← Chapters

ချောင်အာ

Vol. 36 Ch. 693

ချောင်အာ

Vol. 36 Ch. 693

ရှဲ့ချောင် ပြောသည်အား ကြားလိုက်ရချိန်တွင် ကျောက်ရွှမ်ကျင်း သူ၏ ကျောထက်၌ အအေးဓာတ်တစ်ခု စိမ့်ဝင်သွားသလို ရုတ်တရက် ခံစားလိုက်ရ၏။

သူ ရှဲ့ချောင် အရိုးများ တူးထုတ်နေသည်အား တွေးလိုက်မိသည်။ ထိုသည်မှာ တကယ့်ကို မမေ့နိုင်ဖွယ်ရာပင်။

သူမ‌၏ ပုံရိပ်အားကယ်တင်ရန် ရှဲ့ချောင် အကောင်းဆုံးကြိုးစားလိုက်သည်။ “ မလန့်ပါနဲ့၊ မလန့်ပါနဲ့။ ကျွန်မ၊ အမတအရှင်ရှဲ့က ကျန်းမာရေးမကောင်းဘူးဆိုတာ ရှင်လည်း သိတာပဲ။ တစ်ယောက်က လှဲနေတဲ့အချိန် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက အားနည်းနေတဲ့အချိန်မှာ တစ်ယောက်က ဘယ်တော့မှ မတ်တပ်ရပ်မနေဘူးဆိုတဲ့ ဆိုရိုးစကားမရှိဘူးလား? အဲ့တာကြောင့် ကျွန်မ အရှင့်သားကို အားကျတာ…တကယ့်ကို”

“ နောက်နှစ်ဖေဖော်ဝါရီမှ လက်ထပ်ဖို့က နည်းနည်းနောက်ကျမနေဘူးလား?” ကျောက်ရွှမ်ကျင်း တွေးမနေပဲ ရုတ်တရက် မေးလိုက်သည်။

“ ကျွန်မတော့ မထင်ပါဘူး?” ရှဲ့ချောင် အနည်းငယ်စိတ်ရှုပ်ထွေးနေ၏။ ထိုသည်မှာ နောက်လအနည်းငယ်နေလျှင် ဖြစ်လာလိမ့်မည်ဖြစ်ကာ အတော်လေးအဆောတလျင်နိုင်ပေသည်။

“ ကိုယ်တို့တွေ လက်ထပ်ပြီးသွားတဲ့အခါကျရင် မင်း အားကျနေဖို့ မလိုတော့ဘူး။ ကိုယ့်ရဲ့ တုတ်ခိုင်ပြီး ဖြောင့်တန်းတဲ့ကျောပြင်နဲ့ တစ်ကိုယ်လုံးက မင်းအတွက်ပဲ ဖြစ်လာမှာလေ” ရှဲ့ချောင်၏ နားအတွင်းသို့ တီးတိုးပြောနေချိန်၌ ကျောက်ရွှမ်ကျင်းအား ကြည့်ရသည်မှာ သာမန်ကာလျှံကာပင်ဖြစ်လေသည်။ သူမ၏ နီမြန်းနေသော ပါးမို့များကိုကြည့်ရင်း သူ မတတ်နိုင်ပဲ ပြုံးမိသွားသည်။ “

အချိန်ကျလာတဲ့အခါ မင်းရဲ့ခန္ဓာကိုယ်က အဲ့တာကို တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ရှဲ့ချောင်အား ကြည့်ရသည်မှာ ဇဝေဇဝါဖြစ်နေပုံပင်။

ထို့နောက် သူမ လုံးဝမှင်တက်သွားခဲ့လေသည်။

မဟုတ်သေးပါဘူး၊ အခုလေးတင် ဒီယောက်ျား ဘာပြောလိုက်တာလဲ?

