ဖော်ပြ၍မရနိုင်သော နာကျင်မှု
Vol. 36 Ch. 691
သုန့်ရှီးယွင် အကြီးအကျယ် ထိခိုက်သွားလေသည်။
သူမ၏ မိသားစုမှာ မဆင်းရဲဟု သူမ ပြောချင်ခဲ့၏။ အနည်းဆုံးတော့ ရှဲ့မိသားစုကဲ့သို့သော ဓားပြမိသားစုနှင့်ယှဥ်လျှင် သူတို့သည် ပို၍ချမ်းသာကာ ပိုယုံကြည်ချက်ရှိသည်ပင်။ ထို့
အပြင် ငွေစများမှာ သန့်ရှင်းသည့်အရင်းအမြစ်မှ လာသည်ဖြစ်၏!
မှန်တယ်။ ရှဲ့မိသားစုရဲ့ ငွေစတွေကကျ ဘယ်နေရာကနေလာတာလဲ?
“ ရှဲ့သခင်မလေး၊ ကျွန်မတို့ သုန့်မိသားစုက သန့်ရှင်းတဲ့နောက်ခံကနေ လာခဲ့တဲ့အပြင် ဒီလို ပစ္စည်းမျိုးကိုပဲ ပေးနိုင်စွမ်းရှိပါတယ်။ သဘာဝကျကျပဲ ကျွန်မတို့က ရှင့်လိုမဟုတ်ဘူးလေ၊ ရှဲ့သခင်မလေးရဲ့။ ရှင့်ရဲ့အဖေနဲ့ အစ်ကိုတို့က ရဲရင့်ပြီးတော့ ကြမ်းကြုတ်ကြတယ်။ သူတို့ တစ်ခုခုကို ကြိုက်တယ်ဆိုရင် ဒီအတိုင်း အဲတာကို ခိုးလိုက်ကြမှာပဲ။ သူတို့အတွက်ဆိုရင် အခမဲ့ပဲလေ” ထိုသည်အား ပြောနေရင်း သုန့်ရှီးယွင် သူမ၏ပါးစပ်အား ထိတ်လန့်သည့် အမူအရာဖြင့် ကာလိုက်လေသည်။ “ ကျွန်မ မကောင်းတာတစ်ခုခုကို ရည်ရွယ်တာမဟုတ်ပါဘူး။ ကျွန်မက ဒီတိုင်း နောက်နေရုံပါ။ ရှဲ့သခင်မလေး စိတ်မရှိ
ဘူးဟုတ်?”
ရှဲ့ချောင် လေးနက်မှုအလုံးစုံဖြင့် ခေါင်းညိတ်လိုက်၏။
“ ခိုးတဲ့အကြောင်းကို ပြောရမယ်ဆိုရင် ကျွန်မရဲ့အဖေနဲ့ အစ်ကိုက တကယ့်ကို အဲ့ဒီနေရာမှာ အရမ်းအတွေ့အကြုံရှိတယ်ရယ်” ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “ သူတို့ အခုတော့ အဆင်ပြေသွားကြပါပြီ။ အတိတ်မှာ သူတို့ ဓားပြတွေဖြစ်ခဲ့တဲ့အချိန်တုန်းက ကျွန်မအဖေက မိန်းမတစ်ယောက်ကို သူ့ဇနီးလုပ်ဖို့အတွက် ပြန်ပေးဆွဲခဲ့ဖူးတယ်။ အခု ကျွန်မတို့က မြို့တော်မှာရှိနေပြီးတော့ ကျွန်မရဲ့ အစ်ကိုအကြီးဆုံးက တစ်ကိုယ်တည်းဖြစ်နေတယ်…”
“ ကျွန်မရဲ့ အစ်ကိုအကြီးဆုံးက ရှင့်ကို သဘောကျတယ်လို့ ရှင်မပြောခဲ့ဖူးလား? သူ ရှင့်
ကို ထိတာ ဒါမှမဟုတ် ရှင့်ကို အိမ်ခေါ်သွားလုနီးပါးဖြစ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ ကျွန်မ ကြားခဲ့ဖူးတယ်ရော?” ရှဲ့ချောင် သူမ၏ မျက်ဝန်းများအား မှေးကျဥ်းလိုက်ကာ မေးလိုက်၏။
ဤသည်အား ကြားရသော် သုန့်ရှီးယွင်၏ မျက်နှာထားမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့လေသည်။
“ ရှဲ့သခင်မလေး၊ ရှင် ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? ဒါက နားလည်မှုလွဲတာလို့ ရှင် စောစောက မပြောခဲ့ဖူးလား? ကျွန်မ ရှင့်ရဲ့အစ်ကိုအကြီးဆုံးကို အဝေးကနေပဲ မြင်ခဲ့ဖူးတာ၊ သူ ကျွန်မကို အခွင့်အရေးမယူခဲ့ပါဘူး!”
