← Chapters

  ရှင့်မှာ ရှိတဲ့အရာ

Vol. 36 Ch. 692

  ရှင့်မှာ ရှိတဲ့အရာ

Vol. 36 Ch. 692

သုန့်ရှီးယွင် ရှက်ရွံ့မှုအား ခံစားလိုက်ရ၏။ သူမ၏ ဝတ်ရုံလက်များအောက်မှ လက်နှစ်ဖက်အား ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်သော်လည်း အပေါ်ယံတွင် ကိုယ်နှုတ်အမူအရာ

ကောင်းအား သူမ ထိန်းသိမ်းထားရဆဲဖြစ်သည်။

ရှဲ့ချောင်သည်တော့ လူအုပ်ထံသို့ မျက်နှာမူလိုက်ရင်း ရိုးရှင်းသည့် ရှင်းပြချက်တစ်ခုကိုသာ ပေးလိုက်လေ၏။ “ အပေါ်ယံမှာ ကမ္ဘာ့မြေပုံက သာမန်ရိုးရိုးမြေပုံတစ်ခုနဲ့ ဘာမှကွာခြားမှုမရှိပါဘူး၊ ဒါပေမယ့် ရှင်တို့ နီးနီးကပ်ကပ်ကြည့်လိုက်မယ်ဆိုရင် စုတ်ချက်နည်းနိဿယက အရမ်းကို ပြိုင်ဘက်ကင်းတမူထူးခြားပါတယ်။ အခက်ခဲဆုံးအပိုင်းက အပြောင်မြောက်ဆုံးလက်ရာတစ်ခု ဖြစ်လာအောင် အတူတကွပေါင်းစပ်လို့ရနိုင်တဲ့ နည်းနိဿယတွေ အများကြီးရှိနေတာပါပဲ”

ပိုင်လိမိသားစုသည် ပညာရှင်များအား မျိုးရိုးစဥ်ဆက် မွေးဖွားပေးခဲ့သည်ဖြစ်၏။

ကမ္ဘာ့မြေပုံသည် ပညာရှင်တစ်ဦးတည်းဖြင့် အပြီးသတ်ထားခြင်း မဟုတ်ချေ။ ထိုသည်မှာ

မြောက်များစွာသော မျိုးဆက်များမှ လူများ အပတ်တကုတ်အပင်ပန်းခံကာ ပြုလုပ်ထားသော ပန်းချီတစ်ချပ်ဖြစ်ပေသည်။ ပုံစံများမှာ အတော်လေးကွဲပြားကြသော်လည်း ကြည့်ရအဆင်မပြေမဖြစ်ပဲ အတူတကွပေါင်းစပ်ထားခံရလေသည်။

ရှဲ့ချောင်မှ များများစားစား မပြောခဲ့သော်လည်း ပင့်သက်ရှိုက်မှုများ ရှိနေဆဲပင်။

“ ငါ တကယ့်ကို ငါ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ အဲ့တာကို ကြည့်ချင်လိုက်တာ…” 

ကံမကောင်းစွာပင် ၎င်းတို့မှာ အလွန်ဝေးကွာနေခဲ့ကာ အမှန်ပင် မည်သည်ကိုမျှ မမြင်နိုင်ခဲ့ကြပေ!

ဖန်းမုရွှယ်နှင့် အခြားသူများမှာ ရှဲ့ချောင်အား ဆွဲခေါ်လာခဲ့ကြလေသည်။ “ နင် သူတို့ကို ဘာတွေ

ပြောပြနေတာလဲ? ရှဲ့ချောင်၊ ကျောင်းတော်က ရန်ပွဲတစ်ခုကို စတော့မှာ။ ငါတို့တွေ သူတို့ကို စကားမပြောချင်ဘူး”

ရှဲ့ချောင် မတတ်နိုင်ပဲ ရယ်လိုက်သည်။

“ ငါတို့တွေ အခု အပြင်မှာလေ” ရှဲ့ချောင်မှာ အလွန်သေချာနေပေသည်။ “ ငါတို့က မတူညီတဲ့ဘက်တွေမှာ ရှိနေပေမယ့်လည်း အရမ်းထိပ်တိုက်တွေ့စရာ မလိုပါဘူး”

