← Chapters

သူမ၏ မိသားစုမှ ဖိအားပေးခံရသည်

Vol. 36 Ch. 690

သူမ၏ မိသားစုမှ ဖိအားပေးခံရသည်

Vol. 36 Ch. 690

ဆုံးဖြတ်ချက်ချပြီးနောက် ဧကရာဇ် အနည်းငယ် စိတ်မသိုးမသန့် ခံစားလိုက်ရသည်။

ရှဲ့မိသားစုကို ကြည့်လိုက်ပါဦး။ သူတို့တွေက အင်အားကြီးမားတဲ့နောက်ခံကနေလာခဲ့တာ မဟုတ်ပေမယ့် သူတို့မိသားစုက ရိုးရှင်းတယ်။ သူတို့က မိသားစုကြီးတစ်ခုမဟုတ်ပဲ ကောင်းကင်ကြီးကို စုတ်ဖြဲဖွင့်နိုင်တဲ့ အင်အားလည်းမရှိဘူး။ သူတို့က ရေထက်တောင်မှ ပိုပြီးသန့်စင်နေကြသေးတယ်။

ဧကရာဇ်တစ်ပါးအနေဖြင့် ၎င်းတို့အား တိုက်ရိုက်ဆုချီးမြှင့်ရန်မှာ မသင့်လျော်ပေ။

“ မင်းရဲ့အဖေနဲ့ အစ်ကိုက တိုင်းပြည်ရဲ့ အမာခံကျောရိုးတွေပဲ။ အခု သူတို့က ဒီလိုမျိုးပစ္စည်းကောင်းတစ်ခုကို ရခဲ့ပြီး ချက်ချင်းပဲ ငါကိုယ်တော့်ဆီကို ပို့ခဲ့တယ်။ ငါကိုယ်တော်မြတ် စိတ်သက်သာရာရတယ်။ ငါကိုယ်တော် အစကတော့ မင်းအစ်ကိုအတွက် ထိမ်းမြားမှုတစ်ခု နှင်းအပ်ချင်ခဲ့ပေမယ့် ထိမ်းမြားမှုကို အလျင်စလိုလုပ်တာ မကောင်းတာမလို့ အဲ့ဒီအကြောင်းကို မေ့လိုက်ကြရအောင်။ ဒါပေမယ့်လည်း ငါကိုယ်တော် ဒါကို မှတ်မိနေမှာပါ။ မင်းရဲ့အစ်ကို သင့်တော်တဲ့ဇနီးတစ်ယောက်ကို ရှာတဲ့အချိန်ကျ အမိန့်တစ်ခုကို ထုတ်ပြန်ပေးဖို့ ငါ့အတွက် အရမ်းနောက်ကျမှာမဟုတ်ပါဘူး။ မင်းရဲ့အဖေကို နောက်ရက်ကျရင် နန်းတော်ထဲကို ဝင်ခိုင်းလိုက်၊ သူ့ဆန္ဒတွေက ဘာတွေများလဲဆိုတာ ကြည့်ကြရအောင်” ဧကရာဇ်မှာ အလွန်အမင်းကြင်နာနေခဲ့လေသည်။

သာမန်အရာရှိတစ်ယောက်က ဘယ်လိုလုပ် ရာထူးတစ်ခုကို တိုက်ရိုက်ချီးမြှင့်ခံရနိုင်မှာလဲ?

ရှဲ့ချောင်မှာ ထိုအကြောင်းအား သူမ၏ နှလုံးသားအတွင်းမှ သိနေခဲ့သဖြင့် တည်ငြိမ်နေခဲ့လေသည်။

ယခင်က သူမ၏ ဖခင်သည် အမျိုးမျိုးသော ဂုဏ်ပုဒ်များနှင့် မထင်မရှားစစ်သူကြီးတစ်ယောက်သာ ဖြစ်ခဲ့ပေသည်။ သူ၏ရာထူးမှာ မနိမ့်သော်လည်း သူ့ထံ၌ မည်သည့်အင်အားအစစ်မှမရှိပဲ များများစားစား မပြောဆိုရချေ။ သို့သော်လည်း ယခုတွင်မူ ကွဲပြားသွားပြီဖြစ်သည်။ ရတနာတစ်ခုအား လက်ဆောင်ပေးခြင်းဖြင့် ဒီ့ထက်ချီးမြှောက်ခံရရန်မှာ တကယ့်ကို ခက်ခဲသည်ပင်။

