ဒီပစ္စည်းကို နန်းတော်အပြင်ဘက် ထုတ်သွားမှာကို ငါ သဘောတူမှာမဟုတ်ဘူး” ဧကရာဇ် စိတ်အခြေအနေ ကောင်းနေလေသည်။
ကမ္ဘာ့မြေပုံ…
ဆရာရှောင်းမှာ လက်ရှိအခြေအနေအား သဘောတူရုံသာ တတ်နိုင်လေတော့သည်။ သူ မတတ်နိုင်ပဲ ကမ္ဘာ့မြေပုံအား ငေးကြည့်လိုက်မိ၏။
ရုတ်တရက်ပင် ဤမြေပုံကို ရှဲ့မိသားစုမှ သခင်မလေးက ပေးခဲ့ကြောင်းအား သူ သတိရသွားကာ အနည်းငယ် နောင်တရသွားသည်။
ရှဲ့သခင်မလေးရဲ့မောင်က သူ့တပည့်ပဲ။ သူက သူ့ရဲ့ တပည့်ဝတ္တရားကျေပွန်မှုကို ပြသဖို့အတွက် ကမ္ဘာ့မြေပုံကို သူ့ကို အရင်ပြဖို့ လုံလောက်အောင် ဉာဏ်ကောင်းမနေဘူး။
အခုတော့ အဲ့တာက ဧကရာဇ်ဆီကို အပို့ခံလိုက်ရပြီးပြီဆိုတော့ ပြန်ယူလို့ မရနိုင်တော့ဘူး…
“ ဒီပစ္စည်းကို ရှဲ့သခင်မလေး ဘယ်လိုများ ရခဲ့တာပါလဲ? ဒီကမ္ဘာ့မြေပုံက လွဲပြီးတော့ ပိုင်လိမိသားစုက တခြားပန်းချီတွေများ ရှိပါသေးသလား?” စိတ်လှုပ်ရှားစွာဖြင့် တော်ဝင်ကျောင်းတော်မှ မဟာဌာနမှူးကျောက် မေးလိုက်သည်။
ရှဲ့ချောင် ခေါင်းယမ်းလိုက်၏။ “ ကျွန်မရဲ့အဖေက ဒါကို လူရိုင်းတွေရဲ့စခန်းကနေ ယူခဲ့တာပါ။ အဖိုးတန်တယ်လို့ ကျွန်မအဖေ ထင်တဲ့ပစ္စည်းတွေက တိုင်းပြည်ဘဏ္ဍာတိုက်ကို လက်လွှဲပေးခဲ့တာ ကြာခဲ့ပါပြီ။ ဒီပစ္စည်းက ကမ္ဘာ့မြေပုံမှန်း သူ မသိခဲ့တာမလို့ သူက သေတ္တာထဲမှာ သိမ်းထားခဲ့ပါတယ်။ အဲ့တာကို မတော်တဆမြင်ခဲ့ပြီး ယူထုတ်လာခဲ့တာ ကျွန်မပါ”
“ သေတ္တာထဲမှာ သိမ်းထားတယ်?!” ဆရာများအားလုံး နိုးကြားလာခဲ့ကြသည်။ “ ဘာအတွက်လဲ?!”
“ စိုထိုင်းမှုကို ကာကွယ်ဖို့ပါ…” ရှဲ့ချောင် အသံတိုးလေးဖြင့် ပြောလိုက်၏။
(TN; ကိုယ်တို့ သေတ္တာအောက်ခြေမှာ သတင်းစာစက္ကူတွေ ခံထားကြသလိုပေါ့ ~ ~ )
ဆရာများအားလုံး ရင်ဘတ်ထဲ၌ တဒုတ်ဒုတ်နာကျင်မှုတစ်ခုအား ခံစားလိုက်ကြရသည်။
ရှဲ့နျိုရှန်း၊ အဲ့ဒီအရိုင်းအစိုင်းအရူးကောင်ကတော့!