သုန့်ရှီးယွင်မှာ အလွန်အမင်းစိုးရိမ်သွားကာ စတုတ္ထမင်းသားအား လျင်မြန်စွာ တစ်ချက်
အကဲခတ်လိုက်၏။
ယခင်က သူမ၏ ညီမအား စိတ်အနှောင့်အယှက်ပေးရန် ရှဲ့ဖင်းကန်းအား သူမ မှားယွင်းစွာဆက်ဆံခဲ့မိသည်။
မည်သို့ပင်ဖြစ်စေ သူမသည် ယခု စတုတ္ထမင်းသား၏ ကြင်ရာတော်ဖြစ်လာခဲ့ပြီဖြစ်သည်။ သူမ ထိုကဲ့သို့သော ဂုဏ်သတင်းဆိုးတစ်ခု မရှိနိုင်ချေ!
ရှဲ့ချောင် ပြုံးလိုက်၏။ “ အကောင်းကော၊ အဆိုးကော၊ အရာအားလုံးကို ရှင်ပြောခဲ့တယ်လေ။ မေ့လိုက်ပါတော့၊ ရှင်က မရှိခဲ့ဘူးလို့ပြောတော့လည်း…မရှိခဲ့ဘူးပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ အစ်ကိုအကြီးဆုံးက လူကောင်းတစ်ယောက်မဟုတ်ဘူး။ အဲ့တာဖြစ်ခဲ့လား၊ မဖြစ်ခဲ့ဘူးလားဆိုတာကို ကျွန်မ မပြောနိုင်ပါဘူး။ နတ်ဘုရားပဲ သိ
လိမ့်မယ်”
သုန့်ရှီးယွင် သူမနှလုံးသားထဲ၌ မလွယ်ကူဟု ခံစားလိုက်ရသည်။
ပေါက်ကရတွေကို ရှဲ့ချောင် အပြင်လောကဆီ မပြောလောက်ပါဘူး၊ ဟုတ်တယ်မလား?!
သူက ရှဲ့ဖင်းကန်းရဲ့ ညီမပဲ။ သူသာ ဒီလိုအရာတွေကို တခြားတစ်ယောက်ယောက်ဆီ ပြောပြလိုက်ရင် အနာဂတ်မှာ သူမကို စတုတ္ထမင်းသားက အထင်အမြင်သေးသွားလောက်မလား?
သုန့်ရှီးယွင် စတင်၍ တိတ်တဆိတ်တုန်လှုပ်လာခဲ့သည်။ သူမသည် အခြားလူများကို သူမ၏ ကိုယ်ပိုင်တန်ဖိုးနှင့် ဆန့်ကျင်စွာ အကဲဖြတ်ခဲ့ပေသည်။ ရှဲ့ချောင်သည် ဤကဲ့သို့သော အခွင့်အရေး
ကောင်းတစ်ခုအား လက်လွှတ်လောက်မည်မဟုတ်ဟု သူမ တွေးခဲ့၏။
သူမတွင် နောင်တတရားများနှင့်လည်း ပြည့်နှက်နေပေသည်။ အကယ်၍ သူမ သိခဲ့ပါက အစပထမတွင် ထိုလှည့်ကွက်အား သုံးခဲ့မည်မဟုတ်။ ထိုသည်က သူမ၏ ဂုဏ်သတင်းအား စွန်းထင်းစေခဲ့လေသည်။ မတန်ပါချေ!