ရှဲ့ချောင်၏ မျက်နှာအမူအရာမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းနေလေ၏။ သူမ၏ နှုတ်ခမ်းထောင့်စွန်းများ နှစ်ချက်တွန့်သွားလေကာ သူ့အား ထပ်မံ၍ စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ချင်ခဲ့သည်။ သို့သော်လည်း နီမြန်းနေသော သူမ၏ မျက်နှာကြောင့် ညုတုတုဖြစ်မှု

အနည်းငယ်ရှိနေပေသည်။ ထိုသည်မှာ တာအိုဆရာသခင်တစ်ယောက်ဖြစ်သော သူမ၏ ပုံရိပ်နှင့် တကယ့်ကို မကိုက်ညီပါချေ။ ထို့ထက် အရေးကြီးသည်မှာ သူမ၏နှလုံး လျင်မြန်စွာခုန်နေခြင်းဖြစ်၏။

ရှဲ့ချောင် သူမ၏ ရင်ဘတ်အား ကာလိုက်ကာ ရုတ်တရက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရင်း ချောင်းနှစ်ချက်ဆိုးလိုက်၏။

ကျောက်ရွှမ်ကျင်း၏ မျက်နှာမှာ ချက်ချင်းပင် အနည်းငယ်စိုးရိမ်ပူပန်ပုံပေါ်လာခဲ့လေသည်။ သူ အလျင်အမြန်ပင် သူမအား ကူညီထူမပေးလိုက်လေ၏။ “ မင်းကို ဒီလိုမျိုးမြင်နေရတာ၊ အဲ့ဒီအကြောင်းကို တစ်ချိန်လုံး မတွေးတာ…ပိုကောင်းမယ်။ မင်းနဲ့ကိုယ်က လက်မထပ်ရသေးဘဲ စုံတွဲတွေပဲ ဖြစ်နေမယ်ဆိုရင်တောင် ကိုယ်တို့ အဲ့တာကို လုပ်နိုင်ပါသေးတယ်”

ဤမဟုတ်မမှန် အသရေဖျက်သည့်စကားများကြောင့် သူမ အသက်မရှူနိုင်ဖြစ်ရသည့်နေ့ ရှိလာလိမ့်မည်ဟု ရှဲ့ချောင် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သူမ လတ်တလောတွင် ကျန်းမာရေးကောင်းမွန်နေပါ၏။ သူမ မကောင်းဆိုးဝါးဝိညာဥ်များ၏ လက်ထဲသို့ မလဲပြိုကျခဲ့သော်လည်း ကျောက်ရွှမ်ကျင်း၏ စကားလုံးများကြောင့် လဲပြိုသွားခဲ့သည်။ သူမကိုယ်သူမ အားနည်းသည်ဟု ထင်မိ၏။

ကျောက်ရွှမ်ကျင်းမှ သူမအား ထိုင်ရန် ကူညီပေးခဲ့ကာ သူမ ချက်ချင်း အသက်ပြင်းပြင်းနှစ်ချက်ရှူလိုက်၏။

“ ကျွန်မက နေသားမကျရုံတင်ပါ။ ငြိမ်သက်နေ

တဲ့ နှလုံးသားနဲ့ လိုအင်ဆန္ဒတစ်ချို့ပဲ ကျွန်မမှာ ရှိခဲ့ဖူးတာ။ ရုတ်တရက်ကြီး အရမ်းတဲ့တိုးဆန်နေတော့ ကျွန်မ နည်းနည်း…နေသားမကျဖြစ်နေတယ်” အထင်ကြီးအောင်လုပ်ရန် ရှဲ့ချောင် မမေ့ပါချေ။ သူမ၏ လက်အား ဆန့်ထုတ်လိုက်ကာ သူ စိတ်မပူသင့်ကြောင်း ပြသလိုက်သည်။ “ မလန့်ပါနဲ့၊ မလန့်ပါနဲ့။ ဒါက ကုသဖို့လွယ်တဲ့ အဖျားသေးသေးလေးပါ”

သူမ ပြောနေရင်း သူမ၏ဆေးအား ထုတ်ယူလိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ ဆေးတစ်လုံးကို စားလိုက်၏။

သူမ ပို၍နေထိုင်ကောင်းလာခဲ့သည်။

“ ဟုတ်ပြီ၊ ရှင် ဆက်ပြောနိုင်ပြီ”

‘ ကျွန်မ ရှင့်ကို ကြောက်မနေဘူး’ သူမ တွေးလိုက်၏။

သူမက ထောင်ချီတဲ့ မကောင်းဆိုးဝါးဝိညာဥ်တွေကိုတောင် မကြောက်ခဲ့တာ စကားလုံးနည်းနည်းလေးကို သူမက ဘယ်လိုလုပ် ကြောက်မှာလဲ?