“ အံ့ဩစရာ မရှိတော့ပါဘူး! အရှင်မင်းကြီး၊ ကြည့်ပါဦး၊ သိုးသားရေပေါ်က ခေါက်ရိုးတွေက တကယ့်ကို အရမ်းများပါတယ်…အစွန်းအထင်းတစ်ချို့နဲ့ ခြစ်ရာတစ်ချို့လည်း ဒီမှာ တကယ်ကြီး ရှိနေပါတယ်။ ဓားပြရှဲ့…သခင်ကြီးရှဲ့ကတော့ တကယ့်ကို…မဆင်မခြင်လုပ်တတ်တာပဲ!” ဆရာများမှာ ငိုတော့မည်ဖြစ်သည်။
ရှဲ့နျိုရှန်းသည် မဆင်မခြင်လုပ်တတ်ခြင်းမဟုတ်၊ သူသည် ကန်းနေသည်သာ။
ဒီလိုမျိုး ကောင်းမွန်တဲ့သိုးသားရေက ဘယ်လိုလုပ် အသုံးမဝင်ဖြစ်ရမှာလဲ? သူက အဲ့တာကို စိုထိုင်းမှုကာကွယ်ဖို့ သုံးခဲ့တယ်?! သူ့အိမ်မှာ စိုထိုင်းမှုကာကွယ်တဲ့အထည် ပြတ်လပ်နေတာလား?!
သူတို့ အဖြေမထုတ်နိုင်ပါချေ!
ထိုအကြောင်းအား တွေးလိုက်သည့်အခါ ဆရာများ၏ နှလုံးသားများ နာကျင်သွားကြလေသည်။ ၎င်းမှာ သည်းမခံနိုင်စရာပင်။ သူတို့တွေ ထိုဓားပြရှဲ့ကို ဖိတ်ပြီး တုတ်တစ်ချောင်းနှင့် ကောင်းကောင်းရိုက်နိုင်လျှင်ကောင်းမည်ဟု ဆုတောင်းမိကြသည်!
“ လူတိုင်းပဲ၊ ကျွန်မအဖေကို ရသခံစားမှုကောင်းမရှိတဲ့အတွက် အပြစ်မတင်ကြပါနဲ့။ ဒီပစ္စည်းက
နဂိုမူလတုန်းက ရိုးရိုးသာမန်သိုးသားရေပဲ ဖြစ်ခဲ့တာပါ။ ကျွန်မ အဲ့တာကို ရေထဲမှာ စိမ်ခဲ့ပြီးတော့ ကင်ဖို့ မီးပေါ်ကို တင်ခဲ့ပါတယ်။ အဲ့ဒီအခါကျမှ ပန်းချီဆွဲချက်တွေက ပေါ်လာခဲ့တာပါ…”
ဆရာများမှာ သူတို့၏ ဦးခေါင်းများ မြည်ဟည်းလာသည်ဟု ခံစားလိုက်ကြရသည်။
“ စကားပြောတာကို ရပ်-ရပ်လိုက်ပါတော့…” သူမ ပိုပြောလေလေ ၎င်းတို့ ပို၍စိတ်လှုပ်ရှားလာကြလေလေပင်ဖြစ်သည်။
“ ကျေးဇူးတင်ပါတယ်၊ သခင်မလေး။ ဒီပစ္စည်းက…မီးကင်ပြီး ရေစိမ်ဖို့ စိတ်မချရပါဘူး! ဒါက ဒီအတိုင်း သားရေပုရပိုက်လေးပါ။ မင်း-မင်း အဲ့တာကိုလုပ်ဖို့ ပိုပြီးစွမ်းဆောင်ရည်ရှိတဲ့ ဆရာတစ်ယောက်ကို ရှာသင့်တာ။ မင်းဘာသာမင်း မီးသုံးလိုက်တာက ကြောက်စရာပဲ။ တကယ်လို့…အိမ်မီး
စွဲသွားရင် ဘယ်လိုလုပ်မလဲ?”
ဒီပစ္စည်းမှာ အပေါက်အကြီးကြီးဖြစ်သွားအောင် သူမ မီးရှို့မိသွားရင်ကော? အဲ့တာက အပြောင်မြောက်ဆုံးလက်ရာရဲ့ အဆုံးသတ်ဖြစ်သွားမှာ မဟုတ်ဘူးလား?!
သူတို့အား အတွေ့အကြုံရရန် လုပ်ပေးသည့် ယခုကဲ့သို့ အပြောင်မြောက်ဆုံးလက်ရာတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည့် သခင်မလေးအား သူတို့၏နှလုံးသားထဲမှ ကျေးဇူးတင်ခဲ့ကြ၏။ သို့သော်လည်း၊ တစ်ချိန်တည်းမှာပင် သူတို့ကြောက်လည်းကြောက်ရွံ့နေကြ၏!
•••••