ရှဲ့ချောင်မှာ ယခင်အတိုင်း တည်ငြိမ်မြဲ တည်ငြိမ်ဆဲဖြစ်လေသည်။
တစ်ခဏမျှကြာပြီးနောက် မိန်းမပျိုလေးများအား စကားစမြည်ပြောဆိုကြရန် အခွင့်အရေးတစ်ခု ချန်ထားရစ်ရင်း ဧကရာဇ်၊ ဧကရီနှင့် တော်ဝင်ကိုယ်လုပ်တော်များ ထွက်ခွာသွားခဲ့ကြ၏။
တစ်ချိန်တည်းတွင်ပင် များစွာသောလူများမှာ ရှဲ့ချောင်၏ ပတ်ပတ်လည်၌ ဝန်းရံလာခဲ့ကြလေသည်။
“ ကျွန်မတို့ အခုလေးတင် အရမ်းကိုဝေးနေခဲ့တာ။ ကမ္ဘာ့မြေပုံပေါ်မှာ အတိအကျ ဘာကိုဆွဲထားခဲ့တာလဲဟင်? သခင်မလေးရှဲ့၊ ကျွန်မတို့ကို အသေးစိတ်ပြောပြနိုင်မလား? ကျွန်မတို့ တကယ့်ကို သိချင်နေလို့ပါ!” အနားရောက်လာခဲ့ကြသော မိန်းမပျိုလေးများအားလုံးမှာ မျက်ဝန်းများ လင်းလက်တောက်ပနေကြလေ၏။
၎င်းတို့ထဲမှ တစ်ချို့သည် တော်ဝင်ကျောင်းတော်၏ ပျိုနီပန်းခြံဝင်းမှ ကျောင်းသူ/သားများ ဖြစ်ကြလေသည်။
အတိတ်တွင် ခြံဝင်းနှစ်ခု၏ကြား ခပ်တန်းတန်းဖြစ်မှုကြောင့် သူတို့သည် သူတို့၏ဦးခေါင်းများ
အား နှိမ့်ချရန် ဘယ်သောအခါမှ ဆန္ဒမရှိခဲ့ကြပေ။ သို့သော်လည်း ယခုအခါ၌ ၎င်းတို့သည် အရေထူကြကာ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးကောင်းရှိသကဲ့သို့ ဟန်ဆောင်နေခဲ့ကြလေ၏။
ဤမြင်ကွင်းအား ဖန်းမုရွှယ်နှင့် အခြားသူများ မြင်လိုက်ရချိန်၌ သုန့်ရှီးယွင်အား ကြည့်လိုက်ကြကာ တိတ်တဆိတ် အူမြူးနေခဲ့ကြလေသည်။
“ သုန့်ရှီးယွင်က ရှဲ့ချောင်ကို ဖိနှိပ်ချင်ပေမယ့် အဲ့ဒီ့အစား တခြားတစ်ယောက်ဆီကနေ ဖိနှိပ်ခံရမယ်လို့ သူ ထင်ထားမှာမဟုတ်ဘူး။ သူ ခံစားနေရလောက်တယ်…ဝမ်းနည်းဝမ်းသာဖြစ်နေမှာကို ငါ ကြောက်မိတယ်ဟယ်။ ဖော်ပြလို့မရနိုင်တဲ့ နာကျင်မှု ရှိနေမှာပဲ!” ဖန်းမုရွှယ် သူမအား တိုက်ရိုက် သရော်လိုက်၏။
သူမသည် အမြဲတစေ ဖော်ဖော်ရွေရွေရှိခဲ့ကာ များသောအားဖြင့် ငြိမ်းချမ်းရေးတမန်တစ်ယောက်ဖြစ်သည်ပင်။ သူမ ယခု ပြောရသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် ခြံဝင်းနှစ်ခုကြားမှ သဘောထားကွဲလွဲမှုကြောင့်ဖြစ်ပေသည်။ ထိုအခြင်းအရာမှာ ယခုအချိန်၌ အထူးတလည် ပြင်းထန်နေခဲ့လေ၏။
သစ်ခွခြံဝင်းမှ လူများမှာ နေ့ရက်တိုင်း စာလေ့လာခဲ့ကြသော်လည်း ပျိုနီပန်းခြံဝင်းမှ ၎င်းတို့အား တစ်နေကုန် ငေါ့တော့တော့ဝေဖန်ချက်များ ပြုလုပ်ခဲ့ကြ၏။
ထိုစကားများမှာ ကြားရမကောင်းချေ။
ပျိုနီပန်းခြံဝင်းမှ အကျော်ကြားဆုံးလူမှာ သုန့်ရှီးယွင်ပင်!
သူတို့အား ပြဿနာရှာရန် ရောက်လာခဲ့ကြသည့် များစွာသောလူအားလုံးသည် သုန့်ရှီးယွင်၏ နောက်လိုက်များဖြစ်ကြ၏!
ထို့ကြောင့် ယခုအချိန်တွင် ဖန်းမုရွှယ် လက်စားပြန်ချေမည်ဖြစ်သည်။ သူမ သူတို့ခြံဝင်းကို အပြစ်ပေးရမည်ပင်!
•••••