ကျောက်ရွှမ်ကျင်း ဆွံ့အသွားခဲ့၏။

သူ ဘယ်လိုလုပ်ဆက်ပြောနိုင်မှာလဲ? သူက အခု သူမကို စနေရုံပဲလေ။ သူတို့က အခုထိ လက်မထပ်ရသေးဘူး၊ ဒီတော့ သူ ဘယ်လိုလုပ် ရှဲ့ချောင်လိုမျိုး အပျိုလေးကို…ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားလုံးတွေ ဆက်ပြောနေနိုင်မှာလဲ?

ဒါပေမယ့်လည်း ရှဲ့ချောင်ရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး သူ ဘာလုပ်သင့်လဲ?

ကျောက်ရွှမ်ကျင်း ထိုအကြောင်းအား အသည်းအသန်တွေးလိုက်၏။ “ မင်း အဲ့တာကို ကြားချင်တယ်ဆိုရင် ကိုယ်တို့ လက်ထပ်ပြီးတဲ့အချိန်ကျ လုပ်ကြမယ်လေ။ အခုတော့…ချောင်အာ၊ အဲ့တာက တကယ်မသင့်တော်ဘူး…”

ရှဲ့ချောင် တစ်ခဏမျှ မွန်းကြပ်မှုအား ခံစားလိုက်ရသည်။

သူမရဲ့ ခန္ဓာကိုယ်ကို ထိန်းထားနိုင်ပြီးတော့ ထိတ်လန့်မှုကို တောင့်ခံနိုင်တယ်လို့ ပြချင်ခဲ့ရုံတင်ပါ။ သူမ အဲ့တာကို ကြားချင်ခဲ့တာ မဟုတ်ဘူး၊ ဒါပေမယ့်လည်း နောက်ဆုံးတော့ သူမက မိန်းမငယ်လေးတစ်ယောက်ပဲလေ။ သူမ တကယ်အဲ့တာကို ကြားချင်ခဲ့မယ်ဆိုရင်…ထူးဆန်းမနေလောက်ဘူးလား?

သေချာတာပေါ့၊ သူတို့ လက်ထပ်ပြီးသွားရင်တော့…အဲ့တာက မတူညီတဲ့ကိစ္စတစ်ခု ဖြစ်သွားမှာပဲ။

“ အရှင့်သား၊ ဘာကြောင့်များ ကျွန်မကို ခေါ်ခဲ့တာပါလဲ?” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။

‘ သူက ငါတို့ရဲ့ ဆက်ဆံရေးကို လျစ်လျူရှုနေတာလား? ဆရာသာ အဲ့ဒီစကားကို ကြားခဲ့မယ်ဆိုရင် သူ ရှင့်ကို ဂိုဏ်းထဲကနေ ကန်ထုတ်ပစ်လောက်တယ်၊ ဒုတိယဆရာတူမောင်လေး!’

“ ဘာလို့ မခေါ်ရမှာလဲ၊ ချောင်အာ?” ကျောက်ရွှမ်ကျင်းမှာ သူ့လက်အား ပြန်ရုပ်သိမ်းပြီးဖြစ်သည်။ သူ၏ ကျစ်လျစ်သွယ်လျသည့် ခန္ဓာကိုယ်သည် ဖြောင့်တန်းစွာရပ်နေကာ သူ၏အပြုံးမှာ ညင်သာသိမ်မွေ့နေလေသည်။ သူသည် မျက်ဝန်းများထဲမှ

အပြုံးတစ်ခုဖြင့် လူကြီးလူကောင်းတစ်ယောက်နှင့် တူလေသည်။ “ မင်းနဲ့ကိုယ်က စေ့စပ်ထားပြီးသားလေ။ မင်းကို ရှဲ့သခင်မလေးလို့ ခေါ်ဖို့က သူစိမ်းဆန်တယ်။ ကိုယ် မင်းကို အမတအရှင်လို့ ခေါ်မယ်ဆိုရင် ပိုလို့တောင် မသင့်မတော်ဖြစ်မှာပဲ”

ရှဲ့ချောင်မှာ အခွင့်မသာခဲ့ချေ။

သူမ ဆရာမမော့ဖြစ်ခဲ့ချိန်က ပိုကောင်းလေသည်။ အိမ်ရှေ့စံမင်းသားသည် သူမ ဆရာမမော့အဖြစ် ရုပ်ဖျက်ထားခဲ့စဥ်တွင် ပို၍ ဝတ္တရားကျေပုံပေါ်ပေ၏။

•••••

All Chapters