ဤကိစ္စအား ဧကရာဇ်မှတ်မိနေသရွေ့ အဆင်ပြေလိမ့်မည်ဖြစ်သည်။

အနာဂတ်၌ သူမ၏အစ်ကို ရာထူးတိုးခံလိုက်ရပါက ကျိန်းသေပေါက် ပို၍မြန်ဆန်မည်ပင်။

သူမ အနာဂတ်တွင် သေဆုံးသွားပါက ဧကရာဇ်သည် ခြွင်းချက်တစ်ခုထားကာ ရှဲ့မိသားစုအား မှူးမျိုးမတ်နွယ်ရာထူးသို့ တက်သွားနိုင်သည့် မြို့တော်၌ စစ်မှန်သည့်မြင့်မြတ်မျိုးရိုးဖြစ်လာရန် ခွင့်ပြုပေးခြင်းမျိုးအား လုပ်ကောင်းလုပ်နိုင်ပေသည်။ 

ထို့ကြောင့် ယခုအချိန်၌ ရှဲ့ချောင်သည် ကျိုးကျိုးနွံနွံဖြင့် ဧကရာဇ်အား ကျေးဇူးတင်နေဆဲဖြစ်၏။ သူမမျက်နှာထက်မှ သဘောထားမှာ ရိုသေလေးစား၍ က္ကန္ဒြေရနေကာ ရိုးသားဖြောင့်မတ်သည့် ကလေးတစ်ယောက်အတိုင်းပင်

ဖြစ်သည်။

ရှဲ့နျိုရှန်းအား မြင်ဖူးသည့် ဆရာများမှာ သူတို့၏ မျက်ခွံများတွန့်လှုပ်သွားသည်ကို ခံစားလိုက်ကြရ၏။

ဒီမိန်းမငယ်လေးကို ကြည့်ပါဦး။ ကောင်းကောင်းမသိတဲ့လူတွေကတော့ သူမက ကျက်သရေရှိတဲ့မိသားစုတစ်ချို့ကနေ လာတယ်ထင်တော့မှာပဲ။ သူမက အရမ်းကို ကောင်းကောင်းမွန်မွန်ပြုမူနေတယ်လေ!

သူမရဲ့အဖေက ရှဲ့နျိုရှန်းလို့ ဘယ်သူကထင်မိမှာတဲ့လဲ?!

ရှိနေကြသည့်အခြားလူများအားလုံးမှာ ရှဲ့ချောင်အား မနာလိုအားကျစွာဖြင့် ကြည့်နေကြလေ၏။

ဤရှဲ့သခင်မလေး၏ ဘဝမှာ အလွန်ကောင်းမွန်လှသည်။

ဒီသခင်မလေးမှာ သေဖို့ကံကြမ္မာပါလာတယ်လို့ ကောလဟာလတွေ ပြန့်ပြီးသားဆိုပေမယ့် ဧကရာဇ်က တကယ့်ကို သူမအပေါ် အရမ်းကြင်နာပေးခဲ့တယ်။ ဒီလူက အိမ်ရှေ့စံမင်းသားကို သတ်မှာကို သူ မကြောက်ဖူးလား?!

သုန့်ရှီးယွင်၏ လက်ထဲမှ လက်ကိုင်ပဝါမှာ သူမကြောင့် အပိုင်းပိုင်းစုတ်ပြဲလုနီးပါးပင်။

ရှဲ့ချောင် ဖြည်းညင်းစွာ ထိုင်ချလိုက်ကာ သုန့်ရှီးယွင်မှ သူမအား စိုက်ကြည့်လိုက်၏။ “ ရှဲ့သခင်မလေး၊ ရှင် ရှင့်ရဲ့အရောင်အစစ်အမှန်တွေကို တကယ် ထုတ်မပြဘူးလား၊ ဟုတ်တယ်မလား?”