အကယ်၍ သူတို့သာ ကျောင်းတော်တွင်ဆိုပါက သူမ သစ်ခွခြံဝင်းမှလူများအား အာရုံစိုက်မှုပိုပေးမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့ အပြင်၌ သူသေကိုယ်သေရန်ဖြစ်ကြပါက ရိုင်းပျမှုဖြစ်ပေလိမ့်မည်။

ထို့အပြင် ခြံဝင်းနှစ်ခုကြားမှပြိုင်ပွဲမှာ အမှန်တကယ်တွင် ဆရာချိုးနှင့် အခြားဆရာအနည်းငယ်ကြောင့် ဖြစ်‌ပေသည်။ ၎င်းတို့သည် ကျောင်းသားများအား တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေစေရန် တမင်ရည်ရွယ်၍ လုပ်ခဲ့ကြကာ အနည်းငယ် ရည်မှန်းချက်ကြီးကြလေသည်။

လူတိုင်းမှာ ၎င်းတို့၏ လက်ထဲမှ စစ်တုရင်အပိုင်းအစလေးတစ်ခုပင်။

“ နင်က အရမ်းနှလုံးသားမရှိလိုက်တာ။ ငါတို့မှာ ဒီလိုမျိုးဆက်ဆံရေးကောင်းတစ်ခုရှိတယ်လေဟာ။ နင် ဘာလို့ ငါတို့ကို အရင်မပြောပြခဲ့တာလဲ…” ဖန်းမုရွှယ်နှင့် အခြားသူများမှာ သစ္စာဖောက်ခံရသည်ဟု တိတ်တဆိတ်ခံစားနေရ

ဆဲဖြစ်သည်။

သူတို့တွေအကုန်လုံးက သူငယ်ချင်းကောင်းတွေ ဖြစ်ကြပြီးတော့ မကြာခဏလည်း အတူတူစုဝေးကြတယ်လေ။ ရှဲ့ချောင်က ဘာလို့များ သူတို့ကို ကမ္ဘာ့မြေပုံအကြောင်း အရင်ဆုံး မပြောပြခဲ့ရတာလဲ?

“ ငါ့လက်ထဲမှာ ပန်းချီကားရဲ့ ပုံတူတစ်ခုရှိတယ်။ နင်တို့တွေ…ကြည့်ချင်လား?” ရှဲ့ချောင် သူတို့အား ပြုံးပြလိုက်၏။ “ ဒီလိုဆက်ဆံမှုက နင်တို့တွေပဲ ရနိုင်တာနော်”

ရှဲ့ချောင်မှာ လုံးဝဥသုံဂရုမစိုက်ခြင်း မဟုတ်ပါချေ။

ထိုသည်မှာ အဓိကအားဖြင့် တစ်ဖက်လူမှ ယဥ်

ကျေးစွာတောင်းဆိုလာသောကြောင့် ဖြစ်ပေသည်။ သူမ နားလေးချင်ယောင်၊ တုံးအချင်ယောင်ဆောင်မနေနိုင်တော့ပါချေ။

“ ငါတို့ ကြည့်လို့ရတာလား?! ငါတို့ အဲ့တာကို ကြည့်လို့ရတာလား?!” ၎င်းတို့ထဲမှ အနည်းငယ်မှာ စိတ်လှုပ်ရှားနေကြလေတော့သည်။

“ အင်း၊ နင်တို့ နောက်တစ်ခါ ငါ့အိမ်ကိုလာတဲ့အချိန်ကျ ကြည့်ခွင့်ပေးမယ်” ရှဲ့ချောင် ထပ်ပြောလိုက်သည်။

သူမ လုပ်ခဲ့သည့် ပုံတူနှစ်ခုမှာ အစစ်နှင့် အတိအကျတူသည်ဟု သူမ အာမခံနိုင်‌ပေသည်။ 

သူမသည် ပုံတူကူးယူခြင်း၌လည်း အတော်လေးကောင်းသည်ဖြစ်၏။

ထိုသည်အား ရှဲ့ချောင် ပြောလိုက်ချိန်၌ စောဒကတက်မှုများ မည်သို့ ရှိတော့မည်နည်း? ၎င်းတို့မှာ မြောက်တက်သွားလုနီးပါးပင်။

၎င်းတို့မှာ ရှဲ့ချောင်အား ထပ်မံ၍ တစ်စုံတစ်ခုပြောချင်ခဲ့သော်လည်း ခေါင်းမော့လိုက်ချိန်တွင် အိမ်ရှေ့စံမင်းသား၏ အကြည့်စူးစူးအား မြင်လိုက်ကြရသောကြောင့် ချက်ချင်းပင် တစ်ယောက်ကိုယ်တစ်ယောက် ဆောင့်ဆွဲလိုက်ကြကာ တီးတိုးပြောလိုက်ကြ၏။ “ ဒါဆို…နင့်အိမ်ကိုလာတဲ့ နောက်တစ်ကြိမ်မှပဲ ငါတို့ နင့်ကို တွေ့တော့မယ်နော်! အရှင့်သားက ဟိုးမှာ နင့်ကို စောင့်နေတဲ့ပုံပဲဆိုတော့ ငါတို့ ပြန်သင့်ပြီ”

၎င်းတို့ပြောနေစဥ် မိန်းမငယ်လေးတစ်ချို့သည် တစ်ဦးကိုယ်တစ်ဦး အတင်းဆွဲခေါ်နေကြပြီးနောက်တွင် ရှဲ့ရှီအား အတူခေါ်ဆောင်ရင်း အဝေး

သို့ ရှက်ရွံ့စွာပြေးသွားကြလေ၏။

သူတို့အတွက်မူ ရှဲ့ချောင်အား အိမ်ရှေ့စံမင်းသားကြည့်ပုံမှာ…အတော်လေးနွေးထွေးကာ ထိုအခြင်းအရာမှာ သူတို့အား ရှက်ရွံ့စေသည်ပင်။

ရှဲ့ချောင် သူ့အားကြည့်ရန် လှည့်လိုက်၏။

သူတို့၏မျက်ဝန်းများ ဆုံတွေ့သွားခဲ့ကြသည်။

“ မင်းက ကိုယ့်ကို လက်ဆောင်ကြီးတစ်ခု ပေးလိုက်တာပဲ။ ကိုယ်ဘယ်လို ပြန်ပေးသင့်တယ်လို့ မင်းထင်လဲ?” ကျောက်ရွှမ်ကျင်းသည် မျက်နှာတည်ဖြင့် လျှောက်လှမ်းလာကာ သူမအား ငုံ့ကြည့်လိုက်လေသည်။

သူ၏ အကြည့်များမှာ တောက်လောင်နေကာ

သူ၏ အသံမှာ နက်ရှိုင်း၍ ဆွဲဆောင်မှုရှိနေလေသည်။ ရှဲ့ချောင် သူမ၏ သွေးများပို၍လျင်မြန်စွာ စီးဆင်းနေသည်ကို ခံစားလိုက်ရကာ မျက်နှာမှာ နီမြန်းသွားလေ၏။ “ ရှင့်မှာ ဘာရှိလဲဆိုတာအပေါ် မူတည်တယ်”

“ ကိုယ့်မျက်နှာလား?” ကျောက်ရွှမ်ကျင်း မသိစိတ်အရ ပြန်ပြောလိုက်သည်။ “ ဒါမှမဟုတ် ကိုယ့်ခါးလား?”

“ အခု နေ့ခင်းကြောင်တောင်ကြီးလေ။ ရှင် အဲ့တာကို ပြောလို့မရဘူး” ရှဲ့ချောင် ပြောလိုက်၏။ “ ပြီးတော့ ကျွန်မ ကြိုက်ရင်တောင်မှ အသုံးမဝင်ဘူး။ ရှင် အဲ့တာကို ဖြတ်လိုက်ပြီး ကျွန်မကို ပေးနိုင်လား?”

ထိုစကားအား ပြောပြီးနောက်တွင် ရှဲ့ချောင် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။

သူမမှာ ဆိုးရွားတဲ့ပါးစပ်တစ်ခု ရှိတာပဲ။ သူမ ဘာပြောခဲ့မိလိုက်တာလဲ?

သူ့ခါးကို ဖြတ်မယ်? အဲ့တာက အလုပ်ဖြစ်မှာမဟုတ်ဘူး။ သူမ အဲ့တာကို ဖြတ်လိုက်မယ်ဆိုရင် အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးလေ!

သူမသည် ယခင်က ဆရာသခင်တစ်ယောက်ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် ရှဲ့ချောင်၏ မျက်နှာနှင့်ဖြစ်လေရာ လိပ်ပြာမလုံသလို ခံစားလိုက်ရ၏။

•••••

All Chapters