“ မနာလိုတဲ့အနံ့တွေ အရမ်းပြင်းထန်တာပဲ။ အဲ့တာ ဘယ်‌နေရာကများ လာတာပါလိမ့်?” ရှဲ့ချောင် လေးနက်မှုအလုံးစုံဖြင့် နှာရှုပ်လိုက်၏။

သုန့်ရှီးယွင် ဆဲချင်သွားလေသည်။

“ ရှဲ့သခင်မလေး၊ ကျွန်မတို့က သူစိမ်းတွေ မဟုတ်ကြတော့ဘူးလေ။ ရှင် ကမ္ဘာ့မြေပုံကို ဒီနေရာဆီ ယူလာတုန်းက ကျွန်မကို ဘာလို့ အဲ့တာအကြောင်း မပြောပြခဲ့တာလဲ? ကျွန်မသာ စောစောသိခဲ့ရင် ကျွန်မရဲ့ တောက်ပအလင်းလပုလဲကို ပေးခဲ့မှာမဟုတ်ဘူး။ ရှင့်ရဲ့ကမ္ဘာ့မြေပုံနဲ့ ယှဥ်လိုက်ရင် အဲ့တာက တကယ့်ကိုဘာမှမဟုတ်တော့ဘူး” သုန့်ရှီးယွင်၏ လေသံမှာ ကြင်နာနေခဲ့ကာ ရှဲ့ချောင်နှင့် သူမသည် သူငယ်ချင်းကောင်းများဖြစ်ကြသည့်အတိုင်းပင်။

ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်၏။ “ ရှင့်ရဲ့ တောက်ပအလင်းလပုလဲက တကယ်လည်းဘာမှမဟုတ်ပါဘူး။ တည့်တိုးပြောရရင် အဲ့တာက ဒီအတိုင်း ခပ်မှိန်မှိန်လင်းနေတဲ့ကျောက်တုံးလေးတစ်ခုပါပဲ။ အဲ့တာက လက်သီးဆုပ်အရွယ်တောင် မရှိတာကို လူတွေအများကြီးအရှေ့မှာ ရှင် အဲ့တာကို ကမ်းလှမ်းချင်နေသေးတယ်။ ရှင့်အတွက် ခက်ခဲခဲ့မှာပဲနော်။ ရှင့်ရဲ့မိသားစုက ရှင့်ကို ဖိအားပေးပြီး အဲ့တာကို လုပ်ခိုင်းခဲ့တာလား?”

သုန့်ရှီးယွင် သူမအား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

“ ရှင့်ရဲ့မိသားစုက ဆင်းရဲတယ်ဆိုတာ နားလည်နိုင်စရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်က ကောင်းကောင်းမွန်မွန် ဆက်ဆံခံရမှာပဲလေ။ ရှင့်မိသားစုအတွက် ရှင်က ဘယ်လိုတောင် အတွေ့အကြုံမရှိသလဲဆိုတာကို မြင်ရဖို့

တစ်ခုဖြစ်ပေမယ့် ရှင့်ရဲ့အဖေက ရှင့်ကို လူတွေအများကြီးရှေ့မှာ ထွက်ပြဖို့ တကယ့်ကို ဖိအားပေးခဲ့တာပဲ…ဟူး၊ သနားစရာ ကလေးလေးပဲ” ရှဲ့ချောင်၏ မျက်နှာအမူအရာမှာ ချစ်ခင်ကြင်နာလျက်ရှိကာ သုန့်ရှီးယွင်မှာ သူမ၏မိသားစုဖြစ်သည့်အတိုင်းပင်။

ဒါက သရုပ်ဆောင်နေရုံတင်မဟုတ်ဘူးလား? သူမ အဲ့တာနဲ့ ရင်းနှီးနေတယ်!

ဤမျှ အရှက်မဲ့သည့်လူတစ်ယောက်အား သုန့်ရှီးယွင် လုံးဝမမြင်ဖူးခဲ့ပါချေ။

အတိတ်တွင် ရှားယာ့ယွင်ကဲ့သို့သောလူများ သူမ ပြောသည်အားကြားချိန်၌ သူတို့သည် များသောအားဖြင့် သူမအား သဘောတူကြလိမ့်မည် သို့မဟုတ် ပြင်းထန်သည့် တုန့်ပြန်မှုများ ရှိပေလိမ့်မည်ဖြစ်ကာ သူမ၏ တည်ငြိမ်

အေးဆေးမှုနှင့် သဘောပေါက်နိုင်စွမ်းတို့အား ပြည့်စုံစေခဲ့သည်ဖြစ်သည်။

အတိုချုပ်ပြောရလျှင် သူတို့သည် အလွန်…အရှက်မရှိသည့် ရှဲ့ချောင်နှင့်တော့ ကျိန်းသေပေါက် တူကြလိမ့်မည်မဟုတ်!

•••••

All Chapters